Rainbow Of Sky - Poem

Rainbow Of Sky - Poem ဝေါမြို့ Like ဂျပန်စာသင်တန်းကျောင်းမှ ကြိုဆိုပါ၏။

09-407749588 , 09-777729950

07/11/2024

သတိရမိတယ် ဆရာ ၊ ဆရာမများ...❤️❤️❤️❤️❤️

"  ဒီမိုးတွေရွာတိုင်း  "စိတ်ကူးတွေ ပုံဖော်ရင်း...အတိတ်တွေကို ခြေစလှမ်းမိခဲ့တယ်။မိုးတွေလဲရွှာ ထီးလဲမပါတဲ့...အိမ်ပြန်လမ်း ...
07/11/2024

" ဒီမိုးတွေရွာတိုင်း "

စိတ်ကူးတွေ ပုံဖော်ရင်း...
အတိတ်တွေကို ခြေစလှမ်းမိခဲ့တယ်။

မိုးတွေလဲရွှာ ထီးလဲမပါတဲ့...
အိမ်ပြန်လမ်း သူ့စိတ်နဲ့လှမ်းခဲ့တယ်။

အချိန်ခရီးသွား ဖို့စိတ်ကိုနိုးပေးခဲ့လို့...
ဒီမိုးကို ကျေးဇူးတင်မိတယ်။

ဒီလိုနေ့တွေဆို ငါရူးသွားမလားပဲ...
မနေ့ကဖြစ်သည် ဆိုတဲ့အချိန်လောက်ပဲ ...
အတိတ်နဲ့မဝေးခဲ့ဘူး။

ဆုံစည်းခြင်း နဲ့ ဝေးကွာခြင်းဟာလဲ...
ငါ့ရင်ဘက်ကိုခဏခဏလာတိုက်တယ်။
ကြာလာတော့ ဒီစိတ်နဲ့ပဲ ကျေနပ်စွာ
မိုးရေတွေထဲမှာပဲလေ...

Guardian-K

" ရှေးသို့... ... ... "ပြန်မလာနဲ့တော့အရင်လို စိတ်ဓာတ်တွေပြန်မပြောနဲ့တော့အတိတ်က မိုးသည်းနေ့ရက်တွေပြန်မလွမ်းနဲ့တော့ချန်ထား...
05/11/2024

" ရှေးသို့... ... ... "

ပြန်မလာနဲ့တော့
အရင်လို စိတ်ဓာတ်တွေ

ပြန်မပြောနဲ့တော့
အတိတ်က မိုးသည်းနေ့ရက်တွေ

ပြန်မလွမ်းနဲ့တော့
ချန်ထားခဲ့ပြီးမှ ခံစားမှုတွေ

ပြန်မမေးနဲ့တော့
ရက်စက်ခဲ့တဲ့ ဘဝတွေအကြောင်း

ပြန်မချစ်နဲ့တော့
အရင်လို ပြန်မဖြစ်တော့ဘူး... ... ...

Guardian-K

https://www.facebook.com/p/rainbow-of-sky-poem-61567956300155/?mibextid=kFxxJD

" Silencer ... "အကြောင်းအရာတစ်ခုခုဆို..... ခေါင်းထဲမှာ  စကားလုံးတွေ သွားနေတတ်တယ်စကားလုံးတွေကို အမြဲဖမ်းဆုပ်နိုင်ခဲ့ပေမယ့...
04/11/2024

" Silencer ... "

အကြောင်းအရာတစ်ခုခုဆို...
.. ခေါင်းထဲမှာ စကားလုံးတွေ သွားနေတတ်တယ်

စကားလုံးတွေကို အမြဲဖမ်းဆုပ်နိုင်ခဲ့ပေမယ့်...

အကြောင်းအရာများလာတဲ့အခါ ...
.. စကားလုံးတွေထက်

ရင်ဘက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားရတယ်။...

Guardian-K

https://www.facebook.com/p/rainbow-of-sky-poem-61567956300155/?mibextid=kFxxJD

。。。ချစ်ရတဲ့သူအားလုံး နဲ့ငါတို့ အကြောင်းကြောင်းကြောင့်ဝေးသွားခဲ့ရင်。。。အရင်လိုပဲ လို့ တွေးပေးပါ။。。。ရုပ်ပိုင်းဆိုင်ရာပြောင်...
03/11/2024

。。。ချစ်ရတဲ့သူအားလုံး နဲ့ငါတို့ အကြောင်းကြောင်းကြောင့်ဝေးသွားခဲ့ရင်。。。

အရင်လိုပဲ လို့ တွေးပေးပါ။。。。
ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ ရှိရင်ရှိမယ်။
ပိန်ချင်ပိန်နေမယ်၊ဝချင်ဝနေမယ်။
ငါ့စိတ်ကတော့ မင်းသိခဲ့သလို。。。
အရင်လိုပါပဲ။。。。

ငါလဲ မင်းရင်ဘတ်ထဲက ခံစားချက်နဲ့
အတူတူပဲမို့ ငါတို့ဘာခံစားရလဲ
ပြောပြစရာမလိုအောင်
ငါတို့ချင်း သိတယ်။。。。

ငါဟာဘယ်လိုနေရာ၊
ဘယ်လိုအခြေနေမျိုးမဆို
နေတတ်တာမို့ မင်းတို့ကိုပဲစိတ်ပူတယ်။。。。

ငါတို့ပြန်ဆုံနိုင်မယ်ဆိုရင်
အရင်လို အပြုံးတွေနဲ့
အရင်လိုချစ်ခင်ရင်းနှီးမှုတွေ
ပြန်လိုချင်သေးပါရဲ့။ ငါတို့ဝေးသွားခဲ့ရင်。。。

Guardian-K

https://www.facebook.com/p/rainbow-of-sky-poem-61567956300155/?mibextid=kFxxJD

သမီးလေးရေ ...သီလနဲ့ထမင်းစား...သမာဓိနဲ့စကားပြော...ပညာနဲ့ကြံစည် ပါသမီးလေး...ဖောင်းလေးရေ 。。。သမီးလေးကြီးလာရင်。。。ကိုယ့်ကျင့်တ...
02/11/2024

သမီးလေးရေ ...

သီလနဲ့ထမင်းစား...
သမာဓိနဲ့စကားပြော...
ပညာနဲ့ကြံစည် ပါသမီးလေး...

ဖောင်းလေးရေ 。。。
သမီးလေးကြီးလာရင်。。。
ကိုယ့်ကျင့်တရားနဲ့ သမာအာဇီဝကျကျ
လုပ်ကိုင်စားသောက်ပါသမီးလေး ...

ဖောင်းလေးရေ。。。
သမီးလေးကြီးလာရင်。。。
ဘယ်သူနဲ့ဘာအကြောင်းကိစ္စကိုမဆို
တည်တည်ကြည်ကြည်နဲ့
လုပ်ကိုင်ပြောဆိုပါ သမီးလေး ...

ဖောင်းလေးရေ。。。
သမီးလေးကြီးလာရင်。。。
ဘယ်အရာတွေပဲလုပ်လုပ်
သင်ယူလေ့လာထားသမျှ နဲ့ အတွေ့အကြုံကိုအသုံးပြုပြီး စဉ်းစားတွေးခေါ်ပါ သမီးလေး...

Guardian-K

https://www.facebook.com/p/rainbow-of-sky-poem-61567956300155/?mibextid=kFxxJD

31/10/2024

မင်းထိုးတဲ့ ..... လက်ညိုးတွေက 🫵
မင်းပေးတဲ့ ..... အနမ်း💋တွေထက်များခဲ့တယ်။

K.Z.M ( Guardian )

Address

Waw Township
Bago
000

Website

Alerts

Be the first to know and let us send you an email when Rainbow Of Sky - Poem posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share