05/08/2025
Passport သက်တမ်းမရှိတော့လို့ re-entry စာအုပ်ချင်တဲ့သူတွေအတွက်
လျှောက်ရတာအရမ်းလွယ်ပါတယ်
စာရွက် ၃ရွက်ပဲ ဖြည့်ရတယ်
(ဖောင်ဖြည့်နည်းလေးတွေ လာမေးကြလို့ မန့်မှာထည့်ပေးထားပါတယ် ကြည့်ပေးကြပါနော်)
လိုအပ်တာလေးတွေကတော့ အောက်မှာရေးထားတဲ့ အချက် ၅ချက်ပါ
(1) 再入国許可申請書
(ပုံမှန်ဗီဇာသက်တမ်းတိုး ဗီဇာပြောင်းရင် ဖြည့်တဲ့စာရွက်လိုမျိုးပါပဲ နာမည် မွေးနေ့ Passport နံပါတ် ဘာညာ ကိုယ်ရေးအချက်အလက်တွေပဲဖြည့်ရတာပါ)
(2) Passport သက်တမ်း မတိုးဖြစ်တဲ့ အကြောင်းပြချက်
(အရှည်ကြီးတွေမရေးလဲရပါတယ် အောက်မှာ NUG ရုံးက ထုတ်ပေးထားတဲ့ပုံလေး ထည့်ပေးထားတာမို့လို့ မရေးတက်ရင် အဲ့ထဲက ကူးရေးလို့လဲရပါတယ်)
(3) 収入印紙 (အခွန်တံဆိပ်ခေါင်း)
နိုင်ငံခြားကို
၁ခေါက်ပဲ သွားမယ်ဆို 3,000¥ တန် တံဆိပ်ခေါင်း
ခဏခဏသွားမယ်ဆို 6,000¥ တန် တံဆိပ်ခေါင်း
(4) ဓာတ်ပုံ 40×30 (Passport size ) ၂ပုံ
(5) ကုန်နေတဲ့ passport စာအုပ်နဲ့ 在留カード လေးတော့ ယူသွားနော် ပြရုံပါပဲ
ဒါပဲလိုတာပါ
入管 (Immigration) မှာဘဲလျှောက်ရတာပါ
ချက်ချင်းထုတ်ပေးပါတယ်
တစ်ခုသတိထားရမှာက re-entry စာအုပ်သည် passport မဟုတ်သည့်အတွက် ကိုယ်သွားမယ့်နိုင်ငံရဲ့သံရုံးမှာ ဗီဇာပြန်လျှောက်ဖို့လိုအပ်ပါတယ်
Re-entry စာအုပ်မှာ သက်တမ်းရှိပါတယ်
သူ့သက်တမ်းက 在留カードက သက်တမ်းနဲ့ တူတူထုတ်ပေးတာမို့လို့ ခဏခဏနိုင်ငံခြားသွားမယ်ဆိုပြီး 6,000¥ တန် လျှောက်ထားတာဆိုရင် 在留カード သက်တမ်းတိုးတဲ့အခါ အဲ့စာအုပ်ကိုပါ သက်တမ်းတိုးရမယ် ထင်ပါတယ် မေးခဲ့ဖို့မေ့သွားလို့ပါရှင်
ခုအခြေအနေနဲ့ သေရေးရှင်ရေး အရေးကြီးတဲ့အကြောင်းပြချက်မရှိရင် passport သက်တမ်းသွားမတိုးကြပါနဲ့လို့ ဗီဇာသက်တိုးတာ passport သက်တမ်းကုန်နေလဲရပါတယ်နော် ကျမတုန်းက စစဖြစ်ခါစမို့လို့ စိတ်ပူတာနဲ့ NUG ကထောက်ခံစာတောင်းပြီး ယူသွားတာ အဲ့စာရွက်တောင်မကြည့်ပဲတိုးပေးလိုက်ပါတယ်
နောက်ပြီး နိုင်ငံရေးဗီဇာယူပြီး မြန်မာပြည်လဲ ခဏခဏမပြန်ကြပါနဲ့လို့ ကိုယ့်အတွက်ပဲ ကိုယ်မကြည့်ကြပါနဲ့နော် မှန်တဲ့ဘက်ကိုတော့ ထောက်ခံပါရဲ့ ငါတစ်ယောက်မပါလဲ ရပါတယ်ဆိုပြီး အိပ်ချင်ယောင်ဆောင်မနေကြပါနဲ့ ထကြပါတော့ရှင်