05/03/2023
. ဆံပင်အကြောင်း
ဆံပင်နဲ့ ပတ်သက်သည့် ဗဟုသုတများကို အခြေခံ၍ လွယ်ကူရှင်းလင်းစွာ နားလည်စေရန်နှင့်
လိုရင်းတိုရှင်းမှတ်မိစေရန်အတွက် ဆောင်ရန် ရှောင်ရန် အချက်များကို စုစည်းတင်ပြလိုက်ပါသည်။
၁ - ဆံပင်သန်စွမ်းစေရန် အဓိကလိုအပ်သည့် ပရိုတင်းဓာတ် ပြည့်ဝစေရန်အတွက် ကြက်ဥ အသား
ငါးမျိုးစုံနှင့်ပဲ မျိုးစုံတို့ကို စားသုံးပေးရန် လိုအပ်ပါသည်။
၂ - ဆံပင်အတွက် အရေးပါသညာ့ သံဓာတ်အားကောင်းစေရန်အတွက် ထမင်းစားတိုင်း ဟင်းရွက်အစိမ်း
တမျိုးမျိုး စားဖြစ်အောင် ထည့်စားပါ။
မစားဖြစ်ပါက ကလိုရိုဖီးလ်ပါဝင်သော သဘာဝဖြည့်စွက်ဆေးဝါး ဥပမာ - ရေညှိစိမ်း အယ်ဖာဖာ ဂျုံမြက်နု
ကြိုက်ရာ တခုခုကို နေ့စဉ် ဖြည့်စွက် မှီဝဲနိုင်ပါသည်။
၃ - အရည်ရွှမ်းပြီး ချဉ်သော သစ်သီးများကို စားသုံးပေးပါ။ သို့မဟုတ် ဗီတာမင်စီ ဖြည့်စွက်ဆေးဝါးများ
သုံးစွဲပါ။
၄ - သွပ် ဓါတ်ပါဝင်သည့်အစားအစာများ ဂုံးကောင် ပြည်ကြီးငါး အခွံမာအသီးများနှင့် အစေ့အဆံများကိုလည်း
အလျဉ်းသင့်သလို စားသင့်ပါသည်။ သို့မဟုတ် သွပ်ဓါတ်ပါဝင်သော ဖြည့်စွက်ဆေးဝါးများကို သုံးစွဲပါ။
#ဆံပင်နဲ့ရောဂါပိုး
ဆံပင်ဆိုသည်မှာ လူတစ်ယောက်၏ ဥပဓိရုပ်သာမက လူမူစီးပွားရေးနယ်ပယ်တွင်လည်း အရေးပါလှသဖြင့်
သေသေသပ်သပ်ထားရန် အရေးကြီးပါသည်။
ဆံပင်ရှည် မထားလို၍ ခေါင်းကိုပြောင်အောင်ထားပါကပြသနာမရှိသော်လည်း ဆံပင်ရှည် ထားမည်ဆိုပါက
သန့်သန့်ရှင်းရှင်းထားရန် လိုပါသည်။
# တကိုယ်လုံးးတွင် အညစ်ပတ်ဆုံးမှာ ဆံပင်
အများအားဖြင့် အပြင်ထွက်သည် ဆိုသည်နှင့် ဆံပင်တွင် မည်သည့်အကာအကွယ်မှ မရှိကြသည်က များပါသည်။
လမ်းမပေါ်တွင် ဖုန်များနဲ့ ပြည့်နှက်နေပြီး ထိုဖုန်များက အကာအကွယ်မဲ့နေသော ခေါင်းမှ ဆံပင်နဲ့ ဦးရေတို့တွင် လာကပ်ပါသည်။
ဖုန်များသည် ဆံပင်ကို လျှပ်စစ်သဘောသဘာဝအရခန္ဓာကိုယ် အရေပြားထက် ပိုမိုကပ်တွယ်နိုင်ပါသည်။
ထို့ကြောင့် ပတ်ဝန်းကျင်တွင်ရှိသော ဖုန်မူန့်များသည် ဆံပင်တွင် အကပ်ဆုံးဖြစ်သည် ။
အပြင်မှ ပြန်လာလျှင် ခေါင်းတွင် ဖုန်များကို မြင်ချင်မှ မြင်ရမည်။ နောက်ချွေးများထွက်လာလျှင် ချွေးကြောင့် ဖုန်များပိုပြီး ထပ်ကပ်ပါမည်။
တချို့က ခေါင်းကိုမလျော်ပဲ ဖုန်မူန့်များရှိနေသောဆံပင်ကို ဘီးများဖြင့်ဖြီးပြီး ထိုဘီးများကို မသန့်ရှင်းပဲ အမြဲ
သုံးနေလေ့ ရှိသည်။
ထို့ကြောင့် ခေါင်းကို မကြာခဏလျော်ပေးရန် လိုပါသည်။
အေးပြီး သန့်ရှင်းသောနေရာမျိုး (ဥပမာ- ဆွစ်ဇာလန် )ခေါင်းခဏခဏမလျော်ခြင်းက ပြသနာမရှိသော်လည်း
ပူပြီး ဖုန်မူန့်များသော မြန်မာပြည်ကဲ့သို့ နိုင်ငံများတွင် နေ့စဉ် ခေါင်းလျော်ပေးသင့်ပါသည်။
ထိုသို့ မဟုတ်လျှင် ချွေးများနဲ့ ခေါင်းကလည်ူ ညစ်ပတ်လာပြီး အိမ်ရောက်လျှင် ခေါင်းမလျှော်ပဲ ထိုးအိပ်လိုက်တဲ့အခါ ဆံပင်နဲ့ခေါင်းအုံးစွပ်တို့ တိုက်ရိုက်ထိတွေ့ကြပြီး ခေါင်းအုပ်စွပ်ကို ခေါင်းနဲ့သုတ်လိုက်သကဲ့သို့ ဖြစ်နေပါသည်။
ဥပမာ -: ခြေထောက်နဲ့ ခြေသုတ်ခုံကို သုတ်သလိုမျိုးဖြစ်နေပါသည်။
တချို့ ခေါင်းအုံးစွပ်များ မည်းနေခြင်းမှာ ခေါင်းတွင် ကပ်လာသည့်ဖုန်မူန့်များထဲတွင် ရှိနေသော
မိူများ ဘက်တီးရီးယားများ စသည်တို့ ကပ်ပါနေခြင်းကြောင့်ဖြစ်သည်။
ထို ရောဂါပိုးများမှာ ခေါင်းအုံးကတဆင့် နှာခေါင်းထဲဝင်သွားပြီး အသက်ရှူလမ်းကြောင်းထဲသို့ ရောက်လာပါသည်။
နောက်ဆုံး အဆုတ်ထဲတွင် ရောဂါရလာပြီး ထို ပိုးထဲ၌ တီဘီပိုးသာ ပါလာခဲ့လျှင် အဆုတ်ထဲတွင်
တီဘီရောဂါကဲ့သို့ နာတာရှည် ရောဂါများဖြစ်လာနိုင်သည်။
ထိုသို့ ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ဆံပင်ဖြစ်သောကြောင့် ဆံပင်ကို အထူး ဂရုစိုက်စေချင်ပါသည်။
ဒေါက်တာခင်မောင်လွင်
Crd