Sain Phan Thit

Sain Phan Thit Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sain Phan Thit, Grocers, Sain Phan Thit, Kyethimanzan.

06/05/2024

ပါချုပ်ဆရာတော်ဘုရားကြီး မိန့်တာပါ။

(၁)အလှုအတန်းတွေ ဘယ်လောက်လုပ်လုပ်

(၂)တရားစခန်းတွေ ဘယ်လောက်သွားသွား

(၃)ပဌာန်း ပရိတ်တွေ ဘယ်လောက်ရွတ်ရွတ်

(၃)ဓမ္မစင်္ကြာတွေ ဘယ်လောက်ရွတ်ရွတ်

(၄)မဟာသမယသုတ်ကို ဘယ်နှစ်ကြိမ်
ရွတ်ပြီးသည်ဟု ဆိုဆို

(၅)ပဌာန်း ၅ ကျမ်းလုံးကို ဘယ်နှစ်ကြိမ်မြောက်
ပူဇော်ပြီးသည် ဖြစ်ဖြစ်

(က)တစ်ဖက်လူ အကျိုးယုတ်အောင်
မြှောက်ပင့်ပေးတတ်သူ ဆိုပါက

(ခ)မကောင်းသည့်ကိစ္စကို လုပ်ဖို့
တိုက်တွန်းပေးတတ်သူ ဆိုပါက

(ဂ) သင့်မြတ်နေသူတို့ကို
မသိမသာ....ရန်တိုက်ပေးတတ်သူဆိုပါက
ရန်ထောင်ပေးတတ်သူဆိုပါက
စိတ်ဝမ်းကွဲအောင်လုပ်တတ်သူဆိုပါက
အယုံအကြည်မဲ့အောင်လျှောက်ပြောတတ်သူ
ဆိုပါက....
" သူယုတ်မာအဆင့်မျိုးသာ" ရှိသေးကြောင်း
သိထားပါ။

ထို့ကြောင့်
"စိတ်ကောင်းရှိဖို့ ပထမ"ဟု
သူတော်ကောင်းတို့ ဆုံးမခဲ့ပါသည်။

စိတ်ပုပ် စိတ်ယုတ်ရှိနေသမျှ....
လုပ်နေသမျှ ကုသိုလ်အလုပ်တွေ
အကျိုးပေး မကြီးမားကြောင်း သိထားပါ။

ထို့ကြောင့်
စိတ်ကောင်းထားပါ။
စိတ်ထားကောင်းပါ။
မြင့်မြတ်သောစိတ် မွေးမြူကျင့်ကြံပါ။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

ရှိခိုးဦးတင်ကန်တော့ပါ၏ ဘုရား 🙏🙏🙏




05/05/2024

သင် ဖောက်ပြန်နေပြီလား... ဖောက်ပြန်မိတော့မှာလား
ဒါလေးဖတ်ပြီး ဆင်ခြင်ပါ👇

(၁) စိတ်ကြောင့်ပါ။ အဓိက အဲ့ဒါပါပဲ။ တစ်ခြားဘာမှ တရားခံမဟုတ်ပါဘူး။
သမီးရည်းစား အိမ်ထောင်သည်အားလုံး
ကိုယ့် လက်တွဲဖော်ကို စိတ်ကုန်သွားတယ်ဆိုတာနဲ့ ကြည့်ကို မကြည့်ချင်ကြတော့တာပါ။
စိတ်ကို ပြန်လည် ပြင်ဆင်ရင်တော့ ရပါတယ်။
မိန်းမ၊ ယောက်ျားအားလုံး စိတ်ကို အလိုလိုက်လို့ ဖောက်ပြန်မှုတွေ ဖြစ်နေကြတာပါ။
အတော်များများ ဖောက်ပြန်နေသူတွေဟာ သူတို့ မှားတာကို သူတို့သိကြပါတယ်။ နောင်တလဲ ရကြပါတယ်။ ခက်တာက သူတို့ နောက်ပြန်လှည့်လို့ မရတော့ဘူးလို့ ဖြစ်နေကြတာပါ။ တကယ်က ရဲရဲသာ နောက်ပြန်လှည့်လိုက်ပါ။ အသစ်ပြန်စပါ။ ရပါတယ်။
သာယာတတ်သော စိတ်ကို ပြုပြင်ရမှာပါ။
ခဏတာ သာယာမိတာပါ။ ကိုယ့် လက်တွဲဖော်
ကိုယ်နဲ့ အတူတူ တိုက်ပွဲ၀င်ခဲ့တဲ့ အိမ်ထောင်ရေးတလျှောက်ကို ပြန်စဉ်းစားကြည့်ပါ။
စိတ်နာစရာ စိတ်ဆိုးစရာ ဆိုတာ တခါ ၂ခါပါ။ ပြန်ဖြည့်တွေးပြီး ဆင်ခြင်ကြည့်ပါ။

(၂)တန်ဖိုးခြင်း ယှဉ်ကြည့်ပါ။
ကိုယ့် လက်တွဲဖော်ကို အခုအသစ်ရထားတဲ့ သူလောက် လွယ်လွယ်ရခဲ့တာလား စဉ်းစားကြည့်ပါ။ အညှာလွယ်တတ်သူလား ပြန်တွေးပါ။ အသစ်က အခုကိုယ်နဲ့ အညှာလွယ်သလို တခြားသူတွေကိုလဲ အညှာလွယ်မယ်ဆိုတာ ပြန်သုံးသပ်ပြီး ဆင်ခြင်ပါ။

(၃)သင် ဘယ်လောက် ဒုက္ခရောက်နေ ရောက်နေ။ အမြဲတမ်း ပွစိပွစိပြောနေတတ် အပြစ်တင်နေတတ်ပေမယ့် အဝေးထွက်မသွားတတ်တဲ့သူနဲ့။ အခုခဏလေးမှ ရောက်လာပြီး ချိုသာပြနေတဲ့သူ ယှဉ်ကြည့်ပါ။ ဘယ်နှစ်ရက်ချိုသာပြနိုင်မလဲလို့။

(၄)လှတာလိုချင်တာလား။ ပိုက်ဆံရှာလိုက်ပါ။ ပြီးရင် စိတ်ကြိုက် ကိုယ့်လက်တွဲဖော်ကို ပြုပြင်လိုက်ပါ။ လိုသလို ပုံစံရပါတယ်။

လုံး၀ ကိုယ့်အပေါ် မကောင်းသူဆိုရင်တော့ တစ်မျိုးပေါ့။ အမှန်တရားကို မြင်ကြပါ👌👌👌

CREDIT"TO
KYAW KYAW KHAING

__________________________________________________

ဖောက်ပြန်ခြင်း
=========

ဖောက်ပြန်ခြင်း ဆိုတာ လူ့အသိုင်းအဝိုင်းရဲ့ အိမ်ထောင်ရေး
လောကမှာ မည်သည့်နည်းနဲ့မှ လက်ခံပေးလို့ မရသော
စည်းဖောက်မှူတစ်ခုပါ။

ဖောက်ပြန်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းအရင်းများမှာ
(၁)အရွယ်ကွာလွန်းသော အိမ်ထောင်ရေး

(၂)လင်နဲ့မယား ဘဝပေးအခြေအနေအရ ခွဲခွာနေရခြင်း

(၃)ယောက်ျားများ စီးပွားရေး အဆင်ပြေလာခြင်း

(၄)မိန်းမများ ဆင်းရဲလာပြီး မိမိဘဝကို လက်မခံနိူင်ခြင်း

(၅)မေတ္တာမပါ သော အိမ်ထောင်ရေး

(၆)အိမ်ထောင်ရေးသုခ မရရှိခြင်း

(၇)သားသမီး မထွန်းကားခြင်း

(၈)မျိုးရိုးဗီဇအရ ရမ္မက်ကြီးလွန်းခြင်း

Address

Sain Phan Thit
Kyethimanzan

Website

Alerts

Be the first to know and let us send you an email when Sain Phan Thit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category