Old coil accessories

Old coil accessories Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Old coil accessories, Grocers, zayarwadi 10, Aunglan.

04/01/2025

မပိုင်ဆိုင်ရသေးခင်...

ဘယ်သူ့ကိုမှ မကြွားပါနဲ့ ၊

အရှက်ကွဲတတ်တယ်...။

ဥာဏ်လင်းအောင်-unlock your futures





15/07/2024

ချမ်းသာခြင်းကို လိုချင်ရင်

အမြဲတမ်း active ဖြစ်နေဖို့ လိုအပ်တယ်

တက်တက်ကြွကြွနဲ့ အမြဲတမ်း Motivate ဖြစ်နေဖို့ လိုပါတယ်။

မနက်ခင်းတိုင်းမှာ လန်းဆန်းနေဖို့လည်း လိုတယ်။

👉ဒီအတွက်က ညပိုင်းမှာ အိပ်ချိန်မှန်မှန်နဲ့

အိပ်ရေးဝဝအိပ်ဖို့လိုအပ်တယ်။

ညပိုင်းမှာ နောက်ကျခံပြီး အလုပ်လုပ်တာက

နောက်နေ့တစ်နေကုန်လုံးကို အလုပ်မလုပ်ဖြစ်အောင်

အလုပ်ထဲ ခွန်အားမရှိအောင်နဲ့ စဉ်းစားတွေးတောနိုင်စွမ်းတွေကို လျော့ချဖြစ်တဲ့အတွက်

နာရီပိုင်း အချိန်နောက်ကျပြီး အိပ်တာက

နောက်နေ့ တစ်ရက်တာလုံးကို ဆုံးရှုံးစေပါတယ်။

ဒါကြောင့် အိပ်ချိန်မှန်မှန်အိပ်ပါ။

👉အစားကို အချိန်မှန်မှန်နဲ့ အာဟာရပြည့်အောင်စားပါ။

အလုပ်တွေ အရမ်းကြိုးစားလို့ ထမင်းတောင်မစားနိုင်ဘူး

ဆိုတာကို တစ်ချို့က ဂုဏ်ယူစွာပြောတက်ကြပါတယ်။

ဒါက ကျန်းမာရေးထိခိုက်လာတဲ့အခါ ကြိုးစားခဲ့ရတဲ့ အချိန်တွေက အလကားဖြစ်သွားရမှာ

လူက ဗိုက်ဆာနေတဲ့အချိန်ဆိုရင် စဉ်းစားတွေးခေါ်နိုင်စွမ်းတွေလျော့ချပါတယ်။

ဒါကြောင့် အစားကို ပုံမှန်စားပြီး အာဟာရရှိတာတွေကိုစားမှ အမြဲ active ဖြစ်နေမှာပါ။

👉Time Management သေချာလုပ်ပါ။

ရည်မှန်းချက်မရှိတဲ့လူတစ်ယောက်အတွက် ဘာလုပ်ရမှန်းဆိုတာကိုမသိတဲ့အခါ တက်ကြွမနေပါဘူး။

ခုနေ့အတွက် ဘယ်အလုပ်ကို ဘယ်အချိန်မှာ စလုပ်မလဲဆိုတာ မသတ်မှတ်ထားရင် ဘာလုပ်ရင်ကောင်းမလဲနဲ့ တွေးဝေနေပြီး active ဖြစ်နေမှာမဟုတ်ပါဘူး။

နေ့ရက်တိုင်းကို ရည်မှန်းချက်နဲ့ ဖြတ်သန်းပါ။

ခုနေ့အတွက် လုပ်စရာရှိတာတွေကို Time Table နဲ့ လုပ်ပါ။

နားချိန်ကို သတ်သတ်နဲ့ အလုပ်လုပ်ချိန်ကို သက်သက်စီထားပါ။

နားချိန်မှာ အပြည့်အဝ နားပါ။

အလုပ်လုပ်ချိန်မှာ တက်တက်ကြွကြွလုပ်ပါ။

မိတ်ဆွေ ချမ်းသာချင်ရင် ဒီ ၃ ချက်နဲ့ အမြဲ active ဖြစ်နေအောင် ကြိုးစားကြည့်ပါ။

သိန်းထောင်ချီတော့ ချမ်းသာချင်တယ် ။

လုပ်ဆောင်ရမယ့် အချက်လေးတွေကိုတော့ မလုပ်ချင်ဘူးဆိုရင် ချမ်းသာချင်စိတ်ကို ပြန်သိမ်းထားလိုက်ပါ။

ချမ်းသာဖို့အတွက် ငွေကြေးပညာကို တကယ်လေ့လာချင်တယ်ဆိုရင်

Money Management 2024 update သင်တန်းရှိပါတယ်။

Chat box ကနေ အသေးစိတ်လေ့လာနိုင်ပါတယ်။

Telegram မှာ အခမဲ့လေ့လာနိုင်ဖို့ အောက်က channel ကို

Joinထားလိုက်ပါ။ 👇🏻

t.me/mountaineducationservice

Yan Naung- Money Management Coach



25/01/2024

(၁) သူငယ်ချင်းတွေ စုဆောင်းပါ
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သူငယ်ချင်းတွေက ဘဝမှာ မရှိမဖြစ်သူတွေ ဖြစ်တယ် ။ သူတို့က နွေးထွေးတဲ့ အနွေးထည်တစ်ထည်နဲ့ တူတယ် ။ သူတို့ကို ကိုယ့် အကျင့်စရိုက် ၊ ကိုယ့်စိတ်နေသဘောထား နဲ့ လှဲလှယ်ထားတာဖြစ်တဲ့အတွက် ကောင်းကောင်းတန်ဖိုးထားရမယ် ။ ခုချိန်ထိ ကိုယ့်ဖုန်းထဲမှာ ဆက်သွယ်ရမယ့်လူ နည်းနေသေးတယ်ဆိုရင် စိတ်တူကိုယ်တူ သူငယ်ချင်းတွေကို စုဆောင်းဖို့ အချိန် မနှောင်းသေးပါဘူး ။

(၂) လက်လွှတ်တတ်ဖို့ သင်ယူပါ
ဒီအသက်အရွယ်က မရင့်ကျက်လို့ မဖြစ်တော့ဘူး ။ ဘဝမှာ အချစ်တစ်ခု ၊ ကံတရားတစ်ခု ၊ ကိစ္စတစ်ခုကို ရယူပိုင်ဆိုင်ဖို့ ကိုယ်ခွန်အားမဲ့ခဲ့တဲ့အခါ လက်လွှတ်တတ်ဖို့ သင်ယူရပါလိမ့်မယ် ။ ဒါကလည်း နောက်ထပ် အသစ်တစ်ခုကို စမ်းသပ်ဖို့ ကိုယ့်အတွက် အခွင့်အရေး ပေးလိုက်သလိုပါပဲ ။ ယုံကြည်မှု ၊ သတ္တိ ၊ ကြိုးစားမှုတွေ ရှိခဲ့မယ်ဆိုရင် အောင်မြင်မှုက ကိုယ့်အတွက်ပဲ ဖြစ်တယ် ။

(၃) အကြင်နာ မေတ္တာကို မျိုးပွားပါ
ကိုယ့်ထက် ဒုက္ခရောက်နေသူ ၊ ကိုယ့်ထက် ထိခိုက်နာကျင်နေသူကို ဒီလောကကြီးရဲ့ အလှအပနဲ့ နေရောင်ခြည်ကို ခံစားနိုင်အောင် တတ်နိုင်သလောက် ကူညီပါ ။ ဒီလို အကြင်နာမေတ္တာတွေကို မျိုးပွားပါ ။ ကိုယ် သတိမမူမိချိန် အဲဒီအကြင်နာတွေကနေ လှပတဲ့ပန်းပွင့်တွေ ဖူးပွင့်လာပါလိမ့်မယ် ။ အသုံးဝင်တဲ့ အီးမေးလ်တစ်စောင် ၊ စာတစ်ပုဒ် ၊ တစ်ပိုဒ်ကလည်း အကြင်နာတွေကို မျိုးပွားတာပဲဖြစ်တယ်

(၄) ဂီတကို နှစ်သက်ပါ
ဂီတတစ်မျိုး သို့မဟုတ် တူရိယာတစ်ခုကို တီးတတ်ရင် ပိုကောင်းတယ် ။ ဂီတက ကိုယ့်စိတ်ကို ဆေးကြောပေးသလို ကိုယ့်မှတ်ဉာဏ် ၊ အတွေးတွေကို ပိုပွင့်စေတယ် ။ ကိုယ်ထင်မှတ်မထားတဲ့ ဆိတ်ငြိမ်ခြင်းတွေကို သယ်ဆောင်လာပေးတယ် ။ ဘဝအတွက် ခံစားမှု အရသာပေါင်းစုံ သယ်လာပေးတယ်ဆိုရင် ပိုမှန်လိမ့်မယ် ။

(၅) သောကနှစ်မျိုးကို ရှောင်ပါ
ပထမသောက, က လိုတာမရတဲ့ သောက ၊ ဒုတိယက အချစ်ကြောင့် ခံစားရတဲ့သောက ။ ဒီသောကတွေကို ဖုန်သုတ်သလို စိတ်အိမ်ထဲက လှည်းကျင်းထုတ်ပစ်ပါ ။ ကိုယ့်ဟာမှန်ရင် ကိုယ့်ဆီ ရောက်လာပါလိမ့်မယ် ။

(၆) ခံနိုင်ရည်ရှိဖို့ သင်ယူပါ
တချို့ကိစ္စတွေကို လုံးဝ အစပြန်ဖော်လို့မရအောင် မေ့ထားသင့်တယ် ။ အခက်အခဲ တစ်ခုကြုံတိုင်း ရင့်ကျက်ကြီးပြင်းဖို့ အသိဉာဏ်တစ်ခုတိုးတယ်လို့ ထင်မှတ်ပါ ။ ထိခိုက်နာကျင်မှုနဲ့ စိတ်ဆင်းရဲမှု တချို့ကို ခံနိုင်ရည်ရှိဖို့ သင်ယူပါ ။ ဒီအသက်အရွယ်က ကလေးလေးတစ်ယောက်လို့ အသံထွက် အော်ငိုသင့်တဲ့ အရွယ် မဟုတ်တော့ပါဘူး ။

(၇) သူ့ ကျေးဇူးကို သိတတ်ပါ
အသုဘတစ်ခါ ပို့ပြီးတိုင်း သင်္ခါရတစ်ခါ ရတတ်ကြတယ် ။ တစ်ခါဖျားနာတိုင်း ပိုတန်ဖိုးထားရ ကောင်းမှန်း သိတော့တယ် ။ ကျေးဇူးတရားကို မိနစ် ၊ စက္ကန့်တိုင်း သတိရသင့်တယ် ။ ကျေးဇူးတရားက ကိုယ့်ဘေးက လူတွေကို တန်ဖိုးထားစေသလို လောဘ ၊ အတ္တ နဲ့ ငြင်းခုံတာတွေကို ပြေငြိမ်းစေတယ် ။ ပျော်ရွှင်ခြင်းရဲ့ ရင်းမြစ်ဆိုရင် ပိုမှန်လိမ့်မယ် ။

(၈) အလုပ်ကို မြတ်နိုးပါ
အလုပ်က လက်ဖက်ရည်သောက် ၊ စကားထိုင်ပြောရတာလောက် မလွယ်ကူပေမယ့် ကိုယ့်ရဲ့ အသိဉာဏ်နဲ့ ခွန်အားကို ဆန်းစစ်ပေးတာဖြစ်တယ် ။ ကိုယ့်တန်ဖိုး နဲ့ အောင်မြင်မှုကို ခံစားစေတယ် ။

(၉) သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့
စာဖတ်တယ် ၊ သင်ယူတယ်ဆိုတာ အသိဉာဏ် ၊ ဗဟုသုတတွေနဲ့ ကိုယ် စကားစမြည် ပြောသလိုပါပဲ ။ တစ်နှစ်ကို စာအုပ် (၅ဝ)အုပ် ဖတ်နိုင်အောင် ကြိုးစားပါ ။ ကိုယ့်ရဲ့ အသိဉာဏ် ၊ နားလည်စွမ်းတွေ တိုးလာပါလိမ့်မယ် ။

(၁ဝ) အားကစားလုပ်ပါ
ပိုနေတဲ့အချိန်ကို အသုံးချပါ ။ သဘာဝ ပတ်ဝန်းကျင်ကို ခံစားပါ ။ ပျင်းလို့ တက်တဲ့ ဝိတ်တွေ မရှိနိုင်သလို အရွယ်လည်း နုပျိုကျန်းမာစေပါတယ် ။

#နိုင်းနိုင်းစနေ #ကျွန်မဖတ်ဖို့

ရွှေဒင်္ဂါြပါးရောင်းမည်။
24/01/2024

ရွှေဒင်္ဂါြပါးရောင်းမည်။

Address

Zayarwadi 10
Aunglan
123456

Telephone

+959403708833

Website

Alerts

Be the first to know and let us send you an email when Old coil accessories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category