14/02/2026
🌻သူတစ်ပါး မေတ္တာကို လိုချင်ရင်
ကိုယ့်မေတ္တာ အရင်ပေးဖို့ ဝန်မလေးပါနဲ့...
ချစ်တဲ့သူပဲ ဖြစ်ဖြစ် မုန်းတဲ့သူပဲ ဖြစ်ဖြစ်
အနည်းဆုံးတော့ ပြုံးပြတတ်ဖို့ သင်ယူပါ...
အပြုံးတွေကြောင့် မုန်းနေသူတစ်ချို့နဲ့ ဆုံဖြစ်ခဲ့ရင်တောင်
အမုန်းအငြှိုး အာဃာတတွေ ပြေပျောက်နိုင်ပါတယ် ...
🌻အရာရာ မတည်မြဲတဲ့ လောကမှာ
ဘာအကြောင်းကြောင့် မာန်တက်နေမှာလဲ
ကိုယ့်ထက်သာလို့လဲ မနာလို မဖြစ်သင့်သလို
ကိုယ့်အောက် နိမ့်လို့လဲ အထင်သေးစရာမှ မလိုပဲ...
🌻တော်တဲ့သူကို တော်ပါတယ်
ကောင်းတဲ့သူကို ကောင်းပါတယ် လို့
ချီးမွမ်းဖို့ ခက်ခဲနေသ၍တော့.
ကိုယ်တိုင်လဲ လူတော်လူကောင်း
တစ်ယောက်ဖြစ်ဖို့ ခက်ခဲနေမှာပဲ..
🌻အသ-က်ရှင်နေသ၍ ပြိုင်ဘက် ဆိုတာလဲ
နေရာတိုင်းမှာ ရှိနေမှာပါပဲ။
ကိုယ့်ရဲ့ ပြိုင်ဘက် ပဲ ဖြစ်နေပါစေ
အမှန်တစ်ကယ် အရည်းအချင်း ရှိသူဖြစ်လျှင်
တော်ကြောင်း ကောင်းကြောင်း ချီးမွမ်းရဲမှသာလျှင်
"လူတော် လူကောင်း စိတ်ဓာတ်" ရှိသူပါ။
🌻📢🐢 Nyi Nyi Aung ( ပီ ကေ )
#ပီကေ
゚