WunPo Village

WunPo Village Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from WunPo Village, Grocers, Chauk Township: Wunpo village, Chauk.

ဟိုး ငယ်ငယ်ကလေပထမဆုံး သင်္ကြန်ရယ်ဒုတိယ သီတင်းကျွတ်ရွာဘုရားပွဲတော်ရယ်တတိယ သေခဲလှဘုရားပွဲဆိုပြီး ငါတို့တွေ စောင့်မျှော်ကြရ...
21/12/2023

ဟိုး ငယ်ငယ်ကလေ
ပထမဆုံး သင်္ကြန်ရယ်
ဒုတိယ သီတင်းကျွတ်ရွာဘုရားပွဲတော်ရယ်
တတိယ သေခဲလှဘုရားပွဲဆိုပြီး
ငါတို့တွေ စောင့်မျှော်ကြရင်း
တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးခဲ့ရတယ်။

ဒီသုံးရာသီပဲ
အဝတ်အစား အသစ် ရတတ်တော့
ကလေးဘဝက လက်ချိုးရေတွက်နေခဲ့ရတာ လွမ်းမိပါရဲ့။

နတ်တော်လှရောက်ပြီဆို
မနက်မိုးလင်းတာနဲ့ ပြက္ခဒိန်ကြည့်ပြီး
သေခဲလှဘုရားရက် ရောက်ဖို့ဘယ်နှရက်ပဲလိုတော့တယ် ရေတွက်ရင်း

ရောက်လဲလာရော ငါတို့အိမ်က ဘယ်နေ့သွားမှာ သူတို့အိမ်ကဘယ်နေ့သွားမှာနဲ့
အဲ့တုန်းက ဆိုင်ကယ်တွေရှားပါးသေးတော့
ပေါင်းမိုးလှည်းကိုယ်စီ
ခြေလျင်အဖွဲ့အစုများနဲ့
ခေါင်းလောင်းဘောင်းဘီရှည်ခေတ်စားတုန်းကပေါ့။

ဪ အချိန်တွေရယ်မြန်လိုက်တာ
မှတ်မိသားမိ
အဆိုတော် ရော်ရွက်
ဘာညာCele ဖြူဖြူထွေး
MRTV4 မင်းသမီး ပိုးကြာဖြူခင်(ဆိုင်းမိုင်)ဆိုပြီး နာမည်ကြီးတဲ့နှစ်ကပဲ
စည်စည်ကားကားကျင်းပလို့
ကျွန်တော်လဲ အသက် ၂၀ကျော်လူပျိုပေါက် ရည်းစား၁၅ယောက်နဲ့တုန်းကပေါ့။
အဲ့နှစ်က ၁၁ရက်နေ့ကတိုင်းသွားတာ
ပိုက်ဆံကုန်ရင် အိမ်ပြန်တယ်
ပေးရင်ယူတယ် မပေးရင်ခိုးပြီးသွားတယ်။
လပြည့်နေ့ ညနေ၅နာရီထိုးထိ ဘုရားမှာ သောင်းကြမ်းခဲ့တုန်းကပေါ့။

ပြီးတော့ မနှစ်က အနည်းငယ်ပြန်ဖွင့်တော့ သွားလိုက်ရသေး။
အဲ့တာလဲနေ့တိုင်းသွားတာပဲ
သုံးခေါက်မြောက်နေ့မှာ
အခရာနဲ့အမေနဲ့က ပြန်ခေါ်လို့
လူကမူးနေ အမူးကမပြေသေးနဲ့
ပျော်ခဲ့ရတာပေါ့။

လွမ်းလိုက်တာအညာရယ်။....

November  26ချစ်သောရေမဆိုင်တော့ပေမဲ့ တစ်ခါတစ်ရံတော့ သတိရမိပါတယ်။ကံပေးသလောက်ရေစက်ရှိသလောက်ပဲလို့ ဖြေသိမ့်ရင်းအဝေးကြီးမှာ ...
25/11/2023

November 26

ချစ်သောရေ
မဆိုင်တော့ပေမဲ့
တစ်ခါတစ်ရံတော့ သတိရမိပါတယ်။
ကံပေးသလောက်
ရေစက်ရှိသလောက်ပဲလို့ ဖြေသိမ့်ရင်း
အဝေးကြီးမှာ နေတတ်အောင် ကြိုးစားနေပါတယ်။

ဒီနေ့က မင်းမွေးနေ့နော်။
အစစအရာရာ အဆင်ပြေပါစေ။
ရည်မှန်းထားတာတွေ ပြည့်ဝပြီး
ချစ်သောသူနဲ့လဲ သံသရာတစ်ဆုံး
ပျော်ရွှင်ပါစေ။

Happy Birthday ဆိုတာထက်
Perfect Birthday ဖြစ်ပါစေ။

Happy Birthday အခရာ။
Happy Birthday ချစ်သောရေ။
Happy Birthday. .....။

#ဒီပို့က pageနဲ့မဆိုင်ပေမဲ့
Pageမှာရှိတဲ့ Fri တွေရော
Comments မှာ
Happy Birthday အခရာ ဆိုပြီး ရေးပေးကြပါလား။ #

ပုံကတော့ သူမနဲ့တူလို့

We are Winner.🏅🏆
02/11/2023

We are Winner.🏅🏆

Congratulation Team Aဇာတ်နာတဲ့အခန်းကဆို Bအသင်းကလူတွေရွေး။အဖြည့်ခံသက်သက်ရွေးချင်ရင် Cအသင်းကိုရွေး။အကောင်းဆုံးအရှုံးသမားကိ...
01/11/2023

Congratulation Team A

ဇာတ်နာတဲ့အခန်းကဆို Bအသင်းကလူတွေရွေး။
အဖြည့်ခံသက်သက်ရွေးချင်ရင် Cအသင်းကိုရွေး။
အကောင်းဆုံးအရှုံးသမားကိုလိုချင်ရင်

Dအသင်းကိုရွေး
မမကလွဲပြီး အားလုံးကိုနိုင်တာတော့ Aအသင်းကဘဲတွေပဲ ညီမလေးတို့။

ယနေ့ Final ယှဥ်ပြိုင်ရာ
Team A Vs Team Bတို့
အကြိတ်အနယ်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။
ဇင်ကိုမင်း သာပြည့်အောင် အေးမင်းစိုးတို့က သူတို့အလုပ် သူတို့လုပ်ခဲ့ကြသလို
တစ်ဖက်ကနှစ်ချို့ဝိုင်တွေဖြစ်ကြတဲ့.အောင်ကိုမင်း ဇော်ကြီး စိုးပိုင်တို့ကလဲ ကိုယ့်အလုပ်ကိုကျွမ်းကျင်စွာလုပ်ဆောင်ကြရင်း တစ်ဖက်တစ်ဂိုးစီသရေရလဒ်ဖြင့် မိနစ်၉၀ပြီးဆုံးခဲ့ပြီး
ပင်နယ်တီအဆုံးအဖြတ်မှသာ Bအသင်းကနှစ်ချို့ဝိုင်တွေ အားမတန့လို့ မာန်လျော့ချရင်း လက်မြောက်အရှုံးပေးလိုက်ရခြင်းဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ပွဲဖြစ်မြောက်ရေးလုပ်ဆောင်ခဲ့တဲ့ ညီလေးဝေဖြိုးအောင်ကိုကျေးဇူးတင်ရင်း
ငွေအားဖြင့်လည်းကောင်း
လူအင်အားဖြင့်လည်းကောင်း
ပါဝင်ပံ့ပိုးပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို အသင်းသားများအားလုံးကိုယ်စား ကျွန်တော်မှ ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားရင်း
အနိုင်ရရှိသူATeam အတွက် လက်ခုပ်တီးဖို့မမေ့ကြပါနဲ့။

နောက်နှစ်တွေမှာ ပြန်ဆုံကြတာပေါ့ ညီလေးတို့။

စောင့်ကြည့်စရာကောင်းဦးမယ့် ပွဲစဥ်များနှင့်အတူအကောင်းဆုံး အရှုံးသမားCအသင်းပွဲစဥ်တစ်လျှောက် အနိုင်မယူခဲ့တဲ့C Teamလေကျယ်သလ...
31/10/2023

စောင့်ကြည့်စရာကောင်းဦးမယ့် ပွဲစဥ်များနှင့်အတူ
အကောင်းဆုံး အရှုံးသမားCအသင်း

ပွဲစဥ်တစ်လျှောက်
အနိုင်မယူခဲ့တဲ့C Team
လေကျယ်သလောက် သိမ်ငယ်ခဲ့ရတဲ့ CTeam လူကောင်းများစွာ ပါဝင်ပြီး
အလုပ်မဖြစ်ခဲ့တဲ့CTeam အတွက်
မင်းတို့အစား ငါနဲ့ငါ့မမနဲ့ ကူပြီး ဝမ်းနည်းပေးမယ်။
ညီမလေးတွေလဲ အဖော်မွန်ကောင်းရွေးမယ်ဆို CTeam ကောင်တွေသာရွေးကြတော့ ဘယ်တော့မှအနိုင်မယူတတ်ဘူး။
အရွေးမမှားဖို့ ပြောပြတာနော်။
ဒီတစ်ရာသီတော့ လက်ပြနှုတ်ဆက်လို့
နောက်နှစ်တွေမှာ အခုလိုကျင်းပဖြစ်ခဲ့ရင် အကောင်းဆုံးပြန်လာနိုင်ပါစေ ညိုကီတို့ရေ။

Bအသင်းအတွက် Congrats ပါ။
လူငယ်ခြေတက်လေးတွေအင်အား ဒီနေ့အတွက် အလုပ်ဖြစ်ခဲ့ဆုံးလို့ ပြောရမယ်။

ဖိုင်နယ်မှာစောင့်ကြည့်ချင်လှတဲ့
A Team Vs B Team တွေ့ပါပြီ။

ဇော်ကြီး အောင်ကိုမင်း စိုးပိုင် တို့ရဲ့ မောင်းနှင်လာမှုနဲ့ B Team

တိုက်စစ်မှတိုက်စစ်ဆိုတဲ့
သာပြည့်အောင် ငဖြိုး ဇင်ကိုမင်း မာတာ
တို့နှင့် စုဖွဲ့ထားတဲ့ ATeam တို့ ယှဥ်ပြိုင်ကစားကြမှာဖြစ်ပြီး

ဘယ်အသင်းကဖလားရပြီး
ဘယ်အသင်းက ဒုတိယဆုနဲ့ကျေနပ်ရမလဲ
မနက်ဖြန်မှာ စောင့်ကြည့်ကြရင်း

ဒီညမှာတော့ ကဇာတ်ဆရာ ကိုပြုံး ဦးစည်းသော ရွှေပိုမြေ မျိုးဆက်သစ် သဘင်အားစု နှင့် ကပြဖြေဖျော်သွားဦးမှာဖြစ်ပါတယ်။
KB -မောင်ယဥ်ထွေး
မင်းသမီး နှစ်ယောက်
ဟာသလူရွှင်တော် ရဲလင်းစိုးနှင့်အတူ
အားလုံးရှု့စားကြရင်း
ဘဝအမောတွေပြေပျောက်ကြပါစေ။

မင်းသမီးနှစ်ယောက်ဓာတ်ပုံCommentမှာဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

အပြတ်တီးမဲ့ ငတုတ်ကြီးနှင့်ဇယားထိပ်က စောင့်နေတဲ့ ATeamယနေ့ပွဲမှာတော့ ဘာလာလာ အကုန်တီးမဲ့ ဘူးသီးရဲ့မိတ်ပေါင်းသဟာများအလားအကု...
30/10/2023

အပြတ်တီးမဲ့ ငတုတ်ကြီးနှင့်
ဇယားထိပ်က စောင့်နေတဲ့ ATeam

ယနေ့ပွဲမှာတော့
ဘာလာလာ အကုန်တီးမဲ့
ဘူးသီးရဲ့မိတ်ပေါင်းသဟာများအလား
အကုန်တီးချင်နေတဲ့ ATeamနဲ့
ယခုနှစ်ပြိုင်ပွဲရဲ့ ဖြတ်မျဥ်းအသင်း
DTeam တို့ တွေ့ကြရာ
အကြိတ်အနယ်ယှဥ်ပြိုင်ကြရင်း
ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခြင်းနှင့်
ATeamက 7မှတ်ဖြင့် ရှုံးပွဲမရှိ ဇယားထိပ်မှာ ဦးဆောင်ရင်း
DTeamက 4မှတ်
Bအသင်းက3မှတ်
Cအသင်းက ရမှတ်0ဖြင့်
ဘယ်အသင်းက ဖလားရမလဲ
စောင့်ကြည့်ချင်စရာ ပွဲတွေနီးကပ်လာပါပြီ။

ချစ်သောမြေဘယ်ဆီရောက်ရောက်ဒီမြေလေးကို မမေ့ဘူးအမြဲလွမ်းလျှက်
29/10/2023

ချစ်သောမြေ
ဘယ်ဆီရောက်ရောက်
ဒီမြေလေးကို မမေ့ဘူး
အမြဲလွမ်းလျှက်

29/10/2023

ကိုတို့ ဘယ်ရထားမှာလွဲခဲ့သလဲ
တစ်ခါလွဲရင် ဘယ်လောက်ကြာသလဲ
ခင်ခင်ပျိုရေ ငါစောင့်နေတယ်။

#အောင်ချိမ့် #

ယနေ့လပြည့်နေ့ ဝန်ပိုရွာမှ
မြတ်စွာဘုရားရှင်အား
ဆီမီးတစ်ထောင် နံ့သာတစ်ထောင်
ပန်းတစ်ထောင် ကပ်လှုပူဇော်ပွဲ အခမ်းအနား ပုံရိပ်မြင်ကွင်း။

တနင်္ဂနွေအချက် ဇော်ကြီးအကွက်ဇော်ကြီးဦးဆောင်လာတဲ့ BTeam ဟာဆိုရင်  ဂိုးသွန်းနှုန်းတွေဟာဆိုရင်ဟယ်ရီကိန်းဦးဆောင်လာတဲ့ ဘိုင...
29/10/2023

တနင်္ဂနွေအချက် ဇော်ကြီးအကွက်

ဇော်ကြီးဦးဆောင်လာတဲ့ BTeam ဟာဆိုရင် ဂိုးသွန်းနှုန်းတွေဟာဆိုရင်
ဟယ်ရီကိန်းဦးဆောင်လာတဲ့ ဘိုင်ယန်မြူးနစ်အသင်းဝင်ပူးသလားမှတ်ရပါတယ်။ချမ်းမြေ့ဇော် ထွန်လင်းအောင်ရဲ့
တောက်ပံ့မှုဟာ အင်္ဂလန် ဘယ်လင်ဟမ်နဲ့မားကပ်တို့အလား စောင့်ကြည့်ချင်စရာ သွင်းဂိုးတွေရေတွက်ရင်းနဲ့ ဒီပွဲရဒ့ အနိုင်ရလဒ်ဖော်ဆောင်လာခြင်းနှင့်အတူ
သူရိန်ဝင်းရဲကွင်းလယ်မောင်းနှင်မှုဟာလဲ ယနေ့ပွဲမှာ အလုပ်ဖြစ်ခဲ့ပြီးအနိုင်သုံးမှတ်ဖော်ဆောင်ကာ တိုက်စစ်အင်အားပြမှုနဲ့ ၃ဂိုးဆိုတဲ့အရေအတွက်သွင်းယူရင်း
တစ်ဖက် DTeamဟာလဲ ပထမတစ်ပွဲအနိုင်ရလဒ်ကြောင့် ယုံကြည်မှုပြည့်ဝစွာ
သူတင် ကိုယ်တင် ယှဥ်ပြိုင်ရင်း ဖိုးပြုံး
ဦးဆောင်လာမှုဟာ အတော်လေးကောင်းမွန်လာခဲ့ပါတယ်။
ဗီနီးယပ်စံဝင်းမောင်ဟာ သွင်းဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပြီး ဖိုးပြုံးကလဲဂိုးဆိုတာဒီလိုသွင်းရတယ်ဆိုပြီး သူကိုယ်တိုင်တစ်ဂိုးသွင်းယူပေးခဲ့ရင်း နောက်တန်းရဲ့ယိုစိမ့်မှုကြောင့် ဒီကနေ့ပွဲ အနိုင်ရလဒ်မဖော်ဆောင်နိုင်ခြင်းပါ။

BTeam
ဇော်ကြီး ⚽Assist 1time
ချမ်းမြေ့ဇော် ⚽
ထွန်းလင်းအောင်⚽Assist2times

DTeam
ဖိုးပြုံး ⚽
စံဝင်းမောင် ⚽
သန့်ဇင် Assist 1Time

Full time
BTeam 3 Vs Dteam 2
ဖြင့် Bအသင်းမှ အနိုင်ရရှိကြောင်း
သတင်းကောင်းပါးလိုက်အပ်ပါသည်။

Update News:သီတင်းကျွတ်လပြည့်ကျော်၂ရက်၃ရက်တွင် ကိုနေမျိုးကျော် ဦးစီးတည်ထောင်သောမျိုးဆက်သစ်သဘင်အင်အားစုနှစ်ညတိုင်တိုင် က...
28/10/2023

Update News:
သီတင်းကျွတ်လပြည့်ကျော်၂ရက်၃ရက်
တွင်
ကိုနေမျိုးကျော် ဦးစီးတည်ထောင်သော
မျိုးဆက်သစ်သဘင်အင်အားစု
နှစ်ညတိုင်တိုင် ကပြဖျော်ဖြေမည်ဖြစ်ကြောင်း တင်ပြအပ်ပါအပ်သည်။

အလွမ်းအဆွေးအချစ်အကြမ်းအရမ်း
ပီပြင်စွာ အသုံးတော်ခံရင်း
မြန်မာသံစဥ်သီချင်းများကိုလဲ ဖျော်ဖြေတင်ဆက်ပေးမှာဖြစ်သည့်အတွက်
အားပေးဖို့ဖိတ်ခေါ်အပ်ပါသည်။

စနေ Aအသင်း အန္တရာယ်ကင်းနှင့်ဂူအောင်းသွားသူ Cကလူအရာရာအသာစီးဖြစ်နေတဲ့ Aအသင်းဟာစပိန်ကုန်းရဲ့ ဟာလဝါမက်ရစ်အလားမှတ်ရပါတယ်။ ဇင်...
28/10/2023

စနေ Aအသင်း အန္တရာယ်ကင်းနှင့်
ဂူအောင်းသွားသူ Cကလူ

အရာရာအသာစီးဖြစ်နေတဲ့ Aအသင်းဟာ
စပိန်ကုန်းရဲ့ ဟာလဝါမက်ရစ်အလားမှတ်ရပါတယ်။ ဇင်ကိုမင်းရဲ့ ဝါရင့်မှုက
ခရိုအေးရှားမှာဆိုရင် လူကာမိုဒရစ်အားကိုးသလို ဝန်ပိုရွာတစ်ရွာလုံး ငါ့ရည်းစားတွေပါမကျန် မင်းကိုအားကိုနေလောက်ပါပြီ။ကွင်းလယ်ရဲ့မောင်နှင်းအားကတကယ့်တကယ်ချီးကျူးစရာအဖြစ် ၃ဂိုးဖန်တီးပေးခြင်းဟာ ဒီပွဲရဲ့ MOTMဟာ ဇင်ကိုမင်းမှ အခြားပေးရမဲ့ဆို ငါ့ဘဝရဲ့ မာယာအများဆုံး အမျိုးသမီး အခရာကိုသာပေးလိုက်ချင်ပါတယ်။ငဖြိုး ငမာ ကောင်းထက်ဖြိုးတို့ရဲ့ ဘယ်ဂျီရဲ့ ရွှေရောင်မျိုးဆက်တိုက်စစ်လို့တောင်ပြောရပါမယ်။ တိုက်စစ်အားကောင်းမှုတွေ
Cအသင်းရဲ့ ညီမလေးတွေ နလန်မထူလောက်အောင် ထိုးနှက်မှုနဲ့ Cအသင်းနောက်တန်းက ယိုယွင်းပျက်စီးမှုဟာ
-ာတန်းမီးလောင်သလို ဟိုပြေးဒီပြေးဖြစ်ခဲ့ပါတယ်။

ဝေဖြိုးအောင် မင်းချစ်နိုင်အောင်တို့ရဲ့ အသက်ဝင်လှုပ်ရှားမှုဟာလဲ
Cအသက်းရဲ့ ရဂိုး၂ဂိုး ရရှိမှုဟာ သူတို့ဆီက စတင်မှုပါ။မင်းချစ်နိုင်အောင်ရဲ့ သွင်းဂိုးပြန်မြင်ရသလို ကျွန်တော်တို့စောင့်ကြည့်နေတဲ့ လူငယ်ခြေတက်လေး လျှံဖြိုးမှဂိုးသွင်းပြီး တင့်လွင်က ဖန်တီးမှာလုပ်ခြင်းအားဖြင့်၂ဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ အငိုမျက်လုံးအပြုံးမျက်နှာဆိုသလို အခုလောက်ဆို တစ်ရွာလုံးကိုလဲ တောင်းပန်နေလောက်ပါပြီ။
အဓိက နောက်တန်းရဲ့အမှားတွေကနေတဆင့်ပေးဂိုးတွေပေးရရင်း အိတ်ပေါက်နဲ့ဖားကောက်သလို
ဒီဆောင်းရာသီ ချစ်ကြည်ရေးဖလားမှာဆိုရင်ဖြင့် Cအသင်းဟာ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ လူတန်တောင်း
အိမ်ဖြည့်အသင်းသာသာ ရှိနေတာတော့ စိတ်မကောင်းရင်း ငါ့ညီတို့ ဂူအောင်းမယ်ဆိုလဲ နောက်နှစ်ပွဲမှာ အရှက်ပြေ ပြန်လာအနိုင်ရလဒ်ဖော်ဆောင်နိုင်ပါစေ။

ATeam Lineup
A
ဂိုး
ပိုင်ပိုင်

နောက်တန်း
အေမင်းစိုး
ရာကွတ်
ကြည်ခိုင်လင်း
ကျော်ဇင်ဖြိုး

လယ်တန်း
ဇင်ကိုမင်း
ကိုရှိုန်
ကောင်ထက်ဖြိုး

ရှေ့တန်း
ငမာ
ငဖြိုး
သာပြည်အောင်
433ဖြင့်

CTeam lineup
C
ဂိုး
သက်မောင်

နောက်တန်း
‌မျိုးမင်ဇော်
ငဖြိုး ချောက်
ထွန်ထွန်ဦး
ဖိုးသား

လယ်တန်း
မင်ချစ်နိုင်အောင်
ဝေဖြိုးအောင်
ကိုဖြိုး နန်းမစမ်း

ရှေတန်း
တင့်လွင်
သက်စိုးထက်
လျှံဖြိုး
433ဖြင့် အသီးသီး

ယှဥ်ပြိုင်ကစားရာ

ATeam ငမာ⚽ /ငဖြိုး⚽/ကောင်းထက်ဖြိုး⚽/OG⚽/ ဇင်ကိုမင်း Assist 3time

CTeam မင်းချစ်နိုင်အောင်⚽/လျှံဖြိုး⚽/တင့်လွင် Assist 1time

ATeam4 Vs CTeam 2

Address

Chauk Township: Wunpo Village
Chauk

Website

Alerts

Be the first to know and let us send you an email when WunPo Village posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category