Jani Alom

Jani Alom Male

31/01/2026
31/01/2026
31/01/2026
17/12/2024
01/12/2024
29/10/2024

အမေရိကန် ရွေးကောက်ပွဲ မဲပေးသူတွေထဲ ရိုဟင်ဂျာတွေပါဝင်

အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲအတွက် ပြည်နယ်တော်တော်များများမှာ ကြိုတင်မဲပေးနေကြပြီး မဲပေးသူတွေထဲ ပြည်ပရောက် မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတွေအပြင်၊ အမေရိကန်ပြည်ထောင်စုမှာ ရွှေ့ပြောင်းအခြေချပြီး အမေရိကန်နိုင်ငံသားဖြစ်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေလည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ မဲထဲခွင့် မရခဲ့တဲ့အကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံးမဲပေးဖူးတာ ဖြစ်တဲ့အကြောင်း Wisconisn ပြည်နယ် မြန်မာ ရိုဟင်ဂျာအသင်း တည်ထောင်သူ Mohamed Anwar က VOA ကို ပြောသွားပါတယ်။ မဲပေးတဲ့အခါ ဒုက္ခသည်တွေ ရွှေ့ပြောင်းအခြေချလာသူတွေအရေးကို ဘယ်သူက ကူညီသလဲဆိုတာကို ကြည့်ပြီး စဉ်းစားဆုံးဖြတ်မယ်လို့ သူက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ်မှာတော့ အာရပ်နွယ်ဖွား အမေရိကန်တွေ မနေ့က ကြိုတင်မဲ ပေးနေကြပါတယ်။ ဂါဇာဒေသ စစ်ရေးပဋိပက္ခနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေက ရွေးကောက်ပွဲအပေါ် အရိပ်ထိုးနေပြီး ဒီမိုကရက်ပါတီကရော ရီပတ်ဘလစ်ကန်ပါတီကပါ အာရပ်နွယ်ဖွားတွေရဲ့ ထောက်ခံမှုရဖို့ ကြိုးစားနေကြပါတယ်။ မဲပေးနိုင်တဲ့ မူဆလင်ဦးရေဟာ အမေရိကန်လူဦးရေရဲ့ ၂ ရာခိုင်နှုန်းတောင် မရှိဘူးဆိုပေမဲ့လည်း အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ ပြည်နယ်တွေမှာ အရေးပါတဲ့မဲတွေ ဖြစ်နိုင်တယ်ဆိုပြီး ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ ခန့်မှန်းနေကြပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ သီတင်းတပတ်ပဲ လိုတော့တဲ့အချိန်၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်လည်း မနေ့က Delaware ပြည်နယ်၊ Wilmington မြို့က သူ့နေအိမ်အနီးမှာရှိတဲ့ ကြိုတင်မဲပေးရုံမှာ သွားပြီးမဲပေးခဲ့ပါတယ်။

🌐https://burmese.voanews.com/a/7843177.html
📷အမေရိကန်ပြည်ထောင်စု Wisconisn ပြည်နယ် မြန်မာရိုဟင်ဂျာအသင်းရုံးဆိုင်းဘုတ်

23/10/2024

ရုရှားမှာ မြောက်ကိုရီးယားတပ်တွေ ရောက်နေတဲ့အပေါ် အမေရိကန်သတိပေး

မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရုရှားမှာ ရောက်ရှိနေတဲ့ အထောက်အထားတွေ ရရှိထားပြီး၊ ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က သတင်းထောက်တွေကို ဒီနေ့ပဲ ပြောလိုက်ပါတယ်။ ရုရှားဘက်က ဝင်တိုက်ပေးနိုင်ဖွယ်ရှိတဲ့ မြောက်ကိုရီးယား တပ်ဖွဲ့ ၂ ဖွဲ့ ရုရှားမှာ ရောက်ရှိနေကြောင်း အထောက်အထားတွေ ရရှိထားတယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ပြောဆိုလိုက်ပြီး နောက်တနေ့မှာပဲ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောလိုက်တာပါ။

မြောက်ကိုရီးယားဟာ ရုရှားကို လက်နက်ထောက်ပံ့နေပြီး ဆက်ဆံရေးတွေ အားကောင်းလာနေတယ်လို့လည်း ဝန်ကြီး Austin ကပြောပါတယ်။ ယူကရိန်းနဲ့ စစ်ပွဲမှာ မြောက်ကိုရီးယားက ဝင်ပါမယ်ဆိုရင် တကယ့်ကို ပြဿနာကြီးတခု ဖြစ်လာနိုင်ပြီး၊ ဥရောပမှာ သာမက အင်ဒိုပစိဖိတ် ဒေသမှာလည်း ရိုက်ခတ်မှုတွေ ရှိလိမ့်မယ်လို့ သတိပေးခဲ့တာပါ။ ၂၀၂၂ ခုနှစ် ဆန်းပိုင်းမှာ ယူကရိန်းကို ကျုးကျော်စစ် စတင်ခဲ့ပြီးနောက် ရုရှားစစ်တပ်မှာ အကျအဆုံးတွေ များပြားနေတာကိုလည်း အလေးထား ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားတပ်တွေ ရောက်လာတာဟာ ရုရှားသမ္မတ Vladimir Putin အကျပ်ဆိုက်နေတယ်ဆိုတာ အများသိထားတာထက် ပိုကောင်းပိုနိုင်တယ်ဆိုတာကို ပြသရာရောက်တယ်လို့လည်း ဝန်ကြီး Austin ကပြောပါတယ်။ ဥရောပက စစ်ပွဲမှာ မြောက်ကိုရီးယား ပါဝင်လာတယ်ဆိုရင် နိုင်ငံတကာရဲ့ ဖိအားတွေဟာ လုံလောက်မှုမရှိတဲ့ သဘောပဲလို့လည်း ယူကရိန်းသမ္မတ Zelenskyy ကပြောခဲ့ပါတယ်။
🌐 https://burmese.voanews.com/a/7835668.html 🌐
📷 စစ်ရေးပြအခမ်းအနားတခုမှာတွေ့ရတဲ့ မြောက်ကိုရီးယားစစ်သားများ (ယခင်ပုံဟောင်း)

14/10/2024

အစ္စရေးကို THAAD ဒုံးခွင်းဒုံးစနစ်နဲ့ တပ်သားတွေ ကန်စေလွှတ်မည်

အစ္စရေးမှာ အမေရိကန်တပ်သားတွေချမထားဖို့ အီရန်ကသတိပေးနေပေမယ့် အမေရိကန်က အစ္စရေးအတွက် THAAD လို့ခေါ်တဲ့ ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးခွင်းဒုံးစနစ်နဲ့ တပ်သားတွေကို စေလွှတ်မှာ ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က စနေနေ့မှာ ပြောပါတယ်။

သမ္မတဂျိုးဘိုင်ဒန်ရဲ့ ညွှန်ကြားချက်နဲ့ THAAD ကိုပေးဖို့ ကာကွယ်ရေးဝန်ကြီး Lloyd Austin က အတည်ပြုခဲ့ကြောင်း ပင်တဂွန်ပြောခွင့်ရ ဗိုလ်ချုပ် Pat Ryder က ကြေညာချက်ထုတ်ပြန်ပါတယ်။ အီရန်က ဧပြီနဲ့ အောက်တိုဘာလတွေမှာ အစ္စရေးကို မစ်ဇိုင်းဒုံးတွေနဲ့တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အခု ပေးမယ့် ဒီဒုံးခွင်းဒုံးစနစ်က အစ္စရေးရဲ့ ဝေဟင်ကာကွယ်ရေးအားကြီးလာစေဖို့ အထောက်အကူပေးမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါဟာ အစ္စရေးမှာရှိတဲ့အမေရိကန်တွေကို အီရန်က ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးတွေနဲ့ တိုက်ခိုက်မှာကို ကာကွယ်နိုင်ဖို့ဖြစ်ကြောင်းနဲ့ အစ္စရေးကာကွယ်ရေးအတွက် အမေရိကန်ပေးထားတဲ့ ကတိတည်ဖို့ ဖြစ်ကြောင်း ပြောပါတယ်။
အမေရိကန်က ဒီလိုပေးအပ်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေထွက်လာချိန်က အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရာချီက လူမှုမီဒီယာ X ကနေ အမေရိကန်ကို သတိပေးထားတာ ဖြစ်ပါတယ်။ အောက်တိုဘာ ၁ ရက်နေ့မှာ အီရန်က အစ္စရေးကို မစ်ဇိုင်းဒုံးကျည်အလုံးပေါင်း ၁၈၀ လောက်နဲ့ ပစ်ခတ်ခဲ့ပြီးတဲ့နောက် ဒါကို လက်တုံ့ပြန်ဖို့ အစ္စရေးဘက်က ပြင်ဆင်နေမယ်လို့ အများက ယုံကြည်ကြပါတယ်။
မနှစ်က အောက်တိုဘာ ၇ ရက် ဟာမတ်စ်တွေ အစ္စရေးကို ဝင်တိုက်ခိုက်ခဲ့တဲ့ နောက်မှာ အမေရိကန်က အရှေ့အလယ်ပိုင်း ဒေသမှာ ဒီ ဒုံးခွင်းဒုံးစနစ်တခုနဲ့အတူ နောက်ထပ် တပ်ရင်းတွေ ထပ်ချထားပြီး အဲဒီဒေသတွင်းက အမေရိကန်တပ်သားတွေကို အကာကွယ်ပေးရေး တိုးမြှင့် လုပ်ဆောင်ခဲ့တာပါ။ အမေရိကန်က ၂၀၁၉ မှာ အစ္စရေးကို ဒီ ဒုံးခွင်းဒုံးစနစ် ပို့ပေးပြီး သင်တန်းပေးထားတယ် လို့လည်း Ryder က ပြောပါတယ်။

https://burmese.voanews.com/a/us-israel-thaad-mideast-tension-/7820990.html
¬¬¬ အမေရိကန်ရဲ့ဝေဟင်ကာကွယ်ရေး မစ်ဇိုင်းဒုံးခွင်းဒုံးစနစ် (THAAD) ကို အစ္စရေးမှာ စတင်စဥ်။ (မတ်လ ၄၊ ၂၀၁၉)

14/10/2024

Address

Kutupalong
Dhaka
JANI0630

Website

Alerts

Be the first to know and let us send you an email when Jani Alom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category