Ygn " Only " Seme & Seke & Uke

Ygn " Only " Seme & Seke & Uke Korea Language အခြေခံ အရေးအဖတ် ပညာဒါန

10/03/2023

ကရိ ကသဲ့နဲ့ အိုးနင်းခွက်နင်း
ခဏတာစိတ်လှုပ်ရှားတာမျိုးကိုမလိုချင်လို့
ရည်းစားမထားတာပါ
ရည်းစားထားကတည်းကိုက
တစ်ဘဝလုံးအတွက်ပဲ လိုချင်တယ်

07/03/2023

귀엽다

07/03/2023

ပျင်းလို့ သမိုင်းကိုလာတာ ပိုပျင်းတယ် 😂

နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ် 😏바나나 좋아하냐? ....☺️
06/03/2023

နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ် 😏

바나나 좋아하냐? ....☺️

05/03/2023

ငယ်ငယ်ကကြိုက်ခဲ့တဲ့ ကောင်မ က
ခလေးတစ်ယောက်ရမှ လင်နဲ့ကွဲလို့တဲ့
အေးဟာ ငါဝမ်းသာပါတယ် 😄

05/03/2023

ကျွန်တော့်ကို လာဆဲတဲ့ကောင်တွေကိုကြည့်လိုက်ရင်
လူမွှေးမပြောင် သူမွှေးမပြောင် အသိမရှိ ပညာမရှိ
စာမတတ် ပေမတတ် အရိပ်သုံးပါးနားမလည်
ဒီလိုကောင်တွေကို ပြန်ဆဲနေဖို့က
သူတို့နဲ့ ကိုယ့်ကို မနှိုင်းယှဉ်ရက်ဘူး
ကိုယ့်ကို အားနာတယ်လေ 😉

04/03/2023

Boy 2 Boy ဘာဖြစ်လဲ
ပိုတောင် အဆင်ပြေသေးတယ်
သူငယ်ချင်းလို့ ညာပြောပြီး အိမ်လည်ခေါ်လို့ရတယ်
မိန်းခလေးကို သူငယ်ချင်းပြောပြီး အခန်းထဲခေါ်ထားလို့ဖြစ်ပါ့မလား

Boy 2 Boy ဘာဖြစ်လဲ
နားပူ နားညံမလုပ်ဘူး အေးဆေးပဲ
မိန်းမယူရင် ပွစိ ပွစိ ပူညံ ပူညံနဲ့ နားငြီးတယ်

Boy 2 Boy ဘာဖြစ်လဲ
ဖုန်းလေးတစ်လုံးရှိနေရင် အဆင်ပြေတယ်
ရွှေဝတ်ချင်ရတာနဲ့ စိန်ဆင်ချင်ရတာနဲ့
ပိုက်ဆံအိတ်အကောင်းစားမှ ကိုင်ချင်ရတာနဲ့
ပါတိတ် သိန်းကျော်တန်ဝတ်ချင်ရတာနဲ့
ခြေသည်း လက်သည်း အလှဆင်ချင်ရတာနဲ့
ဟော အခု ပေါ်နေပြီ ဘလာဇီယာတောင်
ရွှေနဲ့လုပ်ပြီး စိန်စီထားတဲ့ဟာရှိတယ်ဆိုပဲ
ကိုရေ စိန်စီထားတဲ့ရွှေဘလာဇီယာလေး
ဝတ်ချင်လိုက်တာလို့ပူဆာရင် ခက်ကော

Boy 2 Boy ပိုအဆင်ပြေတယ်
အတွင်းခံ ငါးထည်ပါ တစ်ဗူးဝယ်လိုက်
သူတစ်ထည်ယူဝတ် ကိုယ်တစ်ထည်ဝတ်ပဲ
ကိုယ်ဝတ်ပြီးသား သူ ယူဝတ်တော့ရော ဘာဖြစ်သေးလဲ
ဘုန်းနိမ့်ကံနိမ့် ဘာမှ စိတ်ပူစရာမလိုဘူး
မိန်းမ ဆာစမိုင်တာကြီးကို ကိုယ်ဝတ်လို့ ဖြစ်ပါ့မလား ကဲ

Boy 2 Boy လား ပိုတောင် အဆင်ပြေသေး
သူ့ဘောင်းဘီကိုယ်ဝတ်မလား ကိုယ့်ပုဆိုး သူဝတ်မလား
မိန်းမ ထမိန်ကြီး ကိုယ်ဝတ်နေလို့ သင့်တော်ပါ့မလားလို့

Boy 2 Boy ဘာဖြစ်လဲ
ကိုယ့်အင်းကျီ သူဝတ်မလား သူ့အင်းကျီ ကိုယ် ကောက်စွပ်မလား
ရော့ မင်းတစ်ထည် ငါတစ်ထည်ပဲ
တစ်ထည်တည်း နှစ်ယောက်ဝတ်မလား ဘာဖြစ်လဲ
မိန်းမ ရင်ဖုံးအင်းကျီ ယောထမိန်ကို ကိုယ်ဝတ်လို့ဖြစ်ပါ့မလား

Boy 2 Boy ဘာဖြစ်လဲ
ပူတယ်ကွာ ၀တ်မနေနဲ့ နှစ်ယောက်လုံး ချွတ်နေကြမလား
စွပ်ကျယ်လေး တစ်ယောက်တစ်ထည် ဘောင်းဘီတိုလေးနဲ့
ဘာဖြစ်သေးလဲ ပူလို့ချွတ်တယ်ကွာ
ဟဲ့ နင်တို့တွေချွတ်နေရကောင်းလားဆိုပြီး ဘယ်သူက ဘာပြောမလဲ
ပုဆိုးကို ခါးတောင်းကျိတ်နေမလား ရသေးတယ်

Boy 2 Boy ဘာဖြစ်လဲ
ညီရယ် ငါလည်း မချက်တတ် မင်းလည်းချက်ဖို့ပျင်းနေရင်
အပြင်ထွက်ပြီး ထမင်းကြော်လေး တစ်ယောက်တစ်ပွဲစားရအောင်
သူလည်း ယောကျာ်း ကိုယ်လည်းယောကျာ်း
ဘာဂျီးမှ များမနေဘူး ဗိုက်ပြည့်သွား ပြီးရော
ဝက်သားမပါလို့ ငပိရည်တို့စရာမရှိလို့ ဘာဆိုဘာမှ မပြောဘူး
မျိုလို့ရတာ ကောက်မျိုထားလိုက်
ဗိုက်ထဲရောက်ရင် သူ့ဘာသူ အစာကြေနေလိမ့်မယ်

Boy 2 Boy ပိုတောင် စိတ်သက်သာသေး
သူ ရာသီမလာလို့ ဗိုက်အောင့်တာ ခေါင်းကိုက်တာမြင်ပြီး
ကိုယ်ပါ စိတ်ညစ်စရာမလိုဘူး
တစ်လ တစ်ခါ လာသီလာချိန် ဘာအကြောင်းမှမရှိပဲ
စိတ်ဆိုးတာ စိတ်ကောက်တာ ဒေါသထွက်တာ ခံရစရာမရှိ
ရာသီလာချိန် မနက်မိုးလင်း အိပ်ရာက နိုးကတည်းကိုက
မျက်နှာကြီးမှုတ်ကုတ်ပြီး အလိုမကျဖြစ်နေတာကို မမြင်ရဘူး
ဘာ ကျိန်ဆဲသံမှ ကြားရဖွယ်မရှိ
အခန့်မသင့်လို့ တစ်ခါတစ်လေ စိတ်တိုချိန်
"လီးပဲ" တစ်ခွန်းတည်းနဲ့ ပြီးတယ်

Boy 2 Boy ဘာဖြစ်သေးလဲ
ကိုရေ ကားစုတ်နေလို့ လဲရအောင်လို့ အကြံပြုတာက လွဲပြီး
ဒီကားစုတ်ကြီး စီးရမှာ ရှက်တာတွေ ရှမ်းတာတွေ မဖြစ်ဘူး
ငါ ကားမမောင်းချင်ဘူးကွာ မင်းမောင်း ဆိုလည်း ဖြစ်တယ်
မိန်းမမောင်းတဲ့ကားကြီး ကိုယ်ထိုင်စီးရမှာ ပိုတောင်ရှက်ဖို့ကောင်းသေး

Boy 2 Boy
ဘယ်လို ရှု့ဒေါင့်ကပဲ ကြည့်ကြည့် အဆင်ပြေဖို့ပဲ များတယ်
ဘာ ၀ီစိကိစ္ဆာမှ မရှိ ဘာဂဂျိုး ဂဂျောင်မှ မရှိ
သာသာယာယာပဲ

ဒီလောက် အဆင်ပြေနေကြတဲ့ကိစ္စကို
ခင်ဗျားတို့တွေက မနေနိုင် မထိုင်နိုင်
ဘာကိစ္စ ကြားကနေပူပန်နေကြရတာတုံး

ဘယ့်နယ်ဗျာ အိုးက မပူ စလောင်းဖုံးကပူလို့
သွသူ အဆင်ပြေနေကြပလေ့စေလေ
ခင်ဗျားအပူမပါရင် ၀င်မဝေဖန်ပါနဲ့

Shut up 🤐

04/03/2023

ယောကျာ်းချင်းတွဲတာ
ဒီလောက် popular ဖြစ်နေတဲ့ခေါတ်မှာ
မိန်းခလေးနဲ့ တွဲရအောင်.... ငါက အရူးလား 😄
ရူးနေတယ်များ ထင်သလား ကဲ 🥴

03/03/2023

ကျွန်တော့်မှာ ညီဝမ်းကွဲလေးတစ်ယောက်ရှိပါတယ်
ကျွန်တော့်လိုပဲ Seme လေး ထင်ပါရဲ့
မိန်းခလေးကိုဆို လုံးဝကို စိတ်မ၀င်စားတာ
မိန်းခလေးကို စိတ်မ၀င်စားရကောင်းလားဆိုပြီး
သူ့ကို အခြောက်လေးလို့ ပတ်ဝန်းကျင်ကပြောလာကြရင်လည်း
သူ့ခမျာ ရှူးရှူးရှဲရှဲနဲ့ မျက်နှာလေး နီရဲအောင် ဒေါသထွက်ရှာပါတယ်

အရွယ် ရောက်ခါစလေးဆိုတော့
သူ့ကိုယ်သူ ဘာဆိုတာ နားမလည်နိုင်သေးသလို
သူရိပ်မိနေတဲ့ သူ့ရဲ့ဖြစ်တည်မှု့ကို
သူကိုယ်တိုင် လက်ခံပေးလိုက်နိုင်ဖို့က
သိပ်ကို ခက်ခဲလှတဲ့အရွယ်လေးပေါ့

ကိုယ်လည်း ဒီအရွယ်ကို ဖြတ်သန်းလာခဲ့ရတော့
ဘယ်လောက်တောင် ခက်ခဲလိုက်မလဲဆိုတာ နားလည်ပါတယ်

အစ်ကိုတစ်ယောက်အနေနဲ့
ကိုယ့်ညီလေးကို အဲ့လိုတွေတော့ မဖြစ်စေချင်တာ
ကျွန်တော့်ရဲ့စေတနာပါ

ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ဆိုတာက
ရှေးလူကြီးတွေ သိပ်ကို အတ္တကြီးကြတဲ့ အဆုံးအမ ပဲမဟုတ်လား

ဒါပေမယ့်လည်း
ဒီလိုလေး ဖြစ်နေရကောင်းလားလို့ အပြစ်မဖို့ရက်ဘူး
ကိုယ့်ညီကို ကိုယ်ကိုယ်တိုင်မှ နားလည်မပေးနိုင်ရင်
ဘယ်သူကများ ကျွန်တော့်ညီလေးကို နားလည်ပေးပါ့မလဲ

ပတ်ဝန်းကျင်ဆိုတာက
ဖေးမဖို့ထက် ထိုးနှက်ကြဖို့က ပိုအားသာတယ်လေ
အားပေးဖို့ထက် အပြစ်ပြောဖို့က ပိုအားသာကြတာပဲမဟုတ်လား

သူ အဲ့လိုလေးဖြစ်နေရတာကို ကျွန်တော် သိသွားမှာကိုလည်း
သူ့ခမျာ သေမလောက်ကြောက်ရှာပါတယ်

သြော်... သူ့ခမျာမှာလည်း
ကိုယ့်ကိုကိုယ် မကျေမနပ်ဖြစ်ရတာက တစ်မျိုး
ဟိုလူက အပြစ်ပြော ဒီလူက ဝေဖန်နဲ့
လောကဒဏ်ကို ခါးစည်းခံရပေအုံးမယ်

ကိုယ့်ကို မွေးပေးထားတဲ့
ကိုယ့်မိဘတောင်မှ နားလည်မပေးနိုင်တဲ့ LGBT လောကမှာ

ငါ့ညီလေးရယ် အကောင်းပြောခံရဖို့တော့
မင်း မမျှော်လင့်နဲ့တော့ကွယ်
ဘယ်သူ ဘာပြောပြော ခေါင်းမော့ထားစမ်း
အဲ့တာ မင်းအပြစ်မဟုတ်ဘူး

ရှင်းပြရခက်တဲ့ ပတ်ဝန်းကျင်ဆိုတာ
တစ်ခါ တစ်ခါမှာ လစ်လျူရှူ့လိုက်တာ အကောင်းဆုံးပဲ

သူများက မင်းကို ဘာဖြစ်စေချင်သလဲဆိုတာ တွေးပြီး
လူတကာအကြိုက် မင်း လိုက်လုပ်ပေးနေစရာမလိုဘူး

မင်း ဘာဖြစ်ချင်သလဲ ဖြစ်အောင်လုပ်
အမှားတော့ နည်းပစေ ညီလေး

ပတ်ဝန်းကျင်ဆိုတာက
မင်းကောင်းစားနေလည်း အပြစ်ပြောမှာပဲ
မင်း မကောင်းစားတော့ရင်လည်း အပြစ်ပြောမှာပဲ
မင်း ဘာလုပ်လုပ် ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ်
သူတို့က မင်းကို ဘယ်တော့မှ အကောင်းပြောမှာမဟုတ်ဘူး

ဘာမှ ကောင်းကျိုးမပေးတဲ့ ဒီပတ်ဝန်းကျင်ဆီက
မင်း ဘာကိုမျှော်လင့်နေအုံးမှာလဲ

ညီလေး...သို့

02/03/2023

LGBT ဆိုမှတော့ လိင်တူချင်းနှစ်သက်မှာပေါ့
ယောကျာ်းလေးက ယောကျာ်းလေးကိုပဲ ကြိုက်မယ်
မိန်းခလေးက မိန်းခလေးချင်းပဲ နှစ်သက်မယ်
ဒီကိစ္စကြီးက မကောင်းမှန်းသိတယ်
ဒါပေမယ့်
ဘီဇပါလာမှတော့ ဘယ်လိုမှ ဖျောက်ဖျက်လို့မရဘူးလေ
ဘယ်သူကရော မိဘ ညီကိုမောင်နှမ ပတ်ဝန်းကျင်ရဲ့
ထိုးနှက်ခြင်း ခံချင်ပါ့မလဲ အထင်သေးခြင်း ခံချင်ပါ့မလဲ

ဒါပေမယ့်
သဘာဝတရားကြီးကို ဆန့်ကျင်တယ်ရယ်လို့တော့
မတရားသဖြင့်တွေ လာမသမုတ်ပါနဲ့
ဒါလည်း သဘာဝပဲလေ
တကူးတက လုပ်ယူထားရတာမှ မဟုတ်ပဲနဲ့ဗျာ
သူ့အလိုလိုကိုမှ ဒီလိုလေးပဲ မွေးဖွားလာခဲ့တာ
ခင်ဗျားတို့တွေနဲ့ အကြိုက်ချင်းမတူလို့
ခင်ဗျားတို့တွေ မနှစ်သက်လို့
အမေ့ဗိုက်ထဲ နောက်တစ်ခေါက်ပြန်ဝင်ပြီး
နောက်တစ်မျိုးလေး ထပ်မွေးပေးပါလို့ ပူဆာလို့ရနိုင်တာမှမဟုတ်ပဲ

ဘုရားမကြိုက်ဘူး ပြောမလား
အဲ့ဒီ ဘုရားက ဘာမှကို မကြိုက်ဘူးရယ်

အရက်သောက်တာ ဘုရားမကြိုက်ဘူး
ဒါပေမယ့် ခင်ဗျားတို့တွေ သောက်ကြတာပဲမဟုတ်လား

မုသားပြောတာ ဘုရားမကြိုက်ဘူး
ဒါပေမယ့် ခင်ဗျားတို့တွေ ပြောကြတာပဲ မဟုတ်လား

ဖဲရိုက်တာ ဘုရားမကြိုက်ဘူး
ဒါပေမယ့် ခင်ဗျားတို့တွေ ရိုက်ကြတာပဲမဟုတ်လား

သူများ သားပျို သမီးပျိုကို စော်ကားတာ ဘုရားမကြိုက်ဘူး
ဒါပေမယ့် ခင်ဗျားတို့တွေ လစ်ရင် လစ်သလိုပဲ မဟုတ်လား

ယောကျာ်းနဲ့ မိန်းမ အိမ်ထောင် ဂရာဝါသပြုပြီး
လင်ကျင့်ဝတ် မယားကျင့်ဝတ်တွေနဲ့ ညီထွေအောင်နေကြ
ဒါပေမယ့် ခင်ဗျားတို့တွေ တစ်ဂျိန်းဂျိန်းပဲ သတ်နေကြတာမဟုတ်လား

ဖောက်လွဲဖောက်ပြန်တွေ မလုပ်ကြနဲ့
ဒါပေမယ့် ခင်ဗျားတို့တွေ တစ်ခြားအပေါက်ကိုဆို
တစ်စွတ်စွတ်ပဲ သွားသွားထိုးနေကြတာပဲ မဟုတ်လား

ခင်ဗျားတို့ပြောတဲ့ အိမ်ထောင်ရေးသုခဆိုတာ ဘယ်လိုဟာမျိုးလဲ

ခြင်ထောင်ထဲက ကိစ္စကို အိမ်ထောင်ရေး သုခဆိုရင်
ကျွန်တော်တို့မှာလည်း သုခ တစ်စုံတစ်ရာတော့ ရှိကောင်းရှိမှာပါ
စိတ်မပူပါနဲ့

အနည်းဆုံးတော့ဗျာ
ခင်ဗျားတို့ ယူထားတဲ့ မိန်းမတွေလို
ပွစိ ပွစိ ဗျစ်တောက် ဗျစ်တောက် နားပူမယ့် အတွင်းရန်သူဆိုတာ
ကျွန်တော့်အနားမှာ ရှိမနေဘူးရယ်

ကျွန်တော်သာ ယောကျာ်းလေးတစ်ယောက်ကို ယူဖြစ်ရင်
သူလည်း ယောကျာ်း ကိုယ်လည်း ယောကျာ်းဗျာ
ငွေရှာနိုင်တယ် သူတစ်လ ငါးသိန်းရရင်
ကိုယ်က ဆယ်သိန်းရအောင်ရှာနိုင်တယ်
ငါ ဒီလ အလုပ်ထွက်လိုက်တယ်ကွာ
မင်းလုပ်စာ ငါ တစ်လလောက် ထိုင်စားမယ်ဆိုလည်း
သူ့လစာ ငါးသိန်းက နှစ်ယောက်စာ အဆင်ပြေတယ်

ကိုရယ် ကျွန်တော် အလုပ်မလုပ်ချင်ဘူး ပြောမလား
မင်းသာ အလုပ် မလုပ်ရလို့ မပျင်း မရိဘူးဆိုရင်
ထိုင်စားလေ ငါ ရှာကျွေးနိုင်တယ်
မင်းရဲ့ ခြေမွှေး လက်မွှေး ဘာအမွှေးကိုမှ မီးမလောင်အောင်
ငါ ထားနိုင်တယ် အဲ့ဒီ စောက်လုပ် လုပ်မနေနဲ့
ငါ့အနားမှာပဲ ရှိနေပေး ဖူးဖူးတောင် မှုတ်ထားအုံးမှာ

အဲ့လို အခြေအနေကို ဘုရားမကြိုက်တာသိတယ်

ဖန်ရည်ဆိုးသင်္ကန်ဝတ် ခေါင်းတုံးတုံးပြီး
တောကြီးခိုလို့ အမဲရောင်သပိတ်တစ်လုံးနဲ့ဆွမ်းခံစား
ကိလေသာတွေကုန်ခမ်းအောင် တရားဓမ္မကျင့်ကြံအားထုတ်
အဲ့တာ ဘုရားအကြိုက်ဆုံးပဲ

ဒါပေမယ့် ခင်ဗျားတို့တွေ လုပ်နိုင်လို့လား

ကျွန်တော်လည်း မလုပ်နိုင်ဘူရယ်

ခင်ဗျားတို့ဗျာ
ကိုယ်ကိုယ်တိုင်ကျတော့ ပေါ်တင်ပဲ
လုပ်ချင်ရာကို လိပ်ပြာသန့်သန့်နဲ့ လုပ်နေကြပြီး

ကျွန်တော့်ကို ကျတော့
ယောကျာ်းလေးတစ်ယောက်ကို ချစ်လိုက်မိရုံနဲ့
အမိုက်မဲဆုံး လူသားတစ်ယောက်လို
လောကကြီးနဲ့ ဆန့်ကျင်ဖက် လူသားတစ်ယောက်လို
ဝေဖန် ဘုတော အပြစ်ပြောချင်တာကြီးက
ခင်ဗျားတို့တွေ မမိုက်ဖူးလေဗျာ

နည်းနည်းလေး ထပ်စဉ်းစားကြည့်ပါအုံး

ခင်ဗျားနဲ့ ကျွန်တော်
ဘယ်သူကများ အပြစ်တွေပိုများနေသလဲဆိုတာ

လူဆိုတာက
ကိုယ့်တစ်ဖက်တည်း ကြည့်လို့ပဲ မရဘူးလေ နော်

ကျွန်တော့်ရဲ့ ဖြစ်တည်မှု့ကို ခင်ဗျားတို့တွေပြောသလို
ဝဋ်ကြွေးပေးဆပ်နေရတာဆိုရင်တောင်
ကျွန်တော့်ရဲ့ ဒီဝဋ်ကြွေးကြီးကို ကျွန်တော်လက်ခံပြီး
ကျေကျေနပ်နပ်နဲ့ ပေးဆပ်နေပါတယ် လို့ပဲ

ခင်ဗျားရော ၀ဋ်ကြွေးတော်တွေ အတော်မှ ကျေပြီလား

အနည်းဆုံးတော့ ကျွန်တော့်ရဲ့ဝဋ်ကြွေးကို
ကျွန်တော် လက်ခံတယ်
ကျွန်တော် ကျေနပ်တယ်

ခင်ဗျားရဲ့ ၀ဋ်ကြွေးကိုလည်း
ခင်ဗျား လက်ခံနိုင်အောင် ကြိုးစားလိုက်အုံးပေါ့

ခင်ဗျားတို့ကို နားလည်အောင်
ဘယ်လိုတွေ ရှင်းပြရမလဲ ဆိုတာတောင် မသိတော့ဘူး

ကိုယ်ကြိုက်တာ ကိုယ်ယူမယ်ဗျာ

ကိုယ့်သမိုင်းနဲ့ကိုယ်ပဲ

ဘာဖြစ်သေးလဲ ကဲ

နှစ်ယောက်တည်းကမ္ဘာ ရင်ခွင်ထဲလာနင့်နှုတ်ခမ်းလေးနဲ့ ငါ့ကို Kiss me quick😘
27/02/2023

နှစ်ယောက်တည်းကမ္ဘာ ရင်ခွင်ထဲလာ
နင့်နှုတ်ခမ်းလေးနဲ့ ငါ့ကို Kiss me quick😘

Address

134/B Kinbe Street
Bahan
11201

Website

Alerts

Be the first to know and let us send you an email when Ygn " Only " Seme & Seke & Uke posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category