Htoo Htoo Ayar

Htoo Htoo Ayar အသင့်စားသောက်ကုန်ဖြန့်ချီရေး

31/03/2026

💛💛💛အဝါရောင်လေးကဘယ်သူလဲ ဘယ်ကလဲကွယ် 🎶🎵💛💛💛 မနက်ပိုင်း order လေးတဖြတ်

ထူးထူးဧရာ page မှ ကြိုဆိုပါတယ်ရှင့်
31/03/2026

ထူးထူးဧရာ page မှ ကြိုဆိုပါတယ်ရှင့်

26/08/2025

ကုန်စုံဆိုင်နှင့် One Stop Supply

ကုန်စုံဆိုင်မှ မဟုတ်ပါ။ အ​တော်များများက ပစ္စည်း ဝယ်ယူရာမှာ တစ်​နေရာတည်းက အပီးအစီးဝယ်ချင်ကြတယ်။ မှာယူချင်ကြတယ်။
အချိန်မကုန် အလုပ်မရှုပ်ပဲနဲ့ မိမိဆိုင်ကို ပစ္စည်း​တွေ​​ရောက်လာဖို့ကို လိုချင်ကြတာချည်းပါပဲ။
ကား​လောကစကားနဲ့​ပြောရရင် လက်တင်​​မောင်း၊ လက်တင်စီး​​လေး​ပေါ့။
အဲလိုဖြစ်နိုင်လား​မေးရင် မဖြစ်နိုင်​သေးပါဘူးလို့ပဲ ​ဖြေချင်ပါတယ်။ ​(နေရာတစ်ခုထဲကပဲ ရသ​လောက်နဲ့ ယူ​ရောင်းမယ်ဆိုတဲ့ အိမ်ဆိုင်​တွေအတွက်က​တော့အဆင်​ပြေနိုင်ပါတယ်။ )အဲလို​ဖြေရင် ဒီ​ကောင် ရူး​နေလို့ ​ပေါက်ကရ​တွေ ​ပြော​နေတာလို့ ဝိုင်း​ပြောကြမှာ မြင်မိတယ်။ ရတယ်လို့​ပြောတဲ့ သူက ဘယ်လိုယူကြလဲ​တော့မသိဘူး။ ကျ​နော့်အ​တွေ့အကြုံအရ​တော့ မရပါဘူး။
ကုန်စုံဆိုင်​လေး၊ Minimart ​လေးစတင်ဖို့ အပီးအစီး ဝန်​ဆောင်မှု​ပေးတဲ့ လုပ်ငန်း​တွေရှိပါတယ်။ သူတို့က ဆိုင်အပြင်အဆင် လုပ်​ပေးတယ်။ ​ရောင်းချမဲ့ပစ္စည်း​တွေ ဝယ်ယူ၊ မှာယူ​ပေးတယ်။ အဲလို အစအဆုံးလုပ်​ပေးတာမှာ တစ်​နေရာတည်းက မှာ​ပေး၊ ဝယ်​ပေးတာမျိုးမဟုတ်ပါဘူး။ Items ​တွေအလိုက် ရရှိမဲ့နေရာနဲနဲ/များစွာက​နေ ဝယ်ယူ​ပေးရတာပါ။ သူတို့ Setup လုပ်ပြီး ဆက် Run ဖို့ကို သူတို့က contact ​တွေ ချိတ်​ပေးခဲ့မှာပါ။ အဲ အဲဒီ contact ​တွေကလဲ တစ်ခုမက ရှိတာ အသေအချာပါပဲ။
ဘယ်စက်ရုံကမှ ပစ္စည်းအားလုံး မထုတ်နိုင်သလို ဘယ်လိုတင်သွင်း​​ရောင်းချသူမှလဲ ပစ္စည်းအားလုံး တင်သွင်း​ရောင်းချခြင်းမပြုနိုင်ပါဘူး။ အဲလို စုံစီစွာ ထုတ်လုပ်သူများ၊ တင်သွင်းသူများထံက​နေလဲ ဘယ်လိုအ​ခြေစိုက် Agent/Distribution ​တွေကမှလဲ ရယူဖြန့်ဖြူး​ပေးနိုင်ခြင်းမရှိ​သေးပါဘူး။
အဲဒီ​တော့ ပစ္စည်းအားလုံးတစ်​နေရာတည်းက ရနိုင်မဲ့ ​နေရာ​လေး ညွှန်​ပေးပါဆိုတဲ့ အ​ပြောက​လေး​တွေကို ဘယ်သူကမှ တိကျ​ရေရာစွာ ​ဖြေ​ပေးနိုင်မှာ မဟုတ်ပါဘူး။
ဘယ်လိုပုံစံလုပ်လို့ရလဲဆိုရင် ပစ္စည်းအစုံလင်ဆုံး Agent ​တွေကို Order တင်ပြီး အ​ရောက်ပို့ခိုင်းတာတို့ တခြား ကိုယ့်ဆီလာတဲ့ Distributor တို့က မှာယူတာမျိုး​တော့ လုပ်နိုင်ပါတယ်။ အဲဒီမှာ အားသာချက်ရှိသလို အားနဲချက်ကလဲ တွဲပါလာစမြဲပါပဲ။ Distributor ​တွေကလဲ ကိုယ့်ဆီအကုန်လာကြမယ်ဆိုတာမျိုးကလဲ မှန်းဆမရသလို ရှာရလဲခက်ပါတယ်။ ​နောက် လာ​နေတဲ့ Distributor ​တွေ​တောင်မှ order ​ကောက် way သမားက ကိုယ့်ဆီမလာ​တော့ရင်လဲ ထပ်ယူလို့မရတာ​တွေ ဖြစ်လာပြန်​ရော။ (အဲတာက သူတို့အပိုင်းက management အားနဲတာပါတယ်။ ပုံမှန်မှာ​နေကျ customer တစ်​ယောက်က order မတက်တာ များလာရင် followup လိုက်ဖို့ မလုပ်ကြတာ။ ခန့်ထားတဲ့ manager ​တွေကလဲ တာဝန်​ကျေရုံလုပ်ကြတာ။ စတာ​တွေ​ကြောင့် distributior ​တွေနဲ့ customer ​တွေကြား အဆက်ပြတ်သွားတာ အများကြီးပါ။) # ဒီအတွက် အ​ကြောင်းအရာ​တွေကို​တော့ ဒီထဲ​ပြောရင် စာရှည်သွားမှာမို့ ​နောက်ပို့စ်တစ်ခုနဲ့ သပ်သပ်​ဆွေး​နွေးပါ့မယ်။
​နောက်တစ်ခု ကိုယ်မှာယူတဲ့ Agent မှာရတဲ့ တချို့​သောပစ္စည်း ဥပမာ စာ​ရေးကိရိယာဆိုပါစို့။ သူ့ဆီမှာက Standard တစ်ခု Brand တစ်ခုနဲ့ ​စျေးတန်းမြင့်တာ​တွေပါ​နေမယ်။ ကိုယ့်စျေးကွက်က အများသုံး တန်ဖိုးသင့်ဖြစ်တယ်ဆိုရင်လဲ သူ့ဆီက ယူလို့မရပြန်ပါဘူး။
​နောက်ပြီး ​ခေတ်နဲ့​လျော်ညီစွာ update ဖြစ်လာတဲ့ ပစ္စည်းအသစ်အဆန်း​တွေကို ဖြည့်ဖို့ဆိုရာမှာလဲ အဲဒီပစ္စည်း​တွေ အစုံအလင်ရှိတဲ့ ​စျေးကွက်ထဲဆင်းပြီး မျက်မြင်ကြည့်ရှုဝယ်ယူမှသာ အဆင်​ပြေနိုင်တာပါ။ က်ိုယ့်ဆိုင်ကို အမြဲ upgrade လုပ်ချင်တဲ့သူက​တော့ ​စျေးကွက်​တွေထဲ လှည့်ပတ်​လေ့လာကြည့်ရှုမှ ပိုအဆင်​ပြေပါတယ်။ ဒါမျိုးက အွန်လိုင်း​ခေတ်ကြီးမှာ အသုံးမဝင်​တော့ဘူး ယူဆနိုင်ပါတယ်။ အွန်လိုင်းသည် သိပြီးသားပစ္စည်း​တွေအတွက်က​တော့ အဆင်​ပြေ​ချော​မွေ့ပါတယ်။ အသစ်တို့ အဆန်းတို့အတွက်က အတွင်းမြင်နဲ့ အပြင်လက်​တွေ့မြင် ကွာကိုကွာပါတယ်။ အွန်လိုင်းကမှာရင် သူ့ဆီမှာရှိတဲ့ ပစ္စည်း​တွေက်ုပဲ ရမှာပါ။ ကွဲပြားခြားနားမှု မရနိုင်ပါဘူး။
ကျ​နော် ​စျေးဝယ်ပုံ​ပြောရရင် ဘယ်ပစ္စည်းဖြစ်ဖြစ် မျက်မြင်ကြည့်ပြီး ဝယ်ရတာကို ပိုကြိုက်ပါတယ်။ ​စျေးကွက်ထဲ လှည့်လည်ကြည့်ရှုရင်း တစ်ဆိုင်နဲ့ တစ်ဆိုင် မတူတာ​တွေကို ​တွေ့ရတာက ထုံးစံပါပဲ။ ပစ္စည်း​တွေကို မျက်လုံးနဲ့ကြည့်တယ်။ ရင်ဘတ်နဲ့ခံစားကြည့်လိုက်တယ်။ ဦး​နှောက်ကိုပို့ အလုပ်စလုပ်မယ်။ ဒီပစ္စည်းသည် ကိုယ့်အ​နေနဲ့ ဝယ်သူဆိုရင်​ကော စိတ်ဝင်စားနိုင်လား။ ​နောက်​စျေး​လေ့လာတယ်။ ဝယ်ရမဲ့​စျေး၊ ကိုယ်ယူတဲ့ အမြတ်အရ ပြန်​ရောင်းရမဲ့​စျေး အကြမ်းတွက် ဝယ်သူ​တွေလက်ခံနိုင်​လောက်ရင်​ ဒါကို ယူမယ်​ပေါ့။ ဒါမှမဟုတ် ​နောက်​နေရာ​တွေကို အရင်သွားတခြားပစ္စည်း​တွေ ထပ်ခံစား။ ခုနက target ထားတဲ့ items ​တွေ​တွေ့ရင် ​စျေး​လေ့လာ။ သက်သာတဲ့​နေရာမှာ ပြန်ယူ။ ပင်​တော့ပင်ပန်းတယ်။ ကိုယ်ကိုယ်တိုင် ​စိတ်​ကျေနပ်​နေတဲ့ ပစ္စည်းဖြစ်တဲ့အတွက် ပြန်​ရောင်းရင် အ​ရောင်းထိုင်းပစ္စည်းဖြစ်ဖို့ အခွင့်လမ်းအ​တော်နဲပါးပါတယ်။ ဆိုင်​တွေက ဒါ​လေးက ​ရောင်းရတဲ့ပစ္စည်းလို့ ဘယ်လောက်​ပြော​ပြော ကိုယ့်ဆီမှာ ​ရောင်းရချင်မှ ​ရောင်းရမှာ ။ကိုယ်ကိုယ်တိုင်က စိတ်​ကျေနပ်မှုရှိတာ​တွေကိုပဲ ဝယ်တာမျိုး​ပေါ့။
မုန့်​တွေဆိုလဲ ဒီအတိုင်းပဲ။ ကြည့်တယ်။ ခံစားတယ်။ စိတ်နဲ့စားကြည့်တယ်။ စား​ကောင်းနိုင်လား။ ကြိုက်ရဲ့လား။ မြင်ရုံနဲ့ စားချင်စိတ်ဖြစ်သွားလား။ ဦး​နှောက်နဲ့ဆုံးဖြတ်ပြီး ​ကျေနပ်မှ ဝယ်တယ်။( ​ရောင်းမကုန်ရင် ကိုယ် စားရမှာမို့ ကိုယ်ကိုယ်တိုင်က စားချင်တဲ့ စိတ်ရှိတဲ့ မုန့်မျိုးကိုပဲ ဝယ်တာမျိုးလုပ်ဖြစ်တယ်၊ ကိုယ့်ပတ်ဝန်းကျင်​စျေးကွက်က ပီးပီး​ရောမရတဲ့ ​စျေးကွက်ဖြစ်​တော့ ပိုသတိထားရတာ​ပေါ့)
​စျေးဝယ်ရင် ဘယ်​စျေးလဲအယင်​မေးတဲ့အ​လေ့အကျင်လုပ်ထားတာ ပို​ကောင်းပါတယ်။ ​စျေးအတက်အကျကို တန်းသိတာ​ပေါ့။ ပြင်ဆင်လို့ ရသွားတာ​ပေါ့။ ​စျေးကွက်ထဲ ဆင်းဝယ်တာက ​စျေးမတူတာ​တွေ။ ပစ္စည်းမတူတာ​တွေ။ အသစ်အဆန်း​တွေကို မျက်မြင်ဖြစ်ပြီး ကိုယ့်အတွက် ပိုအကျိုးရှိ​စေတယ်လို့ မြင်တယ်။ တစ်ခါတစ်ခါ ဝယ်​နေကျဆိုင်က ​စျေးပိုများ​နေတာကိုလဲ ​တွေ့ရတတ်တယ်။ အဲတာဆို သက်တာတဲ့​နေရာက ​ပြောင်းဝယ်လိုက်ရတာ​ပေါ့။ တစ်ဆိုင်တည်းကပဲ မှာရင် ကွာလဲ ကွာတဲ့အတိုင်းယူရတာ။ ယူတဲ့အတိုင်းပြန်​ရောင်းချိန် သူများထက်​စျေးများသွားတာဖြစ်နိုင်လို့ အဆင်မ​ပြောဖြစ်တတ်​သေးတယ်။ ဒါကို အရင် ပို့စ်​တွေမှာ ​ပြောဖူးပါတယ်။ ( ​ပေ ၂၀၀ ​လောက်ကွာတဲ့ ဆိုင် ၂ ခုက ကိုက် ၂၀၀ ​လောက်ကွာတဲ့ Agent တစ်ခုစီက ပစ္စည်းယူတယ်။ Agent အကြီးက ​စျေးသက်သာတယ်။ မပို့ဘူး။ Agent အ​သေးက ​စျေးများတယ်။ ပို့​ပေးတယ်။ သူက အထိုင်အမှာသမားဆို​တော့ ​ပို့​ပေးတဲ့ စျေးများတဲ့ Agent ကပဲ မှာတာ​ပေါ့။ ကိုယ်က အဲ Agent ​တွေအကုန်သွားတယ်။ယှဥ်ဝယ်တယ်။ ဥပမာတစ်ခုပြရင် Agent အကြီးမှာ ၄၀၀၀ တန်ပစ္စည်းသည် Agent အ​သေးမှာ ၄၃၀၀/၄၄၀၀ ရှိတယ်။ ၄၀၀၀ နဲ့ယူရလို့ ၄၅၀၀ ​လောက်​ရောင်းချိန် သူက ၅၀၀၀ ​လောက်​ရောင်း​နေရပြီ။ ကိုယ့်​ရောင်း​စျေးက သူ့ဝယ်​စျေးနီးနီးဖြစ်​နေပြီ။ သူ့​​ရောင်း​စျေးက ဝယ်​စျေးအရ​ပေမဲ့ ယူ​စျေးကွာဟချက်မှာ ​ရောင်း​စျေးကွာလို့ ဝယ်သူဖက်မှာ ​စျေးကွာတာ မြင်လိုက်ရတယ်။ ဒါဆို ​ရောင်းအားထိခိုက်လာမှာပါပဲ။
အဲဒီ Agent အကြီးဆိုရင် ကိုယ့်ဖက်တ​ကြောမှာ အကြီးဆုံး ပြ်ုက်ဖက်မရှိနဲ့ ​စျေးအသက်သာဆုံး။ သိမ်ကြီး​​စျေး ​ညောင်ပင်​လေး​စျေးသွားရင် သူ့နဲ့​စျေးတူ ​စျေးမြက့််ာပဲရှိလို့ အချိန်နဲ့ ခရီးစရိတ်ထပ်ရှုံး​သေးတယ်။ ကားအစီးလိုက်ပစ္စည်းချတဲ့ Agent ပါ။ ပစ္စည်းအသစ် ​စျေးကွက်ဝင်ချင်ရင် သူွဆီတင်နိုင်​အောင်ကြိုးစားရတယ်။ သူ့ဆီ​ရောက်ပြီး ဆိုင်တင်နိုင်ပြီဆို​တော့ ပစ္သည်းအသစ်သည် ​စျေးကွက်​နေရာရဖို့ ​တော်​တော်အလားအလာရှိသွားတယ်။ ကိုယ့်ပစ္စည်း​ကောင်းရင် တင်ခွင့်ရဖို့များပါတယ်။ ထားပါ ​ပြောရရင် ဒီလို စုံစိ​နေတဲ့လAgent တစ်ခုထဲက​နေပဲ ဝယ်လ်ု့ရလားဆို​တော့ ကိုယ့်ဆိုင်အ​နေအထားအရ ကွာသွားပါမယ်။ အိမ်ဆိုင်အ​သေးဆိုရင် ဖြစ်နိုင်တယ်။ အလယ်အလတ်တို့ အကြီးလုပ်မယ်ဆို မဖြစ်နိုင်​သေးပါ။ အလယ်အလတ်နီးတဲ့ က်ုယ့်​တွေက​တော့ ​စျေးတစ်ခါသွားရင် အဲဒီ Agent အပြင် ​နောက်ထပ် Agent ၂ ခု ၃ခု ​လောက်ပူးတွဲသွားရ​သေးတယ်။ ပီးလားဆို​တော့ မရ​သေးပါ။ သိမ်ကြီး​စျေးအပါ ​နောက်​စျေး​တွေထပ်သွားရ​သေးတယ်။ စာ​ရေးကိရိယာတို့၊ အရုပ်တို့လို upgrade လုပ်ရမဲ့ ပစ္စည်း​တွေအတွက်။
​ပြောရရင်​တော့ အများကြီးပါပဲ စိတ်ရှိတိုင်း ​ရေးရင် ​တော်​တော်ကြီး​ပေရှည်သွားမှာမို့ ဒီ​လောက်ဆိုရင် ​တော်​တော်ရှည်​နေပြီမို့ အဆင်​ပြေ​လောက်မယ်ထင်ပါတယ်။
အရင်းချုပ်​ပြောရရင် onestop ရမဲ့​နေရာ မဖြစ်နိုင်သလို တစ်​နေရာတည်းက မှာယူ​ရောင်းချရင်လဲ ပစ္စည်းပိုင်း ​စျေးပိုင်း​တွေ ငြိတာ​တွေ ဖြစ်နိုင်ပါတယ်လို့။
မရဘူး။ မဖြစ်ဘူး ဆိုတာက​တော့ မရှိပါဘူး။ ဖြစ်တော့ဖြစ်လာမှာပါ။ ​ပေးဆပ်ရမှု​တွေက​​တော့ ဒွန်တွဲ​နေမှာပဲ​လေ။ ရသ​လောက်နဲ့ပဲ လုပ်မယ်ဆိုပြီးတင်းတိမ်နိုင်ရင်​တော့ တစ်ဆိုင်တည်းအ​ပေါ်အားပြုလုပ်လို့ရပါတယ်။
စာရင်း​လောကစကားနဲ့ ​ပြောရရင် - Tradeoff တဲ့။ တစ်ခုလိုချင်ရင် တစ်ခုကို ​ပေးဆပ်ရတယ်။ အပြိုင်ရဖို့ ခက်ပါတယ်။

ကုန်စုံဆိုင်ပိုင်ရှင် သူ​ဌေးအ​ပေါင်း ​ရောင်းပန်းသာ၍ ​ငွေအဝင်ကြမ်းကြပါ​စေ။

ကို​နောန်မိုး
25.08.25

#ကုန်စုံဆိုင်

The Grace Hotel ဘေးမှာရှိမယ်နော်
19/08/2025

The Grace Hotel ဘေးမှာရှိမယ်နော်

10ထုတ်တွဲလေးတွေရပါပီ
19/08/2025

10ထုတ်တွဲလေးတွေရပါပီ

ဒါလေးတွေကတော့ မြဝတီကို ပို့ရမဲ့ ရှယ်အော်ဒါလေးတွေပဲ ဖြစ်ပါတယ်ဝယ်ယူအားပေးတဲ့ ချစ်ခင်သူအားလုံးကျေးဇူးအထူးပါရှင့် 💙💙💙
15/08/2025

ဒါလေးတွေကတော့ မြဝတီကို ပို့ရမဲ့ ရှယ်အော်ဒါလေးတွေပဲ ဖြစ်ပါတယ်
ဝယ်ယူအားပေးတဲ့ ချစ်ခင်သူအားလုံးကျေးဇူးအထူးပါရှင့် 💙💙💙

Hello Hello ထူးထူးဧရာမှာ 1800ကျပ်ထဲနဲ့ မာလာထုတ်လေးတွေ ဝယ်စားလို့ရနေပီနော်ကြက်မာလာ,ဝက်မာလာ,အမဲမာလာဆိုးပီး ရွေးချယ်စရာ (3)...
15/08/2025

Hello Hello
ထူးထူးဧရာမှာ 1800ကျပ်ထဲနဲ့ မာလာထုတ်လေးတွေ ဝယ်စားလို့ရနေပီနော်
ကြက်မာလာ,ဝက်မာလာ,အမဲမာလာဆိုးပီး ရွေးချယ်စရာ (3) မျိုးတောင်ရှိတယ်နော်
- အလုပ်မအားတဲ့မေမေတွေ
- အဆောင်နေ ကျောင်းသား,ကျောင်းသူ, သားသားမီးမီးလေးတွေ
- ရုံဝန်ထမ်းသမားတွေ
🍻ယမကာ လုလင်တွေ အားလုံးအတွက် ထူးထူးဧရာက အသင့်စား မာလာထုတ်လေးတွေက အဆင်သင့်ရှိနေပါပီ။

Address

No(9). Kyar In Streer
Hpa-an

Website

Alerts

Be the first to know and let us send you an email when Htoo Htoo Ayar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category