25/10/2023
Billions of years in the city 18
အခန်း(၁၈)
“လွန်ခဲ့တဲ့တစ်နှစ် NTU ကို ငါရောက်လာခဲ့တုန်းက NTUရဲ့ ရှေးဟောင်းသိုင်းပညာကလပ်စ်ဆိုတာကို ငါတစ်ယောက်တည်းနဲ့ ယှဥ◌်ပြိုင်ခဲ့တယ်……ဒါပေမယ့် ရှေးဟောင်းသိုင်းပညာကလပ်စ်က လူတွေတစ်ယောက်မှ ငါ့ကို မယှဥ◌်နိုင်ခဲ့ဘူး……တစ်နှစ်လည်း ကြာသွားပြီ့ ဖြစ်သလို ရှေးဟောင်းသိုင်းပညာကလပ်စ်ဆိုတာလည်း မရှိတော့ဘူး………ချန်ကျန်း…..မင်းက စုချန်းရဲ့ ဘော်ဒီဂတ်တစ်ယောက်ပဲ….တိုက်ခိုက်ရေးပညာကို မင်းသိမှာပေါ့…….မင်းမတောင်းပန်ဘူးဆိုမှတော့ မင်းကို အခွင့်အရေးတစ်ခု ငါပေးမယ်……..သိုင်’ပြိုင်ကွင်းထဲကို ၀◌င်ပြီး ငါနဲ့ ချရဲလား”
ကင်အန်းဝူက ချန်ကျန်းအား အေးစက်၍ မောက်မာသော မျက်နှာထားဖြင့် ကြည့်သည်။
“အမှိုက်……စိန်ခေါ်တာကို လက်ခံရဲလားကွ”
ဆံဝါနှင့် လူငယ်က ကြုံး၀◌ါးသည်။
“စိန်ခေါ်မှုလား…….”
ချန်ကျန်းက ကင်အန်းဝူကို အလေးအနက် ကြည့်လိုက်သည်။
“မင်းငါ့ကို စိန်ခေါ်ချင်တာ သေချာရဲ့လား…….ငါသိတာတွေအားလုံးက လက်တွေ့ပညာရပ်တွေပဲ…….ငါမင်းကို မတော်တဆ သတ်မိသွားရင် လူသတ်မှုနဲ့ ပြစ်မှု မမြောက်သွားနိုင်ဘူးလား”
“မောက်မာလိုက်တာ…..မင်းလို ဘော်ဒီဂတ်တစ်ယောက်က ဘယ်လောက်တောင် သန်မာနိုင်မှာ မလို့လဲ…….ငါတို့အန်းဝူက တက္ကသိုလ်တွေ အုပ်စုလိုက်မှာ တိုက်ကွမ်ဒို ပထမဆု ရယူခဲ့ဖူးတယ်……..မင်းလို အဆင့်အတန်းနိမ့်တဲ့ ဘော်ဒီဂတ်တစ်ယောက်ကများ”
ဆံဝါနှင့် လူငယ်က ချန်ကျန်းအား လှောင်သည်။
“ချန်ကျန်း……ယောက်ျားဆိုရင် ငါစိန်ခေါ်တာကို လက်ခံလိုက်”
ကင်အန်းဝူက ချန်ကျန်းအား ကြည့်လိုက်သည်။
ဘော်ဒီဂတ်တစ်ယောက်လောက်ကို သူဂရုမစိုက်ပါချေ။ ဒါ့အပြင် သူ၏ တိုက်ခိုက်ရေးပညာက တိုက်ကွမ်ဒိုလိုမျိုး မရိုးရှင်းလှပေ။ ချန်ကျန်းအား သုံးကွက်အတွင်း အမှောက်သိပ်နိုင်မည်ဟု သူယုံကြည်မှု ရှိသည်။ ဒါ့အပြင် သူ၏ အာရုံစိုက်မှုက ချန်ကျန်း မဟုတ်ဘဲ အန်ကျင်း ဖြစ်သည်။ NTU သို့ သူရောက်လာပြီး အန်ကျင်းအား ပထမဆုံး မြင်ဖူးသည့် အချိန်ကပင် ဤတရုတ်အလှမယ်လေးအား မရရအောင် သိမ်းပိုက်မည်ဟု သူဆုံးဖြတ်ချက် ချခဲ့သည်။ ဒီနေ့က အခွင့်အရေးတစ်ခုဆိုတာ သံသယ၀င်စရာ မလိုပါချေ။
သူမဘေးရှိ ယောကျာ်းက သူနဲ့ ယှဥ◌်လျှင် အမှိုက်သာ ဖြစ်ပြီ့း သူကသာ တကယ့်ယောကျာ်းကြောင်း အန်ကျင်း နားလည်သွားစေရမည်။ သူ့လိုမျိုး ယောကျာ်းတစ်ယောက်ကသာ အန်ကျင်းအား ပိုင်ဆိုင်ရယူဖို့ အရည်အချင်း ရှိပေသည်။
“ဒီခေတ် လူငယ်တွေဟာ သူတို့ကိုယ်သူတို့ အရမ်းအရှက်ခွဲချင်ကြတာပဲလား……”
ချန်ကျင်းက အရေးမစိုက်စွာဖြင့် ပြောလိုက်သည်။
“လာစမ်းပါ…..”
ကင်အန်းဝူက မထူးခြားနား ပြန်ဖြေပြီး နောက်လှည့်ကာ ရှေ့မှဦးဆောင်သည်။
“ချန်ကျန်း……မောက်မာလိုက်တဲ့ ဘော်ဒီဂတ်….ခဏနေမှ မင်းဘယ်လောက် အစွမ်းထက်လဲ ကြည့်ကြသေးတာပေါ့…..မင်းက ဘက်စကတ်ဘောပညာမှာ ဆရာတစ်ဆူဖြစ်ပေမယ့် သိုင်းပြိုင်ကွင်းပေါ်မှာတော့ ဟာသတစ်ခုပဲ”
ဆံဝါနှင့် လူငယ်က ချန်ကျန်းအား ခက်ထန်စွာ ကြည့်သည်။ ဒီတစ်ခါတော့ သူ၏တရုတ်သံ အနည်းငယ် ရှင်းလင်းလာ၏။
“ဟမ့်…….တရုတ်ရှေးဟောင်းသိုင်းလောကရဲ့ စည်းမျဉ်းတွေကြောင့်သာ မဟုတ်ဘူးဆိုလိုလို့ကတော့”
အန်ကျင်းက လေသံတိုးတိုးဖြင့် ပြောသည်။
ထိုစည်မျဉ်းများကြောင့်သာ မဟုတ်ဘူးဆိုလျှင် သူမအနေဖြင့် လှုပ်ရှားပြီးနေလေပြီ။
“ဘာစည်းမျဉ်းတွေလဲ”
ချန်းကျန်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။
“သာမန်လူတွေကို ကိုယ်ကစပြီး သိုင်းပညာနဲ့ အနိုင်ကျင့်လို့ မရဘူး”
အန်ကျင်းက အသံထပ်တိုး၍ ချန်းကျန်း၏ နားဘေးသို့ကပ်ကာ ပြောလိုက်သည်။ ထိုအပြုအမူမှာ အပြင်လူများ၏ အမြင်၌ သူမသည် ချန်ကျန်းအား နမ်းနေသည့် ပုံစံပေါက်နေလေသည်။ ယင်းက ကြည့်နေကြသော ကျောင်းသားထုကြီး၏ အသည်းအား ကွဲသွားစေလေသည်။
NTU၏ ကျော်ကြားသော ရေခဲတုံးပရောဖက်ဆာက စုချန်း၏ ဘော်ဒီဂတ်ဖြစ်သူနှင့် ချစ်ကြိုက်နေသည်လော………။
“ပွဲကောင်းတော့ ကြည့်ရတော့မယ်ဟေ့”
“သုံးမှတ်ဘောဘုရင် ချန်ကျန်း VS တိုက်ကွမ်ဒိုမာစတာ ကင်အန်းဝူ”
“မှားတယ်…… စုချန်းရဲ့ ဘော်ဒီဂတ် ချန်ကျန်းကွ…..ဘက်စကတ်ဘောက တခါတလေပဲ ကစားတာ”
“အဲ့ဒီကောင် ကင်အန်းဝူက နည်းနည်းတော့ စွမ်းတယ်ကွ……အရင်တစ်ခါတုန်းက ရှေးဟောင်းသိုင်းကလပ်စ်ကို တစ်ယောက်တည်းနဲ့ ယှဉ်ပြိုင်ပြီးတော့ ကလပ်စ်ဥက္ကထကိုပါ ကျောင်းကနေ ထွက်သွားရတဲ့အထိ ရိုက်နှက်ပစ်ခဲ့တယ်…..ဒီတစ်နှစ်အတွင်းမှာလဲ NTU မှာရှိတဲ့ တခြားတိုက်ခိုက်ရေးကလပ်စ်တွေအားလုံး ကင်အန်းဝူရဲ့ တိုက်ကွမ်ဒိုကလပ်စ် ဖိနှိပ်တာကို ခံနေရတယ်”
“ဘော်ဒီဂတ်…….ချန်ကျန်းက ကင်အန်းဝူကို အနိုင်ယူပစ်ဖို့ ငါမျှော်လင့်တယ်……ဒါပေမယ့် လွယ်မှာတော့ မဟုတ်ဘူး……ချန်ကျန်းအနေနဲ့ တကယ့် ရှေးဟောင်းသိုင်းပညာကို သိမှပဲ ရမယ်…..”
ဘေးမှ ကြည့်နေကြသူများက တီးတိုးတီးတိုးဖြင့် ဝေဖန်နေကြပြီး ချန်ကျန်းတို့နောက်မှ လိုက်လာကြသည်။ သူတို့အနေနဲ့ ပြပွဲကောင်းတစ်ခုကို လက်လွှတ်ခံမှာ မဟုတ်ပေ။ ပရော်ဖက်ဆာအန်း၊ ကျောင်းပန်းပွင့်လေး စုချန်း တို့ကို မဆိုဘိနှင့်ဦး၊ ချန်ကျန်းကိုယ်တိုင်က ဆယ်လီတစ်ဦး ဖြစ်လေသည်။ မကြာသေးမီက ချန်ကျန်း ဘက်စကတ်ဘော ကစားခဲ့သော ဗွီဒီယိုသည် အင်တာနက်ဗွီဒီယိုတို ကြည့်ရှုသူ စာရင်း၌ ထိပ်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
ဆယ်မိနစ်ကြာပြီးနောက်
NTU တိုက်ကွမ်ဒိုကလပ်စ်……
ချန်ကျန်းက ဘဘ်ဘက်တွင်နေပြီး ကင်အန်းဝူက ညာဘက်တွင် ရှိကာ ဘေးနှစ်ဖက်လုံးတွင်တော့ ပွဲကြည့်ပရိတ်သတ်များ ရှိနေကြသည်။ လာကြည့်သူအများစုမှာ ကျောင်းသားများ ဖြစ်ကြ၏။
ကင်အန်းဝူသည် တိုက်ကွမ်ဒို ယူနီဖောင်းတစ်ခုအား လဲဝတ်ထားပြီ ဖြစ်ကာ လေးနက်သော မျက်နှာထားဖြင့် ရပ်နေသည်။ ချန်ကျန်းအား မထူးခြားနားစွာဖြင့် စိုက်ကြည့်နေပြီး ထိုအကြည့်တွင် မောက်မာမှုတို့ဖြင့် ပြည့်နှက်လျက် ရှိ၏။
“အမှိုက်…….တစ်မိနစ်ကြာပြီးတာနဲ့ မြေကြီးပေါ် လဲပြီး ထနိုင်မှာတောင် မဟုတ်ဘူး”
ဆံဝါနှင့် လူငယ်သည် ပြိုင်ကွင်းအပြင်ဘက်မှ ရပ်၍ လှမ်းအော်နေသည်မှာ အမွေးဝါမျောက်တစ်ကောင် အလားပင်။
“မင်းသွေးပူလေ့ကျင့်ခန်း အရင်လုပ်လို့ရတယ်……ငါမင်းကို သွေးပူလေ့ကျင့်ခန်း လုပ်ဖို့ အချိန်ပေးမယ်”
ကင်အန်းဝူက အေးစက်စွာဖြင့် ပြောသည်။
“မင်းက ငါ့ကို သွေးပူလေ့ကျင့်ခန်းလုပ်ဖို့ အချိန်ပေးတယ်……..ဒါဆို ငါကလည်း မင်းကို တိုက်ခိုက်ဖို့ အချိန်ငါးမိနစ်ပေးတာပေါ့……ငါမိနစ်အတွင်း ငါ့ကို စိတ်ကြိုက် တိုက်ခိုက်လို့ရတယ်,,,,,,ငါဘာမှ ပြန်လုပ်မှာ မဟုတ်ဘူး”
ချန်ကျန်းက ကင်အန်းဝူအား ပြုံး၍ ပြောလိုက်၏။
“ဝိုး….”
“မိုက်တယ်ဟေ့….”
“အရမ်း ရူးသွပ်တာပဲ”
ပွဲကြည့်ပရိတ်သတ်များ ဝေါခနဲ ပွဲကျသွားကြသည်။
ကင်အန်းဝူကို တိုက်ခိုက်ရန် ငါးမိနစ် အချိန်ပေးပြီး ငါးမိနစ်အတွင်း ပြန်မတိုက်ဘူးတဲ့လား…….။ ချန်ကျန်းအနေဖြင့် အနည်းငယ် ပေါ့ဆလွန်းလှသည်။ ကင်အန်းဝူက တကယ်စွမ်းတာ ဖြစ်သည်။ ယမန်နှစ်၏ ကျောင်းပေါင်းစုံ ပြိုင်ပွဲတွင် သူဟာ သစ်သားပြားအထူကြီးများကိုပင် ကန်ချိုးပြခဲ့တာ ဖြစ်သည်။
ချန်ကျန်းက ယုံကြည်မှု လွန်ကဲနေသည်လား……။
“ဟဟ…..ချန်ကျန်း……မင်းတော့ ကြောက်နေပြီ….လုံးဝကြောက်နေပြီ……အကြောက်လွန်ပြီး ပြောချင်ရာ လျှောက်ပြောနေတာပဲကွ…..ဟဟဟဟ”
ပြိုင်ကွင်းအပြင်ဘက်တွင် ရှိသော ဆံဝါနှင့်လူက ထအော်ပြန်သည်။ ချန်ကျန်းက ကင်အန်းဝူကို ကြောက်ပြီး ပေါက်ကရများ ပြောနေခြင်း ဖြစ်သည်ဟု သူထင်နေခြင်း ဖြစ်လေသည်။
“ချန်ကျန်း……မင်းတော့ တကယ် ရူးနေပြီပဲ……ဒါပေမယ့် ငါက ညှာနေမှာ မဟုတ်ဘူး…..မင်းက ငါ့ကို တိုက်ဖို့ ငါးမိနစ် အချိန်ပေးတယ်……ဒီငါးမိနစ်အတွင်း မင်းဘယ်လို ရှင်သန်မလဲ ကြည့်ကြသေးတာပေါ့……..တိုက်ကွမ်ဒိုရဲ့အစွမ်း ငါမင်းကို ပြမယ်……..တိုက်ကွမ်ဒိုက ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံးနဲ့ အဆင့်အမြင့်ဆုံး ပညာရပ်ပဲကွ……ချန်ကျန်း……မင်းက ရှုံးနှင့်နေပြီးသားလူပဲ”
ကင်အန်းဝူက မထူးခြားနားစွာဖြင့် ပြောဆိုပြီး စကားသံဆုံးသည်နှင့် တိုက်ခိုက်မှုအား စတင်လိုက်သည်။
ပထမဆုံးအနေနဲ့ ခြေပျံကန်ချက်တစ်ချက်အား အသုံးပြုလိုက်သည်။
“ငါးမိနစ် ကောင့်ဒေါင်းစပြီ…..”
သို့သော်လည်း ကင်အန်းဝူအား ကန်ချက်အား ရင်ဆိုင်ရသည့်အခါ ချန်ကျန်းက အသာပင် ပြုံးလိုက်သည်။ ခန္တာကိုယ်အား ဘေးသို့ အနည်းငယ် တိမ်းစောင်းလိုက်ရာ ကင်အန်းဝူတစ်ယောက် လေကိုသာ ကန်မိသွား၏။
“ဟင်…..ဟာ….”
“ရှောင်လိုက်တာာလားဟ….”
“ချန်ကျန်းကလဲ မခေဘူး ထင်တယ်…….”
ကြည့်နေကြသူများထံမှ အာမေဋိတ်သံများ ထွက်လာသည်။
သူတို့၏အမြင်တွင် ကင်အန်းဝူ၏ ထိုကန်ချက်သည် ကွန်ဖူးဇာတ်ကားထဲမှ ကွန်ဖူးပညာရှင် အများစုထက်ပိုပြီး သန်မာသည်။ ကန်ချက်က အလွန်ပြင်းထန်လှ၏။ လူကိုသာကန်မိပါက နံရိုးများ ကျိုးသွားမည်မှာ ကျိန်းသေပင်။
အစောပိုင်းကဆိုလျှင် ချန်ကျန်းအစား ချွေးပင် သူတို့ ကျမိ၏။ သို့သော် ချန်ကျန်းကတော့ အသာတိမ်းစောင်းရုံဖြင့် ရှောင်တိမ်းခဲ့လေသည်။
ချန်ကျန်းမှာလဲ ခေပုံမရချေ။
“တိုက်ဆိုင်တာ……ဒါလုံးဝတိုက်ဆိုင်မှု တစ်ခုပဲ…..ချန်ကျန်း မင်းကံကောင်းလို့ ရှောင်လိုက်နိုင်တာပဲ…..”
ကွင်းပြင်တွင် ရှိသော ဆံဝါနှင့် လူငယ်လည်း ခဏတာမျှ ကြောင်အသွားသည်။ သိုသော် ချက်ချင်း အသိပြန်ဝင်လာပြီး အော်လိုက်ပြန်သည်။ တရုတ်ဘော်ဒီတစ်ယောက်က ထိုမျှ သန်မာလိမ့်မည်ဆိုတာကို သူမယုံပါချေ။ ယင်းက တိုက်ဆိုင်မှု တစ်ခုပဲ ဖြစ်ရပေမည်။
“အချိန် မရှိတော့ဘူးနော်”
ချန်ကျန်းက ဆံဝါနှင့် လူငယ်ကို လျစ်လျူရှုထားပြီး မျက်နှာတည်သွားသော ကင်အန်းဝူကို အပြုံးတစ်ခုဖြင့် သတိပေးလိုက်သည်။
“နောက်တစ်ကွက်ဆို မင်းကိုအနိုင်ယူဖို့ လုံလောက်ပြီ”
ကင်အန်းဝူက အေးစက်စွာပြောပြီး ရုတ်တရက် လှုပ်ရှားလိုက်သည်။ ချန်ကျန်း၏ အရှေ့သို့ လျှပ်တပြက် ပြေးဝင်လာပြီး ချန်ကျန်း၏ နှလုံးရှိရာကို ဖြောင့်လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
လူအများစုဆို တုံ့ပြန်နိုင်လိမ့်မည် မဟုတ်ပါ။ သို့သော် ချန်ကျန်းကတော့ ခြေထောက်ကိုသာ အသာရွှေ့လိုက်ပြီး ကင်အန်းဝူ၏ တိုက်ကွက် ကျရှုံးသွားရသည်။
“ဘယ်လိုတောင်လား”
“သိပ်မြန်တာပဲ”
“ဘယ်လိုလုပ်ပြီး ချန်ကျန်းက အရမ်းမြန်မြန် လှုပ်ရှားနိုင်ရတာလဲ”
ပွဲကြည့်ပရိတ်သတ်များ အော်ဟစ်လိုက်ကြပြန်သည်။
ဘာတွေဖြစ်နေလဲဆိုတာကို သူတို့ မမြင်ရပါချေ။ ချန်ကျန်းအနည်းငယ် လှုပ်ရှားလိုက်သည်ဟုသာ သူတို့ ခံစားရပြီး ကင်အန်းဝူ၏ တိုက်ခိုက်မှဒ လွဲချော်သွားခဲ့သည်။
“အန်းဝူ…..မင်း……”
ပြိုင်ကွင်းအပြင်ဘက်တွင် ရှိသော ဆံဝါလူငယ်၏ မျက်ခုံးကြောများလဲ ကျုံ့သွားသည်။ ကင်အန်းဝူက အလျှော့ပေးနေခဲ့တာဟု သူထင်နေခြင်းခြင်း ဖြစ်သည်။
သို့သော်လည်း ကင်အန်းဝူက သူ့အား ပြန်မဖြေပါချေ။ လျင်မြန်စွာဖြင့် ဟန်ချက်အား ပြန်ထိန်းလိုက်သည်။ သုံးစက္ကန့်မပြည့်ခင်မှာပင် ချန်ကျန်းအား နောက်တစ်ကြိမ် ကန်ကျောက်လိုက်ပြန်သည်။
“၀ှစ်….၀ှစ်”
လေထုအား ဖြိုခွင်းသံ ထွက်လာသည်။
သို့သော် ကင်အန်းဝူ၏ တိုက်ကွက် လွဲချော်သွားရပြန်သည်။
ထပ်မံ၍ တိုက်ခိုက်ပြန်သည်။
သို့သော်လည်း အချည်းနှီးသာပင်။
ဆက်၍ တိုက်ခိုက်သည်။
အရာမထင်ပါ။
ကြည့်နေကြသူများ၏ အမြင်၌ ကင်အန်းဝူတစ်ယောက် သည်းသည်းမည်းမည်း တိုက်ခိုက်နေပြီး တစ်ကွက်ပြီး တစ်ကွက် လွဲချော်နေသည်။ ချန်ကျန်းကမူ ကင်အန်းဝူ၏ တိုက်ကွက်များကို အပန်းဖြေ လမ်းလျှောက်နေသကဲ့သို့ အေးဆေးစွာဖြင့် ရှောင်တိမ်းနေလေသည်။
အစမှနေ အဆုံးထိ ချန်ကျန်းက ကင်အန်းဝူကို မျောက်တစ်ကောင်အား စနောက်နေသကဲ့သို့ ဆော့ကစားနေဟန် ရလေသည်။
“၀ှစ်…၀ှစ်”
ကင်အန်းဝူ၏ ကန်ချက် လွဲချော်သွားပြန်သည်။ ဤတစ်ကြိမ်တော့ သူဆက်ပြီး မတိုက်ခိုက်တော့ပါချေ။ သူက စူပါမန်းမှ မဟုတ်လေပဲ။
“ဒါဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…..ငါ့ရဲ့တိုက်ခိုက်မှု ဒီလောက်မြန်နေတာ ဘယ်လိုလုပ်ပြီး မင်းရှောင်နိုင်ရတာလဲ”
ကင်အန်းဝူက ချန်ကျန်းကို အလွန်တည်ကြည် လေးနက်စွာဖြင့် ကြည့်နေပြီး သူ၏လေသံမှာလဲ စိတ်ပျက် အားငယ်နေလေသည်။
“မြန်တယ်…..မင်းရဲ့တိုက်ခိုက်မှုက ကျည်ဆံထက်ပိုပြီး မြန်လို့လား…….”
ချန်ကျန်းက ကင်အန်းဝူကို ပြန်မေးလိုက်သည်။
ကင်အန်းဝူ ခဏမျှ ကြောင်အသွားသည်။ ထို့နောက် သူအငိုက်ဖမ်းပြီး ကျယ်လောင်စွာ အော်ဟစ်၍ ချန်ကျန်းအား ခြေပျံကန်ချက်ဖြင့် တိုက်ခိုက်လိုက်၏။
“ဘုန်း…….”
ကင်အန်းဝူ၏ ကန်ချက် ချန်ကျန်းအား ထိတွေ့ဖို့ စင်တီမီတာနှစ်ဆယ်ခန့် အကွာအဝေးသို့ ရောက်သောအခါ ချန်ကျန်းက ညာခြေကို မြှောက်ပြီး ကင်အန်းဝူအား ရုတ်တရက် ကန်ကျောက်လိုက်သည်။ ဘန်းခနဲ အသံကိုသာ ကြားလိုက်ရပြီး ကင်အန်းဝူ လွင့်ပျံသွားကာ ပြိုင်ကွင်းအပြင်၌ ရှိနေသော ဆံဝါနှင့် လူငယ်ကို သွားတိုက်မိလေသည်။
“အု…..”
ဆံဝါနှင့် လူငယ်မှာ မြေကြီးပေါ်သို့ အဖိခံလိုက်ရပြီး နာကျင်စွာဖြင့် ညည်းညူလိုက်သည်။
ပွဲကြည့်ပရိတ်သတ်များမှာတော့ ထိုအခိုက်တွင် အားလုံး ကြောင်အနေကြ၏။ ရုပ်ထုများလို မလှုပ်မယှက် ဖြစ်နေပြီး ပြောစရာ မဲ့နေကြသည်။ အော်ဟစ်ဝေဖန်ဖို့ကိုပင် မေ့လျော့နေကြလေသည်။
ချန်ကျန်း၏ ကန်ချက်က ကင်အန်းဝူကို တစ်ကွက်တည်းဖြင့် အမှောက်သိပ်သွားခဲ့သည်။
“စိတ်မကောင်းပါဘူး…….ငါးမိနစ်က ပြည့်သွားပြီလေ”
ချန်ကျန်းက ပြိုင်ကွင်းအပြင်၌ ဆံဝါနှင့် လူငယ်အား ဖိကာ လဲလျောင်းနေသည့် ကင်အန်းဝူကို ကြည့်ပြီး ပြုံးလိုက်သည်။ ထို့နောက် အန်ကျင်းနှင့် စုချန်းတို့ ရှိရာဆီသို့ သွားကာ မိန်းကလေးနှစ်ဦးနှင့်အတူ အပြင်သို့ လျှောက်ထွက်သွားတော့သည်။
“ခဏနပေါဦး”
ဆံဝါလူငယ်၏ ကိုယ်ပေါ်ရှိ ကင်အန်းဝူက ရုတ်တရက် ခေါင်းထောင်လာပြီး ဖြူဖတ်ရော် မျက်နှာနှင့် ရင်ဘတ်အား ဖိကာ ချန်ကျန်း၏ ကျောကိုကြည့်၍ လှမ်းအော်လိုက်သည်။
“အဟွတ်……ချန်ကျန်း…..ငါ့ရဲ့ တိုက်ခိုက်ရေးပညာက မင်းရဲ့အမြင်မှာ ဘယ်လိုရှိလဲ”
“အနံ့ဆိုးငါးနဲ့ ဂဏန်းပုတ် အဆင့်”
ချန်ကျန်းမှာ တံခါးဝ၌ ရောက်နေပြီ ဖြစ်ကာ နောက်ပင် လှည့်မကြည့်ဘဲ ပြန်ဖြေသည်။
“အနံ့ဆိုးငါးနဲ့ ဂဏန်းပုတ်အဆင့်…..”
ကင်အန်းဝူက ချန်ကျန်း၏ ကျောကိုကြည့်ပြီး အတော်ကြာ စဉ်းစားလိုက်သည်။ ရေရွတ်နေရင်းမှာပင် ပါးစပ်မှ သွေးအပြည့် အန်သွားရပြီး တုန်တုန်ရီရီနှင့် မြေကြီးပေါ်မှ ထလိုက်သည်။ သို့သော် မရပ်နိုင်ဘဲ ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲ ပြန်လဲကျသွားလေသည်။
ထိုအခိုက်တွင် ကင်အန်းဝူ၏ အမူအရာ ကြီးမားစွာ ပြောင်းလဲသွားပြီး သူ့မျက်စိများတွင် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေသည်။ ကြမ်းပြင်ပေါ်မှ ထဖို့ သူကြိုးစားလိုက်ပြန်သည်။ သို့သော် ထရပ်ဖို့ သူ့မှာ ဘာခွန်အားမှ မရှိတော့ကြောင်း တွေ့လိုက်ရ၏။ သူ့တကိုယ်လုံးရှိ အရိုးများအားလုံး ကျိုးပြတ်သွားပုံရလေသည်။ ။