Suzy2004

Suzy2004 အပျော်ပါ

22/11/2023

Gpမာတော့၂၂၀ကေျာ်ထိရေးထားပါတယ်နော်ဒီမာတော့ဆက်မတင်ဖြစ်လို့ပါ

07/11/2023

Paidမာတော့၁၅၀ကေျာ်ထိရောက်ပါပြိီ

27/10/2023

အရင်တင်တဲ့သူLinkပါ 95ထိတော့သူတင်ထားပါတယ် 96ကနေစပြီးဘာသာပြန်ပေးမာပါ Fb မာတော့မတင်တော့ပဲ Gpမာပဲသီးသန့်ပဲတင်ပေးပါတော့မယ်

https://www.facebook.com/profile.php?id=100063584896271

ကျိုက်ထီးရိုး၊ ချောင်းသာ၊ ငွေဆောင် ခရီးစဉ်များကို Hotel package နှင့် ကားလက်မှတ် စီစဉ်ပေးပါသည်။

25/10/2023

Billions of years in the city 19
အပိုင်း(၁၉)
အန်ကျင်းဒေါသထွက်သွားခြင်း

“အန်းဝူ…..အန်းဝူ…..မင်းအဆင်ပြေရဲ့လား”

ဆံဝါနှင့်လူငယ်က ကင်အန်းဝူအား လှုပ်နှိုးလိုက်သည်။

“ငါ….ငါ အသုံးမဝင်တော့ဘူး”

ကင်အန်းဝူက ကြမ်းပြင်ပေါ်တွင် အသက်မဲ့သောသော မျက်နှာထားဖြင့် ဒူးထောက်နေသည်။

“ဘာဖြစ်တယ်……သုံးစားမရတော့ဘူး,,,,ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ……တိုင်ကြားမယ်……တိုင်ကြားရမယ်…….အဲ့ဒီဘော်ဒီဂတ်က မင်းကို ထိခိုက်အောင် လုပ်ရဲတယ်…..သူ့ကို ကျောင်းကနေ ထုတ်ပစ်ခိုင်းရမယ်”

ဆံဝါနှင့်လူငယ်က အော်ဟစ်လိုက်သည်။

“ဘာလဲဟ”
“ချန်ကျန်းကို ကျောင်းထုတ်မယ်……ချန်ကျန်းက NTU ရဲ့ ကျောင်းသားတစ်ယောက် မဟုတ်ဘူးမလား……သူ့ကို ဘယ်လိုလုပ် ကျောင်းထုတ်လို့ ရမှာလဲ…….သူက စုချန်းရဲ့ ဘော်ဒီဂတ်တစ်ယောက်ပဲ…..NTU တက္ကသိုလ်နဲ့ ဘာမှ မဆိုင်ဘူးလေ…….အဲ့ဒီဆံဝါနှင့်ကောင်က တကယ် စိတ်မနှံ့ဘူးပဲ”

“ကိစ္စမရှိပါဘူးလေ……မကြာခင် ကျောင်းရဲ့ အွန်လိုင်းဖိုရမ်ပေါ်မှာ သတင်းတွေ တက်လာတော့မှာပဲ…….သုံးမှတ်ဘောဘုရင်က ကိုးရီးယားနိုင်ငံသား တိုက်ကွမ်ဒိုမာစတာ ကင်အန်းဝူကို တစ်ချက်တည်းနဲ့ အမှောက်သိပ်ပစ်တယ် ဆိုပြီး ငါတို့ တရုတ်သိုင်းပညာကို ချီးကျူးနေကြတော့မှာပဲ”

“ရှူး……တိတ်တိတ်နေစမ်း အဲ့ဒီကိုးရီးယားကကောင်တွေ မင်းပြောတာ ကြားသွားဦးမယ်”

“ချန်ကျန်းက တကယ်သန်မာတာပဲ……သူ့ကို ဆရာအဖြစ် ငါကိုးကွယ်ချင်မိတယ်…..သူက သေချာပေါက် ရှေးဟောင်းသိုင်းပညာရှင်တစ်ယောက်ပဲ ဖြစ်ရမယ်”

ပွဲကြည့်သူများမှာ ထိုအခိုက်တွင် အသိပြန်ဝင်လာကြပြီး ဖြစ်ကြသည်။ သူတို့အားလုံး ကြမ်းပြင်ပေါ်၌ ဒူးထောက်နေသည့် ကင်အန်းဝူကို ရန်လိုသော အကြည့်များဖြင့် ကြည့်နေကြသည်။ ဒီကောင်သည် ယမန်နှစ်က NTU ၏ ရှေးဟောင်းသိုင်းပညာကလပ်စ်ကို တစ်ယောက်တည်း ယှဉ်ပြိုင်ခဲ့ပြီး ကလပ်စ်ဥက္ကကိုပါ ကျောင်းမှ ထွက်သွားရသည်အထိ ထိုးနှက်ပစ်ခဲ့သည်။ ဒီနေ့က သူ့အတွက် ဝဋ်လည်သောနေ့ပဲ ဖြစ်ပေသည်။

ကျောင်းသားအများစုသည် အစောပိုင်းမှ တိုက်ပွဲမြင်ကွင်းကို ဖုန်းများဖြင့် ဓာတ်ပုံဗွီဒီယိုများ ရိုက်ခဲ့ကြပြီး ဖြစ်ကာ ကျောင်း၏ အွန်လင်းဖိုရမ်နှင့် အငါတာနက်ပေါ်သို့ တင်ရန် အသင့်ပဲ ဖြစ်သည်။ ထိုနည်းဖြင့် သူတို့ ကျော်ပင်ကျော်ကြားလာနိုင်လေသည်။

“ဟောက်ဆန်း……ငါ့ကို စီနီယာအစ်မ ယွင်မေဆီ ခေါ်သွားပေး”

ဆယ်မိနစ်မျှ တိတ်ဆိတ်နေပြီးနောက် ကင်အန်းဝူက ရုတ်တရက် ခေါင်းမော့ပြီး ဆံဝါနှင့် လူငယ်အား ကြည့်လိုက်သည်။

“အာ….ဟုတ်တယ်……မစ်ယွင်မေဆီ သွားကြမယ်……မစ်ယွင်မေက မင်းကို သေချာပေါက် လက်စားချေပေးမှာပဲ”

ဆံဝါနှင့်လူငယ်က လေးလံစွာ ခေါင်းညိမ့်ပြီး အခြားသော ကိုးရီးယား ကျောင်းသားများနှင့်အတူ ကင်အန်းဝူကို ထူပြီး ပွဲကြည့်ကျောင်းသားများ၏ အကြည့်အောက်မှ ရှက်ကိုးရှက်ကန်းဖြင့် ထွက်ခွားသွားကြလေသည်။

………………………

စာသင်ခန်းကြီးတစ်ခု…..
အန်ကျင်းသည် ပရော်ဖက်ရှင်နယ် ဝတ်စုံအား ဝတ်ထားပြီး စာသင်နေသည်။

ပုံမှန်အတိုင်းဆို သူမ၏ ယနေ့ဝတ်စုံက ကောင်လေးများ၏ အာရုံကို သေချာပေါက် ဖမ်းစားမှာပဲ ဖြစ်သည်။ အထူးသဖြင့် အနက်ရောင်ပိုးသား ဘောင်းဘီနှင့် ခြေထောက်ရှည်ရှည်ပင်။ သို့သော် အလွန်ထူးဆန်းလှသည်မှာ ဤအတန်းထဲရှိ ကောင်လေးများရော၊ ကောင်မလေးများပါ ချန်ကျန်းအား ခဏခဏ လှည့်ကြည့်နေကြ၏။

ယင်းက အန်ကျင်းအား အနည်းငယ် ဝေခွဲမရ ဖြစ်စေသည်။ ချန်ကျန်း၏ စွဲဆောင်မှုက တကယ်ပဲ ထိုမျှ ကောင်းပါ၏လော။

“ချန်ကျန်း……ငါ့ရဲ့ကျောင်းသားတွေက နင်ကို ကြည့်ရတာ သဘောကျကြတယ် ထင်တယ်……နင်အတန်းလာတက်ပါလား…….”

အန်ကျင်းက ဖတ်စာအုပ်အား ချ၍ သက်ပြင်းချကာ ချန်ကျန်းအား စိတ်မကြည်စွာြဖင့် ကြည့်လိုက်သည်။

“အစ်မအန်းက သဝန်တိုနေတာပဲ”

စုချန်းက ချန်ကျန်းအား တီးတိုးပြောလိုက်သည်။

“ဒုန်း…..ဒုန်း…….ဒုန်း……”

သို့သော် ထိုအခိုက်မှာပင် စာသင်ခန်းအပြင်မှ ရုတ်တရက် တံခါးခေါက်သံ ထွက်လာသည်။

“ဘယ်သူလဲ…..?”

အန်ကျင်း မျက်ခုံးကျုံ့လိုက်သည်။

စာသင်ခန်းထဲရှိ ကျောင်းသားများအားလုံးလည်း တံခါးပေါက်ရှိရာသို့ ကြည့်လိုက်ကြ၏။ ကျွီခနဲ မြည်သံနှင့်အတူ တံခါးပွင့်သွားပြီး သေသေသပ်သပ် ဝတ်ဆင်ထားသော ယောကျာ်းတစ်ယောက် ဝင်လာက သူ့နောက်မှလဲ လုံခြုံရေးနှစ်ယောက် လိုက်လာသည်။
“ပရော်ဖက်ဆာအန်ကျင်း…….နှောင့်ယှက်မိပါပြီဗျ”

ဝတ်စုံနှင့်လူက အခန်းထဲကို ဝေ့ဝိုက်တစ်ချက်ကြည့်ပြီး အန်ကျင်းဆီသို့ အကြည့်ရောက်သွားကာ လေးနက်စွာဖြင့် ပြောလိုက်သည်။

“ကျုပ်ဟာ ကျောင်းသားရေးရာရုံးခန်းက ကျန်းရှုပဲ……ကိုးရီးယားနိုင်ငံကျောင်းသားတွေဆီကနေ တိုင်စာတစ်ခု လက်ခံရရှိထားတယ်၊ စုချန်းရဲ့ ဘော်ဒီဂတ်ဖြစ်တဲ့ ချန်ကျန်းက တိုက်ကွမ်ဒိုအသင်းဥက္ကဌ ကင်အန်းဝူကို ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိအောင် ရိုက်နှက်ခဲ့တယ်တဲ့၊ ဒီအဖြစ်အပျက်က အင်တာနက်အပေါ် ပြန့်နှံ့နေပြီ ဖြစ်သလို ကျောင်းအပေါ်လဲ အလွန်ဆိုးရွားတဲ့ လွှမ်းမိုးမှု ဖြစ်လာနိုင်တယ်၊ ဒါကြောင့် ချန်ကျန်း ထွက်လာပြီး ကျုပ်တို့နဲ့ လိုက်ခဲ့မှ ဖြစ်မယ်၊ ချန်ကျန်းဆိုတာ ဘယ်သူလဲ၊ ကိုယ်တိုင်ထွက်လာပြီး ကင်အန်းဝူကို တောင်းပန်လှည့်စမ်း”

ဘယ်လို……………။

အနောက်တိုင်းဝတ်စုံ၊ လယ်သာဖိနပ်နှင့်လူက ထိုသို့ ဆိုလိုက်သည်နှင့် အခန်းထဲတွင် ရုတ်ရုတ်သဲသဲ တန်းဖြစ်သွားတော့သည်။

“တောင်းပန်ရမယ်လား…..”

ယင်းအား အန်ကျင်း ကြားသည့်အခါ သူမမျက်နှာ အေးစက်သွားပြီး ကျန်းရှုအား မထီမဲ့မြင် အမူအရာဖြင့် ကြည့်လိုက်သည်။

“ဘာလို့ တောင်းပန်ရမှာလဲ”
“ရန်စတာ ကင်အန်းဝူက အရင်ပဲ၊ ငါလည်း အဲ့ဒီနေရာမှာ ရှိနေခဲ့လို့ ကိစ္စတစ်ခုလုံးကို တွေ့မြင်ခဲ့တယ်၊ ကင်အန်းဝူနဲ့ သူ့လူတွေ အရင်ရန်စခဲ့တာကို၊ သူတို့စကေးနိမ့်ကျလို့ ခံရတာပဲ၊ ဘာလို့ ချန်ကျန်းက တောင်းပန်ရမှာလဲ”

“ဒါအမှန်ပဲ၊ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ကင်အန်းဝူလုပ်လို့ NTU ရဲ့ ရှေးဟောင်းသိုင်းပညာကလပ်စ် ပျက်စီးသွားရသလို ကလပ်စ်ဥက္ကလည်း ဒုက္ခိတ ဖြစ်သွားလို့ ကျောင်းထွက်လိုက်ရတယ်၊ အဲ့ဒီတုန်းကရော ကင်အန်းဝူ တောင်းပန်ခဲ့လို့လား”

“ဘက်လိုက်တာ သိသာလွန်းတယ်”

ကျောင်းသားများက တစ်ယောက်တစ်ပေါက် ဝေဖန်လိုက်ကြသည်။

“တိတ်စမ်း၊ မင်းတို့တွေ အမှတ်အလျှော့ခံချင်ကြလို့လား”

ကျန်းရှု ကြားသည့်အခါ သူ၏မျက်နှာ ပျက်ယွင်းသွားပြီး ဟောက်လိုက်သည်။

“ငါအမှားလုပ်မိရင် ငါလည်း တောင်းပန်မှာပဲ၊ ချန်ကျန်း အမှားလုပ်တယ် ဆိုရင် သူလဲ တောင်းပန်ရမယ်၊ နားလည်လား၊ ချန်ကျန်း၊ ကိုယ်တိုင် ထရပ်စမ်း၊ ဟမ်….. စုချန်းဘေးမှာ ထိုင်နေတာ ချန်ကျန်းမလား၊ ချန်ကျန်း ဒီကိုလာပြီး ငါတို့နဲ့ လိုက်ခဲ့”

ကျန်းရှု၏ အော်ရာက ကျောင်းသားများကို ဖိနှိပ်လိုက်ပြီး အတန်းထဲကို ဝေ့ဝိုက်ကြည့်ကာ စုချန်းဘေးမှာ ထိုင်နေသည့် ချန်ကျန်းကို တွေ့သွားသည်။

ကျောင်းသူတစ်ယောက် ခေါ်လာသော ဘော်ဒီဂတ်က ကင်အန်းဝူအား ဒဏ်ရာရအောင် လုပ်လိုက်သည်ကြောင့် သူအလွန် ဒေါသထွက်နေမိသည်။ တော်ရုံဒဏ်ရာမျိုး မဟုတ်သည့်အပြင် အင်တာနက်ပေါ်သို့လည်း ပြန့်နှံ့သွားသည်ဟု သိရသည်။ အရေးအကြီးဆုံးအချက်မှာ သူသည် မကြာသေးခင်က ကင်အန်းဝူ၏ နောက်ကွယ်မှ ကုမ္ပဏီနှင့် ဆက်သွယ်နေတာ ဖြစ်ပြီး စာချုပ်မှာပင် လက်မှတ်ထိုးရတော့မည် ဖြစ်၏။ ဒီလိုကိစ္စမျိုး ဖြစ်လာလိမ့်မည်ဟု သူမထင်ထားခဲ့ပါချေ။ သတင်းကြားကြားခြင်း ချန်ကျန်းရှိရာသို့ သူထွက်လာခဲ့ခြင်း ဖြစ်၏။

သူအခု လုပ်ဖို့လိုတာအားလုံးက ကင်အန်းဝူအား တောင်းပန်ဖို့ ချန်ကျန်းအား တွန်းအားပေးရမည်ပဲ ဖြစ်သည်။

“ဒါက ငါ့အတန်းပဲ၊ ထွက်သွားလို့မရဘူး”

အန်ကျင်းဆက်၍ နားမထောင်နိုင်တော့ဘဲ မထူးခြားနားစွာဖြင့် ပြောလိုက်သည်။

“အန်ကျင်း…..မင်းဘယ်သူဆိုတာကိုရော သတိရသေးရဲ့လား၊ မင်းဟာ NTU က ငှားရမ်းထားတဲ့ ပရော်ဖက်ဆာတစ်ယောက်ပဲ၊ မင်းအနေနဲ့ ကျောင်းဘက်က ရပ်တည်သင့်တယ်၊ ဒီချန်ကျန်း အပြင်လူတစ်ယောက်က ငါတို့ရဲ့ ကျောင်းသားတစ်ယောက်ကို ကျောင်းဝန်းအတွင်းထဲမှာပဲ ထိခိုက်အောင် လုပ်ပစ်ခဲ့တယ်၊ ဒါက ငါတို့ကျောင်းရဲ့ ဂုဏ်သတင်းကို အရမ်းထိခိုက်စေနိုင်တဲ့ ကိစ္စပဲ၊ ဒီလိုလူမျိုးကို မင်းကာကွယ်ပေးချင်သေးလို့လား၊ အန်ကျင်း မင်းလုပ်ချင်သလား”

ကျန်းရှုက အေးစက်စွာဖြင့် ခြိမ်းခြောက်သည်။

“သေလိုက်ပါလား……..ဒီဘွားဘွားက ဒီနေ့ ချန်ကျန်းကို ကာကွယ်နေတော့ရော ဘာဖြစ်လဲ၊ ပရော်ဖက်ဆာ အလုပ်တစ်ခုများ ငါဂရုစိုက်တယ် ထင်နေလား”

အန်ကျင်း ဒေါသထွက် ပေါက်ကွဲသွား၏။

သေစမ်း……
မိုက်လိုက်တာ….
အရမ်း ပိုင်စိုးပိုင်နင်း နိုင်တာပဲ….
မိုက်တယ်ဟေ့………….။

အတန်းထဲရှိ ကျောင်းသားများ အတော်ကြာ ဆွံ့အသွားကြသည်။ ရေခဲတုံးပရော်ဖက်ဆာတစ်ယောက် ဒေါသထွက် ပေါက်ကွဲတာ ဒါက ပထမဆုံးအကြိမ်ပဲ ဖြစ်သည်။ အလွန်ပင် ပိုင်စိုးပိုင်နင်း နိုင်လှပြီး ယမ်းမှုန့်ထက်ပင် ပို၍ အားကောင်းလှသည်။

ဒီလို ပရော်ဖက်ဆာအန်းက တကယ့်ကို ဘုရင်မတစ်ပါးပဲ ဖြစ်လေသည်။

နေစမ်းပါဦး…………….

ပရောဖက်ဆာအန်းက ချန်ကျန်းကို ရုတ်တရက်ကြီး ဒီလို ကာကွယ်နေတာကို ထောက်ရရင် သူမတကယ်ကြီးပဲ ချန်ကျန်းကို ချစ်ကြိုက်နေသည်လော။

“မင်း….မင်း….မင်း”

ကျန်းရှုတစ်ယောက် ခြေတစ်လှမ်း နောက်ဆုတ်မိသွားပြီး သူ့မျက်ဝန်းထဲတွင် ရက်စက်မည့် အရိပ်အရောင် ဖြတ်ပြေးသွားသည်။ အန်ကျင်းကို ကြည့်ရမည့်အစား ချန်ကျန်းကို သူကြည့်လိုက်ပြီး လုံခြုံရေးနှစ်ယောက်ကို အမိန့်ပေးလိုက်သည်။

“ဒီကောင့်ကို ဆွဲထုတ်သွားစမ်း”

“ဒါက ဒီဘွားဘွားရဲ့ အတန်းပဲ၊ ဘယ်သူလုပ်ရဲလဲ”

အန်ကျင်းက မထူးခြားနား အကြည့်ဖြင့် လှမ်းကြည့်လိုက်၏။

“……”

လုံခြုံရေးနှစ်ယောက်မှာ ခြေထောက်များ မြှောက်လိုက်နေပြီ ဖြစ်သည်။ သို့သော် အန်ကျင်း၏ အေးစက်စက် အကြည့်ကို ရင်ဆိုင်ရသည့်အခါ တုံ့ခနဲ ဖြစ်သွားလေသည်။

လုံခြုံရေးနှစ်ဦး သာမန် လုံခြုံရေးအစောင့်များ မဟုတ်ကြပေ။ သူတို့နှစ်ယောက်လုံးသည် တိုက်ခိုက်ရေးပညာအား စနစ်တကျ လေ့ကျင့်ထားသည့် ပရော်ဖက်ရှင်နယ်များ ဖြစ်သည်။ ထိုအခိုက်တွင် လူသတ်ငွေ့တစ်ခုအား လုံခြုံရေးနှစ်ယောက် ခံစားမိကြသည်။

ဒီအမျိုးသမီး ပရော်ဖက်ဆာက မလွယ်လှပါချေ။ သူမအား သွားမစသည်မှာ အကောင်းဆုံးပဲ ဖြစ်လေသည်။

“မင်းတို့တွေ ဘာလုပ်နေကြသေးတာလဲ၊ မိန်းမတစ်ယောက်ကိုတောင် ကြောက်နေတာလား၊ ဒါမှမဟုတ် မလုပ်ချင်ကြတာလား”

ကျန်းရှု၏ မျက်နှာမှာ ဝက်အသည်းကဲ့သို့ ရှုံ့မဲ့သွားပြီး လုံခြုံရေးနှစ်ယောက်အား သူငေါက်လိုက်သည်။

“အတန်းထဲမှာ ဘာလို့အရမ်း ဆူနေရတာလဲ၊ အတန်းချိန်ရော ဟုတ်ရဲ့လား၊ အန်ကျင်း……ဘာတွေဖြစ်နေတာလဲ”

ထိုအခိုက်တွင် စာသင်ခန်းအပြင်ဘက်မှ အခြားအသံတစ်သံ ထွက်လာပြီး အသက်ငါးဆယ်ဝန်းကျင် လူကြီးတစ်ဦး အခန်းဝတွင် ရပ်နေကာ အန်ကျင်းအား လေးနက်သော မျက်နှာဖြင့် ကြည့်နေသည်။

“ကျောင်းအုပ်ကြီးလု……”

ထိုအသံအား ကြားကြားချင်း ကျန်းရှုတစ်ဘောက် ချက်ချင်း နောက်လှည့်ကြည့်လိုက်ပြီး အသံပိုင်ရှင်အား မြင်သည့်အခါ ပြုံးရွှင်သည့် မျက်နှာထား ဖြစ်သွားကာ တည်ကြည်သော အမူအရာဖြင့် ပြောလိုက်သည်။

“ကျောင်းအုပ်ကြီးလု……ဒီနေ့ စုချန်းရဲ့ ဘော်ဒီဂတ် ချန်ကျန်းက နိုင်ငံတကာကျောင်းသား ကင်အန်းဝူကို ဒဏ်ရာအပြင်းအထန် ရအောင်လုပ်ပစ်လိုက်ပါတယ်၊ ဒီကိစ္စမျိုးက ကျောင်းရဲ့ ဂုဏ်သတင်းကို ထိခိုက်စေမှာ အသေအချာပါပဲ၊ ဒါကြောင့်မို့ ကျွန်တော်က ချန်ကျန်းကို ကင်အန်းဝူဆီမှာ ပြန်တောင်းပန်ခိုင်းပြီး ကျောင်းရဲ့သိက္ခာကို အဖက်ဆယ်မလို့ လုပ်နေတာပါ၊ ဒါပေမယ့် ပရော်ဖက်ဆာအန်းက အကြမ်းဖက်ခဲ့တဲ့ ဘော်ဒီဂတ် ဖြစ်သူကို အတင်းအကြပ် ကာကွယ်ပေးနေပါတယ်၊ ကျောင်းအုပ်ကြီးပဲ ဒီကိစ္စကို စီရင်ပေးပါခင်ဗျ”

“ဒီလိုကိစ္စမျိုး ရှိတာလာား….”

ကျောင်းအုပ်ကြီးလုက မျက်ခုံး ထပ်၍ ကျုံ့လိုက်ပြီး အန်ကျင်းအား ကြည့်သည်။

“လုဝေကိုး….ဒီကိစ္စရဲ့အမှန်တရားကို ကျောင်းသားတွေဆီမှာ မေးကြည့်လို့ရတယ်၊ နောက်ပြီး ငါအခုပဲ ပြောလိုက်မယ်၊ ဒီသောက်ပရော်ဖက်ဆာ လုပ်ရတာကို ငါစိတ်မဝင်စားဘူး၊ ငါ့ကို နောက်ကျ လာမနှောင့်ယှက်တော့နဲ့”

အန်ကျင်းက မထူးခြားနားစွာဖြင့် ပြောပြီး ချန်ကျန်းနှင့် စုချန်းတို့ ရှိရာသို့ လျှောက်သွားကာ သူတို့အား ဆွဲခေါ်၍ လူတိုင်း၏ ရှေ့မှောက်မှာပင် အတန်းထဲမှ ထွက်သွားသည်။

“ကျောင်းအုပ်ကြီးလု……ပရော်ဖက်ဆာအန်းရဲ့ အပြုအမူက ကျောင်းစည်းကမ်းကို အရမ်း ထိခိုက်စေတဲ့အတွက် အပြစ်ကြီးကြီး ပေးသင့်ပါတယ်၊ အဲ့ဒီချန်ကျန်းကိုလည်း ကင်အန်းဝူဆီ ခေါ်သွားပြီး တောင်းပန်ခိုင်းရမယ်၊ သူ့လို အပြင်လူတစ်ယောက်ကို ကျောင်းဝန်းထဲ အဝင်မခံသင့်ပါဘူး”

ကျန်းရှုက အလွန်ဒေါသထွက်သွားပြီး ခက်ထန်စွာ ပြောလိုက်သည်။

“အန်ကျင်းက ငါ့ရဲ့သမီးပဲ၊ သူဟာ အမေဖြစ်သူရဲ့ မျိုးရိုးနာမည်ကို ခံယူထားတာ ဖြစ်တယ်၊ ငါ့အနေနဲ့ သူ့အပေါ် အကြွေးတွေ အများကြီး တင်နေမိတယ်”

ကျောင်းအုပ်ကြီးလုက သက်ပြင်းနက်နက်တစ်ချက် ချလိုက်ပြီး ကျန်းရှု၏ ပုခုံးအား ညာလက်ဖြင့် ပုတ်လိုက်သည်။

“ဒါရိုက်တာကျန်း…….ဘော်ဒီဂတ်တစ်ဘောက်က နိုင်ငံတကာ ကျောင်းသားတစ်ယောက်ကို ထိခိုက်အောင် လုပ်တဲ့ကိစ္စ ရှင်းရှင်းလင်းလင်း ဖြစ်အောင် ငါသေချာ စုံစမ်းစစ်ဆေးမှာပါ၊ စိတ်ချချနေ”

ထိုသို့ပြောပြီးနောက် ကျောင်းအုပ်ကြီးလုလည်း အခန်းထဲမှ ထွက်သွားတော့သည်။

“အာ…..ကျောင်းအုပ်ကြီးရဲ့ သမီး….ငါ….ငါ….”

ကျန်းရှုလဲ ကြောင်အပြီး လုံးဝ ကြက်သေသေသွားသည်။

“ဘုရားရေ”
“ပရော်ဖက်ဆာအန်းက ကျောင်းအုပ်ကြီးရဲ့ သမီး ဖြစ်နေတာကိုး”
“သတင်းကြီးပဲ၊ တကယ့် သတင်းကြီးဟေ့”
“ပရော်ဖက်ဆာအန်းမှာ ဒီလိုနောက်ခံမျိုးကြီး ရှိနေတာပဲ”
“မိုင်ဂေါ့…..မလွယ်ဘူး…..တကယ် မလွယ်ဘူးပဲ၊ ဒီလိုနောက်ခံမျိုး ရှိမှန်းသာ သိရင် ဘယ်သူကများ ပရော်ဖက်ဆာအန်းကို ဒေါသထွက်အောင် လုပ်ရဲမှာလဲ၊ ပရော်ဖက်ဆာအန်းကို ဒေါသထွက်အောင် လုပ်ရဲတဲ့လူက ဂေါက်ကြောင်နေလို့ပဲ နေမယ်”

“ဟေး…….ဂေါက်ကြောင်တဲ့သူကိုလည်း အပြစ်တင်လို့ မရဘူးလေ၊ ဂေါက်ကြောင်တဲ့သူက ပရော်ဖက်ဆာအန်းရဲ့ နောက်ခံကို အရင်တုန်းက သိမှမသိတာပဲ”

အတန်းထဲရှိ ကျောင်းသားများလည်း ကြောင်အသွားကြသည်။ သို့သော် သူတို့ အသိတန်းပြန်ဝင်လာပြီး ကြက်သေသေနေသည့် ကျန်းရှုအား ရန်လိုသော အကြည့်များဖြင့် ကြည့်လိုက်ကြကာ မထိန်းချုပ်နိုင်ဘဲ ဒေါသထွက်လာကြသည်။ ။

25/10/2023

Billions of years in the city 18
အခန်း(၁၈)

“လွန်ခဲ့တဲ့တစ်နှစ် NTU ကို ငါရောက်လာခဲ့တုန်းက NTUရဲ့ ရှေးဟောင်းသိုင်းပညာကလပ်စ်ဆိုတာကို ငါတစ်ယောက်တည်းနဲ့ ယှဥ◌်ပြိုင်ခဲ့တယ်……ဒါပေမယ့် ရှေးဟောင်းသိုင်းပညာကလပ်စ်က လူတွေတစ်ယောက်မှ ငါ့ကို မယှဥ◌်နိုင်ခဲ့ဘူး……တစ်နှစ်လည်း ကြာသွားပြီ့ ဖြစ်သလို ရှေးဟောင်းသိုင်းပညာကလပ်စ်ဆိုတာလည်း မရှိတော့ဘူး………ချန်ကျန်း…..မင်းက စုချန်းရဲ့ ဘော်ဒီဂတ်တစ်ယောက်ပဲ….တိုက်ခိုက်ရေးပညာကို မင်းသိမှာပေါ့…….မင်းမတောင်းပန်ဘူးဆိုမှတော့ မင်းကို အခွင့်အရေးတစ်ခု ငါပေးမယ်……..သိုင်’ပြိုင်ကွင်းထဲကို ၀◌င်ပြီး ငါနဲ့ ချရဲလား”

ကင်အန်းဝူက ချန်ကျန်းအား အေးစက်၍ မောက်မာသော မျက်နှာထားဖြင့် ကြည့်သည်။

“အမှိုက်……စိန်ခေါ်တာကို လက်ခံရဲလားကွ”

ဆံဝါနှင့် လူငယ်က ကြုံး၀◌ါးသည်။

“စိန်ခေါ်မှုလား…….”
ချန်ကျန်းက ကင်အန်းဝူကို အလေးအနက် ကြည့်လိုက်သည်။

“မင်းငါ့ကို စိန်ခေါ်ချင်တာ သေချာရဲ့လား…….ငါသိတာတွေအားလုံးက လက်တွေ့ပညာရပ်တွေပဲ…….ငါမင်းကို မတော်တဆ သတ်မိသွားရင် လူသတ်မှုနဲ့ ပြစ်မှု မမြောက်သွားနိုင်ဘူးလား”

“မောက်မာလိုက်တာ…..မင်းလို ဘော်ဒီဂတ်တစ်ယောက်က ဘယ်လောက်တောင် သန်မာနိုင်မှာ မလို့လဲ…….ငါတို့အန်းဝူက တက္ကသိုလ်တွေ အုပ်စုလိုက်မှာ တိုက်ကွမ်ဒို ပထမဆု ရယူခဲ့ဖူးတယ်……..မင်းလို အဆင့်အတန်းနိမ့်တဲ့ ဘော်ဒီဂတ်တစ်ယောက်ကများ”

ဆံဝါနှင့် လူငယ်က ချန်ကျန်းအား လှောင်သည်။

“ချန်ကျန်း……ယောက်ျားဆိုရင် ငါစိန်ခေါ်တာကို လက်ခံလိုက်”

ကင်အန်းဝူက ချန်ကျန်းအား ကြည့်လိုက်သည်။

ဘော်ဒီဂတ်တစ်ယောက်လောက်ကို သူဂရုမစိုက်ပါချေ။ ဒါ့အပြင် သူ၏ တိုက်ခိုက်ရေးပညာက တိုက်ကွမ်ဒိုလိုမျိုး မရိုးရှင်းလှပေ။ ချန်ကျန်းအား သုံးကွက်အတွင်း အမှောက်သိပ်နိုင်မည်ဟု သူယုံကြည်မှု ရှိသည်။ ဒါ့အပြင် သူ၏ အာရုံစိုက်မှုက ချန်ကျန်း မဟုတ်ဘဲ အန်ကျင်း ဖြစ်သည်။ NTU သို့ သူရောက်လာပြီး အန်ကျင်းအား ပထမဆုံး မြင်ဖူးသည့် အချိန်ကပင် ဤတရုတ်အလှမယ်လေးအား မရရအောင် သိမ်းပိုက်မည်ဟု သူဆုံးဖြတ်ချက် ချခဲ့သည်။ ဒီနေ့က အခွင့်အရေးတစ်ခုဆိုတာ သံသယ၀င်စရာ မလိုပါချေ။

သူမဘေးရှိ ယောကျာ်းက သူနဲ့ ယှဥ◌်လျှင် အမှိုက်သာ ဖြစ်ပြီ့း သူကသာ တကယ့်ယောကျာ်းကြောင်း အန်ကျင်း နားလည်သွားစေရမည်။ သူ့လိုမျိုး ယောကျာ်းတစ်ယောက်ကသာ အန်ကျင်းအား ပိုင်ဆိုင်ရယူဖို့ အရည်အချင်း ရှိပေသည်။

“ဒီခေတ် လူငယ်တွေဟာ သူတို့ကိုယ်သူတို့ အရမ်းအရှက်ခွဲချင်ကြတာပဲလား……”

ချန်ကျင်းက အရေးမစိုက်စွာဖြင့် ပြောလိုက်သည်။

“လာစမ်းပါ…..”

ကင်အန်းဝူက မထူးခြားနား ပြန်ဖြေပြီး နောက်လှည့်ကာ ရှေ့မှဦးဆောင်သည်။

“ချန်ကျန်း……မောက်မာလိုက်တဲ့ ဘော်ဒီဂတ်….ခဏနေမှ မင်းဘယ်လောက် အစွမ်းထက်လဲ ကြည့်ကြသေးတာပေါ့…..မင်းက ဘက်စကတ်ဘောပညာမှာ ဆရာတစ်ဆူဖြစ်ပေမယ့် သိုင်းပြိုင်ကွင်းပေါ်မှာတော့ ဟာသတစ်ခုပဲ”

ဆံဝါနှင့် လူငယ်က ချန်ကျန်းအား ခက်ထန်စွာ ကြည့်သည်။ ဒီတစ်ခါတော့ သူ၏တရုတ်သံ အနည်းငယ် ရှင်းလင်းလာ၏။

“ဟမ့်…….တရုတ်ရှေးဟောင်းသိုင်းလောကရဲ့ စည်းမျဉ်းတွေကြောင့်သာ မဟုတ်ဘူးဆိုလိုလို့ကတော့”

အန်ကျင်းက လေသံတိုးတိုးဖြင့် ပြောသည်။
ထိုစည်မျဉ်းများကြောင့်သာ မဟုတ်ဘူးဆိုလျှင် သူမအနေဖြင့် လှုပ်ရှားပြီးနေလေပြီ။

“ဘာစည်းမျဉ်းတွေလဲ”

ချန်းကျန်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။

“သာမန်လူတွေကို ကိုယ်ကစပြီး သိုင်းပညာနဲ့ အနိုင်ကျင့်လို့ မရဘူး”

အန်ကျင်းက အသံထပ်တိုး၍ ချန်းကျန်း၏ နားဘေးသို့ကပ်ကာ ပြောလိုက်သည်။ ထိုအပြုအမူမှာ အပြင်လူများ၏ အမြင်၌ သူမသည် ချန်ကျန်းအား နမ်းနေသည့် ပုံစံပေါက်နေလေသည်။ ယင်းက ကြည့်နေကြသော ကျောင်းသားထုကြီး၏ အသည်းအား ကွဲသွားစေလေသည်။

NTU၏ ကျော်ကြားသော ရေခဲတုံးပရောဖက်ဆာက စုချန်း၏ ဘော်ဒီဂတ်ဖြစ်သူနှင့် ချစ်ကြိုက်နေသည်လော………။

“ပွဲကောင်းတော့ ကြည့်ရတော့မယ်ဟေ့”

“သုံးမှတ်ဘောဘုရင် ချန်ကျန်း VS တိုက်ကွမ်ဒိုမာစတာ ကင်အန်းဝူ”

“မှားတယ်…… စုချန်းရဲ့ ဘော်ဒီဂတ် ချန်ကျန်းကွ…..ဘက်စကတ်ဘောက တခါတလေပဲ ကစားတာ”

“အဲ့ဒီကောင် ကင်အန်းဝူက နည်းနည်းတော့ စွမ်းတယ်ကွ……အရင်တစ်ခါတုန်းက ရှေးဟောင်းသိုင်းကလပ်စ်ကို တစ်ယောက်တည်းနဲ့ ယှဉ်ပြိုင်ပြီးတော့ ကလပ်စ်ဥက္ကထကိုပါ ကျောင်းကနေ ထွက်သွားရတဲ့အထိ ရိုက်နှက်ပစ်ခဲ့တယ်…..ဒီတစ်နှစ်အတွင်းမှာလဲ NTU မှာရှိတဲ့ တခြားတိုက်ခိုက်ရေးကလပ်စ်တွေအားလုံး ကင်အန်းဝူရဲ့ တိုက်ကွမ်ဒိုကလပ်စ် ဖိနှိပ်တာကို ခံနေရတယ်”

“ဘော်ဒီဂတ်…….ချန်ကျန်းက ကင်အန်းဝူကို အနိုင်ယူပစ်ဖို့ ငါမျှော်လင့်တယ်……ဒါပေမယ့် လွယ်မှာတော့ မဟုတ်ဘူး……ချန်ကျန်းအနေနဲ့ တကယ့် ရှေးဟောင်းသိုင်းပညာကို သိမှပဲ ရမယ်…..”

ဘေးမှ ကြည့်နေကြသူများက တီးတိုးတီးတိုးဖြင့် ဝေဖန်နေကြပြီး ချန်ကျန်းတို့နောက်မှ လိုက်လာကြသည်။ သူတို့အနေနဲ့ ပြပွဲကောင်းတစ်ခုကို လက်လွှတ်ခံမှာ မဟုတ်ပေ။ ပရော်ဖက်ဆာအန်း၊ ကျောင်းပန်းပွင့်လေး စုချန်း တို့ကို မဆိုဘိနှင့်ဦး၊ ချန်ကျန်းကိုယ်တိုင်က ဆယ်လီတစ်ဦး ဖြစ်လေသည်။ မကြာသေးမီက ချန်ကျန်း ဘက်စကတ်ဘော ကစားခဲ့သော ဗွီဒီယိုသည် အင်တာနက်ဗွီဒီယိုတို ကြည့်ရှုသူ စာရင်း၌ ထိပ်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

ဆယ်မိနစ်ကြာပြီးနောက်
NTU တိုက်ကွမ်ဒိုကလပ်စ်……

ချန်ကျန်းက ဘဘ်ဘက်တွင်နေပြီး ကင်အန်းဝူက ညာဘက်တွင် ရှိကာ ဘေးနှစ်ဖက်လုံးတွင်တော့ ပွဲကြည့်ပရိတ်သတ်များ ရှိနေကြသည်။ လာကြည့်သူအများစုမှာ ကျောင်းသားများ ဖြစ်ကြ၏။

ကင်အန်းဝူသည် တိုက်ကွမ်ဒို ယူနီဖောင်းတစ်ခုအား လဲဝတ်ထားပြီ ဖြစ်ကာ လေးနက်သော မျက်နှာထားဖြင့် ရပ်နေသည်။ ချန်ကျန်းအား မထူးခြားနားစွာဖြင့် စိုက်ကြည့်နေပြီး ထိုအကြည့်တွင် မောက်မာမှုတို့ဖြင့် ပြည့်နှက်လျက် ရှိ၏။

“အမှိုက်…….တစ်မိနစ်ကြာပြီးတာနဲ့ မြေကြီးပေါ် လဲပြီး ထနိုင်မှာတောင် မဟုတ်ဘူး”

ဆံဝါနှင့် လူငယ်သည် ပြိုင်ကွင်းအပြင်ဘက်မှ ရပ်၍ လှမ်းအော်နေသည်မှာ အမွေးဝါမျောက်တစ်ကောင် အလားပင်။

“မင်းသွေးပူလေ့ကျင့်ခန်း အရင်လုပ်လို့ရတယ်……ငါမင်းကို သွေးပူလေ့ကျင့်ခန်း လုပ်ဖို့ အချိန်ပေးမယ်”

ကင်အန်းဝူက အေးစက်စွာဖြင့် ပြောသည်။

“မင်းက ငါ့ကို သွေးပူလေ့ကျင့်ခန်းလုပ်ဖို့ အချိန်ပေးတယ်……..ဒါဆို ငါကလည်း မင်းကို တိုက်ခိုက်ဖို့ အချိန်ငါးမိနစ်ပေးတာပေါ့……ငါမိနစ်အတွင်း ငါ့ကို စိတ်ကြိုက် တိုက်ခိုက်လို့ရတယ်,,,,,,ငါဘာမှ ပြန်လုပ်မှာ မဟုတ်ဘူး”

ချန်ကျန်းက ကင်အန်းဝူအား ပြုံး၍ ပြောလိုက်၏။

“ဝိုး….”
“မိုက်တယ်ဟေ့….”
“အရမ်း ရူးသွပ်တာပဲ”

ပွဲကြည့်ပရိတ်သတ်များ ဝေါခနဲ ပွဲကျသွားကြသည်။

ကင်အန်းဝူကို တိုက်ခိုက်ရန် ငါးမိနစ် အချိန်ပေးပြီး ငါးမိနစ်အတွင်း ပြန်မတိုက်ဘူးတဲ့လား…….။ ချန်ကျန်းအနေဖြင့် အနည်းငယ် ပေါ့ဆလွန်းလှသည်။ ကင်အန်းဝူက တကယ်စွမ်းတာ ဖြစ်သည်။ ယမန်နှစ်၏ ကျောင်းပေါင်းစုံ ပြိုင်ပွဲတွင် သူဟာ သစ်သားပြားအထူကြီးများကိုပင် ကန်ချိုးပြခဲ့တာ ဖြစ်သည်။

ချန်ကျန်းက ယုံကြည်မှု လွန်ကဲနေသည်လား……။

“ဟဟ…..ချန်ကျန်း……မင်းတော့ ကြောက်နေပြီ….လုံးဝကြောက်နေပြီ……အကြောက်လွန်ပြီး ပြောချင်ရာ လျှောက်ပြောနေတာပဲကွ…..ဟဟဟဟ”

ပြိုင်ကွင်းအပြင်ဘက်တွင် ရှိသော ဆံဝါနှင့်လူက ထအော်ပြန်သည်။ ချန်ကျန်းက ကင်အန်းဝူကို ကြောက်ပြီး ပေါက်ကရများ ပြောနေခြင်း ဖြစ်သည်ဟု သူထင်နေခြင်း ဖြစ်လေသည်။

“ချန်ကျန်း……မင်းတော့ တကယ် ရူးနေပြီပဲ……ဒါပေမယ့် ငါက ညှာနေမှာ မဟုတ်ဘူး…..မင်းက ငါ့ကို တိုက်ဖို့ ငါးမိနစ် အချိန်ပေးတယ်……ဒီငါးမိနစ်အတွင်း မင်းဘယ်လို ရှင်သန်မလဲ ကြည့်ကြသေးတာပေါ့……..တိုက်ကွမ်ဒိုရဲ့အစွမ်း ငါမင်းကို ပြမယ်……..တိုက်ကွမ်ဒိုက ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံးနဲ့ အဆင့်အမြင့်ဆုံး ပညာရပ်ပဲကွ……ချန်ကျန်း……မင်းက ရှုံးနှင့်နေပြီးသားလူပဲ”

ကင်အန်းဝူက မထူးခြားနားစွာဖြင့် ပြောဆိုပြီး စကားသံဆုံးသည်နှင့် တိုက်ခိုက်မှုအား စတင်လိုက်သည်။
ပထမဆုံးအနေနဲ့ ခြေပျံကန်ချက်တစ်ချက်အား အသုံးပြုလိုက်သည်။

“ငါးမိနစ် ကောင့်ဒေါင်းစပြီ…..”

သို့သော်လည်း ကင်အန်းဝူအား ကန်ချက်အား ရင်ဆိုင်ရသည့်အခါ ချန်ကျန်းက အသာပင် ပြုံးလိုက်သည်။ ခန္တာကိုယ်အား ဘေးသို့ အနည်းငယ် တိမ်းစောင်းလိုက်ရာ ကင်အန်းဝူတစ်ယောက် လေကိုသာ ကန်မိသွား၏။

“ဟင်…..ဟာ….”
“ရှောင်လိုက်တာာလားဟ….”
“ချန်ကျန်းကလဲ မခေဘူး ထင်တယ်…….”

ကြည့်နေကြသူများထံမှ အာမေဋိတ်သံများ ထွက်လာသည်။

သူတို့၏အမြင်တွင် ကင်အန်းဝူ၏ ထိုကန်ချက်သည် ကွန်ဖူးဇာတ်ကားထဲမှ ကွန်ဖူးပညာရှင် အများစုထက်ပိုပြီး သန်မာသည်။ ကန်ချက်က အလွန်ပြင်းထန်လှ၏။ လူကိုသာကန်မိပါက နံရိုးများ ကျိုးသွားမည်မှာ ကျိန်းသေပင်။

အစောပိုင်းကဆိုလျှင် ချန်ကျန်းအစား ချွေးပင် သူတို့ ကျမိ၏။ သို့သော် ချန်ကျန်းကတော့ အသာတိမ်းစောင်းရုံဖြင့် ရှောင်တိမ်းခဲ့လေသည်။
ချန်ကျန်းမှာလဲ ခေပုံမရချေ။

“တိုက်ဆိုင်တာ……ဒါလုံးဝတိုက်ဆိုင်မှု တစ်ခုပဲ…..ချန်ကျန်း မင်းကံကောင်းလို့ ရှောင်လိုက်နိုင်တာပဲ…..”

ကွင်းပြင်တွင် ရှိသော ဆံဝါနှင့် လူငယ်လည်း ခဏတာမျှ ကြောင်အသွားသည်။ သိုသော် ချက်ချင်း အသိပြန်ဝင်လာပြီး အော်လိုက်ပြန်သည်။ တရုတ်ဘော်ဒီတစ်ယောက်က ထိုမျှ သန်မာလိမ့်မည်ဆိုတာကို သူမယုံပါချေ။ ယင်းက တိုက်ဆိုင်မှု တစ်ခုပဲ ဖြစ်ရပေမည်။

“အချိန် မရှိတော့ဘူးနော်”

ချန်ကျန်းက ဆံဝါနှင့် လူငယ်ကို လျစ်လျူရှုထားပြီး မျက်နှာတည်သွားသော ကင်အန်းဝူကို အပြုံးတစ်ခုဖြင့် သတိပေးလိုက်သည်။

“နောက်တစ်ကွက်ဆို မင်းကိုအနိုင်ယူဖို့ လုံလောက်ပြီ”

ကင်အန်းဝူက အေးစက်စွာပြောပြီး ရုတ်တရက် လှုပ်ရှားလိုက်သည်။ ချန်ကျန်း၏ အရှေ့သို့ လျှပ်တပြက် ပြေးဝင်လာပြီး ချန်ကျန်း၏ နှလုံးရှိရာကို ဖြောင့်လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

လူအများစုဆို တုံ့ပြန်နိုင်လိမ့်မည် မဟုတ်ပါ။ သို့သော် ချန်ကျန်းကတော့ ခြေထောက်ကိုသာ အသာရွှေ့လိုက်ပြီး ကင်အန်းဝူ၏ တိုက်ကွက် ကျရှုံးသွားရသည်။

“ဘယ်လိုတောင်လား”
“သိပ်မြန်တာပဲ”
“ဘယ်လိုလုပ်ပြီး ချန်ကျန်းက အရမ်းမြန်မြန် လှုပ်ရှားနိုင်ရတာလဲ”

ပွဲကြည့်ပရိတ်သတ်များ အော်ဟစ်လိုက်ကြပြန်သည်။

ဘာတွေဖြစ်နေလဲဆိုတာကို သူတို့ မမြင်ရပါချေ။ ချန်ကျန်းအနည်းငယ် လှုပ်ရှားလိုက်သည်ဟုသာ သူတို့ ခံစားရပြီး ကင်အန်းဝူ၏ တိုက်ခိုက်မှဒ လွဲချော်သွားခဲ့သည်။

“အန်းဝူ…..မင်း……”

ပြိုင်ကွင်းအပြင်ဘက်တွင် ရှိသော ဆံဝါလူငယ်၏ မျက်ခုံးကြောများလဲ ကျုံ့သွားသည်။ ကင်အန်းဝူက အလျှော့ပေးနေခဲ့တာဟု သူထင်နေခြင်းခြင်း ဖြစ်သည်။

သို့သော်လည်း ကင်အန်းဝူက သူ့အား ပြန်မဖြေပါချေ။ လျင်မြန်စွာဖြင့် ဟန်ချက်အား ပြန်ထိန်းလိုက်သည်။ သုံးစက္ကန့်မပြည့်ခင်မှာပင် ချန်ကျန်းအား နောက်တစ်ကြိမ် ကန်ကျောက်လိုက်ပြန်သည်။

“၀ှစ်….၀ှစ်”

လေထုအား ဖြိုခွင်းသံ ထွက်လာသည်။
သို့သော် ကင်အန်းဝူ၏ တိုက်ကွက် လွဲချော်သွားရပြန်သည်။
ထပ်မံ၍ တိုက်ခိုက်ပြန်သည်။
သို့သော်လည်း အချည်းနှီးသာပင်။
ဆက်၍ တိုက်ခိုက်သည်။
အရာမထင်ပါ။

ကြည့်နေကြသူများ၏ အမြင်၌ ကင်အန်းဝူတစ်ယောက် သည်းသည်းမည်းမည်း တိုက်ခိုက်နေပြီး တစ်ကွက်ပြီး တစ်ကွက် လွဲချော်နေသည်။ ချန်ကျန်းကမူ ကင်အန်းဝူ၏ တိုက်ကွက်များကို အပန်းဖြေ လမ်းလျှောက်နေသကဲ့သို့ ‌အေးဆေးစွာဖြင့် ရှောင်တိမ်းနေလေသည်။

အစမှနေ အဆုံးထိ ချန်ကျန်းက ကင်အန်းဝူကို မျောက်တစ်ကောင်အား စနောက်နေသကဲ့သို့ ဆော့ကစားနေဟန် ရလေသည်။

“၀ှစ်…၀ှစ်”

ကင်အန်းဝူ၏ ကန်ချက် လွဲချော်သွားပြန်သည်။ ဤတစ်ကြိမ်တော့ သူဆက်ပြီး မတိုက်ခိုက်တော့ပါချေ။ သူက စူပါမန်းမှ မဟုတ်လေပဲ။

“ဒါဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…..ငါ့ရဲ့တိုက်ခိုက်မှု ဒီလောက်မြန်နေတာ ဘယ်လိုလုပ်ပြီး မင်းရှောင်နိုင်ရတာလဲ”

ကင်အန်းဝူက ချန်ကျန်းကို အလွန်တည်ကြည် လေးနက်စွာဖြင့် ကြည့်နေပြီး သူ၏လေသံမှာလဲ စိတ်ပျက် အားငယ်နေလေသည်။

“မြန်တယ်…..မင်းရဲ့တိုက်ခိုက်မှုက ကျည်ဆံထက်ပိုပြီး မြန်လို့လား…….”

ချန်ကျန်းက ကင်အန်းဝူကို ပြန်မေးလိုက်သည်။

ကင်အန်းဝူ ခဏမျှ ကြောင်အသွားသည်။ ထို့နောက် သူအငိုက်ဖမ်းပြီး ကျယ်လောင်စွာ အော်ဟစ်၍ ချန်ကျန်းအား ခြေပျံကန်ချက်ဖြင့် တိုက်ခိုက်လိုက်၏။

“ဘုန်း…….”

ကင်အန်းဝူ၏ ကန်ချက် ချန်ကျန်းအား ထိတွေ့ဖို့ စင်တီမီတာနှစ်ဆယ်ခန့် အကွာအဝေးသို့ ရောက်သောအခါ ချန်ကျန်းက ညာခြေကို မြှောက်ပြီး ကင်အန်းဝူအား ရုတ်တရက် ကန်ကျောက်လိုက်သည်။ ဘန်းခနဲ အသံကိုသာ ကြားလိုက်ရပြီး ကင်အန်းဝူ လွင့်ပျံသွားကာ ပြိုင်ကွင်းအပြင်၌ ရှိနေသော ဆံဝါနှင့် လူငယ်ကို သွားတိုက်မိလေသည်။

“အု…..”

ဆံဝါနှင့် လူငယ်မှာ မြေကြီးပေါ်သို့ အဖိခံလိုက်ရပြီး နာကျင်စွာဖြင့် ညည်းညူလိုက်သည်။

ပွဲကြည့်ပရိတ်သတ်များမှာတော့ ထိုအခိုက်တွင် အားလုံး ကြောင်အနေကြ၏။ ရုပ်ထုများလို မလှုပ်မယှက် ဖြစ်နေပြီး ပြောစရာ မဲ့နေကြသည်။ အော်ဟစ်ဝေဖန်ဖို့ကိုပင် မေ့လျော့နေကြလေသည်။

ချန်ကျန်း၏ ကန်ချက်က ကင်အန်းဝူကို တစ်ကွက်တည်းဖြင့် အမှောက်သိပ်သွားခဲ့သည်။

“စိတ်မကောင်းပါဘူး…….ငါးမိနစ်က ပြည့်သွားပြီလေ”

ချန်ကျန်းက ပြိုင်ကွင်းအပြင်၌ ဆံဝါနှင့် လူငယ်အား ဖိကာ လဲလျောင်းနေသည့် ကင်အန်းဝူကို ကြည့်ပြီး ပြုံးလိုက်သည်။ ထို့နောက် အန်ကျင်းနှင့် စုချန်းတို့ ရှိရာဆီသို့ သွားကာ မိန်းကလေးနှစ်ဦးနှင့်အတူ အပြင်သို့ လျှောက်ထွက်သွားတော့သည်။

“ခဏနပေါဦး”

ဆံဝါလူငယ်၏ ကိုယ်ပေါ်ရှိ ကင်အန်းဝူက ရုတ်တရက် ခေါင်းထောင်လာပြီး ဖြူဖတ်ရော် မျက်နှာနှင့် ရင်ဘတ်အား ဖိကာ ချန်ကျန်း၏ ကျောကိုကြည့်၍ လှမ်းအော်လိုက်သည်။

“အဟွတ်……ချန်ကျန်း…..ငါ့ရဲ့ တိုက်ခိုက်ရေးပညာက မင်းရဲ့အမြင်မှာ ဘယ်လိုရှိလဲ”

“အနံ့ဆိုးငါးနဲ့ ဂဏန်းပုတ် အဆင့်”

ချန်ကျန်းမှာ တံခါးဝ၌ ရောက်နေပြီ ဖြစ်ကာ နောက်ပင် လှည့်မကြည့်ဘဲ ပြန်ဖြေသည်။

“အနံ့ဆိုးငါးနဲ့ ဂဏန်းပုတ်အဆင့်…..”

ကင်အန်းဝူက ချန်ကျန်း၏ ကျောကိုကြည့်ပြီး အတော်ကြာ စဉ်းစားလိုက်သည်။ ရေရွတ်နေရင်းမှာပင် ပါးစပ်မှ သွေးအပြည့် အန်သွားရပြီး တုန်တုန်ရီရီနှင့် မြေကြီးပေါ်မှ ထလိုက်သည်။ သို့သော် မရပ်နိုင်ဘဲ ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲ ပြန်လဲကျသွားလေသည်။

ထိုအခိုက်တွင် ကင်အန်းဝူ၏ အမူအရာ ကြီးမားစွာ ပြောင်းလဲသွားပြီး သူ့မျက်စိများတွင် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေသည်။ ကြမ်းပြင်ပေါ်မှ ထဖို့ သူကြိုးစားလိုက်ပြန်သည်။ သို့သော် ထရပ်ဖို့ သူ့မှာ ဘာခွန်အားမှ မရှိတော့ကြောင်း တွေ့လိုက်ရ၏။ သူ့တကိုယ်လုံးရှိ အရိုးများအားလုံး ကျိုးပြတ်သွားပုံရလေသည်။ ။

25/10/2023

Billions of years in the city 17
အပိုင်း(၁၇)
ပဋိပက္ခ

“အွန်း…..”

အန်ကျင်းတစ်ယောက် ညင်သာစွာ ညီး၍ တစ်ဖက်စောင်းကာ ဆက်၍ အိပ်လိုက်သည်။ သူမ၏ ခန္တာကိုယ် အနေအထားက အနည်းငယ် ရဲတင်းလှ၏။ ကျော်ကြားတဲ့ ရေခဲတုံး ပရော်ဖက်ဆာ အန်ကျင်းတစ်ယောက် ဤကဲ့သို့ ပုံစံအနေအထားဖြင့် အိပ်စက်လိမ့်မည်ဟု NTU မှာရှိတဲ့ မည်သည့် ကျောင်းသား၊ ဆရာတွေကမှ မျှော်လင့်ထားကြလိမ့်မည် မဟုတ်ပါချေ။

“ရပြီ……မနက်ဖြန် သူနိုးလာတဲ့ အခါကျ ပြောင်းလဲမှုတွေကို သူသတိပြုမိလောက်ပြီ’

ချန်ကျန်းက ပြုံးလိုက်သည်။

“ဒါ….ဒါက ပြီးသွားတာလား”

စုချန်း အနည်ငယ် စိတ်ရှုပ်ထွေးသွားသည်။

အဘယ်ကြောင့်ဆိုသော် ချန်ကျန်းသည် အစကနေ အဆုံးထိ အန်ကျင်း၏ နဖူးနှင့် လက်မောင်းတို့အား အကြိမ်အနည်းငယ်ခန့်သာ နှိပ်နယ်သောကြောင့် ဖြစ်လေသည်။ ခန္တာကိုယ် တစ်ခုလုံး လုပ်ရမည့် အနှိပ်ဟု သူမအစက ထင်ထားခဲ့သည်။ သို့သော် တစ်မိနစ် မပြည့်မီမှာပင် အနှိပ်က ပြီးဆုံးသွားခဲ့လေသည်။

ဒါက နည်းနည်း မမြန်လွန်းနေဘူးလား…….။

နောက်ပြီးတော့ ပုံမှန်အတိုင်းသာဆို ချန်ကျန်းအနေနဲ့ အစောပိုင်းက အခြေအနေမျိုးမှာ နည်းနည်းတော့ အသားယူသင့်သည် မဟုတ်ပါလား…..အဘယ်ကြောင့် နဖူးနှင့် လက်မောင်းကိုသာ ထိရပါသနည်း။ ထိုညက ကျန်းရို စာပို့ခဲ့သလိုမျိုး ချန်ကျန်းက မိန်းမတွေကို စိတ်မဝင်စားသည်လား……..။

“ငါ့မှာ အထူးနည်းလမ်းတွေ အများကြီး ရှိတယ်……အန်ကျင်းက အစစ်အမှန်စွမ်းအားတွေ အတိုးလွန်သွားတာ သက်သက်ပဲ……တကယ့်အဆင့်မြင့် နည်းလမ်းတွေ မလိုအပ်ဘူးလေ…….ဒါပေမယ့် အန်ကျင်းသာ ဆန္ဒရှိတယ်ဆို အဆင့်မြင့် နည်းလမ်းတွေ စမ်းကြည့်ချင်တယ် ဆိုရင်လဲ ကိစ္စမရှိပါဘူး”

ချန်ကျန်းက နက်ရှိုင်းစွာ ပြုံးလိုက်သည်။

“ဘယ်လောက်တောင် အဆင့်မြင့်တာလဲ…..”

စုချန်းက စဥ်းစားလိုက်သည်။

“အဆင့်မြင့်က လုံး၀ကျယ်ပြန့်တယ်…….ခန္တာကိုယ်တစ်ခုလုံး ကောင်းမွန်တိုးတက် လာနိုင်တယ်”

ချန်ကျန်းက စုချန်းအား ခေါင်းမှ ခြေတိုင်အောင် စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ စုချန်းသည် အပေါ်ပိုင်း၌ အတွင်းသို့ ဖောက်ထွင်း မြင်နေရသည့် ရှပ်အင်္ကျီကြီးတစ်ခုကို ၀တ်ထားပြီး အောက်ပိုင်းတွင်တော့ အလွန်တိုတောင်းသည့် ဘောင်းဘီ တစ်ထည်အား ၀တ်ဆင်ထားသည်။ ဒေါက်မြင့် ဖိနပ်အား မစီးထားသည့်တိုင် ခြေနှစ်ဖက်မှာ ရှည်လျား သွယ်လျ နေဆဲပဲ ဖြစ်လေသည်။ ဝါးရိုးတံကဲ့သို့ကြီးလဲ မဟုတ်၊ အချိုးအစား ကျနစွာဖြင့် အလွန်ကြည့်ကောင်းလှ၏။

“အဲ…အဲဒါကို ငါစမ်းကြည့်ချင်တယ်…..”

စုချန်းက ချန်ကျန်း၏ မျက်လုံးများကို ကြည့်ပြီး ပြောလိုက်သည်။ ချန်ကျန်း၏ အဆင့်မြင့်နည်းတွေကို စမ်းကြည့်ဖို့ သူမဆုံးဖြတ်လိုက်သည်။

“အ၀တ်အစားတွေ ချွတ်လိုက်….”

ချန်ကျန်းက အသာ ခေါင်းညိမ့်လိုက်သည်။

“အာ…..အ၀တ်ချွတ်ရမယ်…..ဒါ….ဒါဆို ငါ မလုပ်သေးဘူး”

ယင်းအား ကြားသည့်အခါ စုချန်း ကြောင်အသွားသည်။ ချန်ကျန်းက ပါးစပ်ဖွင့်လိုက်လိုက်ချင်း အ၀တ်ချွတ်ဖို့ တန်းပြောလိမ့်မည်ဟု သူမ မထင်ထားပေ။

“ဒါဆိုလဲ နောက်အခါကျမှပေါ့”

ချန်ကျန်းက အရေးမစိုက်ဟန်ဖြင့် ပြောလိုက်ပြီး အန်ကျင်း၏ အိပ်ခန်းထဲမှ လှည့်ထွက်သွားသည်။

“နောက်တစ်ခါမှ………”

ယင်းအား စုချန်း ကြားသည့်အခါ မှောက်ရက်အိပ်နေသော ပရော်ဖက်ဆာ အန်ကျင်းအား သူမ ကြည့်လိုက်မိသည်။ ထိုအခိုက်တွင် ပုံရိပ်တစ်ခု သူမစိတ်ထဲ ပေါ်လာ၏။ ပရော်ဖက်ဆာအန်း၏ ကိုယ်ပေါ်မှ ရေလဲ၀တ်စုံ မရှိတော့ဘဲ ချန်ကျန်း၏ လက်မှာတော့ ပရော်ဖက်ဆာအန်း၏ ကျောပေါ်သို့ ရောက်နေသည်…………..။

………………….

နောက်တနေ့….
NTU ကျောင်း၀န်းအတွင်း……

“ချန်ကျန်း……မနေ့ညက မေးခွန်းနဲ့ ပတ်သက်ပြီး စုချန်းလဲ နင့်ကို ယုံတယ်လို့ ငါယုံကြည်တယ်……..ဒါပေမယ့် ချက်ပြုတ်တာ၊ နှိပ်တတ်တာတွေ အပြင် နင်တခြား ဘာတွေ လုပ်တတ်သေးလဲ”

အန်ကျင်းက ချန်ကျန်းအား မေးနေသည်။

“ကုချင်း၊ စစ်တုရင်၊ လက်ရေးလှ၊ ပန်းချီ၊ လက်ဖက်ရည်ဖျော် အတတ်၊ ဆေးပညာ စတဲ့ ဟာတွေ အားလုံးတတ်တယ်”

ချန်ကျန်းက ပြန်ဖြေလိုက်သည်။

“နင်ပြောချင်တာက တခြားနယ်ပယ်တွေမှာလဲ ပန်းချီပညာလိုမျိုး ကျွမ်းကျင်တာတော့ မဟုတ်ပါဘူးနော်…..”

ယင်းအား ကြားသည့်အခါ အန်ကျင်း မင်သက်သွားပြီး ဆက်၍ မေးလိုက်သည်။

စုချန်း၏အိမ်ဆီ သူမ ပြောင်းလာရသည့် အကြောင်းအရင်းမှာ ချန်ကျန်းအနေနဲ့ ထိုနေ့က စာသင်ခန်းထဲတွင် သူ၏ ပန်းချီပညာကို ချပြခဲ့ခြင်းကြောင့် ဖြစ်သည်။ သူမက ချန်ကျန်းနောက်သို့ လိုက်ပြီး ပန်းချီကားထဲမှ ပုံရိပ်များအား တကယ် အသက်၀င်လာအောင် ဆွဲနိုင်သည့် ပန်းချီပညာအား သင်ယူလိုခြင်း ဖြစ်လေသည်။

ယခုတော့ ချန်ကျန်းသည် ပန်းချီပညာအပြင် အခြားနယ်ပယ်များတွင်ပါ ကျွမ်းကျင်သည်ဟု ပြောနေသည်။ ထိုပညာရပ်များလဲ ပန်းချီပညာနည်းတူ အဆင့်မြင့်နေသည် ဆိုပါက အလွန်ထိတ်လန့်ဖွယ် ကောင်းပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ချန်ကျန်းသည် သူမ၏အမြင်၌ ပန်းချီနတ်ဘုရားတစ်ပါး ဖြစ်နေပြီ ဖြစ်၏။

“အနည်းနဲ အများပေါ့”

ချန်ကျန်းက ခေါင်းအသာ ညိမ့်လိုက်သည်။

“တကယ်ကြီးလား……ဒါဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

အန်ကျင်း အနည်းငယ် မယုံကြည်နိုင်ဖြစ်သွားသည်။
ချန်ကျန်းသည် သူမ၏ အမြင်၌ ပန်းချီနတ်ဘုရားတစ်ပါးဖြစ်နေပြီး ဖြစ်၏။ ယခုတော့ ချန်ကျန်းက အခြားနယ်ပယ်များသည်လည်း ပန်းချီပညာနှင့် အတူတူလောက်ပင် ဖြစ်သည်ဟု ဆိုသည်။ ဆိုလိုသည်က ချန်ကျန်းသည် ဂီတတူရိယာများ၊ စစ်တုရင်၊ လက်ရေးလှ၊ ဆေးပညာစသည့်ပညာရပ်များကိုပါ ပန်းချီပညာကဲ့သို့ ကျွမ်းကျင်တတ်မြောက်သည့် အဓိပ္ပာယ်ပင်။

ပန်းချီနတ်ဘုရား၊ ဂီတနတ်ဘုရား၊ စာပေပညာရှိ၊ ဆေးသူတော်စင်၊ အချက်အပြုတ်နတ်ဘုရား၊ စသည် စသည်

လူတစ်ယောက်ထဲက ထိုမတူသော နယ်ပယ်များတွင် တကယ့်ဒဏ္ဍာရီအဆင့်သို့ ရောက်ရှိနေသည်။ ဒီလိုမွန်းစတားမျိုး အမှန်တကယ် ရှိပါ၏လော။

အန်ကျင်းမယုံကြည်နိုင်ပါချေ။ သို့သော် ချန်ကျန်းသည် ပန်းချီပညာနှင့် အချက်အပြုတ်ပညာတွင် သူ၏ ကျွမ်းကျင်မှုကို ပြသခဲ့ပြီး ဖြစ်သည်။ သူမမယုံကြည်နိုင်ပေမယ့် သူမစိတ်ထဲရှိ အသံတစ်သံက သူမဘေးရှိ ဤယောက်ျားသည် ထိုကဲ့သို့ မွန်းစတားမျိုးဖြစ်သည်ဟု ပြောနေလေသည်။
“အချိန်နည်းနည်းပဲ လိုတာပါ”
ချန်ကျန်းက အရေးမပါသည့်ဟန်ဖြင့် ပြောလိုက်သည်။

အတိတ်တွင် သူတစ်ကိုယ်တည်း အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရသည်။ တစ်ကိုယ်တည်း နေထိုင်ရခြင်းက အလွန်ပျင်းရိဖွယ်ကောင်းလှ၏။ သူပျင်းသည့်အခါ ထိုကဲ့သို့ အရာများကိုသာ အလုပ်မရှိ လုပ်စရာရှာ လုပ်နေခဲ့သည်။ ထို့ကြောင့် နယ်ပယ်အမျိုးမျိုးတွင် ဆရာတစ်ဆူဖြစ်နေရခြင်းပင် ဖြစ်သည်။

“ပရော်ဖက်ဆာအန်း”

ထိုအခိုက်တွင် နံဘေးမှ ခေါ်သံတစ်ခု ရုတ်တရက်ထွက်လာပြီး လူခြောက်ဦး ခုနစ်ဦးခန့်ကို တွေ့လိုက်ရသည်။

“မင်္ဂလာပါ ပရော်ဖက်ဆာအန်း၊ ခင်ဗျားကို ထပ်တွေ့ရတဲ့အတွက် ကျွန်တော် သိပ်ဝမ်းသာမိတယ်… ဒီလောက်ကျယ်ဝန်းတဲ့ NTU ကြီးထဲမှာ ပြန်ဆုံခွင့်ရတာ ကံကြောင့်ပဲနေမယ်…”

ရှေ့ဆုံးမှ လူငယ်က အန်ကျင်းကို ယုံကြည်မှုသော အပြုံးဖြင့် ကြည့်ပြီး မသဲမကွဲ တရုတ်စကားဖြင့် နှုတ်ဆက်သည်။

“အတော်တောဆန်တာပဲ”

ချန်ကျန်းက ထိုသူကိုကြည့်၍ အသာ ရယ်မောလိုက်သည်။

“မင်းဘာပြောချင်တာလဲကွ……..ငါတို့ အန်းဝူက ကျောင်းသားတွေထဲမှာ prince အဖြစ် သတ်မှတ်တာကို ခံထားရတဲ့ သူပဲ…..မင်းက သူ့ကို တောဆန်တယ်လို့ ပြောတော့ သူ့ကို ဘာနဲ့ နှိုင်းလိုက်တာလဲကွ”

ထိုလူငယ်က ဘာမှ ပြန်ပြီး မပြောရသေးခင်မှာပင် ဆံပင်အဝါနှင့် လူငယ်တစ်ယောက်က ချန်ကျန်းအား စပြီး ရန်တွေ့လိုက်သည်။ သူ၏ တရုတ်စကားပြောမှာလဲ အလွန်ဆိုးဝါးလှ၏။

“စကားစမပြောခင် တရုတ်စကားပြော အရင်လေ့ကျင့်လိုက်အုံး”

ချန်ကျန်းက ပြုံးလိုက်ပြန်သည်။

“ငါတို့က နိုင်ငံတကာ ကျောင်းသားတွေပဲ……ငါတို့က ကိုးရီးယားနိုင်ငံသားတွေ…….မင်းရဲ့ သဘောထားက ဘာသဘောလဲကွ”

ဆံပင်ဝါနှင့် လူငယ်က ချန်ကျန်းအား ဆက်၍ ရန်တွေ့သည်။

“ဒီအဆင့်မြင့်လှတဲ့ နိုင်ငံတကာ ကျောင်းသားတွေကို မင်းသိလား”
ချန်ကျန်းက ဆံပင်၀ါနှင့် လူငယ်ကို လျစ်လျူရှုထားပြီး အန်ကျင်းအား လှည့်ကြည့်လိုက်သည်။

“မသိပါဘူး”

အန်ကျင်းက ခေါင်းခါသည်။

“ဒါဆိုလဲ သွားကြမယ်”

ချန်ကျန်းက ခေါင်းအသာ ညိမ့်လိုက်သည်။

“ခဏနေပါအုံး”

သို့သော်လည်း သူခြေထောက် စရွေ့သည့်အခိုက်မှာပင် အန်းဝူဆိုသော လူငယ်က ရှေ့မှနေ၍ ၀င်တားသည်။

“တောင်းပန်……မင်း ငါတို့ကို တောင်းပန်ရမယ်…”

ဆံပင်ဝါနှင့် လူငယ်ကလည်း နောက်မှလိုက်လာပြီး ချန်ကျန်းအား လမ်းပိတ်ကာ ဒေါသတကြီးဖြင့် အော်သည်။

ထိုအော်သံက ဘေးပတ်၀န်းကျင်တွင် ရှိသော လူများစွာ၏ အာရုံကို ဆွဲဆောင်မိသွားပြီး လူအားလုံး ဒီဘက်သို့ ကြည့်လိုက်ကြသည်။

“အဲ့ဒီဘက်မှာ ပဋိပက္ခတစ်ခု ဖြစ်နေတယ်နဲ့ တူတယ်”

“ဟမ်…..အဲဒါ ပရော်ဖက်ဆာအန်းနဲ့ ကျောင်းရဲ့ ပန်းပွင့်လေး စုချန်း မဟုတ်လား….အဲဒီလူတွေက……နိုင်ငံတကာ ကျောင်းသားတွေထဲက ထိပ်တန်းကျောင်းသားဖြစ်တဲ့ ကင်အန်းဝူပါလား…..ဒီကောင်က ပရော်ဖက်ဆာအန်းနဲ့ စုချန်းတို့ကို သွားရောချင်နေတာလားဟ….”

“နေပါအုံး ပရော်ဖက်ဆာအန်းနဲ့ စုချန်းရဲ့ဘေးက လူက သုံးမှတ်ဘော ဘုရင် မဟုတ်လားကွ……အရင်တစ်ခါ ရန်ဟောက်နဲ့ သူ့လူတွေကို တစ်ယောက်တည်း အနိုင်ယူသွားခဲ့တုန်းက နာမည်ကြီးသွားတဲ့ တစ်ယောက်လေ……..ခုတလော အင်တာနက်ပေါ်မှာ အရမ်းရေပန်းစားနေတာ……အဲ့ဒီ ဗွီဒီယိုအတိုလေးရဲ့ ဇာတ်လိုက်ရဲ့ နာမည်က ဘာပါလိမ့် ……ချန်ကျန်းဆိုလားပဲ……ဟုတ်တယ်…..ဟုတ်တယ်…..ချန်ကျန်း….သူက စုချန်းရဲ့ ဘော်ဒီဂတ်တစ်ယောက်ဆိုပဲ”

“ဘယ်လိုလုပ်များ ဒီကောင်တွေနဲ့ ပဋိပက္ခ သွားဖြစ်ရတာလဲ…….ဒီကောင်တွေအားလုံးက တိုက်ကွမ်ဒို လေ့ကျင့်ထားကြတယ်ဆိုပဲ…….အဲ့ဒီ ကင်အန်းဝူဆို NTU စရောက်လာတုန်းက ရှေးဟောင်းသိုင်းပညာကလပ်စ် တစ်ခုလုံးကို တစ်ယောက်တည်းနဲ့ ဒိုင်ခံ ချခဲ့တာပဲ…….ဘယ်လိုပဲဖြစ်ဖြစ် အတော်တတ်တယ်ဆိုတာတော့ သေချာတယ်….”

“ရီးပဲ…….ဒါက NTU လေ……အဲ့ဒီကောင်တွေ မောက်မာရမယ့် အလှည့်လားကွ…..”

‌‌‌ဝေဖန်သံအမျိုးမျိုး ထွက်လာသည်။

“မင်းဘယ်သူလဲ ငါသိပြီ”

ထိုအခိုက်တွင် ချန်ကျန်း၏ လမ်းကို ပိတ်ထားသော ကင်အန်းဝူက ရုတ်တရက်ပြုံးလိုက်ပြီး ချန်ကျန်းအား အထက်စီးဆန်သော လေသံဖြင့် ပြောသည်။

“မင်းက စုချန်းရဲ့ ဘော်ဒီဂတ် အဲ့ဒီချန်ကျန်းပဲ……မင်းက ဒီကာလအတွင်း အင်တာနက်ပေါ်မှာ ရေပန်းစားနေတဲ့ ဗွီဒီယိုတိုလေးရဲ့ ဇာတ်လိုက်ပဲ….ဒါပေမယ့်လည်း မင်းက ဘက်စကတ်ဘောမှာ အတော့်ကို ကျွမ်းကျင်ပေမယ့် NTU ရဲ့ ကျောင်းသားတစ်ယောက် မဟုတ်ဘူး….မင်းက စုချန်းရဲ့ ဘော်ဒီဂတ်တစ်ယောက် သက်သက်ပဲ…….ဒါပေါ့ မင်းရဲ့ နောက်ခံ ဘာပဲ ဖြစ်နေဖြစ်နေ မင်းပြောလိုက်တဲ့ စကားတွေက ငါတို့နိုင်ငံကို ထိပါးစော်ကားနေတယ်……ဒီတော့ တောင်းပန်ပါ……….”

“တောင်းပန်…..တောင်းပန်……”
“မင်းအနေနဲ့ ငါတို့နိုင်ငံကို လူသိရှင်ကား စော်ကားတယ်……ပြန်တောင်းပန်မှ ရမယ်”
“တောင်းပန်,……ခုချက်ချင်း တောင်းပန်”

အခြားသော ကိုးရီးယား ကျောင်းသားများလည်း စတင်၍ အော်ဟစ်ကြကာ သူတို့အသံသည် ကျယ်သထက်ကျယ်လာပြီး ချန်ကျန်းအား အလွတ်ပေးမည့်ပုံ မရပေ။

အန်ကျင်းနှင့် စုချန်းတို့ နှစ်ယောက်လုံး အနည်းငယ် အေးစက်သွားကြသည်။ သူတို့သည် ယနေ့ စိတ်ရွှင်နေကြတာပဲ ဖြစ်သည်။ သို့သော် NTU ထဲ ၀◌င်လိုက်သည်နှင့် ဒီလိုမြင်ကွင်းမျိုးအား တွေ့မြင်ရလိမ့်မည်ဟု ထင်မထားပေ။ ကြေးစားတစ်ယောက်အဖြစ် အာဖရိကတွင် နေခဲ့စဉ်က စုချန်း၏ စရိုက်မျိုးဖြင့်ဆို၊ သို့မဟုတ် တရုတ်ရှေးဟောင်းသိုင်းလောက၏ စည်းမျဉ်းများကြောင့်သာ မဟုတ်ဘူးဆိုလျှင် ဤတခြားနိုင်ငံမှ ကျောင်းသားများ မြေကြီးပေါ် လဲကျပြီး အော်ဟစ်နေကြလောက်ပေပြီ။

“မင်းတို့တွေ ဦးနှောက်မကောင်းကြဘူးလို့ ငါဘာလို့ ထင်နေရတာလဲ”

သို့သော်လည်း ချန်ကျန်း၏ မျက်နှာပေါ်တွင် အပြုံး ခပ်ရေးရေးတစ်ခု ရှိနေပြီး သူ့မျက်စိများက ကိုးရီးယားနိုင်ငံမှ ကျောင်းသားများ၏ မျက်နှာကို ကြည့်ကာ အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“ချန်ကျန်း”

ကင်အန်းဝူ၏ မျက်နှာ ချက်ချင်း မည်းသည်းသွားပြီး သူ့မျက်လုံးများက အဆိပ်ပြင်းသည့် မြွေတစ်ကောင်အလား ချန်ကျန်းကို စူးစူးရဲရဲဖြင့် ကြည့်သည်။ ။

Address

Danubyu

Website

Alerts

Be the first to know and let us send you an email when Suzy2004 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category