19/08/2023
သိပ်မြတ်နိုးရတယ်
သိပ်ချစ်ရတယ်
သိပ်စုံမက်ရတယ်
သိပ်တန်ဖိုးထားရတယ်
အိုး.....ပြောပြဖို့စကားမရှိလောက်တော့အောင်ပါပဲ
ကမ္ဘာကြီးက လည်နေတယ်ဆိုရင်တောင်
ကျွန်တော်ကတော့ "နှင်း"ရှိရာနေရာမှာပဲ ရပ်နေဦးမှာပါ
တိမ်တွေပြိုပြီး မိုးအဖြစ်ငိုခ့ဲရင်တောင်
ကျွန်တော်ဟာ "နှင်း"အတွက် ထီးတစ်ချောင်းလို အုံ့မိုးကာကွယ်ပေးနေမိဦးမှာပါပဲ။
"နှင်း"က နေဆိုနေ၊
"နှင်း"က သွားဆိုသွား
"နှင်း"က သေဆိုသေမဲ့ကောင်ပါပဲ
"နှင်း"ကိုပဲ ပြုံးစေချင်တယ်
ပျော်စေချင်တယ်၊ စိတ်ချမ်းသာစေချင်တယ်
"နှင်း"က ကျွန်ေတော့် ကမ္ဘာငယ်လေးပဲဖြစ်တယ်။အရူးအမူးပါပဲဗျာ။