ENE Shampoo by PT

ENE Shampoo by PT Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ENE Shampoo by PT, Grocers, Kyaikhto.

17/05/2026

မပြည့်တဲ့အိုး

_________________
လောကမှာ
မပြည့်တဲ့အိုးတွေက
ဘောင်ဘင်ခတ်တတ်ပါတယ်
လူတစ်ချို့က
ကိုယ့်ကိုကိုယ်အတော်ဆုံးပါလို့ထင်မြင်ပြီး
တစ်ဖက်သားကို အထင်သေးတတ်ကြတယ်

ကိုယ့်ထက် မိုးပျံအောင်
တော်တတ်နေတဲ့သူတွေ တစ်ပုံကြီး
ရှိတယ်ဆိုတာ သိထားဖို့ လိုပါတယ်။
လူတစ်ချို့က
ကိုယ့်ကိုကိုယ်အချမ်းသာဆုံးပါလို့မှတ်ထင်ပြီး
တစ်ဖက်သားကို ချိုးနှိမ်တတ်ကြတယ်

ကိုယ့်ထက်
ကျိကျိတက်ချမ်းသာသူတွေ
ဒုနဲ့ ဒေး ရှိတယ်ဆိုတာ သိထားဖို့လိုပါတယ်
လူတစ်ချို့က
ကိုယ့်ကိုကိုယ် ပြည့်စုံလွန်းသူလို့သတ်မှတ်ပြီး
တစ်ဖက်သားကို နှာခေါင်းရှုံ့တတ်ကြတယ်

ကိုယ့်ထက် ပေါများ
ပြည့်လျှံသူတွေ အမြောက်အများရှိတယ်ဆိုတာ
သိထားဖို့လိုပါတယ်
ဘဝမှာ
လူတိုင်းကတော့
သူ့အရည်အချင်းနဲ့သူရှိကြပါတယ်
ကိုယ့်မှာ မရှိတဲ့အရည်အချင်းတွေ
သူ့ဆီမှာရှိနိုင်သလို
သူ့မှာမရှိတဲ့အရည်အချင်းတွေလည်း
ကိုယ့်ဆီမှာ ရှိနေနိုင်ပါတယ်
ဘာမှမမြဲတဲ့
လောက ဘဝကို
ပုံသေတွက်မထားပါနဲ့
အောင်မြင်ခြင်းနဲ့ ရှုံးနိမ့်ခြင်းဆိုတာ
ခေါင်းနဲ့ပန်းလိုပဲ အနီးဆုံးမှာရှိနေတာမို့
ဘယ်သူကိုမှ အနိမ့်အမြင့် မခွဲခြားသင့်တာ
ကောင်းပါတယ်။
လောကမှာ မပြည့်တဲ့အိုးတွေက
ဘောင်ဘင်ခတ်တတ်ပါတယ်။

02/04/2026

နာကျင်အောင်လုပ်ဖို့မပြောနဲ့
မင်းမျက်နှာပျက်အောင်လုပ်မိရင်တောင်
ကိုယ်အပြစ်အကြီးကြီးကျူးလွန်မိတယ်လို့
ခံစားရတဲ့သူပါ အချစ်ရယ်။

ကိုယ်ကချစ်ရတဲ့သူကို
နာကျင်မှုကင်းကင်းနဲ့ပျော်အောင်ပဲထားချင်တာ
ပျော်နေတာပဲမြင်ချင်တာ။

ကိုယ်စိုက်တဲ့ပန်းဟာ
ဖူးပွင့်ရုံတင်ဖူးပွင့်ရမှာမဟုတ်ဘူး
လှအောင်ပွင့်ပြီးရနံ့တွေပါသင်းနေစေချင်တာ။

ဒါဟာ မင်းကိုရည်ညွန်းချက်ပဲ
မင်းကိုဗဟိုပြုတဲ့ကိုယ့်ရဲ့ခံယူချက်ပဲ။

ချစ်နေရင်းနဲ့လည်းပျော်ရွှင်စေချင်သလို
ပျော်ရွှင်နေတာမြင်ရလို့လည်းချစ်နေချင်တာပဲ အချစ်ရယ်။

🌻🤍

25/12/2025

အငုံစိတ်နဲ့ အောက်ဖဲလှန်ပြီး သန္ဓေယုတ်တဲ့ သူမျိုးနဲ့လဲ ဆုံဘူးတယ်

25/12/2025

ကျီးအားသီးမတွေ အပြင်ပန်းလှပြီး အထဲသီးက အကျည်းတန်
အပြောကတော့ ပျားရည်လိုပဲ ချိုလို့
အတွင်းစိတ်က ပုပ်သိုး

25/12/2025

ပစ္စုပ္ပန်မှာ ပြောစရာ အပြစ်ရှာမရတော့ အတိတ်က အပြစ်ကိုရှာပြီး
ဓါးနဲ့အထိုးခံလိုက်ရတာပါ
ကျေးဇူးရှိလို့ ကျေးစွတ်ခံရတယ်လို့ပဲ မှတ်လိုက်ပါတယ်

25/12/2025

အားလုံးပဲ ပျော်ရွှင်စရာ ခရစ်စမတ်လေး ဖြစ်ပါစေရှင့်🌲☃️🌲

18/12/2025

ပျက်စီးဆံသားများအတွက် တတွဲပဲစမ်းသုံးကြည့် ကြိုက်သွားစေရမယ်
#မွန်ပြည်နယ်ကိုယ်စားလှယ်ကြီး
ုရ

Address

Kyaikhto

Website

Alerts

Be the first to know and let us send you an email when ENE Shampoo by PT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category