Aussie Burmese Mum

Aussie Burmese Mum 🇲🇲 Burmese mum | 🇦🇺 Sydney life
🍳 Cooking & quick family meals
👶 Kids, chaos & outings
💡 Tips, hacks & weekend adventures

Beyblade တဲ့သားသားသိပ်ကြိုက်တဲ့ ကစားနည်း🍀သူစျေးကလည်း မနည်းဘူးBey stadium မှာ Launcher ရယ် Bey ရယ်နဲ့ဆော့ပြီး attack လုပ်...
11/09/2026

Beyblade တဲ့
သားသားသိပ်ကြိုက်တဲ့ ကစားနည်း

🍀သူစျေးကလည်း မနည်းဘူး
Bey stadium မှာ Launcher ရယ် Bey ရယ်နဲ့ဆော့ပြီး attack လုပ်ရတဲ့ ကစာရနည်း

အငယ်လေးက သူ့အကိုရဲ့ big fan ဘဲ😅
ဒို့ငယ်ငယ်ကဆော့တဲ့ ဂျင်ပေါက်ဆော့နည်းနဲ့ ဆင်တယ်
သားတွေမွေးထားတော့ ဘောလုံးကန်ရတယ် ဂျင်ပေါက်ရတယ်. Skipping rope လုပ်ရတယ်. ပျော်စရာကြီးပေါ့

ပန်းသီးကို ပွပွကြီးနဲ့ အရသာဖွယ်ဖွယ်မကြိုက်ဘဲ ကျွတ်တာကြိုက်ရင် ဒီ Pink lady ကို စားကြည့်နော်.အိမ်မှာတော့ pink lady ဘဲစားတ...
10/09/2026

ပန်းသီးကို ပွပွကြီးနဲ့ အရသာဖွယ်ဖွယ်မကြိုက်ဘဲ ကျွတ်တာကြိုက်ရင်
ဒီ Pink lady ကို စားကြည့်နော်.
အိမ်မှာတော့ pink lady ဘဲစားတယ်. အရသာချဉ်ချို. ကျစ်ကျစ် ကျွတ်ကျွတ်လေးမို့ကြိုက်တယ်😍

တစ်ခြား စားကောင်းတဲ့ ပန်းသီးတွေ ရှိသေးလားဟင်?

🇦🇺Sydney မှာ public transport system နဲ့သွားလာရတာ အဆင်ပြေလား?🍀အဖြေကတော့ ကားမရှိဘဲ public transport သုံးလည်း အဆင်ပြေပါတယ်...
10/09/2026

🇦🇺Sydney မှာ public transport system နဲ့သွားလာရတာ အဆင်ပြေလား?

🍀အဖြေကတော့ ကားမရှိဘဲ public transport သုံးလည်း အဆင်ပြေပါတယ်

🍀အသစ်ပြောင်းလာတဲ့ New Migrants တွေအလည်အပတ် လာသူတွေ .လာလည်ဖို့ စီစည်နေတဲ့သူငယ်ချင်းတွေမေးကြလို့ ဒီ post လေးရေးလိုက်တယ်နော်

🍀Ferry, Bus, Light rail, Train or Metro - ဆစ်ဒနီရဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်က အဆင်ပြေပြီး သွားလာရတာလည်း လွယ်ကူပါတယ်. ဘယ်လိုသွားလာရမလဲဆိုတဲ့ ကြည့်ရအောင်

🍀ဘာတွေနဲ့ သွားလို့ရလဲ
🚇 Sydney Metro
မြန်ဆန်ပြီး အဆင့်မြင့် Metro ရထားများဖြစ်ပါတယ်. မိနစ်အပိုင်းအခြားမှာ လာတာမို့ အချိန်ဇယားကြည့်စရာတောင် မလိုပါဘူး . စင်ကာပူ MRT လို သန့်ပြီး မြန်တယ် အချိန်မှန်တယ်

🚆 Sydney Trains
မြို့တွင်း နဲ့ အနီးဝန်းကျင်ဒေသများကို ဆက်သွယ်ပေးထားသည့် နှစ်ထပ်ရထားများဖြစ်ပါတယ်
ခုံများတယ်. Interstate ရထားများလည်းရှိ. သန့်ရှင်းရေးအားနည်းတယ်

🚌 Bus များ
ရထားလမ်းမရောက်နိုင်သည့် နေရာများသို့ သွားလာရန် အထူးသင့်တော်ပါတယ်. တစ်စီးနဲ့တစ်စီး လာချိန် ကြာတယ်

🚊 Light Rail
မြို့တွင်း (C*D) .Surry Hills နှင့် Inner West နေရာများသို့ အမြန်သွားလာရန် အဆင်ပြေတယ်

⛴️ သင်္ဘောများ (Ferries)
Manly / Taronga Zoo ကို သင်္ဘောစီးရင်း ပင်လယ်ကွေ့အလှကို ကြည့်ရှုနိုင်သည့် အကောင်းဆုံးလမ်းကြောင်း

🍀ယာဉ်စီးခနှင့် ဘယ်လိုပေးရလဲ
ဆစ်ဒနီမှာ Opal စနစ် ကို အသုံးပြုထားသော်လည်း သီးသန့် Opal card ဝယ်စရာမလိုဘဲ Credit/Debit card. Apple Pay/Google Pay တို့ဖြင့် Tap on/Tap off ပြီး စီးလို့ရတယ်

🍀ပုံမှန်ယာဉ်စီးခ
သွားလာသည့် အကွာအဝေးပေါ်မူတည်ပြီး $3.20 မှ $8.40 အထိ ပေးရတယ်

🍀တစ်နေ့တာ အများဆုံးကျသင့်ငွေ (Mon-Thur)
တစ်နေ့လျှင် အများဆုံး $19.30

🍀Public holidays. စနေ. တနင်္ဂနွေနှင့် သောကြာနေ့ အထူးဈေးတစ်နေ့လျှင် အများဆုံး $9.65

🍀တစ်ပတ်စာ အများဆုံးကျသင့်ငွေ
တစ်ပတ်လုံး ဘယ်လောက်စီးစီး အများဆုံး $50 ဘဲ ပေးရတယ််

🍀အထူးသက်သာခွင့်များ
လူစည်ကားချိန်မဟုတ်သော အချိန်များ (Off-peak) တွင် စီးပါက 30% လျှော့ဈေး ရတယ်. မိနစ် ၆၀ အတွင်း စီးနင်းမှုအမျိုးအစား ပြောင်းလဲပါက (ဥပမာ- ရထားမှ Busသို့) $2 လျှော့ဈေး အလိုအလျောက် ရတယ်

🍀ဆစ်ဒနီလေဆိပ် ရထားဘူတာရုံများတွင် ဝင်ကြေးခန့်မှန်း $14 to $17 ပိုပေးရတယ်

🍀ဆောင်ထားသင့်သည့် Apps များ
ရထား. ကား ရောက်ရှိမည့်အချိန်နှင့် သတင်းအချက်အလက်များကို သိရှိနိုင်

📲 TripView
ဆစ်ဒနီဒေသခံများ အကြိုက်တွေ့ဆုံးဖြစ်ပြီး ရထား ရောက်ရှိမည့်အချိန်ကို အတိအကျ ကြည့်ရှုနိုင်ပါတယ်

📲 Opal Travel
ကျသင့်မည့် ယာဉ်စီးခတွက်ချက်ရန်နှင့် ခရီးစဉ်စီစဉ်ရန်အတွက် အဆင်ပြေပါတယ်

🍀ဆစ်ဒနီမှာ သွားလာရတာ ဘယ် Transport Mode က အဆင်ပြေဆုံးလို့ ထင်ကြလဲ? 🚆🚌⛴️
New Migrant တွေအနေနဲ့ရော ဆစ်ဒနီရောက်စက Public Transport စီးရတာ ဘာတွေ အခက်အခဲ ရှိကြလဲ?

ဘဲသွေး ငါးဖယ် ကြက်ဥ ကြက်သား ကြက်ခြေထောက်များများနဲ့ အုန့်နို့ခေါက်ဆွဲ😍ကြက်သွန်စိမ်း နံနံပင်နဲ့ ချဉ်ငံစပ်လေး
10/09/2026

ဘဲသွေး ငါးဖယ် ကြက်ဥ ကြက်သား ကြက်ခြေထောက်များများနဲ့ အုန့်နို့ခေါက်ဆွဲ😍
ကြက်သွန်စိမ်း နံနံပင်နဲ့ ချဉ်ငံစပ်လေး

တစ်ကောင် $9 ပေးရတဲ့ ငါးဖမ်းမငါးပိကောင်😖ဆီပူပူလေးနဲ့ကြော်စားတာ ကောင်းလိုက်တာစားတာတစ်ကောင်ကုန်ခါနီးမှ ဓါတ်ပုံရိုက်ဖို့သတိရ...
09/09/2026

တစ်ကောင် $9 ပေးရတဲ့ ငါးဖမ်းမငါးပိကောင်😖
ဆီပူပူလေးနဲ့ကြော်စားတာ ကောင်းလိုက်တာ

စားတာတစ်ကောင်ကုန်ခါနီးမှ ဓါတ်ပုံရိုက်ဖို့သတိရ

၂ကောင်ပါတဲ့ အကြီးမတံဆိပ် $18
တန်ပါတယ်လေ စားချင်တာကိုးးနော်

သိပ်လှတဲ့ Spring🌸🌷🌼💐🍀ဒီအချိန်အပြင်သွားရင် ဘာကြည့်ကြည့်လှနေတာ. Filter မလိုအောင်ဓါတ်ပုံလေးတွေသိပ်လှလို့ အပြင်များများသွားပ...
09/09/2026

သိပ်လှတဲ့ Spring🌸🌷🌼💐

🍀ဒီအချိန်အပြင်သွားရင် ဘာကြည့်ကြည့်လှနေတာ. Filter မလိုအောင်ဓါတ်ပုံလေးတွေသိပ်လှလို့ အပြင်များများသွားပြီး ပန်းလှလှလေးတွေနဲ့ ဓါတ်ပုံလှလှလေးတွေရိုက်ကြနော်

🍀ပိတ်ရက်မှာ လောကကြီးကပိုလှနေပါကြောင်း😅


🇦🇺ဩစတြေးလျမှာ မာကလာသီး စျေးကိုကြည့်အုံးတစ်လုံး $8 ပိစိလေးဒီရောက်တာ ၃နှစ်ပြည့်ပြီ တစ်ခါမှဝယ်မစားဘူး🥲စင်ကာပူမှာနေတုန်းက ကျ...
08/09/2026

🇦🇺ဩစတြေးလျမှာ မာကလာသီး စျေးကိုကြည့်အုံး
တစ်လုံး $8 ပိစိလေး
ဒီရောက်တာ ၃နှစ်ပြည့်ပြီ တစ်ခါမှဝယ်မစားဘူး🥲

စင်ကာပူမှာနေတုန်းက ကျွတ်ပွနေတဲ့ အလုံးကြီးတွေ ၂ကျပ်ဘဲ နေ့တိုင်းစားတာ. အရမ်းကြိုက်လို့ ကိုယ်ဝန်တုန်းက တစ်နေကုန်စားတာ.

Flybuys $100 Rewards Rewards Points ရတဲ့နေ့ 🍀Waffles mix နဲ့ Pancake mix လေးတွေ Half price ကျတုန်း ကလေးတွေကြိုက်လို့ ဝယ်...
07/09/2026

Flybuys $100 Rewards Rewards Points ရတဲ့နေ့

🍀Waffles mix နဲ့ Pancake mix လေးတွေ Half price ကျတုန်း ကလေးတွေကြိုက်လို့ ဝယ်စုထားတယ်🥞🧇

🍀၄ ပတ်ဆက်တိုက် တစ်ပတ်ကို $190 ပြည့်အောင် ဝယ်ပြီးတော့ ဒီနေ့တော့ တန်လှပါတယ်ဆိုတဲ့ Flybuys Points 20,000 ($100 worth) ရလာခဲ့ပြီ!

🍀အိမ်ရဲ့ ဘီရိုထဲမှာလည်း $190 ပြည့်အောင် Half price နဲ့ ဝယ်စုထားတဲ့ ဆန်အိတ်တွေ. ဆီတွေ. အအေး. ခေါင်းလျှော်ရည်. Conditioner. Lotion. Tissue နဲ့ Diaper တွေ အပြည့်ပါပဲ

🍀ဒီမှာ Points စုပြီး ဒီလို Offers တွေ ရအောင်ယူတာရယ်. Half Price နဲ့ ဝယ်ထားတာရယ်က တကယ်ကို တန်ပါတယ်

🇦🇺Sydney က အမေ့အိမ်မြန်မာစားသောက်ဆိုင်မှာ ကိုယ်ရောက်တိုင်းစားပြီး အရမ်းကြိုက်တဲ့ ဟင်းမယ် ၃မျိုး🍀ထမင်းပေါင်း (ဝက်)ကြက်/ဝက...
07/09/2026

🇦🇺Sydney က အမေ့အိမ်မြန်မာစားသောက်ဆိုင်မှာ ကိုယ်ရောက်တိုင်းစားပြီး အရမ်းကြိုက်တဲ့ ဟင်းမယ် ၃မျိုး

🍀ထမင်းပေါင်း (ဝက်)
ကြက်/ဝက်ရ. ကိုယ်ကတော့ ဝက်သားနဲ့အိအိလေးနဲ့ပိုကြိုက်တယ်. သူကလေ အမယ်တွေအများကြီးထည့်ထားတာ အရွက်စုံတော့ အာဟာရပြည့်လို့ အရသာလည်းကောင်းလို့ ရောက်တိုင်း စားဖြစ်တယ်. ရွှေပဲသီး မျှစ် ပဲပြား မှို ပဲပြား ငုံးဥ မုန်ညှင်း baby corn ဂေါ်ဖီပန်း ဝက်အူချောင်းတောင်ပါသေးတာ ကော်ရည်က အရသာအနေတော်လေးဘဲ ဂေါ်ဖီငရုပ်ချဉ်ပေးတယ်. အရည်သောက်တောင်းရင်ပေးတယ် (ချဉ်ပေါင်အရည်သောက်)

🍀ဒံပေါက်
ကြက်သားအရသာသိပ်ကောင်း. ကြက်ပေါင်လေးပေးနော်လို့ဆိုပြီး မှာလည်းရတယ်. ဘလချောင်ကြော်လေးရယ်. အချဉ်ရည်ရယ်. သခွါးသီးချဉ်ကထိမိနေရော. သားသားအရမ်းကြိုက်

🍀ပန်းသေးခေါက်ဆွဲ
ခေါက်ဆွဲအိအိကို ကြက်သားဟင်းအစပ်လေးနဲ့. အစပ် လျော့ခိုင်းလို့ရတယ်.မဆလာနံ့သင်းသင်းလေးနဲ့. သားသားကြိုက်လို့ medium spicy လေးအမြဲမှာတယ်. ကြက်ဥကြော်ပါတယ်. ကြက်သား ၄-၅တုံးလောက်ပါမယ်. ကိုယ်က သံပုရာသီးညှစ်ပြီး ထမင်းလေးနဲ့စားရတာကြိုက်တယ်
တစ်ခါတစ်လေ ကြေးအိုးဆီချက်စားတယ် ငါးဟင်းနဲ့စားဖူးတဲ့ သူငယ်ချင်းတွေကလည်း ကောင်းတယ်တဲ့ .မစားကြည့်ရသေးဘူး. ဒီ ၃မျိုးကတော့ ကိုယ်အရမ်းကြိုက်. ရောက်တိုင်းစား
စျေးတွေက $20 မကျော်ဘူး ဗိုက်လည်းဝ မြန်မာစာလည်းစားရ.😅 ဘေးမှာလည်း Asian Hub မြန်မာ grocery ဆိုင်ရှိ. စားပြီးရင် စျေးဝယ်ပြန်. အဆင်ပြေတယ်

တစ်ခြား ဘာတွေကြိုက်ကြလဲဟင်?

ဆိုင်က mum’s kitchen . Tulloch Street Blacktown

Address

Yangon

Telephone

+959753055196

Website

Alerts

Be the first to know and let us send you an email when Aussie Burmese Mum posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share