Nwe Lay Thu Page

Nwe Lay Thu Page Shopping center

*လူတစ်ယောက်တော်တယ်ဆိုတာ*******************************လူတစ်ယောက် တော်တာက သူ့ရဲ့ကံကောင်းမှုနဲ့မဆိုင်ပါဘူး။ အကယ်လို့ ကံကော...
19/02/2024

*လူတစ်ယောက်တော်တယ်ဆိုတာ*
******************************
လူတစ်ယောက် တော်တာက
သူ့ရဲ့ကံကောင်းမှုနဲ့မဆိုင်ပါဘူး။

အကယ်လို့ ကံကောင်းလို့တော်တယ်ဆိုရင်
အများဆုံးသူတစ်ကြိမ်ပဲ တော်နိုင်မှာပါ။

အကယ်၍ အကြိမ်ပေါင်းများစွာ ၊ အချိန်ကြာရှည်စွာ
လူတစ်ယောက်က တော်တယ်ဆိုရင် အဲ့ဒီအရာကို
အရည်အချင်းလို့ခေါ်ပါတယ်။
အရည်အချင်းက ခက်ခက်ခဲခဲ လေ့ကျင့်လို့ရလာတာပါ။

ဘာဖြစ်လို့အဲ့လောက်တော်တာလဲ မွေးရာပါ ပါရမီလား
ဆိုပြီး တချို့ကမေးကျတယ်။
အဖြေက မဟုတ်ပါဘူး။

တော်ရတဲ့အကြောင်းရင်းက သူများထက်
* ပင်ပင်ပန်းပန်း လေ့ကျင့်လို့၊
* အရာမှန်သမျှ သင်ယူလေ့လာလို့၊
* သူများထက် ပိုဖတ်လို့ ၊
* သူများထက် ပိုကြည့်လို့၊
* သူများထက် ပိုကြုံတွေ့ရလို့၊
* သူများထက် ပိုပြီးနာကျင်ရလို့ပဲ
လူတစ်ယောက်ကို သူများထက်ပိုတော်အောင်
ဖန်းတီးပေးတာပါ။
ဒါဆိုရင် နောက်မေးခွန်းတစ်ခုက
ပါရမီက တကယ်ရှိလားလို့ မေးလိမ့်မယ်။
အဖြေက တကယ်ရှိပါတယ်။
ဒါပေမဲ့ ပါရမီဆိုတဲ့အရာက ကျွန်တော်တို့ကို
အကြောင်းပြချက်မရှိပဲ အရာတစ်ခုကို
နှစ်သက်အောင် လုပ်ပေးရုံပဲရှိပါတယ်။

ဒါကြောင့် ကျွန်တော်တို့ အဲ့ဒီအရာကိုအာရုံစိုက်ပြီး
လုပ်နိုင်တော့ အစပိုင်းမှာအဲ့ဒီအရာကို
ကောင်းကောင်းဆောင်ရွက်နိုင်တာပေါ့ ။

ဒါပေမဲ့ရေရှည်အတွက် အဲ့ဒီပါရမီက မလုံလောက်ပါဘူး။

ဒါကြောင့် ဘယ်အရာမဆို ကျွန်တော်တို့ခက်ခက်ခဲခဲ
လေ့ကျင့်မှ အဲ့ဒီအရာအပေါ် တော်မယ့်လူတစ်ယောက်ဖြစ်မှာပါ ။
လွယ်လွယ်ပြောရရင် Bus ကားလိုမျိုးပါပဲ။

ကျွန်တော်တို့ကို လမ်းထိပ်ထိပဲချပေးမှာပါ။

အဲ့ဒီကနေ ကျွန်တော်တို့လူတွေက
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ပန်းတိုင်ကိုဆက်ပြီး
ကြိုးစားပြီးသွားရမှာပါ။

သူများထက်ပိုပြီးကြိုးစားလေ့ကျင့်ရင်
သူများရဲ့အရှေ့မှာ လျှောက်ရမှာပါ။

သူများလို မလေ့ကျင့်မကြိုးစားတဲ့သူကတော့
နောက်ဆုတ်သလိုဖြစ်နေမှာပါ။
ဒါကြောင့်ဒီလောကက မတရားဘူးလို့မပြောပါနဲ့။
တကယ်ဆိုရင် ကိုယ်ကိုတိုင် အသုံးမကျတာပါ။
ဒါကြောင့်
တော်တာက ဘယ်တော့မှ ကံကောင်းမှုကြောင့်မဟုတ်ပါဘူး။

ဒါကြောင့် ဒီနေ့ကစပြီး ကိုယ့်စိတ်ထဲမှာ
"သူဘာဖြစ်လို့ တော်တာလဲ?
ဆိုတဲ့မေးခွန်းကို ထုတ်ထားလိုက်ပါ။

ဘာဖြစ်လို့လဲဆိုတော့ အဖြေကတစ်ခုပဲရှိပါတယ်။

သူက သူများထက် ခက်ခက်ခဲခဲကြိုးစားလေ့ကျင့်ပြီး
ဝီရိယကိုပိုင်ဆိုင်ထားလို့ပါ။

,နည်စနစ်ကျကျ အတွေးအခေါ်
__
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်pth

ပါးစပ်စည်းကမ်းလူတိုင်း လူတိုင်းမှာသူ့ရဲ့ ကိုယ်ရေးကိုယ်တာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဆိုတာရှိပါတယ်..လူသိစေချင်တာ ရှိသလိုလူမသ...
26/01/2024

ပါးစပ်စည်းကမ်း

လူတိုင်း လူတိုင်းမှာ
သူ့ရဲ့ ကိုယ်ရေးကိုယ်တာ
စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဆိုတာရှိပါတယ်..

လူသိစေချင်တာ ရှိသလို
လူမသိစေချင်တာလည်း ရှိတတ်ကြပါတယ်..

အဲဒါကြောင့်
ပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာ

သိပေမယ့်
မသိချင်ယောင် ဆောင်ရသလို

သိပေမယ့်
မပြောပဲ နေပေးရတာလည်း ရှိပါတယ်..

ဒီနေရာမှာ "စာနာမှု"က
လူတစ်ယောက်ရဲ့ အဆင့်အတန်းကို ပြပါတယ်..

မိတ်ဆွေအစစ်လို့ ထင်ရတဲ့
ထင်ခဲ့တဲ့ လူတချို့က
ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ
အကြောင်းအရာတွေကို
အတင်းတုပ်တဲ့ အခါ
ပုံကြီးချဲ့တဲ့အခါ ကိုယ်က သိပေမဲ့
မသိချင်ယောင် ဆောင်လိုက်ဝာာလည်း ရှိတယ်..

နောက်တစ်ခါ
သူတို့ ပုံကြီးချဲ့လို့ သိသွားတဲ့သူတွေက
မထိခလုတ် ထိခလုတ် ခနဲ့ တဲ့တဲ့
ရိ သဲ့သဲ့ လာ လာ ပြောတဲ့အခါ
ဘာမှတော့ ပြန်မပြောဘူး

ဒါပေမယ့်
သည်းမခံနိုင်တဲ့ တစ်နေ့
ပြန်ပြောရင်လည်း
တယောက် မျက်နှာ တစ်ယောက်
ကြည့်နိုင်တော့မှာ မဟုတ်ဘူး..

ပြောချင်တာက
ဘာကြောင့် လူမှုရေး နယ်ပယ်မှာ
စည်း မထားတာလဲ-?

ဘာကြောင့်
ကိုယ့်ရဲ့ ပါးစပ်ကို စည်းကမ်း ရှိအောင်
မထိန်းသိမ်းတာလဲ-?

ဘာကြောင့်
သူများရဲ့ အကြောင်းအရာတွေကို
ပယ်ပယ်နယ်နယ် ပြောပြီး
အရသာ ခံချင်ရတာလဲ-?

ငါလည်း တစ်နေ့ သူ့လို ကြုံနိုင်တယ်ဆိုတဲ့
အဲဒီလို အသိလေး ရှိဖို့ လိုပါတယ်..

လူတစ်ယောက်ရဲ့ အဆင့်အတန်းက
"ငွေကြေး ချမ်းသာမှု"မဟုတ်ဘူး..

လူတစ်ယောက်ရဲ့ အဆင့်အတန်းက
"ပါးစပ်စည်းကမ်း ရှိဖို့" နဲ့
"စာနာ"နားလည်" "ဖေးမတတ်မှု" ပါ...။

ကိုယ့်ကိုယ်ကိုယ် လိပ်ပြာလုံပါစေ။
19/10/2023

ကိုယ့်ကိုယ်ကိုယ် လိပ်ပြာလုံပါစေ။

Good Morning❤❤❤
09/10/2023

Good Morning❤❤❤

" တာဝန်နှစ်ခု "=========မင်းတို့ဘဝမှာ လုပ်စရာနှစ်ခုပဲရှိတယ်မင်းတို့ရဲ့ဘဝကိုမင်းတို့မိဘတွေထက်ပိုသာလွန်တဲ့ဘဝဖြစ်အောင်ကြိုး...
23/08/2023

" တာဝန်နှစ်ခု "
=========
မင်းတို့ဘဝမှာ လုပ်စရာနှစ်ခုပဲရှိတယ်
မင်းတို့ရဲ့ဘဝကို
မင်းတို့မိဘတွေထက်
ပိုသာလွန်တဲ့ဘဝဖြစ်အောင်ကြိုးစားရမယ်
မင်းတို့ရဲ့သားသမီးတွေကို
မင်းတို့ဘဝတွေထက်ပိုပြီး
ကောင်းမွန်အောင်စွမ်းဆောင်ပေးရမယ်

"အချိန်ဆိုတာ ဘဝ"
==============
မင်းအသက် ၃၀ ငါ့အသက် ၈၆
ဒါအချိန်ပဲ
အချိန်ကဘဝပဲ
အချိန်မပါဘဲ ဘဝကိုဖွဲ့စည်းလို့မရဘူး
မင်းဘဝကိုတန်ဖိုးထားရင်
မင်းရဲ့အချိန်ကိုလည်း တန်ဖိုးထားရလိမ့်မယ်

" နှလုံးသားလှဖို့လိုတယ် "
===============
ကဗျာရူးရယ် စာရူးရယ် အချစ်ရူးရယ်
ငါအချစ်ဆုံးပဲ
သူတို့ကနှလုံးသားရှိလို့
ဥစ္စာရူးရယ် အာဏာရူးရယ် ငါအမုန်းဆုံး
သူတို့ကနှလုံးသားမရှိလို့

" အားခဲထားနိုင်ရမယ် "
=============
စိတ်ပျက်လက်ပျက်ဆိုတာမျိုးမဖြစ်စေနဲ့
စိတ်ပျက်ချင်ပျက် လက်တော့မပျက်နဲ့
ဆိုလိုတာက
လေ့ကျင့်ကြိုးပမ်းမှုကိုမလျော့လိုက်နဲ့

" အကျင့် "
========
လူတွေက
မကောင်းတာလုပ်ဖြစ်ရင်
မကောင်းအကျင့်ပါသွားမှာကျသိကြတယ်
ငါပြောမယ်
မကောင်းတာအကျင့်လုပ်ရင်
မကောင်းကျင့်ပါသွားမှာပဲ
အဲ့ဒီလိုပဲ
ကောင်းတာကိုလည်း
အကျင့်လုပ်ရင်
ကောင်းတဲ့အကျင့်ဖြစ်သွားမှာပဲ

" ရခဲမှရတနာ"
==========
အောက်တန်းကျဖို့ဆိုတာ
ကြိုးစားနေဖို့မလိုဘူး
တစ်နေ့
ငါအောက်တန်းကျရမယ်လို့
အဓိဋ္ဌာန်ပြုနေဖို့မလိုဘူး
အောက်တန်းကျတာရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့
အထက်တန်းစားစိတ်ဓာတ်ဖြစ်ဖို့ကျ
ခဲယဉ်းသွားပြီ

" သတိမမူရင် ဂူမမြင်ဘူး "
===============
လူတွေက
သူများထီပေါက်ရင်သာ
ငါလည်း ထီပေါက်နိုင်တယ်လို့ တွေးတတ်ကြတာ
သူများကားတိုက်ရင်
ငါလည်း ကားတိုက်ခံရနိုင်တယ်လို့
မတွေးကြဘူး
သူများအောင်မြင်ရင်သာ
ငါလည်းအောင်မြင်မယ်လို့သာ တွေးကြတာ
သူများကျရှုံးရင်
ငါလည်း ကျရှုံးနိုင်တယ်လို့မတွေးကြဘူး
သတိထား အစစအရာရာ
သတိဆိုတာ ပိုတယ်မရှိဘူး

" အခိုက်အတန့် "
===========
လူတွေက
ချမ်းသာခြင်းသာ
သင်္ခါရလို့ထင်တယ်
တစ်ကယ်တော့
ဆင်းရဲခြင်းလည်း သင်္ခါရပဲ
မင်းကြိုးစားနေသမျှကာလပတ်လုံး
အဆင်မပြေခြင်းက သင်္ခါရ
မင်း မကြိုးစားပဲ
ရေသာခို အချောင်နေနေသရွေ့
မင်းအတွက်ဆင်းရဲခြင်းက
ထာဝရပဲ

" တောင်းမှာအကွပ် "
=============
အသိပညာရှိသောသူ၊ ဆုံးမထိုက်သောသူ၊ ဆုံးမရန်
ဝတ္တရားရှိသောသူတွေကိုက
ပစ်ပယ်လိုက်ပြီဆိုရင်တော့
အဲ့ဒီကောင်ဘဝ သေပြီလို့မှတ်လိုက်တော့.

"စာနာမှု"
=======
"ကိုယ့်အတွက်ချည်းပဲ မကြည့်ဘဲ သူများအတွက်လည်း
ကြည့်ပေးနိုင်တာကလည်း
ယဉ်ကျေးမှုပဲ"

"ရိုးသားပါ "
========
ကိုယ်မရသင့်တာကို မယူချင်ပါနဲ့..
ကိုယ်မရသင့်တာကို ယူလိုက်မိရင်
ကိုယ်မလိုချင်တာတွေကိုပါ လက်ခံရတတ်တယ်

" လူမိုက်နှင့် လူလိမ္မာ "
===============
လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို
ယူတတ်ကြတယ်
လူမိုက်တို့သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရကြတယ်
ပို၍ မိုက်မဲသောသူတို့ကား
ကိုယ်တိုင် မှားပါလျက် နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်တဲ့

"ရင်ဆိုင်ပါယှဉ်ပြိုင်ပါ "
==============
တညည်းညည်း တညူညူနဲ့
"ငါတော့ ကံဆိုးတာပဲလို့
အောက်မေ့နေရင်
အဲဒီလူ တစ်ကယ်ကံဆိုးသွားပြီလို့သာ
အောက်မေ့ပေတော့..
လောကကြီးမှာ ရှုံးလို့ထွက်ပြေးရင်
တစ်သက်လုံးပြေးပေတော့..
အောင်မြင်မှု ဘယ်တော့မှ မရဘူး..
ထွက်ပြေးတဲ့ကောင် ဘယ်တော့မှနိုင်ရိုးမရှိဘူး..
ရင်ဆိုင်နိုင်တဲ့ကောင်မှ နိုင်တာ..။..........................&..............:.........

( ဆရာကြီး ဦးအောင်သင်း၏ ဒဿနများ )

Credit to original post

ပညာ ဘယ်လောက်တတ်တတ် အသိတရားမရှိရင်အလကားပဲ...
23/08/2023

ပညာ ဘယ်လောက်တတ်တတ် အသိတရားမရှိရင်အလကားပဲ...

လူတစ်ယောက်ရဲ့ တန်ဖိုးကဘဝအတက်အကျ အနိမ့်အမြင့်နဲ့ မဆိုင်ပါဘူး ။စိတ်ဓာတ်နဲ့ပဲ ဆိုင်တာပါ ။စိတ်ဓာတ်ကောင်းရင်ရှင်သန်ခဲ့ရတဲ့ ဘဝ...
22/08/2023

လူတစ်ယောက်ရဲ့ တန်ဖိုးက
ဘဝအတက်အကျ အနိမ့်အမြင့်နဲ့ မဆိုင်ပါဘူး ။

စိတ်ဓာတ်နဲ့ပဲ ဆိုင်တာပါ ။

စိတ်ဓာတ်ကောင်းရင်
ရှင်သန်ခဲ့ရတဲ့ ဘဝတစ်လျှောက်လုံးက
တန်ဖိုးအရှိဆုံးဖြစ်နေမှာပါ ။

Crd
#မနောသီရိ

22/08/2023

.

Address

Ah Kyaw Tar Road
Danubyu

Website

Alerts

Be the first to know and let us send you an email when Nwe Lay Thu Page posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category