17/01/2026
မှိုဟင်းချို ချက်နည်း
ရေနွေးဆူဆူထဲမှာ
ကြက်သွန်တစ်ခြမ်း
ခရမ်းချဉ်သီးတစ်လုံး (လေးစိပ်ခြမ်း)
ကြက်သွန်ဖြူ ဓားပြားရိုက်ထည့်ပါ
ဆား အရသာမှုန့် အနည်းငယ်စီထည့်ပါ
ခဏအုပ်ထားပေးပါ
အစိမ်းနံ့ပျောက်ပြီဆိုရင်
နှစ်သက်ရာသီးနှံနဲ့အရွက်ထည့်ပါ မှိုထည့်ပါ
(ဖရုံသီး အာလူး ဗူးသီးများထည့်လိုပါက
အရင်ထည့်ပြီး အသီးနူးမှ အရွက်များထည့်ပါ)
အသီးရွက်များနူးပြီး အပေါ့အငံအချို
ကိုယ့်စိတ်ကြိုက်ဖြစ်ပြီဆိုလျှင်
ငပိထောင်းစပ်စပ်လေးနဲ့ တွဲဖက်
သုံးဆောင်နိုင်ပါပြီရှင် 🍀