Pyi-Myanmar Rice; Pyi Myanmar ဆန်ရောင်းဝယ်ရေး

  • Home
  • Myanmar
  • Aungban
  • Pyi-Myanmar Rice; Pyi Myanmar ဆန်ရောင်းဝယ်ရေး

Pyi-Myanmar Rice; Pyi Myanmar ဆန်ရောင်းဝယ်ရေး ​ရွှေဘိုဆန်,ဖျာပုံဆန်,​ပေါ်ဆန်း​မွှေး,ဆလတ်ကျိုး,ဗမာဆန်,​ကောက်ညှင်း များကို စက်ရုံတိုက်ရိုက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသည်။

🌾 ရွှေဘိုဆန် ဝယ်စားသူတိုင်း သိထားသင့်တဲ့ ဆန်အသစ်/ဆန်အဟောင်း လျှို့ဝှက်ချက် 🤔💡....​ရွှေဘိုဆန် ချစ်သူတို့ရေ... ဆိုင်ကို လာ...
19/06/2026

🌾 ရွှေဘိုဆန် ဝယ်စားသူတိုင်း သိထားသင့်တဲ့ ဆန်အသစ်/ဆန်အဟောင်း လျှို့ဝှက်ချက် 🤔💡....

​ရွှေဘိုဆန် ချစ်သူတို့ရေ... ဆိုင်ကို လာဝယ်တဲ့ Customer အတော်များများက အခုထိ "ဆန်အဟောင်းလား၊ အသစ်လား" ဆိုပြီး စိုးရိမ်တကြီး မေးနေကြတုန်းမို့လို့ အားလုံး ရှင်းရှင်းလင်းလင်းနဲ့ စိတ်ချလက်ချ စားသုံးနိုင်အောင် ဒီ Post လေးနဲ့ သေသေချာချာ ရှင်းပြပေးပါရစေနော် 🥰.....

​တကယ်တော့ မင်မင်တို့ စားနေတဲ့ ရွှေဘိုဆန်ဆိုတာ "သက်ကြီးစပါး" အမျိုးအစားမို့လို့ တစ်နှစ်ပတ်လုံး တစ်ရာသီပဲ စိုက်ပျိုးပြီး (၁၁) လပိုင်းမှာ စပါးရိတ်သိမ်း ကြိတ်ခွဲကာ (၁၂) လပိုင်းဆိုရင် ဆိုင်တွေပေါ်ကို ဆန်အသစ် အဖြစ် စတင်ရောက်ရှိတာပါ🌾🌾🌾...

​⚠️ ဒါဆို အရင်နှစ်က ဆန်အဟောင်းတွေကော?

မှတ်မိကြဦးမယ်ထင်ပါတယ်... အရင်နှစ်က ဆန်အဟောင်းတွေက ဝယ်လိုအား အရမ်းများတော့ (၁၀) လပိုင်းကတည်းက အစောကြီး ပြတ်လပ်ကုန်သွားခဲ့တာပါ။ အဲ့ဒါကြောင့် (၁၂) လပိုင်းမှာ ဆန်အသစ်တွေ စပေါ်ပေါ်ချင်း စားသုံးသူတွေက မချက်တတ်မပြုတ်တတ်၊ စေးပိုင်ပိုင်ကြီးဖြစ်ပြီး ရင်တောင့်တာမျိုး ကြုံခဲ့ရလို့ ဆန်အသစ်ဆိုရင် အတော်လေး လန့်သွားကြတာ နှမြောစရာပါ.....

​✨ ဒါပေမဲ့... အခုက (၆) လပိုင်း ရောက်နေပြီဆိုတာ မမေ့ပါနဲ့ဦး!

(၁၂) လပိုင်းက ထွက်ခဲ့တဲ့ ဆန်အသစ်တွေဟာ အခုဆိုရင် သဘာဝအတိုင်း အိတ်သက်တမ်း (၆) လကျော် ဖြတ်သန်းလာခဲ့ပြီးပြီမို့လို့ "ဆန်အဟောင်း အစစ်" ဖြစ်သွားပါပြီ။ ချက်လိုက်ရင်လည်း အိုးတက်ပြီး နူးနူးညံ့ညံ့နဲ့ စားလို့ အကောင်းဆုံး အရသာကို ရနေပါပြီနော်....

​တချို့ Customer တွေက "မနှစ်က အဟောင်းကြီး" ကိုပဲ လိုက်ရှာပြီး တောင့်တနေကြသေးလို့ နှမြောမိပါတယ်။ တကယ်လို့ မနှစ်က ဆန်အဟောင်း (သက်တမ်း တစ်နှစ်ခွဲကျော်) သာ အခုထိ ရှိနေဦးမယ်ဆိုရင် ပိုးစော်နံတာ၊ ပိုးပိုးကောင်တွေတက်ပြီး ဆန်သားပျက်စီးတာမျိုးပဲ ဖြစ်နေမှာပါ။

​✅ အခု လက်ရှိ မင်မင်တို့ဆိုင်မှာ ရောင်းချပေးနေတဲ့ ဆန်တွေဟာ ချက်ရခက်တဲ့ ဆန်အသစ်တွေ မဟုတ်တော့ပါဘူး။ အိတ်သက်တမ်း ပြည့်ဝသွားလို့ ချက်ရတာလည်း အဆင်ပြေ၊ စားလို့လည်း အကောင်းဆုံးဖြစ်နေတဲ့ "ဒီနှစ်ရဲ့ ဆန်အဟောင်း" အစစ်အမှန်တွေ ဖြစ်ပါတယ်.....

​"ဒါ အဟောင်းပါ" လို့ မင်မင်က ယုံကြည်ချက်အပြည့်နဲ့ အာမခံရဲတာမို့လို့ ဆန်အသစ်ဖြစ်မှာကို လုံးဝ (လုံးဝ) မစိုးရိမ်ဘဲ စိတ်ချလက်ချ ဝယ်ယူအားပေးနိုင်ပါတယ်ရှင်။ ရွှေဘိုဆန်ရဲ့ ထုံးစံအတိုင်း မွှေးမွှေးဆိမ့်ဆိမ့်လေးနဲ့ ထမင်းမြိန်ကြပါ​စေနော်။

❤️"၀ယ်ယူအားပေးကြသော customer များကို အစဉ်အမြဲ လေးစားလျက် "❤

​အောင်ပန်းဆိုင် လိပ်စာ:စိုးမိုးသူကုန်စုံဆိုင် မျက်နှာချင်းဆိုင်လမ်းကြား, ဖြူစင်​ကျော်အ​ကွေ့ မျက်​စောင်းထိုး, လက်မပင်ရပ်ကွက်, ​အောင်ပန်းမြို့။
📱:09-428003980

လွိုင်​ကော်ဆိုင်လိပ်စာ: ​လောပိတလမ်း, Kbz-bank(2)မျက်​စောင်းထိုး, ​​​လောပိတ​ညောင်ပင်​အောက်..
📱:09-41007661

#ပြည်မြန်မာဆန်​ရောင်း၀ယ်​ရေး
#ပြည်မြန်မာ
#​အောင်ပန်းဆိုင်ခွဲ
#​အောင်ပန်းမြို့
​ #ရွှေဘိုမင်း #ဆန်အသစ်ဆန်အဟောင်းဗဟုသုတ #အရည်အသွေးစစ်မှန်တဲ့ဆန်

"ရွှေသီဟမှ ရွှေသီဟ ဖြစ်နေရတဲ့ လျှို့ဝှက်ချက်..." 👀👇​"ရွှေသီဟ" ရွှေဘိုဆန်ကိုမှ စွဲစွဲမြဲမြဲ စားကြတဲ့ အမာခံ Customer တွေ ဘ...
18/06/2026

"ရွှေသီဟမှ ရွှေသီဟ ဖြစ်နေရတဲ့ လျှို့ဝှက်ချက်..." 👀👇

​"ရွှေသီဟ" ရွှေဘိုဆန်ကိုမှ စွဲစွဲမြဲမြဲ စားကြတဲ့ အမာခံ Customer တွေ ဘာလို့ ဒီလောက်များနေရတာလဲ❓️❓️❓️

✅️​အဖြေကတော့ - အပြင်မှာ ဘယ်လိုမှ အတုလုပ်လို့မရတဲ့ စိတ်ချရမှုနဲ့ ရှယ်ဆန်အရည်အသွေးကြောင့်ပါ....

​စျေးကွက်ထဲမှာ အိတ်တုတွေနဲ့ လိုက်တုပရောင်းတာမျိုးကို ကာကွယ်ဖို့အတွက် "ရွှေသီဟ" က Computer စက်ပိတ်အိတ် စနစ်ကို သေချာအသုံးပြုထားပါတယ်။ သာမန်အပ်ချုပ်စက်တွေနဲ့ လုံးဝချုပ်လို့မရတဲ့အတွက် အပြင်မှာ အတုရှိဖို့ လုံးဝမဖြစ်နိုင်ပါဘူး....

​ထုပ်ပိုးမှုက Premium ဆန်သလို၊ ဆန်အရသာကလည်း စားဖူးသူတိုင်း အကြိုက်တွေ့စေမယ့် "ရွှေသီဟ"။

​ဒီလို စိတ်ချရတဲ့ Premium ရွှေဘိုဆန်ကို ကျွန်တော်တို့ "ပြည်မြန်မာ" မှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါပြီ။ အရည်အသွေးအတွက် လုံးဝ (၁၀၀%) အာမခံတာမို့ အိမ်အတွက်ပဲဖြစ်ဖြစ်၊ လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် အခုပဲ "ပြည်မြန်မာ" မှာ စိတ်ချလက်ချ အားပေးလိုက်ပါ​နော်🌾...

အောင်ပန်းဆိုင် လိပ်စာ:စိုးမိုးသူကုန်စုံဆိုင် မျက်နှာချင်းဆိုင်လမ်းကြား, ဖြူစင်​ကျော်အ​ကွေ့ မျက်​စောင်းထိုး, လက်မပင်ရပ်ကွက်, ​အောင်ပန်းမြို့။
📱:09-428003980

လွိုင်​ကော်ဆိုင်လိပ်စာ: ​လောပိတလမ်း, Kbz-bank(2)မျက်​စောင်းထိုး, ​​​လောပိတ​ညောင်ပင်​အောက်..
📱:09-41007661

#ပြည်မြန်မာဆန်​ရောင်း၀ယ်​ရေး
#ပြည်မြန်မာ
#​အောင်ပန်းဆိုင်ခွဲ
#​အောင်ပန်းမြို့
​​

တကယ်တော့ ဒီဆန်လေးကို အရည်အသွေး အရမ်းသန့်ပြီး ဈေးနှုန်းကလည်း ရှယ်တန်နေတာမို့လို့ Page ပေါ်တင်ရင် ချက်ချင်းအကုန်မြန်မှာစို...
17/06/2026

တကယ်တော့ ဒီဆန်လေးကို အရည်အသွေး အရမ်းသန့်ပြီး ဈေးနှုန်းကလည်း ရှယ်တန်နေတာမို့လို့ Page ပေါ်တင်ရင် ချက်ချင်းအကုန်မြန်မှာစိုးလို့ ဆိုင်ထဲမှာပဲ ခဏလေး ဥထားတာပါရှင် 😉.....

​ဒါပေမဲ့ ဆိုင်ကို ကိုယ်တိုင်လာဝယ်ကြတဲ့ မျက်စိလျင်တဲ့ အမာခံ Customer ကြီးတွေက ဆန်သားကို မြင်တာနဲ့တင် တန်းကြိုက်ပြီး အလုအယက် ဝယ်သွားကြတာ... အရင်တစ်ခေါက် ဝင်ထားတဲ့ ဆန်ကားတစ်စီးလုံး ပြောင်သွားတဲ့အထိ အားပေးကြမ်းခဲ့ကြပါတယ်!.....

​အခုတော့ ဝယ်မမှီလိုက်တဲ့သူတွေအတွက် နောက်ထပ် ကားတစ်စီး ထပ်ရောက်လာပြီ မို့လို့ လက်မနှေးရအောင် Page ပေါ်မှာ တရားဝင် ချပြပေးလိုက်ပါပြီနော်🥳....

ဆလတ် size ​​​သေး​ပေမယ့်လဲ ​ရွှေဘိုဆန်ဖြစ်တဲ့အတွက်​ကြောင့်.....

​🌾 ဆန်လုံး ပိုရှည်ထွက်တယ်....

​​🍚 အိုးပိုတက်တယ်.....

​✨ ပိုပြီး နူးညံ့အိစက်တယ်.....

​💰 တခြားဗမာဆန်​တွေနဲ့ ဈေးနှုန်းချင်းကလည်း သိပ်မကွာဘူးဆိုရင်တော့... အရည်အသွေးရော၊ ထမင်းထွက်ရော ပိုသာတဲ့ "ရွှေဘိုဆန်" ကိုပဲ ရွေးချယ်တာ အမှန်ကန်ဆုံးပဲမလားရှင်?..

🌾​ရွှေဘိုဆလတ်အ​သေး🌾

အိတ်ကြီး- 85000 ကျပ်
(ပိဿာ၃၀ ဝိတ်ပြည့် အိတ်ကြီးကိုသာ ​ရောင်းချပါတယ်ရှင်)

​ဆန်သားသန့်သန့်နဲ့ ဈေးနှုန်းအသက်သာဆုံး ရွှေဘိုဆလတ် (အသေး Size) ကို ရှာနေတယ်ဆိုရင်တော့ အခုတစ်ခေါက် ရောက်တဲ့ကားလည်း လက်မနှေးရအောင် Chat Box ကနေ အမြန်ဆုံး လှမ်းမှာယူလိုက်တော့နော်! 🛒💨

❤️"၀ယ်ယူအားပေးကြသော customer များကို အစဉ်အမြဲ လေးစားလျက် "❤

​အောင်ပန်းဆိုင် လိပ်စာ:စိုးမိုးသူကုန်စုံဆိုင် မျက်နှာချင်းဆိုင်လမ်းကြား, ဖြူစင်​ကျော်အ​ကွေ့ မျက်​စောင်းထိုး, လက်မပင်ရပ်ကွက်, ​အောင်ပန်းမြို့။
📱:09-428003980

လွိုင်​ကော်ဆိုင်လိပ်စာ: ​လောပိတလမ်း, Kbz-bank(2)မျက်​စောင်းထိုး, ​​​လောပိတ​ညောင်ပင်​အောက်..
📱:09-41007661

#ဆလတ်အ​သေး
#​ရွှေဘို
#ပြည်မြန်မာဆန်​ရောင်း၀ယ်​ရေး
#ပြည်မြန်မာ
#​အောင်ပန်းဆိုင်ခွဲ
#​အောင်ပန်းမြို့
​ #ရွှေဘိုဆလတ်အသေး #အိုးတက်ဆန် #ဆန်သားသန့်ဈေးနှုန်းချို #ဆန်ကားအသစ်ထပ်ရောက်

"စျေးကွက်ထဲ တံဆိပ်အသစ်တွေ ဘယ်လောက်ပဲအပြိုင်ပေါ်ပေါ်... အေးမေတ္တာအမာခံတွေအတွက်ကတော့ ​အေး​မေတ္တာမှ​အေး​မေတ္တာ ပါပဲ!" 🔥​အခု...
16/06/2026

"စျေးကွက်ထဲ တံဆိပ်အသစ်တွေ ဘယ်လောက်ပဲအပြိုင်ပေါ်ပေါ်... အေးမေတ္တာအမာခံတွေအတွက်ကတော့ ​အေး​မေတ္တာမှ​အေး​မေတ္တာ ပါပဲ!" 🔥

​အခုတလော ဆလတ်ကြီးတံဆိပ်အသစ်တွေ အများကြီးထွက်လာလို့ လူကြိုက်များနေကြတာ သိပါတယ်.... ဒါပေမဲ့... အေးမေတ္တာစက်ရုံထုတ် ပေါ်ဆန်းဆလတ်ကြီးရဲ့ လျှာပေါ်စွဲတဲ့ အရသာကိုမှ ကြိုက်တဲ့ အမာခံ Fans ကြီးတွေကတော့ တခြားတံဆိပ် ဘယ်လိုမှ ပြောင်းစားလို့မရဘူးဆိုတာလည်း သိတာပေါ့😉.....

​အေးမေတ္တာမှ အေးမေတ္တာဆိုတဲ့ မိတ်ဆွေဟောင်းကြီးတွေအတွက်... အေးမေတ္တာ - ၂ ပေါ်ဆန်းဆလတ်ကြီး🌾....

​တခြားတံဆိပ်တွေကြားထဲ မျက်စိမလည်ဘဲ မိသားစုအတွက် စိတ်အချရဆုံးနဲ့ အကြိုက်ဆုံး ဆန်ကောင်းကိုပဲ ဇွတ်မှိတ်ရွေးချယ်တတ်တဲ့ အမာခံသမားတွေအတွက် အဆင်သင့်ရှိတုန်း လက်ဦးထားဖို့ ပြောပါရစေရှင်....

​🍚 ချက်လိုက်ရင် ထမင်းပွင့်အိညှက်ပြီး အနံ့မွှေးမွှေးလေးနဲ့ အမြဲအကြိုက်တွေ့စေမယ့် AMT အေးမေတ္တာ...

🌾​အေး​မေတ္တာ ဆလတ်ကြီး🌾

အိတ်ကြီး-133000 ကျပ်
၁၂ပြည်- 67000 ကျပ်

❤️"၀ယ်ယူအားပေးကြသော customer များကို အစဉ်အမြဲ လေးစားလျက် "❤

​အောင်ပန်းဆိုင် လိပ်စာ:စိုးမိုးသူကုန်စုံဆိုင် မျက်နှာချင်းဆိုင်လမ်းကြား, ဖြူစင်​ကျော်အ​ကွေ့ မျက်​စောင်းထိုး, လက်မပင်ရပ်ကွက်, ​အောင်ပန်းမြို့။
📱:09-428003980

လွိုင်​ကော်ဆိုင်လိပ်စာ: ​လောပိတလမ်း, Kbz-bank(2)မျက်​စောင်းထိုး, ​​​လောပိတ​ညောင်ပင်​အောက်..
📱:09-41007661

#အေးမေတ္တာဆန်စက်ရုံ #ပေါ်ဆန်းဆလတ်ကြီး ် #အေးမေတ္တာအမာခံသမားများအတွက် #လက်ကျန်အနည်းငယ်ပဲရှိတော့တယ် #ဆန်ကောင်းဆန်သန့်

ဆန်အပျော့အစီး ရှမ်းဆန်လိုင်း ကြိုက်သူတွေကြားမှာ ရေပန်းအစားဆုံးဖြစ်တဲ့ "ရွှေရင်အေး" ဆန်ကို မိမိအသုံးလိုမယ့် ပုံစံအတိုင်း ...
15/06/2026

ဆန်အပျော့အစီး ရှမ်းဆန်လိုင်း ကြိုက်သူတွေကြားမှာ ရေပန်းအစားဆုံးဖြစ်တဲ့ "ရွှေရင်အေး" ဆန်ကို မိမိအသုံးလိုမယ့် ပုံစံအတိုင်း ရွေးချယ်လို့ရအောင် အမျိုးအစား (၂) မျိုးနဲ့ ဆိုင်မှာတင်ပေးထားပါတယ်.....

​၁။ ဇကာမချထားတဲ့ (ဆလတ်ကျိုးပါ) ​​ရွှေရင်​အေး ရိုးရိုးအဆ...

​ဘယ်သူတွေအတွက်လဲ: အိမ်မှာ နေ့စဉ် ရိုးရိုးထမင်းအဖြစ် ချက်စားမယ့်သူတွေအတွက် အဆင်ပြေဆုံး....

​အားသာချက်: အရသာနဲ့ အနုအညှပ်ကတော့ ရွှေရင်အေးအစစ်မို့ အတူတူပဲ၊ ဒါပေမဲ့ ဈေးနှုန်းကတော့ အများကြီး ပိုသက်သာလို့ အိမ်အသုံးအတွက် အရမ်းတွက်ခြေကိုက်ပါတယ်....

🌾​ရွှေရင်​အေး(ရိုးရိုး)🌾

အိတ်ကြီး- 165000 ကျပ်
၁၂ပြည်- 83500 ကျပ်
6ပြည်- 42500 ကျပ်

​၂။ ဇကာချပြီးသား (ဆန်လုံးရှည်/တစ်လုံးချင်း) ​​ရွှေရင်​အေး ရှယ်ဆ.....

​ဘယ်သူတွေအတွက်လဲ: ဆန်လုံးလှလှလေးနဲ့ ဆွဲဆောင်မှုရှိရှိ ချက်ပြုတ်ချင်သူတွေအတွက်....

​အားသာချက်: ဆန်လုံးတစ်လုံးချင်းစီ လှပပြီး ဆန်လုံးဇကာတင်မို့ ဒံပေါက်ချက်မလား? ဒံပေါက်ရှယ်အဆ ဆိုသလို ဆိုင်သုံး၊ အလှူသုံးနဲ့ ပွဲတိုးတဲ့ ရှယ်အဆင့်အတန်းမျိုး ရပါမယ်....

🌾​ရွှေရင်​အေး(ရှယ်)🌾

အိတ်ကြီး- 177000 ကျပ်

​💡 ဘာလို့ "ရွှေရင်အေး" ကို ရွေးချယ်သင့်တာလဲ?

ဒီဆန် ၂ မျိုးစလုံးဟာ "အပျော့နဲ့ အစီး" မျှတတဲ့ ဆန်အမျိုးအစားတွေဖြစ်လို့ အောက်ပါအစားအစာတွေ ချက်ပြုတ်တဲ့နေရာမှာ အကောင်းဆုံးနဲ့ အလိုက်ဖက်ဆုံးဖြစ်ပါတယ်။

​🍣 ဆူရှီ (Sushi) နဲ့ ရေညှိထမင်းလိပ် လုပ်ဖို့အတွက် အထူးသင့်တော်ခြင်း (စီးပြီး​ ​ပျော့လို့ လိပ်ရလွယ်ပါတယ်)...
​🥔 ရှမ်းအာလူးထမင်း နယ်စားဖို့အတွက် အဆင်ပြေခြင်း....
​🍗 ကြက်ဆီထမင်း ချက်ရင်လည်း အိအိညက်ညက်နဲ့ မွှေးအိနေခြင်း.....

​အရသာက အိအိလေး၊ ဈေးနှုန်းက အတန်ဆုံး!
မိမိတို့ လိုအပ်တဲ့ အမျိုးအစားကို Retail (အိမ်သုံး) ဖြစ်ဖြစ်၊ Wholesale (လက်ကား) ဖြစ်ဖြစ် စိတ်ချလက်ချ မှာယူနိုင်ပါပြီ....

❤️"၀ယ်ယူအားပေးကြသော customer များကို အစဉ်အမြဲ လေးစားလျက် "❤

လက်မပင်ဆိုင် လိပ်စာ:စိုးမိုးသူကုန်စုံဆိုင် မျက်နှာချင်းဆိုင်လမ်းကြား, ဖြူစင်​ကျော်အ​ကွေ့ မျက်​စောင်းထိုး, လက်မပင်ရပ်ကွက်, ​အောင်ပန်းမြို့။
📱:09-428003980

လွိုင်​ကော်ဆိုင်လိပ်စာ: ​လောပိတလမ်း, Kbz-bank(2)မျက်​စောင်းထိုး, ​​​လောပိတ​ညောင်ပင်​အောက်..
📱:09-41007661

#ရှမ်းဆန်စစ်စစ်
#​ရွှေရင်​အေး
#ထမင်းလိပ်ဆန်
#ပြည်မြန်မာဆန်​ရောင်း၀ယ်​ရေး
#ပြည်မြန်မာ
#​အောင်ပန်းဆိုင်ခွဲ
#​အောင်ပန်းမြို့

လူကြီးမင်းတို့ရှင်...မင်မင် တို့ Pyi Myanmar ဆန်ဆိုင် ကို လာမယ့် [14.6.2026] (နယုန် လကွယ်နေ့) တွင် (၁) ရက်တာ ဆိုင်ပိတ်ထာ...
13/06/2026

လူကြီးမင်းတို့ရှင်...
မင်မင် တို့ Pyi Myanmar ဆန်ဆိုင် ကို လာမယ့် [14.6.2026] (နယုန် လကွယ်နေ့) တွင် (၁) ရက်တာ ဆိုင်ပိတ်ထားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးပါရစေရှင်......

​လပြည့်/လကွယ်နေ့များတွင် ဆိုင်ကို ပုံမှန် ပိတ်လေ့ရှိတာမို့ ဆန်ပြတ်လပ်မှုမရှိအောင် ခါတိုင်းထက် (၁) ရက်၊ (၂) ရက်ခန့် ကြိုတင်ပြီး မှာယူအားပေးကြဖို့ ချစ်လှစွာသော ဝယ်ယူအား​ပေးသူများကို မေတ္တာရပ်ခံအပ်ပါတယ်ရှင်🥰....

ဝယ်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း Pyi Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်🙏✨....

ဆန်လိုရင် စိတ်မပူရအောင် ဒီနေ့ပဲ အိမ်က ဆန်အိုးလေးကို ကြည့်ပြီး ကြိုတင်မှာထားလိုက်ရအောင်နော် 😉...

လက်မပင်ဆိုင် လိပ်စာ:စိုးမိုးသူကုန်စုံဆိုင် မျက်နှာချင်းဆိုင်လမ်းကြား, ဖြူစင်​ကျော်အ​ကွေ့ မျက်​စောင်းထိုး, လက်မပင်ရပ်ကွက်, ​အောင်ပန်းမြို့။
📱:09-428003980

လွိုင်​ကော်ဆိုင်လိပ်စာ: ​လောပိတလမ်း, Kbz-bank(2)မျက်​စောင်းထိုး, ​​​လောပိတ​ညောင်ပင်​အောက်..
📱:09-41007661

#ပြည်မြန်မာဆန်​ရောင်း၀ယ်​ရေး
#ပြည်မြန်မာ
#​အောင်ပန်းဆိုင်ခွဲ
#​အောင်ပန်းမြို့

ဆန်တစ်မျိုးချင်းစီမှာ သူ့သဘာဝနဲ့သူ အားသာချက်၊ အားနည်းချက်ကိုယ်စီ ရှိကြပါတယ်ရှင်.... ဒါကြောင့် ရွှေဘိုဆန်ကျော် ရဲ့ အရှိကိ...
12/06/2026

ဆန်တစ်မျိုးချင်းစီမှာ သူ့သဘာဝနဲ့သူ အားသာချက်၊ အားနည်းချက်ကိုယ်စီ ရှိကြပါတယ်ရှင်....
ဒါကြောင့် ရွှေဘိုဆန်ကျော် ရဲ့ အရှိကိုအရှိအတိုင်း လိုရင်းတိုရှင်း ဝယ်သူတို့ သိအောင် အရင်ဆုံး ပြောပြပေးချင်ပါတယ် 🥰......

​🔍 သူ့ရဲ့ အားနည်းချက်လေးတွေကတော့ -

​ဆန်လုံးမပြည့်တာလေးတွေ ပါတတ်ပါတယ် - ဆန်သားက တခြားဆန်ချောတွေလို တပြေးညီ လုံးဝဥဿုံ ပြည့်စုံမနေဘဲ ဆန်လုံးမပြည့်တာလေးတွေ အနည်းငယ် ရောနှောပါဝင်တတ်ပါတယ်....

​ဆန်အရောင် သိပ်မဖွေးပါဘူး - ဆန်ကို ကြည့်တဲ့အခါမှာ ထိပ်ဆဆန်​တွေလို တောက်ပြောင်ပြီး ဖွေးဥနေတဲ့ ဆန်လုံးမျိုး​တော့ မဟုတ်ပါဘူးရှင်....

​💡 ဒါပေမဲ့... ဒါတွေကို အားလုံး အသာစီးရသွားစေမယ့် "သူ့ရဲ့ အားသာချက်ကြီး (၃) ခု" ကတော့ -

​၁။ ဆန်မဖွေးပေမဲ့ ထမင်းချက်ရင် ဖွေးတယ်......
​ဆန်ကြည့်လိုက်တုန်းက အရောင်မဖွေးလို့ စိတ်မပူပါနဲ့....အိုးထဲထည့် ချက်လိုက်ပြီဆိုတာနဲ့ ထမင်းသားလေးက တပ်အပ်ထင်ထင် ဖွေးဥထွက်လာလို့ မြင်ရုံနဲ့တင် စားချင်စဖွယ် ဖြစ်သွားစေမှာပါ.....

​၂။ ဆန်လုံးတစ်လုံးချင်းစီ ရှည်ထွက်ပြီး လှခြင်း....
​ထမင်းကျက်သွားတဲ့အခါ ဆန်လုံးလေးတွေက တစ်လုံးချင်းစီ အရှည်ကြီးတွေအဖြစ် သွယ်သွယ်လျလျလေး ရှည်ထွက်လာတာမို့လို့ ပန်းကန်ထဲ ခတ်ထည့်လိုက်ရင် ထမင်းလုံးလေးတွေက အရမ်းကြည့်ကောင်းပါတယ်......

​၃။ အရမ်း အိုးတက် တာ.....
​ဒါကတော့ သူ့ရဲ့ အကြီးမားဆုံး point ပါပဲ...ဆန်အနည်းငယ်တင် ချက်ရုံနဲ့ ထမင်းအများကြီး ပွပွထွက်လို့ စားသောက်ဆိုင်တွေ၊ အဆောင်တွေနဲ့ မိသားစုအများကြီးရှိတဲ့ အိမ်တွေအတွက် တွက်ခြေကိုက်ပြီး အကုန်အကျ အရမ်းသက်သာစေပါတယ်ရှင်.....

"ချက်လိုက်ရင် ထမင်းဖွေးဖွေး၊ ဆန်လုံးရှည်ရှည်နဲ့ တွက်ခြေကိုက်ကိုက် အိုးတက်တာ" ကိုပဲ အဓိက ဦးစားပေးချင်တဲ့ သူတို့အတွက်တော့ ဒီ ရွှေဘိုဆန်ကျော် က အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်မှာပါ"......

🌾​ရွှေဘိုဆန်​ကျော်​မွှေး🌾

အိတ်ကြီး-150000 ကျပ်
၁၂ပြည်- 75500 ကျပ်
(ပိဿာ ၃၀ဝိတ်ပြည့်အိတ်ကြီးကိုသာ ​ရောင်းချပါတယ်ရှင့်)

အိတ်လိုက်/ အရေအတွက်အလိုက် ဈေးနှုန်းလေးတွေကို အသေးစိတ် သိရှိလိုပါက Chat Box မှာ အခုပဲ မေးမြန်းနိုင်ပါတယ်ရှင်။ 🛒

❤️"၀ယ်ယူအားပေးကြသော customer များကို အစဉ်အမြဲ လေးစားလျက် "❤

လက်မပင်ဆိုင် လိပ်စာ:စိုးမိုးသူကုန်စုံဆိုင် မျက်နှာချင်းဆိုင်လမ်းကြား, ဖြူစင်​ကျော်အ​ကွေ့ မျက်​စောင်းထိုး, လက်မပင်ရပ်ကွက်, ​အောင်ပန်းမြို့။
📱:09-428003980

လွိုင်​ကော်ဆိုင်လိပ်စာ: ​လောပိတလမ်း, Kbz-bank(2)မျက်​စောင်းထိုး, ​​​လောပိတ​ညောင်ပင်​အောက်..
📱:09-41007661


#ရွှေဘိုဆန်ကျော်
#အိုးတက်ဆန်
#တွက်ခြေကိုက်ဆန်
#ထမင်းဖွေးဖွေးလုံးရှည်
#ပြည်မြန်မာဆန်​ရောင်း၀ယ်​ရေး
#ပြည်မြန်မာ
#​အောင်ပန်းဆိုင်ခွဲ
#​အောင်ပန်းမြို့

ဒီ​နေ့​တော့ ကျောင်းသားလေးတွေ အဝစားပြီး စာမေးပွဲတွေ ဖြေနိုင်ဖို့၊ အဆောင်မိသားစုတွေအတွက်လည်း ချက်ရတာ စိတ်ချမ်းသာဖို့ "​ရွှ...
11/06/2026

ဒီ​နေ့​တော့ ကျောင်းသားလေးတွေ အဝစားပြီး စာမေးပွဲတွေ ဖြေနိုင်ဖို့၊ အဆောင်မိသားစုတွေအတွက်လည်း ချက်ရတာ စိတ်ချမ်းသာဖို့ "​ရွှေဘိုဆလတ်ကြီး + ပုလဲသွယ်အပျော့" အတွဲအစပ် ဆန်အမျိုးအစားကို Pyi Myanmar က အထူးညွှန်းပေးပါရစေရှင်🥰....

ကျောင်းသား၊ ကျောင်းသူလေးတွေကို ထမင်းကျွေးတဲ့အခါ "အိုးလည်းတက်၊ ဆန်လုံးလည်းလှ၊ အေးသွားရင်လည်း မမာဘဲ နူးညံ့နေဖို့" က အဓိက စိန်ခေါ်မှုပဲမလား? 😉

​အထူးသဖြင့် တောင်ပေါ်ဒေသက လာတက်တဲ့ ကလေးတွေက ရှမ်းဆန်လိုမျိုး ထမင်းပျော့ပျော့အိအိလေးကို ပိုပြီးကြိုက်ကြပါတယ်....ဒါကြောင့် ဒီနေ့မှာတော့ အဆောင်ရှင်တို့ ချက်ရတာလည်း တွက်ခြေကိုက်၊ ကလေးတွေလည်း စားလို့မြိန်မယ့် ရွှေဘိုပေါ်ဆန်းဆလတ်ကြီး + ပုလဲသွယ် (အပျော့) ရောချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်...🥰

✅️တောင်ပေါ်ဒေသကလေးတွေအကြိုက် ထမင်းပျော့ပျော့အိအိလေး ဖြစ်စေခြင်း....
​"ပုလဲသွယ်အပျော့" ကို ရောချက်ထားတာမို့လို့ ရှမ်းဆန်လိုမျိုး ထမင်းချက်လိုက်ရင် နူးညံ့အိစက်နေပြီး အေးသွားရင်တောင် လုံးဝခဲမသွားဘဲ တစ်နေကုန် မာမသွားဘဲ စားလို့ကောင်းနေမှာပါ....

✅️​ဆန်လုံးရှည်ထွက်ပြီး အမြင်လှခြင်း.....
​"ဆလတ်ကြီး" ရဲ့ သဘာဝအတိုင်း ဆန်လုံးက အရှည်ကြီးတွေ ထွက်တာမို့လို့ ချက်ပြီးတဲ့အခါ ပန်းကန်ထဲမှာ ဆန်လုံးရှည်ရှည်သွယ်သွယ်လေးတွေနဲ့ ကြည့်ရတာ အရမ်းသပ်ရပ်လှပပါတယ်။ ဆလတ်ချက်ထားတယ်လို့တောင် မထင်ရလောက်အောင် မြင်ရုံနဲ့တင် ဗိုက်ဆာစေမယ့် အနေအထားမျိုးပေါ့....

✅️​အိုးတက်ပြီး တွက်ခြေကိုက်ခြင်း
​အဆောင်တွေအတွက် အရေးကြီးဆုံးက အိုးတက်ဖို့ (ထမင်းပွဖို့) ပါပဲ။ ဆလတ်ကြီးရဲ့ အိုးတက်တဲ့အာနိသင်ကြောင့် ဆန်နည်းနည်းနဲ့ ထမင်းအများကြီးထွက်လို့ အဆောင်ရှင်တို့အတွက် စရိတ်စက အရမ်းသက်သာပြီး တွက်ခြေကိုက်စေပါတယ်...

📸 (ဓာတ်ပုံထဲကအတိုင်း ဆန်လုံးလေးတွေက ရှည်ရှည်သွယ်သွယ်၊ ထမင်းသားလေးက အိအိညက်ညက်လေးနဲ့ အကြိုက်တွေ့စေမှာ အသေအချာပါပဲရှင်!)

🌾​​ရွှေဘိုဆလတ်ကြီး🌾

အိတ်ကြီး-140000 ကျပ်

🌾ပုလဲသွယ်အ​ပျော့🌾

အိတ်ကြီး-88000 ကျပ်

❤️"၀ယ်ယူအားပေးကြသော customer များကို အစဉ်အမြဲ လေးစားလျက် "❤

လက်မပင်ဆိုင် လိပ်စာ:စိုးမိုးသူကုန်စုံဆိုင် မျက်နှာချင်းဆိုင်လမ်းကြား, ဖြူစင်​ကျော်အ​ကွေ့ မျက်​စောင်းထိုး, လက်မပင်ရပ်ကွက်, ​အောင်ပန်းမြို့။
📱:09-428003980

လွိုင်​ကော်ဆိုင်လိပ်စာ: ​လောပိတလမ်း, Kbz-bank(2)မျက်​စောင်းထိုး, ​​​လောပိတ​ညောင်ပင်​အောက်..
📱:09-41007661


#ရွှေဘိုပေါ်ဆန်းဆလတ်ကြီး
#ပုလဲသွယ်အပျော့
#အဆောင်သုံးဆန်
#ထမင်းအိအိလေး
#ပြည်မြန်မာဆန်​ရောင်း၀ယ်​ရေး
#ပြည်မြန်မာ
#​အောင်ပန်းဆိုင်ခွဲ
#​အောင်ပန်းမြို့

မင်မင်တို့ "ပြည်မြန်မာ" မှာ...🌾 ရွှေဘိုပေါ်ဆန်းမွှေး စစ်စစ် - ချက်လိုက်ရင် အိုးတက်ပြီး ထမင်းလုံး ရှည်ထွက်လာမယ့် ဆန်မျိုး...
10/06/2026

မင်မင်တို့ "ပြည်မြန်မာ" မှာ...

🌾 ရွှေဘိုပေါ်ဆန်းမွှေး စစ်စစ် - ချက်လိုက်ရင် အိုးတက်ပြီး ထမင်းလုံး ရှည်ထွက်လာမယ့် ဆန်မျိုး၊ အေးသွားရင်တောင် နူးညံ့မှုမပျက်ဘဲ သင်းပျံ့တဲ့ ရနံ့က ထမင်းမြိန်စေမယ့် ဆန်ကောင်းအစစ်အမှန်....

🌾 နေ့စဉ်စားသုံးရန် ဆန်ချော/ဆန်ကြမ်းမျိုးစုံ - ပျော့ပျော့အိအိ ကြိုက်သူတွေအတွက်ရော၊ ခပ်နပ်နပ် ခပ်ကြမ်းကြမ်း ကြိုက်နှစ်သက်တဲ့ လူကြီးမိဘတွေအတွက်ပါ အကြိုက်တွေ့စေမယ့် ဆန်အမျိုးအစားစုံလင်မှု....

🌾 သန့်ရှင်းလတ်ဆတ်မှု - ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး သဘာဝအတိုင်း အဆင့်ဆင့် စနစ်တကျ သိုလှောင်ထားတဲ့အတွက် အနံ့အသက်ကအစ လတ်ဆတ်နေစေရပါမယ်....

​"ဆန်ဆိုတာ ဝယ်ရတာ လွယ်ကူပေမယ့်... စားသုံးသူအကြိုက် ဝယ်တိုင်းထပ်တူကျဖို့ဆိုတာကတော့ ရောင်းချသူရဲ့ ရိုးသားမှုနဲ့ စေတနာအပေါ်မှာပဲ မူတည်ပါတယ်"

​"ပြည်မြန်မာ" ကတော့ Customer တစ်ဦးချင်းစီအပေါ် ထားရှိတဲ့ ကတိသစ္စာအတိုင်း ဆန်အရောအနှော လုံးဝမရှိဘဲ အရည်အသွေးအမှန်ကိုပဲ စျေးနှုန်းအမှန်ကန်ဆုံးနဲ့ ရောင်းချပေးနေတာမို့ လာဝယ်တဲ့ ဖောက်သည်တိုင်း "စိတ်ချမ်းသာ၊ နှုတ်ချမ်းသာ" ရှိစေရမယ်လို့ ရာနှုန်းပြည့် အာမခံပါတယ်။ 🤝💖

​လက်လီဝယ်ယူမယ့် အိမ်ရှင်မများသာမက လက်ကားပြန်လည်ဖြန့်ချိမယ့် လုပ်ငန်းရှင်များ၊ အလှူအတန်းကိစ္စအတွက် အမြောက်အမြား အော်ဒါမှာယူချင်သူများအတွက်လည်း အထူးစျေးနှုန်းများ ရှိပါတယ်ရှင်...

အိမ်က ထမင်းအိုးလေး မွှေးပျံ့ဖို့... ဒီနေ့ပဲ "ပြည်မြန်မာ" ကို လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေနော်။ 🤗✨

📍 လူကိုယ်တိုင် လာရောက်ရွေးချယ်ချင်တယ်ဆိုရင်:

​အောင်ပန်းဆိုင် လိပ်စာ:စိုးမိုးသူကုန်စုံဆိုင် မျက်နှာချင်းဆိုင်လမ်းကြား, ဖြူစင်​ကျော်အ​ကွေ့ မျက်​စောင်းထိုး, လက်မပင်ရပ်ကွက်, ​အောင်ပန်းမြို့။
📱:09-428003980

လွိုင်​ကော်ဆိုင်လိပ်စာ: ​လောပိတလမ်း, Kbz-bank(2)မျက်​စောင်းထိုး, ​​​လောပိတ​ညောင်ပင်​အောက်..
📱:09-41007661

#ပြည်မြန်မာဆန်ဆိုင် #ဆန်ကောင်းဆန်သန့် #ရွှေဘိုပေါ်ဆန်းမွှေး #မြန်မာ့ဆန် #ထမင်းဝိုင်း #လက်လီလက်ကား #​အောင်ပန်းမြို့

ဈေးသက်သာပြီး ရှမ်းဆန်လို အိစိအိထွေး အရသာရစေမယ့် "GW11 ဆန်" 🌾​ရှမ်းဆန်စားချင်ပေမယ့် ဈေးကြီးလို့ လက်တွန့်နေစရာမလိုတော့ဘူးန...
09/06/2026

ဈေးသက်သာပြီး ရှမ်းဆန်လို အိစိအိထွေး အရသာရစေမယ့် "GW11 ဆန်" 🌾

​ရှမ်းဆန်စားချင်ပေမယ့် ဈေးကြီးလို့ လက်တွန့်နေစရာမလိုတော့ဘူးနော်! 🤫

​ရှမ်းဆန်လိုပဲ အပျော့အစီး အိစိအိထွေး အရသာ ကို အပြည့်အဝရစေမယ့် ဆန်ရှိပါတယ်....

​✅ ရှမ်းဆန်အစစ်ထက် ဈေးနှုန်း ပိုမိုသက်သာတယ်....
✅ ချက်လိုက်ရင် စေးစေးအိအိနဲ့ ထမင်းအရသာက ရှမ်းဆန်အတိုင်းပဲ....
✅ ဆိုင်သမားတွေနဲ့ အိမ်ရှင်မတွေအတွက် ကုန်ကျစရိတ်ကို အများကြီး လျှော့ချပေးနိုင်တယ်....

​အရည်အသွေးလည်း စိတ်ချရ၊ ဈေးနှုန်းလည်း သက်သာတဲ့ "GW11ဆန်" ကို အိမ်မှာပဲဖြစ်ဖြစ်၊ ဆိုင်မှာပဲဖြစ်ဖြစ် စိတ်ကြိုက် ချက်ပြုတ်စားသုံးဖို့ အခုပဲ ဆက်သွယ်မှာယူလိုက်ပါဦးရှင်....📦✨

🌾GW11(ရှမ်းဆန်လို အ​ပျော့အစီးဆန်)🌾

အိတ်ကြီး- 85000 ကျပ်
(ပိဿာ ၃၀ဝိတ်ပြည့်အိတ်ကြီးကိုသာ ​ရောင်းချပါတယ်ရှင့်)

❤️"၀ယ်ယူအားပေးကြသော customer များကို အစဉ်အမြဲ လေးစားလျက် "❤

လက်မပင်ဆိုင် လိပ်စာ:စိုးမိုးသူကုန်စုံဆိုင် မျက်နှာချင်းဆိုင်လမ်းကြား, ဖြူစင်​ကျော်အ​ကွေ့ မျက်​စောင်းထိုး, လက်မပင်ရပ်ကွက်, ​အောင်ပန်းမြို့။
📱:09-428003980


#ရှမ်းဆန်
#ပြည်မြန်မာဆန်​ရောင်း၀ယ်​ရေး
#ပြည်မြန်မာ
#​အောင်ပန်းဆိုင်ခွဲ
#​အောင်ပန်းမြို့

Address

ဖြူစင်​ကျော်အ​ကွေ့မျက်​စောင်းထိုး, လက်မပင်ရပ်ကွက်
Aungban

Telephone

+959428003980

Website

Alerts

Be the first to know and let us send you an email when Pyi-Myanmar Rice; Pyi Myanmar ဆန်ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share