Hi Burma

Hi Burma Authentic Myanmar food
Delivered with love

🎉 မိနစ်ပိုင်းအတွင်း လွယ်လွယ်ကူကူချက်စားလို့ရတဲ့ ရှမ်းခေါက်ဆွဲ! 🇲🇲🍜ရှမ်းခေါက်ဆွဲဆို အဲမီးကို ရှမ်းခေါက်ဆွဲရသာစစ်စစ်နှင့် ...
05/07/2025

🎉 မိနစ်ပိုင်းအတွင်း လွယ်လွယ်ကူကူချက်စားလို့ရတဲ့ ရှမ်းခေါက်ဆွဲ! 🇲🇲🍜

ရှမ်းခေါက်ဆွဲဆို အဲမီးကို ရှမ်းခေါက်ဆွဲရသာစစ်စစ်နှင့် အိမ်မှာတင် လွယ်လွယ်ကူကူ သုံးဆောင်နိုင်ပါတယ်နော်!

✨ ကဲ လူတိုင်းကြိုက်တဲ့ ရှမ်းခေါက်ဆွဲတံဆိတ်လေးဖြစ်တဲ့ အဲမီးလေးကတော့

✅ မိနစ်အနည်းငယ်တည်းမှာ ပြင်ပြီး စားလို့ရမယ် ⏱️
✅ မြန်မာ့ ရှမ်းအစပ်အရသာ အစစ်လေးကို စားနိုင်မယ် 🌶️
✅ ဟင်းခက်ဖို့အချိန်မရှိတဲ့သူတွေေရော၊ အိမ်အလွမ်းပြေအရသာလေးမို့စားပြီး အရသာတွေ့စေမှာရယ်🍲
✅ တစ်ထုပ် £3.50 ဖြင့်သာ ဝယ်ယူရရှိနိုင်မှာနော်💸

🔥 Instock item မို့ အခုပဲ မှာထားလိုက်ပါနော်။

🎉 Ready-to-eat Shan Noodles within few minutes! 🇲🇲🍜

When it comes to Shan noodles, A Mee gives you the authentic Shan flavor you love — quick and easy to enjoy right at home!

✨ Why everyone loves this signature A Mee Shan Noodle:
✅ Ready to cook and eat in just a few minutes ⏱️
✅ Authentic Myanmar Shan spicy taste 🌶️
✅ Perfect for busy days when you don’t have time to cook — or whenever you’re craving a taste of home! 🍲
✅ Available now for just £3.50 per pack! 💸

🔥 It’s an in-stock item, so order yours now!

🇲🇲 မြန်မာနိုင်ငံသားမို့ ကိုယ့်နိုင်ငံမှာစားရတဲ့အစားအစာတွေကို အမြဲတမ်းအမှတ်ရနေမိတတ်ပေမဲ့ UK မှာက မြန်မာစားစရာ ရှာရဖွေရတာ ...
28/05/2025

🇲🇲 မြန်မာနိုင်ငံသားမို့ ကိုယ့်နိုင်ငံမှာစားရတဲ့အစားအစာတွေကို အမြဲတမ်းအမှတ်ရနေမိတတ်ပေမဲ့ UK မှာက မြန်မာစားစရာ ရှာရဖွေရတာ မလွယ်ကူဘူးဖြစ်နေကြတယ်ဟုတ် ။

😌 စားချင်စိတ်အာသီသပြင်းပြလွန်းနေရင် မြန်မာစားစရာအစား အနောက်နိုင်ငံကအစားအစာတွေကိုပဲ ကြိတ်မှိတ်မျိုသိပ်ပြီးစားနေရတော့ မတင်းတိမ်နိုင်ဘူးဖြစ်နေတတ်ပါတယ်။

🥰 ဒါကြောင့် ဒီလိုအခက်အခဲတွေကိုဖြေရှင်းပေးနိုင်ဖို့နဲ့ မြန်မာပြည်ပြန်စရာမလိုဘဲ မြန်မာအစားအစာတွေကို စိတ်တိုင်းကျစားနိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့ 𝐇𝐢𝐁𝐮𝐫𝐦𝐚 ကို UK မှာ ဖွင့်လှစ်လိုက်ပါတယ်🙋🏻‍♀️

🏡 မြန်မာအစားအစာကို အချိန်တွေအများကြီးအကုန်ခံ၊ ငွေတွေအများကြီးအကုန်ခံပြီး အိမ်ကနေ တကူးတက လှမ်းမှာစရာ မလိုအောင် ၊ စရိတ်စက မကြီးဘဲ တန်တန်လေး စားလို့ ရစေဖို့အတွက် 𝐇𝐢𝐁𝐮𝐫𝐦𝐚 မှာ မြန်မာစားစရာအစုံအလင်ကို ဂျပန်တစ်နိုင်ငံလုံးသို့ ပို့ဆောင်ခသက်သက်သာသာနဲ့ ရောင်းချပို့ဆောင်ပေးနေပါပြီ🥰

🇲🇲 မြန်မာပြည်ကိုပြန်စရာမလိုဘဲ ကိုယ်ကြိုက်တဲ့မြန်မာအစားအစာ အရသာပေါင်းစုံကို Online ကနေမှာယူရုံနဲ့ ကိုယ်နေထိုင်ရာအိမ်အထိ ရောက်ရှိအောင်ပို့ဆောင်ပေးမယ့် 𝐇𝐢𝐁𝐮𝐫𝐦𝐚 ရှိနေမှတော့ …..

🥰 ကိုယ်စားချင်သမျှ ချိုချဉ်ငံစပ်အရသာပေါင်းစုံ မြန်မာစားစရာအစုံကို အခုပဲ 𝐇𝐢𝐁𝐮𝐫𝐦𝐚 ကနေ အသက်သာဆုံးပို့ဆောင်ခတွေနဲ့အတူ မှာယူလိုက်တော့နော် 🙋🏻‍♀️🥰

Hi-Burma မှ ပစ္စည်းတွေကို Pre-Order စနစ်နဲ့ရော Quick Buying စနစ်နဲ့ရော ဝယ်ယူလို့ရနေပါပြီနော်။

🇲🇲 As a Myanmar national, no matter where we go, we always crave the familiar tastes of home. But finding authentic Myanmar food in the UK isn’t always easy.

😌 When cravings hit hard, settling for Western food just doesn’t feel satisfying. Sometimes, no matter how much we try, it just doesn’t feel the same.

🥰 That’s why we launched 𝐇𝐢𝐁𝐮𝐫𝐦𝐚 in the UK—to bring the true taste of Myanmar right to your doorstep! No need to travel back home just to enjoy your favorite dishes.

🏡 Forget spending hours searching or paying extra for overseas shipping! 𝐇𝐢𝐁𝐮𝐫𝐦𝐚 offers a wide range of Myanmar food items with affordable delivery all across the UK.

🇲🇲 Now, you don’t have to go back to Myanmar to enjoy the flavors you love. Just order online from 𝐇𝐢𝐁𝐮𝐫𝐦𝐚, and we’ll deliver straight to your home.

🥰 From sweet to sour, spicy to savory—whatever you’re craving, we’ve got it all! Place your order today with 𝐇𝐢𝐁𝐮𝐫𝐦𝐚 and enjoy the taste of home without the hassle! 🙋🏻‍♀️🥰

You can buy products from Hi-Burma through both the Pre-Order system and the Quick Buying option.

“ 𝐀𝐮𝐭𝐡𝐞𝐧𝐭𝐢𝐜 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐨𝐝, 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐞𝐝 𝐰𝐢𝐭𝐡 𝐋𝐨𝐯𝐞 – 𝐇𝐢𝐁𝐮𝐫𝐦𝐚! “ 🥪🇲🇲




☕️ မနက်စာဆိုတာ  တစ်နေ့တာရဲ့ အရေးကြီးဆုံး အစာ ဖြစ်ပါတယ်။ အနောက်နိုင်ငံသားတွေဟာ  သန့်ရှင်းလတ်ဆတ်တဲ့ အသားနဲ့အသီးအရွက်တွေကို...
22/05/2025

☕️ မနက်စာဆိုတာ တစ်နေ့တာရဲ့ အရေးကြီးဆုံး အစာ ဖြစ်ပါတယ်။ အနောက်နိုင်ငံသားတွေဟာ သန့်ရှင်းလတ်ဆတ်တဲ့ အသားနဲ့အသီးအရွက်တွေကို အဆီနည်းနည်းနဲ့ ချက်ပြုတ်ကြပြီး မနက်စာကိုအာဟာရညီမျှစွာစားသောက်လေ့ရှိပါတယ်။✅

🥰 နိုင်ငံအလိုက် မတူညီပေမဲ့ အနောက်နိုင်ငံတွေမှာ လူကြိုက်များတဲ့ မနက်စာ (Breakfast) တွေကို 𝐇𝐢𝐁𝐮𝐫𝐦𝐚 မှ ပြောပြပေးပါမယ်! 👇

🇬🇧 English Breakfast (အင်္ဂလိပ်မနက်စာ)

➡️ အင်္ဂလိပ်တွေရဲ့မနက်စာဟာ အနောက်တိုင်းမှာ အာဟာရအပြည့်အစုံပါဝင်တဲ့ မနက်စာတွေထဲက တစ်ခုဖြစ်ပါတယ်။ကြက်ဥ၊ဘေကွန်၊ Sausage တို့ကို နွားနို့ သို့မဟုတ် ကော်ဖီပူပူတစ်ခွက်နဲ့တွဲဖက်စားသောက်လေ့ရှိတဲ့အပြင် Vitamin C တဲ့အသီးအနှံတွေကိုလည်း မနက်စာနဲ့အတူတွဲဖက်စားသောက်လေ့ရှိပါတယ်။

🇺🇸 American Breakfast (အမေရိကန်မနက်စာ)

➡️ အမေရိကန်မနက်စာဟာ အခြားနိုင်ငံရဲ့ မနက်စာများထက် ပိုချိုတဲ့အစားအစာတွေကိုစားသောက်လေ့ရှိပါတယ်။ Pancakes သို့မဟုတ် Waffles ကို ချောကလက်၊ ကော်ဖီတို့နဲ့တွဲဖက်စားသောက်လေ့ရှိပြီး ဘေကွန်နဲ့ ကြက်ဥတို့ကိုလည်း ပရိုတင်းဓာတ်ကြွယ်ဝဖို့ ထည့်သွင်းစားသောက်လေ့ရှိပါတယ်။

🇫🇷 French Breakfast (ပြင်သစ်မနက်စာ)

➡️Croissantဟာ ပြင်သစ်မနက်စာအတွက် အရသာပြည့်စုံတဲ့ပေါင်မုန့်ဖြစ်ပြီး၊ ပြင်
သစ်နိုင်ငံသားတွေဟာ Baguette Bread ကို Butter၊ Jam တို့နဲ့လည်းတွဲဖက်ပြီး မနက်စာအဖြစ် သုံးဆောင်လေ့ရှိပါတယ်။

🇩🇪 German Breakfast (ဂျာမန်မနက်စာ)

➡️ ဂျာမန်တွေဟာ မနက်စာကို အာဟာရပြည့်ဝဖို့အတွက် Rye Bread နှင့် Pretzel တို့ကို အဓိကစားလေ့ရှိပါတယ်။ အားရှိပြီး တနေ့တာလုံးစွမ်းအင်ပြည့်စုံစေဖို့အတွက် နို့တစ်ခွက်ကတော့ မပါမဖြစ်ပါရတာဖြစ်ပါတယ်။

🇮🇹 Italian Breakfast (အီတလီမနက်စာ)

➡️ အီတလီတွေစားတဲ့မနက်စာကတော့ လွယ်ကူပြီး အမြန်ဆန်ဆုံးဖြစ်ပါတယ်။မနက်စောစောမှာ Cappuccino ပူပူလေးတစ်
ခွက်နဲ့ Croissant သို့မဟုတ် အသားမပါတဲ့ မုန့်တွေကိုစားသောက်ခြင်းက တစ်နေ့တာလုံးအားရှိပြီးလန်းဆန်းစေပါတယ်။
⸝

🇸🇪 Scandinavian Breakfast (စကန်ဒီနေဗီးယားမနက်စာ)

➡️ စကန်ဒီနေဗီးယားမနက်စာက ကျန်းမာရေးကို ဦးစားပေးထားတဲ့ မနက်စာဖြစ်ပါတယ်။မနက်စာထဲမှာ စားသောက်လေ့ရှိတဲ့ Rye Bread နဲ့ Smoked Salmon တို့ဟာ Omega-3 အားဖြည့်မှုများစွာပါဝင်ပြီး Eggs၊ Yogurt နဲ့ အခြားအသီးတွေကတော့ တနေ့တာလုံးမှာ အာဟာရပြည့်စုံဖို့ အားဖြည့်ပေးပါတယ်။

အခုဆိုရင် အနောက်နိုင်ငံတွေရဲ့ မတူညီတဲ့ မနက်စာတွေကို သိရှိလောက်ပြီဆိုတော့ ဘယ်လိုမနက်စာမျိုးကို အကြိုက်ဆုံးလည်းဆိုတာကို Recommend ပေးသွားပါဦးနော် 🥰

Hi-Burma မှ ပစ္စည်းတွေကို Pre-Order စနစ်နဲ့ရော Quick Buying စနစ်နဲ့ရော ဝယ်ယူလို့ရနေပါပြီနော်။

Breakfast is the Most Important Meal of the Day!

Western countries prioritize fresh, high-quality ingredients in their breakfasts, often opting for low-fat cooking methods to maintain a balanced diet.

While breakfast varies by country, here’s a look at some of the most popular morning meals across the Western world.

⸝

🇬🇧 English Breakfast

➡️ The traditional English breakfast is one of the most well-balanced meals in the Western world. It typically includes eggs, bacon, and sausages, served alongside a hot cup of milk or coffee. Many also incorporate fruits rich in Vitamin C to enhance the meal’s nutritional value.

🇺🇸 American Breakfast

➡️ Americans tend to favor sweeter breakfast options. Pancakes or waffles drizzled with chocolate or syrup, paired with coffee, are common choices. Protein sources like bacon and eggs are often included to ensure a balanced intake.

🇫🇷 French Breakfast

➡️ The French prefer a simple yet delicious breakfast. A croissant or a baguette with butter and jam is a staple, accompanied by a warm café au lait (coffee with milk).

🇩🇪 German Breakfast

➡️ Germans opt for a nutrient-rich breakfast, typically featuring rye bread and pretzels. To stay energized throughout the day, a glass of milk is often included as a key part of the meal.

🇮🇹 Italian Breakfast

➡️ Italians keep breakfast quick and light. A cappuccino paired with a croissant or other pastry is the go-to choice, providing an energizing and refreshing start to the day.

🇸🇪 Scandinavian Breakfast

➡️ Scandinavian breakfasts are designed with health in mind. A common meal includes rye bread and smoked salmon, both rich in Omega-3, complemented by eggs, yogurt, and a variety of fresh fruits for a balanced start to the day.

⸝

Now that you know about different Western breakfast styles, which one is your favorite? Let us know your recommendation! 🥰

You can buy products from Hi-Burma through both the Pre-Order system and the Quick Buying option.

“ 𝐀𝐮𝐭𝐡𝐞𝐧𝐭𝐢𝐜 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐨𝐝, 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐞𝐝 𝐰𝐢𝐭𝐡 𝐋𝐨𝐯𝐞 – 𝐇𝐢𝐁𝐮𝐫𝐦𝐚! “ 🥪🇲🇲




🇬🇧 UK ရဲ့ ရာသီဥတုက အအေးပိုင်းကိုအားသန်တာဆိုတော့ ထမင်းစား၊ ဟင်းစားပျက်ပြီး ဘာစားလို့စားရမှန်း မသိဖြစ်နေကြပြီလား?🤩 ဒီလိုအခ...
19/05/2025

🇬🇧 UK ရဲ့ ရာသီဥတုက အအေးပိုင်းကိုအားသန်တာဆိုတော့ ထမင်းစား၊ ဟင်းစားပျက်ပြီး ဘာစားလို့စားရမှန်း မသိဖြစ်နေကြပြီလား?

🤩 ဒီလိုအချိန်မှာ အစပ်အဟပ်မိမိလေးလည်း စားချင်တယ်၊ လျှာဖျားပေါ်ကတောင့်တနေတဲ့ အရသာနဲ့လည်း တထပ်တည်းကျချင်တယ်ဆိုတဲ့သူလေးတွေအတွက် အသင့်တော်ဆုံးကတော့ မြန်မာပြည်ကိုလည်း အလွမ်းပြေစေမယ့် ငပိထောင်းလေးပဲပေါ့။

😍 ထမင်းဆီဆမ်းပူပူလေးကို သံပရာရည်ရွှဲရွှဲဆမ်းထားတဲ့ ငပိထောင်းလေးရယ်၊ အတို့အမြှုပ် စုံစုံလင်လင်ရယ် တွဲစားလိုက်တဲ့ခဏမှာ တခြားဘယ်လိုအသား၊ငါးတွေမပါလည်း ရှယ်ဆွဲနိုင်မှာမို့ ရာသီဥတုအေးတဲ့ခုချိန်မှာ ထမင်းစားမြိန်ဖို့ ဒေါ်စောရီရဲ့ ငပိထောင်း သာဆောင်ထားနော်!

🥞HiBurma ဟာ ဆိုရင် မြန်မာပြည်ထုတ် နာမည်ကြီး ဓနုဖြူဒေါ်စောရီရဲ့ ငါးပိထောင်းတွေကို UK မှာ Delivery ခ သက်သာစွာနဲ့ ပို့ဆောင်ပေးတော့မှာဆိုတော့…🥰

UK ရောက်တာမကြာသေးတဲ့သူတွေအတွက် မြန်မာစားစရာတွေ ရှာဖွေပြီးစားသောက်ရဖို့ စိတ်ပူမနေဘဲ 𝐇𝐢𝐁𝐮𝐫𝐦𝐚 Authentic Burmes Glocery မှာအမြန်ဆုံး ဝယ်ယူလိုက်ပါနော် ။🙋🏻‍♀️

Hi-Burma မှ ပစ္စည်းတွေကို Pre-Order စနစ်နဲ့ရော Quick Buying စနစ်နဲ့ရော ဝယ်ယူလို့ရနေပါပြီနော်။

🇬🇧 Missing Home in the Cold UK Weather?

As the UK weather leans towards the chilly side, it’s no surprise if your appetite starts to fade and you’re unsure what to eat anymore.

🤩 During times like this—when you’re craving something spicy, flavorful, and comforting—there’s nothing better than a classic Burmese Ngapi Thoke (fermented fish paste salad) to hit the spot and bring back a taste of home.

😍 Just imagine warm rice topped with zesty lime-infused ngapi, paired with crispy garlic, roasted chili, and all the traditional toppings. Even without meat or fish, it’s a meal that satisfies deep down—perfect for cold days when you need that nostalgic comfort.

And guess what? You can now get authentic Daw Saw Ri’s Ngapi Thoke—a household name from Dhanubyu, Myanmar—delivered straight to your doorstep in the UK, only with HiBurma.

🥞 Whether you’ve just moved to the UK or have been here a while, finding real Burmese flavors doesn’t have to be hard. Shop now at HiBurma – Authentic Burmese Grocery and bring home the taste you miss the most!

You can buy products from Hi-Burma through both the Pre-Order system and the Quick Buying option.

“ 𝐀𝐮𝐭𝐡𝐞𝐧𝐭𝐢𝐜 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐨𝐝, 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐞𝐝 𝐰𝐢𝐭𝐡 𝐋𝐨𝐯𝐞 – 𝐇𝐢𝐁𝐮𝐫𝐦𝐚! “ 🥪🇲🇲





#ဓနုဖြူဒေါ်စောရီငါးပိထောင်း

🇬🇧 နိုင်ငံရပ်ခြား တိုင်းတစ်ပါးကိုရောက်လာတော့ နေထိုင်စားသောက်ရတာဟာ ကိုယ့်နိုင်ငံမှာတုန်းကလို ကျွမ်းကျွမ်းကျင်ကျင်မရှိတော့...
16/05/2025

🇬🇧 နိုင်ငံရပ်ခြား တိုင်းတစ်ပါးကိုရောက်လာတော့ နေထိုင်စားသောက်ရတာဟာ ကိုယ့်နိုင်ငံမှာတုန်းကလို ကျွမ်းကျွမ်းကျင်ကျင်မရှိတော့ အနည်းနဲ့အများတော့ ခက်ခဲကြတာပေါ့။

😔 သွားချင်တဲ့နေရာမသွားရ၊လွမ်းနေရတဲ့မြန်မာစာတွေမစားရတဲ့အပြင် ချဉ်ငံစပ်စားနေကျမြန်မာပါးစပ်ကလည်း အနောက်တိုင်းအစားအစာတွေနဲ့သိပ်ပြီး အဆင်ပြေမနေဘူးလေ။

🍜 ဒီလိုအချိန်မြန်မာပြည်မှာစားနေကျမြန်မာစားစရာလေးတွေကို တစ်လုပ်ကယ်ဝဝမြည်းစမ်းပြီးစားလိုက်ရရင်တော့ တော်တော်ကိုအရသာရှိနေမှာပါ။

🇬🇧 ဒါကြောင့် UK ကိုရောက်တာမကြာသေးတဲ့ရွှေမြန်မာတို့အတွက် မြန်မာစားစရာအစုံအလင်ရရှိနိုင်မယ့် 𝐇𝐢𝐁𝐮𝐫𝐦𝐚 ကို ဖွင့်လှစ်ပေးထားတာပါ။

🥞 မနက်စာစားဖို့အတွက် ရယ်ဒီမိတ်မုန့် မနက်စာထုပ်တွေမှ စပြီး အိမ်ချက်ဟင်းဗူးတွေ၊ မြန်မာပြည်ကထွက်ကုန်တွေနဲ့ မြန်မာပြည်ထုတ် ဆေးဝါးများကို UK မှာ Delivery ခ သက်သာစွာနဲ့ ပို့ဆောင်ပေးတော့မှာဆိုတော့…🥰

UK ရောက်တာမကြာသေးတဲ့သူတွေအတွက် မြန်မာစားစရာတွေ ရှာဖွေပြီးစားသောက်ရဖို့ စိတ်ပူမနေဘဲ 𝐇𝐢𝐁𝐮𝐫𝐦𝐚 Authentic Burmes Glocery မှာသာ စုံစုံလင်လင်ရွေးချယ် ဝယ်ယူလိုက်ပါနော် ။🙋🏻‍♀️

Hi-Burma မှ ပစ္စည်းတွေကို Pre-Order စနစ်နဲ့ရော Quick Buying စနစ်နဲ့ရော ဝယ်ယူလို့ရနေပါပြီနော်။

🇬🇧 When you arrive in a foreign country, living and eating can feel a bit challenging because it’s not the same as when you’re back home. It’s hard to find familiar tastes and flavors, and sometimes, the local food just doesn’t quite suit your palate.

😔 You may miss the food you used to enjoy in Myanmar, the comforting taste of your favorite dishes, and even the snacks you once had. Western food doesn’t always hit the spot for those who crave a taste of home.

🍜 During such times, if you can get your hands on authentic Burmese food and snacks from home, it can really bring back those familiar flavors and remind you of home.

🇬🇧 That’s why 𝐇𝐢𝐁𝐮𝐫𝐦𝐚 has been launched for our fellow Burmese in the UK. We offer a wide variety of Burmese food products, from traditional snacks like Ye-Di-Make-Mon to breakfast treats, home-cooked meals, and even Burmese medicine, all available for delivery at your convenience.

🥞 Whether it’s your morning tea or authentic Burmese ingredients and products from Myanmar, we bring them right to your door, making it easier to enjoy a taste of home.

So, for those who have recently arrived in the UK, don’t stress about finding your favorite Burmese foods. Simply visit 𝐇𝐢𝐁𝐮𝐫𝐦𝐚 Authentic Burmese Grocery, and choose from a wide selection of products to bring back that home-cooked feeling. 🙋🏻‍♀️

You can buy products from Hi-Burma through both the Pre-Order system and the Quick Buying option.

“ 𝐀𝐮𝐭𝐡𝐞𝐧𝐭𝐢𝐜 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐨𝐝, 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐞𝐝 𝐰𝐢𝐭𝐡 𝐋𝐨𝐯𝐞 – 𝐇𝐢𝐁𝐮𝐫𝐦𝐚! “ 🥪🇲🇲




UK မှာနေတာကြာတော့ မြန်မာအိမ်ချက်လက်ရာဟင်းကောင်းကောင်းတွေကိုသတိရနေပြီလား ❓❓အလုပ်ပင်ပန်းတာမို့ဟင်းကောင်းကောင်းချက်ဖို့ အချ...
13/05/2025

UK မှာနေတာကြာတော့ မြန်မာအိမ်ချက်လက်ရာဟင်းကောင်းကောင်းတွေကိုသတိရနေပြီလား ❓❓

အလုပ်ပင်ပန်းတာမို့ဟင်းကောင်းကောင်းချက်ဖို့ အချိန်မလောက်ဘူးဖြစ်နေပါသလား ❓❓

ဒီလိုပြဿနာတွေကိုဖြေရှင်းဖို့ဆိုရင် HiBurma မှာ ဦးမှန်ကြီးအသင့်စား အိမ်ချက်လက်ရာ ငါးပိ၊ငါးခြောက်အစုံအလင်ရှိနေပြီနော် ✅✅

HiBurma မှာဆိုရင် ဦးမှန်ကြီးရဲ့ထုတ်ကုန်တွေဖြစ်တဲ့ ငါးပိ၊ ငါးခြောက်တွေအပြင်…
✨ ကြက်သားငါးပိချက်
✨ ငါးနီတူမကျည်းသီးစိမ်းကြော်
✨ ငါးနီတူချဥ်ပေါင်ကြော် အစရှိတာတွေကို
သန့်ရှင်းလတ်ဆတ်စွာ ရောင်းချပေးနေပါပြီ။

ဒါအပြင်ဦးမှန်ကြီးအိမ်ချက်လက်ရာဟာ ရန်ကုန်မြို့ရဲ့ Top 10ဝင်တဲ့လက်ရာဖြစ်တဲ့အပြင်

✔ သန့်ရှင်းမှုအပြည့်အဝရှိစေရမယ်

✔ အနံ့အရသာနဲ့ ပြည့်စုံစေရမယ် ဆိုတဲ့ ဂုဏ်သတင်းအပြည့်ရှိတာမို့ စားမကောင်းမှာ လုံးဝစိတ်မပူရဘူးနော်။

ကဲ ဒါကြောင့်မို့ အိမ်ချက်လက်ရာလွမ်းနေတဲ့သူတွေ၊ မြန်မာအရသာစစ်စစ်ကိုမှ တောင့်တနေတဲ့သူတွေအတွက် HiBurma မှာ ဦးမှန်ကြီးရဲ့ အိမ်ချက်လက်ရာ ရှိနေပြီဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါရစေနော် 📣📣📣

Hi-Burma မှ ပစ္စည်းတွေကို Pre-Order စနစ်နဲ့ရော Quick Buying စနစ်နဲ့ရော ဝယ်ယူလို့ရနေပါပြီနော်။

Missing the authentic taste of traditional Burmese home-cooked meals after living in the UK for a while? ❓❓

Too busy and tired from work to cook delicious dishes yourself? ❓❓

No worries — HiBurma has got you covered with ready-to-eat, home-style meals from U Oo Mhan Gyi! ✅✅

At HiBurma, you’ll find a wide selection of U Oo Mhan Gyi’s quality products, including fermented fish paste, dried fish, and mouthwatering ready-made dishes such as:

✨ Chicken with fermented fish paste
✨ Fried red snapper with tamarind and green roselle
✨ Fried red snapper with sour mango — and more!

Everything is prepared fresh and hygienically, giving you a taste of home without the hassle.

U Oo Mhan Gyi’s home-cooked meals are not only trusted by many, but they’ve also made it into Yangon’s Top 10 food brands! That means:

✔ Guaranteed cleanliness
✔ Full of rich, authentic flavor

So if you’re craving real Burmese flavors or just missing a taste of home, here’s some great news — U Oo Mhan Gyi’s signature home-style dishes are now available at HiBurma! 📣📣📣

You can buy products from Hi-Burma through both the Pre-Order system and the Quick Buying option.

“ 𝐀𝐮𝐭𝐡𝐞𝐧𝐭𝐢𝐜 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐨𝐝, 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐞𝐝 𝐰𝐢𝐭𝐡 𝐋𝐨𝐯𝐞 – 𝐇𝐢𝐁𝐮𝐫𝐦𝐚! “ 🥪🇲🇲





#ဦးမှန်ကြီး

Hello ..Hello 👋ဒီနေ့မှာတော့ Hi-Burma မှ အထူးပရိုမိုးရှင်းအနေနဲ့ ၊မိတ်ဟောင်း မိတ်သစ်များကို အစီအစဉ်လေးတစ်ခုနဲ့ မိတ်ဆက်ပေး...
10/05/2025

Hello ..Hello 👋
ဒီနေ့မှာတော့ Hi-Burma မှ အထူးပရိုမိုးရှင်းအနေနဲ့ ၊မိတ်ဟောင်း မိတ်သစ်များကို အစီအစဉ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးသွားပါမယ်။

အဲဒါကတော့ ကိုယ့်ရဲ့ အသိမိတ်ဆွေ (သို့) ချစ်ခင်ရတဲ့ မိသားစုအပြင် ၊မည်သူကိုမဆို Refer လုပ်ပြီး ဝယ်ယူခွင့်ပေးလိုက်ရုံနဲ့ ၊မိတ်ဆွေ ရော Refer ပေးလိုက်တဲ့သူ နှစ်ယောက်လုံးအတွက် ၂၀% Discount ရယူနိုင်မှာပဲ ဖြစ်ပါတယ်။

Campaign ကာလလေးကတော့ 15th May to 30th May အထိပဲဖြစ်ပြီးတော့ ၊ Hi Burma ရဲ့ Memberships တယောက်ဖြစ်လာမယ်ဆိုရင် ၊
ထူးခြားတဲ့ ဈေးနှုန်းလျှော့ဈေးတွေ အပြင် Special Gift တွေကိုလည်း ရံဖန်ရံခါပေးသွားမှာဖြစ်ပါတယ် ။

ဘယ်လိုပါဝင်မလဲ?
1. ဝယ်ယူမယ့် မိတ်ဆွေကို ဖိတ်ခေါ်ပေးပါ။
2. မိတ်ဆွေက ဝယ်ယူတာနဲ့ နှစ်ယောက်လုံးအတွက် 20% Discount အခွင့်အရေးရပါမယ်။
3. Member ဖြစ်လာရင် အမြဲတမ်းအကျိုးခံစားခွင့်တွေလည်း ရဦးမှာမို့ အမြန်လေး ပါဝင်လိုက်တော့နော်။

Hello… Hello!

Today, Hi-Burma is excited to introduce a special promotion for both our loyal customers and new friends!

We’re launching a Refer & Earn Campaign, where you can invite your friends, family, or anyone at all — and once they make a purchase, both you and the person you referred will receive a 20% discount!

Campaign Period:
15th May to 30th May only!

Plus, if you or your friend become a Hi-Burma Member during this campaign, you’ll enjoy exclusive discounts and even receive special surprise gifts from time to time!

How to Join?
1. Invite someone you know who’s interested in buying.
2. Once they make a purchase, both of you will get 20% off.
3. Become a member to unlock ongoing benefits and rewards.

Don’t miss out — the earlier you join, the more you’ll enjoy!

“ 𝐀𝐮𝐭𝐡𝐞𝐧𝐭𝐢𝐜 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐨𝐝, 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐞𝐝 𝐰𝐢𝐭𝐡 𝐋𝐨𝐯𝐞 – 𝐇𝐢𝐁𝐮𝐫𝐦𝐚! “ 🥪🇲🇲






" နိုင်ငံခြားမှာ အနေကြာတော့ မြန်မာစာစစ်စစ်တွေကို အရမ်းလွမ်းနေရပြီပေါ့" 😌နိုင်ငံခြားမှာ ဘယ်လောက်ကောင်းတဲ့အစားအသောက်တွေပေါ...
08/05/2025

" နိုင်ငံခြားမှာ အနေကြာတော့ မြန်မာစာစစ်စစ်တွေကို အရမ်းလွမ်းနေရပြီပေါ့" 😌

နိုင်ငံခြားမှာ ဘယ်လောက်ကောင်းတဲ့အစားအသောက်တွေပေါပေါ ကိုယ့်မြန်မာပါးစပ်နဲ့ ခံတွင်းတွေ့စေတဲ့ ချို၊ချဉ်၊ငံ၊စပ် မြန်မာစာတွေကိုပဲ ပိုကြိုက်တယ်လေ။🤗🤗

🏡 အထူးသဖြင့် မြန်မာပြည်နဲ့ဝေးတဲ့ UK လိုနိုင်ငံမျိုးမှာ မြန်မာအစားအစာတွေကို တကူးတကပြန်မှာနေရရင် အချိန်ကြာ၊ငွေလည်းကုန်တော့ အိမ်ကိုမှာလို့အဆင်မပြေပါဘူး။

🙋🏻‍♀️ ဒါကြောင့် မြန်မာတွေအတွက်အစားအသောက်အဆင်ပြေအောင် UK မှာ မြန်မာစားစရာမျိုးစုံကို Delivery ခသက်သက်သာသာနဲ့မှာစားနိုင်ဖို့ HiBurma ရှိနေပါပြီ။

🏡 အချိန်တန်ရင် မြန်မာစာပဲ စားချင်တာ ဆိုသူလေးတွေအတွက် အိမ်ကနေ တကူးတက လှမ်းမှာစရာ မလိုအောင်၊ စရိတ်စက မကြီးဘဲ တန်တန်လေး စားလို့ ရစေဖို့…

🍱HiBurma မှာ မြန်မာစားစရာအစုံအလင်ကို UK တစ်နိုင်ငံလုံးသို့ ပို့ဆောင်ခသက်သက်သာသာနဲ့ ရောင်းချပို့ဆောင်ပေးနေပါပြီ🥰

ဒါကြောင့် မြန်မာပြည်ကိုအလွမ်းပြေစေမယ့် မြန်မာစားစရာမျိုးစုံကို တစ်နေရာတည်းမှာ အစုံအလင်ရရှိစေဖို့ 𝐇𝐢𝐁𝐮𝐫𝐦𝐚 နဲ့သာအမြန်ဆုံးမှာကြစို့နော် ✅🙋🏻‍♀️

Hi-Burma မှ ပစ္စည်းတွေကို Pre-Order စနစ်နဲ့ရော Quick Buying စနစ်နဲ့ရော ဝယ်ယူလို့ရနေပါပြီနော်။

“Being away from home for a while, I really miss the authentic Burmese flavors 😌

No matter how great the food is abroad, there’s nothing like the tangy, sweet, sour, and spicy flavors of Burmese dishes that hit just right for my taste buds. 🤗🤗

🏡 Especially in countries like the UK, where Burmese food can be hard to find and pricey, it can be inconvenient to keep ordering or cooking it yourself when you’re away from home.

🙋🏻‍♀️ That’s why for Burmese people in the UK, 𝐇𝐢𝐁𝐮𝐫𝐦𝐚 is here to make your favorite Burmese dishes easily accessible with affordable delivery straight to your door.

🏡 Now, no need to stress about ordering from far away or spending too much, just enjoy a convenient, cost-effective way to satisfy your cravings for Burmese food right from home.

🍱 𝐇𝐢𝐁𝐮𝐫𝐦𝐚 is now delivering a variety of delicious Burmese dishes across UK at great prices! 🥰

So, if you’re feeling nostalgic for your favorite Burmese dishes, don’t wait – order from 𝐇𝐢𝐁𝐮𝐫𝐦𝐚 and get everything you need in one place, quickly and easily ✅🙋🏻‍♀️”

You can buy products from Hi-Burma through both the Pre-Order system and the Quick Buying option.

“ 𝐀𝐮𝐭𝐡𝐞𝐧𝐭𝐢𝐜 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐨𝐝, 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐞𝐝 𝐰𝐢𝐭𝐡 𝐋𝐨𝐯𝐞 – 𝐇𝐢𝐁𝐮𝐫𝐦𝐚! “ 🥪🇲🇲




UK မှာမြန်မာအစားအစာဟင်းကောင်းတစ်ခွက်ရဖို့ဆိုတာ သိပ်ပြီးတော့လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။⏳ အချိန်နဲ့အမျှ ပြောင်းလဲတိုးတက်...
05/05/2025

UK မှာမြန်မာအစားအစာဟင်းကောင်းတစ်ခွက်ရဖို့ဆိုတာ သိပ်ပြီးတော့လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။

⏳ အချိန်နဲ့အမျှ ပြောင်းလဲတိုးတက်နေတဲ့ ခေတ်ကာလကြီးမှာ ဟင်းချက်ရင်း၊ ဆီသတ်ရင်း ဘဝရဲ့ သုံးပုံတစ်ပုံလောက်ကို အချိန်အကုန်ခံနေတယ်ဆိုတော့ မြန်မာဟင်းတွေသားချင်ပေမဲ့ သိပ်မချက်စားဖြစ်တော့ဘူးလေ။

🍗 ဒါပေမဲ့ ဒီနေ့မှာတော့ ဘဝအတွက် အရေးပါတဲ့ အချိန်ကို အကျိုးရှိရှိအသုံးချနိုင်ဖို့၊ မီးဖိုချောင်ထဲ အချိန်ကုန်နေရတဲ့ဘဝကြီးကို ပြောင်းလဲပစ်နိုင်ပြီး မြန်မာပြည်ကိုအလွမ်းပြေစားသောက်နိုင်ဖို့ဆို Daisy Cooking Powder လေးရှိပါတယ် ။🍱

🕔 အသားလေးတွေကို 𝐃𝐚𝐢𝐬𝐲 ထုပ်နဲ့နယ်ပြီး မိနစ် (၂၀) လောက်နှပ်ထားလိုက်တာနဲ့ ဟင်းတစ်အိုးချက်ဖို့ အဆင်သင့်ဖြစ်ပါပြီ။

နယ်နှပ်ထားတဲ့အသားတွေကို မီးဖိုပေါ်တင်ပြီး ရေနည်းနည်း၊ ဆီနည်းနည်း ထပ်ထည့်ကာ တည်ထားလိုက်ရုံနဲ့ စားချင်စဖွယ် အဆင်သင့် ဟင်းတစ်ပွဲရရှိပါပြီ။ 🍲

မြန်မာအစားအစာတွေကို 𝐃𝐚𝐢𝐬𝐲 ထုပ်နဲ့ ချက်ပြုတ်ပြီး အဖိုးတန်တဲ့ အချိန်တွေကို အကျိုးရှိရှိ အသုံးချချင်ရင်တော့ HiBurma မှာ အမြန်ဆုံး Order တင်လိုက်ပါရှင် 💖

Hi-Burma မှ ပစ္စည်းတွေကို Pre-Order စနစ်နဲ့ရော Quick Buying စနစ်နဲ့ရော ဝယ်ယူလို့ရနေပါပြီနော်။

Getting a good bowl of authentic Burmese food in the UK isn’t always easy.

⏳ In today’s fast-paced world, where time flies and life gets busier by the day, spending hours in the kitchen cooking and frying can feel overwhelming. Even if we crave the comforting taste of home, we often don’t have the time to prepare it.

🍗 But today, there’s a way to save your precious time while still enjoying that nostalgic taste of Myanmar — with Daisy Cooking Powder. 🍱

🕔 Just marinate your meat with Daisy for about 20 minutes, and you’re ready to cook a delicious dish in no time.

Pop the marinated meat on the stove, add a little water and a splash of oil, and simmer. That’s all it takes to get a tasty, home-style Burmese curry ready to enjoy. 🍲

So if you want to enjoy authentic Burmese dishes while making the most of your valuable time, grab your Daisy Cooking Powder today from HiBurma — and bring the taste of home closer to you! 💖

You can buy products from Hi-Burma through both the Pre-Order system and the Quick Buying option.

“ 𝐀𝐮𝐭𝐡𝐞𝐧𝐭𝐢𝐜 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐨𝐝, 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐞𝐝 𝐰𝐢𝐭𝐡 𝐋𝐨𝐯𝐞 – 𝐇𝐢𝐁𝐮𝐫𝐦𝐚! “ 🥪🇲🇲





🇲🇲 “ မြန်မာနိုင်ငံနဲ့ UK ရဲ့ မတူညီသော စားသောက်မှုပုံစံများ “ 🇬🇧🇲🇲 မြန်မာလူမျိုးတွေက ထမင်းကို အဓိကစားသုံးပြီး ဟင်းမျိုးစု...
02/05/2025

🇲🇲 “ မြန်မာနိုင်ငံနဲ့ UK ရဲ့ မတူညီသော စားသောက်မှုပုံစံများ “ 🇬🇧

🇲🇲 မြန်မာလူမျိုးတွေက ထမင်းကို အဓိကစားသုံးပြီး ဟင်းမျိုးစုံ (ငါးဟင်း၊ အသားဟင်း၊ ဟင်းရွက်) နဲ့ တွဲဖက်စားသောက်ကြပါတယ်။ အာလူးသုပ်၊ လက်ဖက်သုပ် စသည်ဖြင့် အသုပ်အမျိုးအစားတွေများစွာကို နေရာဒေသအလိုက် မတူညီကွဲပြားစွာ စားသောက်ကြတာဖြစ်ပါတယ်။🥳

🇬🇧 UKမှာ ဆိုရင်တော့ Bread (ပေါင်မုန့်)၊ Potato (အာလူး)၊ Meat (အသားအမျိုးမျိုး)၊ Cheese (ချိစ်) အစရှိတဲ့ အနောက်တိုင်းအစားအစာတွေကို အဓိကစားသောက်ကြပါတယ်။

🍜 ချက်ပြုတ်မှုပုံစံတွေကလည်း မြန်မာမှာဆိုရင် ဆီကြော်၊ ပြုတ်ချက်၊ ချဉ်စပ်၊ အသုပ်စသဖြင့် အနံ့အသက်ချိုမြတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို သုံးပြီးချက်ပြုတ်တာဖြစ်ပါတယ်။

🇲🇲 UKရဲ့ချက်ပြုတ်မှုပုံစံကတော့ အနံ့အသက်
သိပ်မပြင်းတဲ့ ဟင်းခတ်မှုန့်တွေကို (Salt, Pepper, Butter စသည်) အသုံးများပြီး အသားတွေကို ကင်တာ၊ပေါင်းတာ၊ပြုတ်တာ စသဖြင့် အမျိုးမျိုးချက်ပြုတ်ကြပါတယ်။🥪

🇲🇲 နေ့စဉ်စားသောက်မှုပုံစံကိုကြည့်ရင် မြန်မာတွေဟာ နံနက်စာကို ထမင်းနှင့် ဟင်း၊ မုန့်ဟင်းခါး၊ လက်ဘက်ရည် နဲ့ ပေါက်စီစသဖြင့်စားပြီး နေ့လည်စာနဲ့ ညစာကိုတော့ ထမင်းနဲ့ဟင်းကို အားပြုပြီးစားတတ်ကြပါတယ်။

🇬🇧 UKမှာတော့ နံနက်စာ Coffee တစ်ခွက်ကို Toast , Sausage ၊ Beans တို့နဲ့တူတူတွဲဖက်စားသောက်ကြပြီး နေ့လည်စာ ကို Sandwichတို့ ၊ Soup တို့စသဖြင့်အရည်သောက်ရတာတွေစားလေ့ရှိကြပါတယ်။
ညစာကိုတော့ အသားကင်၊အသီးတစ်မျိုးမျိုးကို ဝိုင်နဲ့တွဲဖက်စားသောက်လေ့ရှိပါတယ်။

🙋🏻‍♀️ မြန်မာနဲ့ UKတို့ဟာ စားသောက်မှုပုံစံအရ ခြားနားမှုများစွာရှိတာကြောင့် UK မှာနေပြီး မြန်မာအစားအစာတွေကို လွမ်းနေရတဲ့သူတွေအတွက် 𝐇𝐢𝐁𝐮𝐫𝐦𝐚 မှာ မြန်မာ စားစရာတွေအစုံအလင်တင်ထားပါပြီ။

🍱 UK ကိုရောက်ရှိလာတဲ့ ရွှေမြန်မာတို့အတွက် 𝐇𝐢𝐁𝐮𝐫𝐚 မှာ မြန်မာစားစရာအစုံအလင်ကို တစ်နိုင်ငံလုံးသို့ ပို့ဆောင်ခသက်သက်သာသာနဲ့ ရောင်းချပို့ဆောင်ပေးနေတာကြောင့် မြန်မာအစားအစာစားချင်တဲ့အချိန်တိုင်းမှာ Page Cb ကို Hello လိုက်ပါနော် 🤩🤍

Hi-Burma မှ ပစ္စည်းတွေကို Pre-Order စနစ်နဲ့ရော Quick Buying စနစ်နဲ့ရော ဝယ်ယူလို့ရနေပါပြီနော်။

🇲🇲 “ Differences in Eating Habits Between Myanmar and the UK “ 🇬🇧

🇲🇲 Burmese Cuisine & Eating Habits

Burmese people primarily eat rice as their staple food, accompanied by a variety of dishes such as fish curries, meat curries, and vegetable dishes. There are also numerous types of traditional Burmese salads, like potato salad and tea leaf salad, which vary across different regions. 🥳

🇬🇧 UK Eating Habits

In the UK, people mainly consume Western-style foods such as bread, potatoes, various meats, and cheese.

🍜 Cooking Styles

In Myanmar, cooking methods include frying, boiling, and preparing spicy and sour dishes with fragrant herbs and spices, making the food rich in aroma and flavor.

🇬🇧 In contrast, British cuisine often relies on milder seasonings like salt, pepper, and butter. Meats are commonly roasted, steamed, or boiled. 🥪

🇲🇲 Daily Meal Patterns

In Myanmar, breakfast typically consists of rice with side dishes, mohinga (rice noodle soup), or Burmese tea with pastries. Both lunch and dinner are mainly rice-based meals served with various curries.

🇬🇧 In the UK, breakfast often includes coffee, toast, sausages, and beans. Lunch usually consists of sandwiches or soups, while dinner often features grilled meats, fruits, and wine.

🙋🏻‍♀️ Missing Burmese Food While Living in the UK?

If you’re in the UK and craving authentic Burmese food, 𝐇𝐢𝐁𝐮𝐫𝐦𝐚 has got you covered! We offer a wide range of Burmese delicacies and deliver them across the country at affordable rates.

🍱 Whenever you miss the taste of home, just send us a message on our page! Hello from 𝐇𝐢𝐁𝐮𝐫𝐦𝐚! 🤩🤍

You can buy products from Hi-Burma through both the Pre-Order system and the Quick Buying option.

“ 𝐀𝐮𝐭𝐡𝐞𝐧𝐭𝐢𝐜 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐨𝐝, 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐞𝐝 𝐰𝐢𝐭𝐡 𝐋𝐨𝐯𝐞 – 𝐇𝐢𝐁𝐮𝐫𝐦𝐚! “ 🥪🇲🇲




ယနေ့ ကျရောက်တဲ့ မေလ (၁) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့ပါ✊🏻တစ်ကမ္ဘာလုံးမှာရှိတဲ့ ကျရာတာဝန်ကို ရိုးသား ကြိုးစာ...
01/05/2025

ယနေ့ ကျရောက်တဲ့ မေလ (၁) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့ပါ✊🏻

တစ်ကမ္ဘာလုံးမှာရှိတဲ့ ကျရာတာဝန်ကို ရိုးသား ကြိုးစားစွာနဲ့ တာဝန်ကျေပွန်အောင် ထမ်းဆောင်နေကြတဲ့ အလုပ်သမားများ အားလုံးကို Hi Burma မိသားစု မှ လေးစားစွာဖြင့် ဂုဏ်ပြုလိုက်ပါတယ်🙏🏻။

အလုပ်သမားများ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများဖြင့် ပြည့်စုံကြပါစေ။

Today, May 1st, is International Workers’ Day✊🏻

Hi Burma family respectfully honors all workers around the world who diligently and honestly fulfill their responsibilities with dedication🙏🏻.

May all workers be blessed with peace of mind and good health.


Address

Sheffield

Opening Hours

Monday 9am - 5pm
Tuesday 9am - 5pm
Wednesday 9am - 5pm
Thursday 9am - 5pm
Friday 9am - 5pm
Saturday 9am - 5pm

Website

Alerts

Be the first to know and let us send you an email when Hi Burma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category