Crypto King

Crypto King Visa Card အတွက် အယုံကြည်ရဆုံး၊ စိတ်အချရဆုံး Page

18/05/2026

ဈေးတက်မယ်လို့ ရိုးရိုးပြောလည်းရသားနဲ့ ဟိုဟာတောင်း ဒီဟာတောင်း တောင်းပြနေသေး။
နောက်ဆုံးတော့လည်း ဒီဘူတာဆိုက်တာပဲကို။
တကတည်း လူကို စိတ်ဒုက္ခ တော်တော်ပေး။

18/05/2026

အေးအေး...စတားလင့်ကတော့ စိတ်ထင်တိုင်း ဈေးတက်နေတာပဲ။ Email လေးတွေလည်း ဖွင့်ကြည့်ကြဦး။

ဘယ်လိုတွေတောင်လားကွယ်...

17/05/2026

ခင်ဗျားတို့ ဘာလာလာအဆင်ပြေဖို့အတွက် Wave Pay, AYA Pay, UAB Pay, A+ Pay, KPay, ... နောက် ဘာ Pay ကျန်သေးလဲ။

အကုန်လုပ်မယ်။

ရက် ၉၀ ကျော်နေတာတောင် ဘာကြောင့် Transfer လုပ်မရတာလဲ။အများစုထင်နေကြတာက စက်စဝယ်ပြီး Activate လုပ်တာကနေ ရက် ၉၀ ကျော်လို့ မှ...
17/05/2026

ရက် ၉၀ ကျော်နေတာတောင် ဘာကြောင့် Transfer လုပ်မရတာလဲ။

အများစုထင်နေကြတာက စက်စဝယ်ပြီး Activate လုပ်တာကနေ ရက် ၉၀ ကျော်လို့ မှတ်ကြပါတယ်။
အမှန်တကယ် Transfer လုပ်ခွင့် မှတ်ရက်က Plan တခုကို Order လုပ်တဲ့အချိန်ကနေစပြီး ရက် ၉၀ ပါ။

ဆိုပါစို့။
1.1.2026 ရက်နေ့မှာ စက်အသစ်စဝယ်ပြီး Activate လုပ်မယ်။
1.2.2026 ရက်နေ့မှာ Plan တခုကို ပြောင်းလိုက်မယ်။
ဥပမာ Residential လိုဟာမျိုးပေါ့။
ပြီးရင် 1.3.2026 ရက်နေ့မှာ Rom-Unlimited လို Plan မျိုးကို Order ပြန်လုပ်မယ်။

1.5.2026 ရက်နေ့မှာ Transfer လုပ်မယ်ဆိုရင် လုပ်မရသေးပါဘူး။ စက်ရဲ့ အသုံးပြုကာလကို 1.3.2026 ရက်နေ့ကနေ 1.5.2026 ရက်နေ့အထိ Subscription ပြန်လုပ်ထား (Order စတင်) တဲ့နေ့ကစတွက်တာမို့ ၂ လပဲ ရှိသေးတယ်လို့ သတ်မှတ်ပါတယ်။

ဘယ်ရက်တွေမှာ Order တင်ပြီး Subscription ပြန်လုပ်ထားတယ်ဆိုတာမသိရင် Billing ကိုကြည့်ပါ။

Innovic မှာ Subscription မဟုတ်ဘဲ Order ဆိုတာပါနေရင် အဲဒီရက်က Subscription အသစ်ပြန်စလုပ်တဲ့ ရက်ဖြစ်ပါတယ်။ အဲဒီနေ့ရက်ကနေစပြီး စက်အသုံးပြုကာလကို စတင်မှတ်သားပါတယ်။

ပုံကတော့ Order လုပ်ထားတာကို ယှဉ်ကြည့်နိုင်အောင် ပြတာပါ။

အဆင်ပြေကြပါစေ။

16/05/2026

စဉ်းစားနေတာ။
ရုတ်တရက်ကြီး တချို့စက်တွေမှာ Customer Verification ပျောက်သွားပြီး Add Travel Plan ပဲပေါ်နေတာကို။

မင်းတို့ ကိုယ့်ဖာသာ အသိစိတ်ဓာတ်နဲ့ Passport တင်ရင် နိုင်ငံပြင်ပ သုံးလို့ရမယ်။ မတင်ရင် သုံးလို့မရဘူးဆိုပြီးများ အကြပ်ကိုင်ချင်နေတာလားလို့လေ။

စဉ်းစားရကြပ်ပါဘိ မိအီမရယ်။
ညည်း ဘယ်အကွက်တွေ ဘယ်လိုရွှေ့နေပါလိမ့်။

16/05/2026

ကိုယ့်လူမျိုးကိုယ် အထင်ကြီးတာတော့မဟုတ်ဘူး။
မြန်မာလူမျိုးက အင်မတန် တီထွင်ကြံဆ စဉ်းစားတတ်တယ်။
ပင်ကိုယ်ဗီဇကကို အခက်အခဲကြုံလာရင် ရုန်းထွက်နိုင်စွမ်းရှိကြတယ်။

ဒီဗီဇစရိုက်လေးကိုသာ ကောင်းတဲ့နေရာ အသုံးချလိုက်ရင် အင်မတန်ကောင်းသွားမှာ။

အခုဆိုရင် သူများနိုင်ငံကထုတ်တဲ့ စက်ပစ္စည်းတွေကို ဝယ်သုံးကြရတော့ သူတိူ့သဘောကျ သူတို့ ထိန်းချုပ်သမျှ ခံရလေသတည်းပေါ့။

ကိုယ့်နိုင်ငံ ကိုယ့်ရေမြေ ကိုယ့်လူမျိုးက တီထွင်နိုင်ခဲ့ရင် ကိုယ်တွေ စိတ်ချမ်းချမ်းသာသာ သုံးရမယ်ထင်တာပဲ။

16/05/2026

နောက်ပိုင်း လုပ်ငန်းကိစ္စဆောင်ရွက်တဲ့အခါ Wave Money ကိုပဲ အဓိက ထားသုံးသွားမှာဖြစ်ပါတယ်။

KPay အသုံးပြုခြင်းကို တဖြည်းဖြည်းနဲ့ ရပ်ဆိုင်းသွားပါမယ်။

14/05/2026

ပေးထားတဲ့နာမည်က အိန်ဂျယ်လ်တဲ့။
ပို့လာတဲ့ ပုံကျတော့ မုတ်ဆိတ်‌မွေး၊ နှုတ်ခမ်းမွေး၊ ပါးသိုင်းမွေးတွေနဲ့။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။
မွေးသက္ကရာဇ်ကိုကြည့်လိုက်တော့ သီပေါမင်းပါတော်မူတုန်းက သင်္ဘောမဆံ့လို့ ကျန်ခဲ့တဲ့ မွေးသက္ကရာဇ်နဲ့။

အဲဒီစတားလင့် ဆားဗစ်ရဲ့ လုပ်ပေါက်ကတော့ တွေ့ရာနဲ့ ကောက်ရိုက်ပစ်ချင်စရာကောင်းလှတယ်။

14/05/2026

ကျားဖြန့်ဂိမ်းဆော့တဲ့သူတွေ ဒီ Page မှာ ဘာမှ လာမဝယ်ပါနဲ့ခင်ဗျာ။ မသန့်ရှင်းတဲ့ငွေဆိုရင် ပြဿနာရှိပါတယ်။ လက်မခံချင်ပါ။

ကျွဲဂိမ်းတို့၊ နွားဂိမ်းတို့ကြားဖူးပါတယ်။ အဲတာမျိုးတွေကြောင့် ဘဝတွေပျက်၊ သားကွဲ မယားကွဲတွေ ဖြစ်တာ မြင်ဖူးပါတယ်။ ဂိမ်းနိုင်လို့ တိုက်ဆောက် ကားစီးနေတာ ကိုယ်တော့ မတွေ့ဖူးသေးပါဘူး။

ခင်ဗျားတို့ မိသားစုကိုသနားရင်၊ ကိုယ့်ဘဝကိုသနားရင် မှန်မှန်ကန်ကန် ငွေရှာပါ။
ငွေဆိုတာ ပေါ့ပေါ့ပါးပါးနဲ့ရတယ်ဆိုတာ ဘယ်အခါမှမရှိပါဘူး။ ထိုက်သင့်တဲ့ ပေးဆပ်မှု ရှိမှရတာမျိုးပါ။

ကိုယ်တွေ နည်းပညာနဲ့ကွန်ပျူတာကိုင်လုပ်စားနေတဲ့သူတောင် မျက်စိတွေ ပြာဝေနေအောင်ကြည့်ရ၊ ဆံပင်တွေ ကျွတ်ကျမတတ်စဉ်းစားရပါတယ်။ အယ်ရာတခုလောက်တက်လာရင်ကို ချွေးဒီးဒီကျအောင် ဖြေရှင်းရပါတယ်။ လိုအပ်ရင် နေပူထဲ ကြိုးဆွဲ၊ ကြိုးဆက်လုပ်ရပါသေးတယ်။ အမြင့်ကြောက်ပေမယ့်လည်း မဖြစ်မနေ အမြင့်တက်ရတဲ့အခါမှာလည်း ဒူးတဆတ်ဆတ်တုန်အောင် တက်ရတာပါပဲ။

ဒါကြောင့် မဖြစ်နိုင်တဲ့ မက်လုံးပေးထားတဲ့ဂိမ်းတွေဆိုတာ တချိန်မှာ ကိုယ့်ဘဝကို ဖျက်ဆီးမယ့်သူစစ်စစ်ပါ။

ဘယ်အရာမှ ရင်းနှီးပေးဆပ်မှုမရှိဘဲ မရဘူးဆိုတာသိထားရင် ဘဝကို ခြေလှမ်းမှန်မှန်နဲ့ လျှောက်လှမ်းနိုင်ပါလိမ့်မယ်။

Omm 😌
14/05/2026

Omm 😌

12/05/2026

$ လာဝယ်ရင် ရာစွန်း လုံးဝ လက်မခံပါဘူးနော်။ ထောင်ပြည့်ပဲ တွက်ပါတယ်။

ပိုတဲ့ငွေကို တွက်ချက်ပြီး ဒသမ ၂ နေရာအထိ ယူပြီး ထည့်ပေးပါတယ်။

ဒါကိုတောင်မှ စစ်စစ်ပေါက်ပေါက် ရာစွန်း လာလွှဲတဲ့သူတွေကို အရမ်း အသည်းပေါက်ပါတယ်။
ခင်ဗျားကိုဆီက ထောင်ပြည့်ဖြစ်အောင် ပိုတောင်းထားပေမယ့် ခင်ဗျားတို့ ဘယ်အခါ နစ်နာခဲ့ဖူးပါသလဲ။

ဒသမ ၂ နေရာအထိ တွက်ချက်ပြီး ပြန်ထည့်ပေးတာချည်းပါပဲ။

$ ရောင်းတာ လွယ်ကူမနေပါဘူး။
Exchange တွေက အပြင် Address တွေကိုလွှဲရင် အရမ်း ဒုက္ခပေးပါတယ်။ Verify အမျိုးမျိုးကို ခက်ခက်ခဲခဲ ဖြတ်သန်းပြီးမှ ထည့်ပေးရတာ။

Account တွေ ဘန်းခံထိတာဆို ခဏခဏပါ။
ဒီကြားထဲ KPay ကလည်း ပြဿနာအမျိုးမျိုးရှာပါတယ်။

သူများလွှဲတဲ့ငွေ မသန့်ရှင်းတာပါလာရင် မဆီမဆိုင် ကိုယ်ပါ အပိတ်ခံရသေးတယ်။
ဘယ်ကရတဲ့ ဘယ်လိုငွေဆိုတာ ကိုယ်လည်း သိတာမဟုတ်။ အဲလိုသိနေမှတော့ လက်ခံနေပါ့မလား။

ဒါကြောင့် ရာဂဏန်း အစွန်းထွက်တွေနဲ့ လာမဝယ်ပါနဲ့။
ထောင်ပြည့်၊ သောင်းပြည့်ပဲ အော်ဒါတင်ပေးပါ။

ပြောရတာလည်း တကယ်မောနေပြီ။

Address

Hpakan

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Alerts

Be the first to know and let us send you an email when Crypto King posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category