Popa Sakawar

Popa Sakawar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Popa Sakawar, Satbir Hotel Apartments LLC, Dubai.

🥀Thank You all 🥀
💛Have a lovely day 💛
✈️ Air Cargo ✈️
💵 Money Transfer 💵

Call & WhatsApp
+971566059670
+959423742760

Call & WhatsApp
+971543353407
+959780480484 ( Viber )

25/10/2026

ခနခန ယောင်္ကျားအဆူခံနေရတယ်
အခန်းကို ပစ္စည်းလာထုတ်တဲ့ ဧည့်သည်တွေလာရင်
စကားတွေလက်ဆုံကျ တမေ့တမောပြောတာ ပြောတာ
Kg ခတောင်းဖို့ မေ့ အခါတစ်ရာမက
တစ်ချို့က ရန်ကုန်က မှာတဲ့ ပစ္စည်းကို လာထုတ်မှ ပိုက်ဆံရှင်းကြတာ
ဘောက်ချာ ပြန်တိုက်ဖို့လည်း သတိမရ
စကားတွေ တအားတွေပြောပြီး ပစ္စည်းတွေ ပေးပေးလိုက်တယ် တစ်ချို့ဧည့်သည်တွေကလည်း ကိုယ့်လေထဲမျောရင်း
ပိုက်ဆံပေးဖို့ မေ့သွား
ပြီးမှ ပြန်လာပေးတဲ့သူနဲ့ နောက်မှ ပြန်လွှဲပေးတဲ့သူနဲ့
ယောင်္ကျားကတော့ ပြောပါတယ် ဧည့်သည်က ပြန်ချင်နေပြီ သူက စကားပြောလို့မပြီးသေး
တံခါးဝ ဧည့်သည်ပြန်တဲ့အထိ လိုက်ပြောနေတယ်တဲ့
အဲ့လို စကားပြောရင်းက ပစ္စည်းတွေလည်း မှားပေးဖူးပါ့
ဘယ်နှစ်ခါမှန်းမသိ
ဒါပေမယ့် တစ်ခါမှ ဧည့်သည်တွေက စိတ်မဆိုးကြ 😛
အလုပ်ကိုပဲ အာရုံထားစမ်းပါ
စကားပဲ ပြောချင်နေတယ်တဲ့
ပြောချင်တာပေါ့
သူက အတင်းပြောလည်း မရ
လာမပြောနဲ့ စိတ်မဝင်စားဘူး သူများအကြောင်း
တခြားကြောင်းလည်း ပြောမရ
ကြာတော့ ပျင်း အဖော်မရှိ သူငယ်ချင်းမရှိ
Company မှာလုပ်တုန်းကတော့ လုပ်ဖော်ကိုင်ဖက်တွေရှိတော့ မပျင်းဘူး
ဖယ်ရီပေါ်မှာ တစ်လမ်းလုံး စကားအပြောနိုင်ဆုံးက ကိုယ်
ဒိုင်ခံ ပြောတာ အားလုံးနဲ့
မခင် အသံပဲ မခင် တော်တော်ပြောနိုင်တယ် 😆
အခု မိတ်ဆွေ သူငယ်ချင်းတွေနဲ့လည်း မဆုံဖြစ်တော့
အတင်းပြောချင် တိုင်ပင်ချင်ရင်
စာပို့ပြောရတာ 😂
အဲ့တော့ ပစ္စည်းပို့ ထုတ် လာတဲ့ဧည့်သည်တိုင်းကို
မိတ်ဆွေတွေလို ရင်းရင်းနီးနီး ဆက်ဆံ နှုတ်ဆက်
Customer လိုပါ လေးစား
သူကတော့ အပြစ်တင်နေကျ
Over Customer Service ဖြစ်နေတာ
စကားပြောတာ လျှော့တဲ့ 😅
ရှိသေးတယ် ဧည့်သည်တွေ ကိုယ်နဲ့တူ
စကားတွေ အကြာကြီးပြောတာ ကြိုက်တယ်
အဲ့တော့ အနည်းဆုံးက တစ်နာရီပဲ
စကားပြောချိန်
ဒါတောင် နောက်ဧည့်သည် ရောက်လာလို့ 🤗
စကားပြတ်သွားတာ

25/10/2026

Sun,Oct 25
Aed to Kpay 82.50
Kpay to Aed 79
မြန်မာနိုင်ငံမှ ပါတဲ့ ငွေသား လဲလျှင် တစ်သိန်း - Aed 65

လက်ဆောင်လေးရ ရေမွှေးလေးKg ပစ္စည်းမှာတဲ့ ညီမလေးတစ်ယောက် ဒီမနက်ပစ္စည်းလာထုတ်ရင်း ပေးတာလက်ထဲ လာထည့်ပေးတော့ ရန်ကုန်ဘက် ပြန်ပ...
24/10/2026

လက်ဆောင်လေးရ ရေမွှေးလေး
Kg ပစ္စည်းမှာတဲ့ ညီမလေးတစ်ယောက် ဒီမနက်ပစ္စည်းလာထုတ်ရင်း ပေးတာ
လက်ထဲ လာထည့်ပေးတော့ ရန်ကုန်ဘက် ပြန်ပေးမှာထင်လို့
အစ်မအတွက်တဲ့ လက်ဆောင်ပေးတာပါတဲ့
ပစ္စည်းတွေ သယ်လာပေးလို့တဲ့ ကျေးဇူးတင်လို့ပါတဲ့
ရပါတယ် မယူဘူး အားနာ ငြင်း
တကယ်ဆို အဲ့ညီမလေးက အခုမှ ပထမဆုံးပို့ဖူးတာထင်တယ် သူ လိုအပ်တဲ့ အရေးကြီးပစ္စည်းလေးတွေ သယ်လာပေးလို့ ကျေးဇူးတင်တဲ့ အနေနဲ့လို့ ပြောသွားပါတယ်
အစ်မကလည်း ကျေးဇူးတင်ပါတယ်ရှင် ညီမလေး
အစစအရာရာ အဆင်ပြေပါစေရှင့်
ကျန်းမာရေး ရော အလုပ်ရော
ရေမွှေးလေးလို လန်းဆန်းမွှေးပျံ့ပါစေနော် ညီမလေး ♥️🥰

24/10/2026

🎇သီတင်းကျွတ်လက်ဆောင်လေးတွေ ရန်ကုန်ထည့်ပေးချင်သူ မိတ်ဆွေများ လပြည့်နေ့ အမှီ ကန်တော့လို့ရပါတယ် 🎉🎁
26 ရက်နေ့ ရန်ကုန်ပြန်မှာပါရှင်
ဒီနေ့နဲ့ မနက်ဖြန် ပစ္စည်း လာပို့လို့ရပါတယ်ရှင့်
Al Rigga က Sabir hotel apartment 107 အခန်းပါရှင့်
0566059670

မင်္ဂလာပါရှင် , Popa Sakawar  Air cargoမှ မနေ့က ရန်ကုန်ကနေ သယ်ယူလာတဲ့ cargo ပစ္စည်းလေးတွေ ဒူဘိုင်းကို ရောက်ရှိလာပါပြီရှင...
24/10/2026

မင်္ဂလာပါရှင် , Popa Sakawar Air cargo
မှ မနေ့က ရန်ကုန်ကနေ သယ်ယူလာတဲ့ cargo ပစ္စည်း
လေးတွေ ဒူဘိုင်းကို ရောက်ရှိလာပါပြီရှင်

24 ရက်နေ့ မနက် 10 နာရီမှ ည 10 နာရီထိ ပစ္စည်းလာထုတ်ယူလို့ ရပါပြီရှင်
25 ရက်နေ့ နောက်ဆုံး

Kg ပြည့်သွားလို့ ထားခဲ့ရတဲ့ ပစ္စည်းလေးတွေ နောက် Flight 29 ရက်နေ့နဲ့ သယ်ပေးပါ့မယ်ရှင့်

တန်ဖိုးကြီးပစ္စည်းတွေပါတဲ့အတွက်ရော Customer တွေအများကြီးရဲ့ ပစ္စည်းအားလုံးအတွက်ပါ တာဝန်ယူသယ်ရတာ မလွယ်ပါဘူး
ကိုယ်တိုင် သယ်တာဖြစ်လို့ အရမ်းတာဝန်ကြီးပါတယ်
ခက်လည်းခက်ခဲပါတယ်

တာဝန်ကျေအောင်လည်း ဂရုတစိုက်နဲ့ အမြဲကြိုးစားပြီး
Cargo အလုပ်ကို လုပ်ပါတယ် ကိုယ့်အလုပ်ကို

Popa Sakawar အောင်မြင်တိုးတတ်တာ
ယုံကြည်သော ချစ်ခင်သော လေးစားသော ပံ့ပိုးပေးသော မိတ်ဆွေ သူငယ်ချင်းများကြောင့်သာ ဖြစ်ပါသည် 🙏

အဲဲဲ့ဒီ အတွက် မိတ်ဆွေ သူငယ်ချင်းများကို အမြဲကျေးဇူးပြန်ဆပ်နိုင်အောင် အကောင်းဆုံးတွေပဲ ပြန်ပေးနိုင်အောင်
တာဝန်ကျေအောင် စိတ်မပျက်ရလေအောင်
အမြဲ မေတ္တာ စေတနာတွေနဲ့ပဲ အလုပ်ပေါ် လေးစားတန်ဖိုးထားပြီးပဲ လုပ်ပါတယ်

ကျေးဇူးအများကြီး တင်ပါတယ်ရှင်
ပစ္စည်းလာပို့ အပ်နှံတဲ့ customer အားလုံးကို

UAE အတွင်း ပို့ပေးရမယ့် ပစ္စည်းလေးတွေ အားလုံး deli အပ်ပေးထားပါတယ် လာပို့ပေးပါ့မယ်ရှင်

Satbir Hotel Apartments LLC , Room (107),
1 Floor , Near Al Rigga Metro Station Exit 1
Dubai , United Arab Emirates

https://share.google/Qs6LjVIxdx73Q1JfT

0566059670, 0543353407

to
29/10/2026
The Next Flight

23/10/2026

လေယာဉ်ပေါ်ရောက်ပါပြီ စင်္ကာပူ ကနေ ဒူဘိုင်းကို ထွက်လာပါပြီရှင့်
လေယာဉ်ပေါ် အရင်ဆုံးရောက် 😄

ပျော်ရွှင်စရာ သီတင်းကျွတ်လေးဖြစ်ပါစေ ✈️ Myanmar 🎆 UAE  ✈️  29/10 /2026 ( Transit Flight )   &   Airline🎇ကြာချိန်တစ်ရက်🎆2...
23/10/2026

ပျော်ရွှင်စရာ သီတင်းကျွတ်လေးဖြစ်ပါစေ
✈️ Myanmar 🎆 UAE ✈️
29/10 /2026 ( Transit Flight )
& Airline

🎇ကြာချိန်တစ်ရက်
🎆28 ရက်နေ့ နောက်ဆုံးထား ပစ္စည်းပို့ပေးပါရန်
🎆30 နှင့်31 ရက်နေ့ မနက်ဆယ်နာရီမှ ည ဆယ်နာရီထိ ဒူဘိုင်းတွင် ပစ္စည်းထုတ်ပေးသည်

🎆အရင်လာပို့သူသာ အရင်ဦးစားပေး kg လက်ခံပါသည်
kg ချန်မပေးပါရှင်

🎆အကယ်၍ kg ပြည့်သွားပါက နောက် Flight ဖြင့်
သယ်ပေးပါတယ်ရှင့်

🎆General item
1 kg - 70,000 MMK/ 70 AED
5 kg နှင့်အထက် - 68,000 MMK / 68 AED
10 kg နှင့်အထက် - 65,000 MMK / 65 AED

🎆အနည်းဆုံး 1 kg က စတင်လက်ခံပါသည်
1 kg မပြည့်ပါက 1 kg စာ ယူပါသည်
( ပြည့်အောင်ဖြည့်နိုင်ပါသည်ရှင် )
1 kg ကျော်ပါက အရှိအတိုင်းတွက်ယူသည်
2 kg စာမယူပါ

🎆 ရွှေထည် စိန်ထည် လက်ဝတ်ရတနာပစ္စည်း
တန်ဖိုး ရဲ့ - 10%
မူရင်းဘောင်ချာ ပါရမည် ( လက်ရှိရွှေပေါက်ဈေးဖြင့် တွက်ယူသည် )
တန်ဖိုး သိန်းငါးဆယ်နှင့် အထက် - 8%
( ဘောက်ချာမပါလျှင် လက်မခံပါ )

💍💎ငွေထည်ပစ္စည်း / Fancy / ကျောက်မျက်ရတနာ
- 20 %
( အနည်းဆုံး တန်ဖိုး 3သိန်းမှ စလက်ခံသည် )

❌ဟင်းအစိုများ , အထားမခံတဲ့ဟင်းများ ယူမပေးပါ

⭕ ဆေးလုံးဝ လက်မခံပါ ( မြန်မာဆေး/အင်္ဂလိပ်ဆေး ) အထူးသဖြင့် ကိုယ်ဝန်တားဆေး , ဖျက်ဆေး
ဆေးထိုးအပ် / ပင်အပ်

စာရွက်စာတမ်း/ မှတ်ပုံတင် / simcard / Bank
card / ကားမောင်းလိုင်စင်
တစ်ခုချင်း တစ်ရွက်ချင်းစီ - 55,000 MMK , 55 AED
သုံးရွက်နှင့်အထက် 50,000 MMK , 50 AED

ငါးရွက်နှင့်အထက် 45,000 MMK , 45 AED

ဆယ်ရွက်နှင့်အထက် 4,0000 MMK , 40 AED

ဖုန်း / laptop / နာရီ / ရေမွှေး / ကင်မရာ -
တန်ဖိုးကြီး ပစ္စည်းများ လက်ခံပါသည်
တန်ဖိုးအလိုက် ဈေးနှုန်းသတ်မှတ် ယူပါသည်

✖️ဆေးလိပ် / v**e /ကွမ်း / ကွမ်းယာ/ထုံး /Tattoo နှင့်ပတ်သက်သော အရာ /
မူးယစ်ဆေးဝါး / ဥပဒေနှင့် ဆက်စပ်မှူရှိသည့် ပစ္စည်းများ
အဆောင် ယတျာများ လုံးဝ လုံးဝ ပို့လို့မရပါရှင်

🅾️ တံဆိပ်မပါသည့် အရွက်စို/ အရွက်ခြောက် ( လ္ဘက်ခြောက် )
အစေ့အဆန် /ဥအမျိုးမျိုး /အသီးအမျိုးမျိုး/အမှုန့် နှင့် စားစရာ အမျိုးမျိုး သယ်မပေးပါရှင်

☑️ပစ္စည်းများကို မိတ်ဆွေများ၏ ရှေ့တွင် အကုန်ဖောက်စစ်ပါမည်
ပါကင်ထုတ်မလာပါရန် မေတ္တာရပ်ခံပါတယ်ရှင့်

အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် Flight Delay ဖြစ်သွားပါက ပုတ်သိုးပစ္စည်း အထားမခံသည့် ပစ္စည်းများအတွက် တာဝန်ယူပေးခြင်း မရှိပါ

မတော်တဆ ပျက်စီးသွားသော General Item များအတွက် လျော်ပေးခြင်း မရှိပါ
( ဥပမာ ဗူးခွံ နည်းနည်းပိန်ရှုံ့ / ခွက် )
လုံးဝပျက်စီး ပြန်သုံးမရပါက ပြန်လျော်ပေးတယ်ရှင့်

💯ပစ္စည်းပျောက်ဆုံး/ ပစ္စည်း customer ထံ မရောက်ရှိပါက ပစ္စည်းတန်ဖိုးအတိုင်း ပေးလျော်သွားပါမည်ရှင်

❌ မိမိသဘောဖြင့် အသိမပေးပဲ ပစ္စည်းကြားထဲတွေ ဖွက်ထည့်ထားပါက Custom တာဝန်မယူပါ ❌

❎❎ Online Delivery လာပို့ပါက
ပစ္စည်းထုတ်ပေါ်တွင် နာမည်နဲ့ ဖုန်းနံပတ် ရေးပြီးမှသာ ပို့ခိုင်းပါရန် / Deli ခ ပစ္စည်းဖိုး စိုက်ရှင်းမပေးပါ

ကိုယ်တိုင် ပစ္စည်းသယ်တဲ့အတွက် တာဝန်ယူမှု တာဝန်ခံမှု အပြည့်ဖြင့် အလုပ်လုပ်နေသော Cargo Brand တစ်ခု ဖြင့်ပါသည်ရှင်

အမှတ် ( ၈၄ ) , မြေညီထပ် , အနောက်ဈေးဟောင်းလမ်း , ဆရာစံအနောက်မြောက်ရပ်ကွက် , ဗဟန်းမြို့နယ် , ဈေးကွေ့မှတ်တိုင်အနီး
ဦးချစ်မောင် လမ်းမကြီးပေါ်
Passport ရုံး ၊ ရန်ကင်းစင်တာ နား
09792707855
09780480484 , 09423742760

Satbir Hotel Apartments LLC , Room (107),
1 Floor , Near Al Rigga Metro Station Exit 1
Dubai , United Arab Emirates

https://share.google/Qs6LjVIxdx73Q1JfT

📞0566059670 , 0543353407

🎇Have a lovely one🎇

MAI Lounge က နေရာပြောင်းသွားတယ် Member ဝင်တွေဆို အဲ့လို card လေးပေးတယ် Buffet free
23/10/2026

MAI Lounge က နေရာပြောင်းသွားတယ်
Member ဝင်တွေဆို အဲ့လို card လေးပေးတယ်
Buffet free

23/10/2026

Fri, Oct 23
Aed to Kpay - 83
Kpay to Aed - 80

21/10/2026

2 AM : ရန်ကုန်ချိန်
ဒီနေ့က သိပ်နေ့သားမကျခဲ့ သူဘေးနားမရှိလို့ဖြစ်မယ်ထင်
ရန်အဖြစ်ဆုံးလည်း သူပဲ လွမ်းရဆုံးလည်း သူပဲပေါ့
စကားတွေများပြီး မခေါ် အိမ်က စထွက်ကတည်းက
Check in ပြီး သူလည်း သူ့ဘာသူ သွား
ကိုယ်လည်း ကိုယ့်ဘာသူ သွား
ဘယ်လောက်ပဲ ရှောင်သွားသွား တွေ့တာပဲ
လမ်းက တူနေ
နောက်ဆုံး Lounge မှာ အစားစာယူတော့
ဟိုဘက် ဒီဘက်
ခပ်တည်တည်ပဲ နှစ်ယောက်လုံး
ခနနေ ပန်းသီးသွားယူတော့ သူ့ရှေ့က ဖြတ်
သူက စားရင်းထရယ်တယ်
မရယ်နဲ့လို့ အော်သာအော်ရတယ် စိတ်ထဲရယ်ချင်
သိပ်အရှုံးမပေးချင်ပေမယ့်
ဟန်ဖို့ရင်း ရော့ နင့်ဖို့ ပန်းသီးတွေ လှမ်းပေးတော့
ကိုယ့်ဘာသူ ယူ လေးတယ်တဲ့
ရတယ်လေ ဘန်ကောက်ရောက်ရင် ငါပဲစားမယ်
စားပေါ့တဲ့ သူက
ဘန်ကောက်ရောက်ရင် ပန်းသီးတစ်လုံး နှစ်ယောက်အတူ စားနေကျ
နောက်နေ့လည်း ထိုနည်း၎င်း
စင်္ကာပူမှာ အကြီးကျယ် ထသတ်
ဒီတစ်ခါတော့ တအားစိတ်ဆိုး
မခေါ်တော့ဘူး ဘယ်တော့မှလို့ ယတိပြတ်ဆုံးဖြတ်
နောက်နေ့ဒူဘိုင်းရောက်တော့ ဖုန်းပေးတဲ့
ဘာလုပ်မလို့လဲမေးတော့ ဖုန်းအားသွင်းပေးမလို့တဲ့
မလိုဘူး ပုံမှန်ပဲ ဆက်ဆံဆိုတော့
ရယ်နေတယ် ဟိုနေ့က သူမဟုတ်တဲ့ အတိုင်း
နူးညံ့လို့
ဘာစားမလဲတဲ့ ဘာမှမစားဘူး
လာမခေါ်နဲ့ပြောတာကို ဇွတ်မုန့်တွေ မှာပေးတယ်
ရန်ဖြစ်လေလို့ ဖြစ်အုန်းလို့ပြောတော့ မဖြစ်တော့ပါဘူးတဲ့
အော့ အော် အဲ့လိုလား အိုခေလေ
သူပဲ ကိုယ့်ကိုယ် စိတ်မကြည်အောင် လုပ်နိုင်သူ
မျက်နှာက သုန်မှုန် စူပုတ် သူ့ကြောင့်
ကမ္ဘာကြီးက ချက်ချင်းကြီး အဓိပ္ပာယ်မရှိတော့ သလို
ကိုယ့်အတွက် သူနဲ့အဆင်မပြေတဲ့ အခိုက်အတန့်က
ခနနေတော့ ဧည့်သည်လာ customer
အစ်မက ချစ်စရာလေးဆိုလား လှတယ်ဆိုလား
တစ်ခုခုတော့ ပြောသွားတယ် သေချာတော့မမှတ်မိ
တွေ့လား ဧည့်သည်ပြောသွားတာ
အဲ့ဒါ အကြောင်းမသိသေးလို့တဲ့
တဟားဟား ထရယ်မိ မခေါ်ဘူးလို့နေနေတာကို
သူက ရယ်အောင် လာလုပ်နေတယ်
ပြီးတော့လည်း ဧည့်သည်တွေ တစ်ယောက်ပြီး တစ်ယောက် ပစ္စည်းတွေ လာယူရင်း မုန့်တွေ ဝယ်ဝယ်လာ
သူများကျွေးတာတွေ စားနေတယ် မရှက်ဘူးလားတဲ့ ထဆူ
ဘာဖြစ်လဲ စားမှာပဲ လို့ ပြန်ရန်တွေ့
ရန်ကုန်ရောက်တော့
မနက်အစောကြီး ထပြီး ဈေးထဲ ကန်စွန်းဥ သူ သွားဝယ်
သူနိုးတော့ ကိုယ်ပါ လိုက်နိုး
ကိုယ်ရှိနေတာ သူမမြင် ကားကကွယ်နေတော့
ကိုယ့်ဘက်ရောက်လာပြီး လာတူနေတယ်တဲ့
ဘာဖြစ်လဲ အဲ့ဒါဆို မကျေနပ် ဟိုဘက်သွားလိုက်လေဆိုတော့လည်း မသွား ကန်းစွန်းဥတွေ ဇွတ်ခွံ့ကျွေးနေတယ်
သူ ဝယ်လာတဲ့ ကန်စွန်းဥ တစ်ထောင်ဖိုးက သူလည်း တစ်နေကုန်စား ကိုယ့်လည်း ခနခန လာလာ ခွံ့ကျွေး
ဖွင့်သာ မမေးမိတာ မကုန်နိုင်တော့ဘူး
များလိုက်တဲ့ ကန်စွန်းဥ တစ်ထောင်ဖိုး
သူ ဘယ်က ရှာဝယ်လာလဲ မသိ
ပြီးတော့ ငါးကြီးဆီလည်း လာခွံ့တိုက်
မနေ့က လေယာဥ်ပေါ်မှာ ဒီတစ်ပတ်မသွားနဲ့ နားအုန်း
မသွားပါဘူးတဲ့ စိတ်ချတဲ့
ညနေတောင် မိုးမချုပ်သေး အပြင်ထွက်ချင်
တကြွကြွပြင် ဘော်ဒါတွေနဲ့ ထွက်သောက်ဖို့
သူပျော်ရွှင်ဖို့ဆိုပြီး တိတ်တိတ်လေး ခိုးနားလည်ပေးခဲ့ရတာ သူက သိမနေဘူး အာရုဏ်မိုးသောက်ထိပေါ့
သူ ထုတ်ချစ်မပြတာဖြစ်မှာပါလေဆိုပြီး နှစ်သိမ့်မိရင်း
ထိုသို့သော တစ်ခါတစ်လေ နူးညံ့မှုတွေကို
ကဗျာတစ်ပုဒ်လို ကြွားဝါချင်တာပေါ့
( အိပ်နေရင် တိတ်တိတ်ကလေးအိပ်လေ ဘာလို့ အသံထွက်တာလဲတဲ့
မထွက်ပါဘူးဆိုတော့ ဗီဒီယို ရိုက်မလို့ လေယာဥ်ပေါ် ဘေးနား လူတွေ ရှိနေလို့တဲ့ ပါးစပ်ဟပြီးလည်း မအိပ်နဲ့တဲ့
Ummmm သူ့ဘာသူ ဟသွားတာတော့ မတတ်နိုင်ဘူးလေလို့ )
တကယ်ပါပဲ ရေစက်ဆိုတာ ရန်ဖြစ်ဖို့ ဆုံရကံပါတာလား
ဒီလိုနဲ့ပဲ မိုးလင်းထိ လွမ်းရအုန်းမှာပေါ့ ...........

Address

Satbir Hotel Apartments LLC
Dubai

Website

Alerts

Be the first to know and let us send you an email when Popa Sakawar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share