Pôñê Yâpê

Pôñê Yâpê I hope you're happy....��

လူတစ်ယောက်ကိုဒီတိုင်းလေး ချစ်နေရတာကို သဘောကျတယ် ... တကူးတကကြီးမြဲအောင် ဘာနဲ့မှ မချည်ချင်တော့သလို ဘယ် ဆက်ဆံရေးကိုမှကိုယ့်...
23/08/2023

လူတစ်ယောက်ကို
ဒီတိုင်းလေး ချစ်နေရတာကို
သဘောကျတယ် ...

တကူးတကကြီးမြဲအောင်
ဘာနဲ့မှ မချည်ချင်တော့သလို
ဘယ် ဆက်ဆံရေးကိုမှ
ကိုယ့်ဖက်ကပဲ လုပ်မယူချင်တော့ဘူး

ဒီတိုင်းလေးပေါ့ ...
ငါတို့တွေ ချစ်နေကြတယ်
ပြီးတော့
အတိတ်ကို ပြန်လှည့်ကြည့်တိုင်း
ငါတို့တွေ ချစ်ခဲ့ကြတယ်ဆိုတဲ့
အမှတ်တရတွေပဲ ရှိချင်တယ် ...

#ကျေးကို

13/06/2023

ခုကျဘာလို့ ထားခဲ့တာလဲ...💔🥀

05/06/2023

ကိုယ့်ရဲ့အတိတ်ရက်စွဲတချို့မှာ
မင်းရှိခဲ့ဖူးတယ်ဆိုတာနဲ့တင်
လုံလောက်ပြီ....😇🥀

မေတ္တာမရှိတဲ့အရပ်မှာငါနေတယ်ငါ့အကြောင်းရင်ဖွင့်စရာဆိုလို့ ကြယ်တွေသာရှိတယ်ပန်းတွေမပွင့်လည်း ငါဂရုမစိုက်ဘူးလှလှလေးပွင့်မှတင...
05/06/2023

မေတ္တာမရှိတဲ့အရပ်မှာငါနေတယ်
ငါ့အကြောင်းရင်ဖွင့်စရာဆိုလို့ ကြယ်တွေသာရှိတယ်

ပန်းတွေမပွင့်လည်း ငါဂရုမစိုက်ဘူး
လှလှလေးပွင့်မှတင့်တယ်တယ်ထင်တဲ့ လောကကလူတွေဘက်ကငါမနေဘူး

အလေ့ကျပေါက်ပင်တွေကို နှစ်သက်ချင်နှစ်သက်မယ်
သူတို့ဟာ ငါ့ဘဝနဲ့တူလို့လားလို့မေးရင် ငါမငြင်းပဲ ကျေကျေနပ်နပ် ဝန်ခံမယ်

လောကကြီးရဲ့ မာယာတွေကိုကြောက်လို့
လူတွေနဲ့ခပ်လှမ်းလှမ်းမှာနေရင်း တစ်ယောက်ထဲဖြစ်လာလည်းငါမမှုဘူး

ခင်ဗျားတို့သိလား
အထီးကျန်ခြင်းက သိပ်ကို အေးချမ်းတယ်ဆိုတာ

ဒီလိုပါပဲ ကျွန်တော့်ဘဝက
နေ့ဘက်မှာပုံမှန်လည်ပတ်ရင်း ညအခါကြယ်တွေကိုငေးရင်းပေါ့


တိတ်တိတ်လေးပဲ ချစ်နေတော့မယ် ။လွမ်းတယ်... ဒါပေမယ့် ဘယ်သူ့ကိုဆိုတဲ့ ခေါင်းစဥ်တပ်ပိုင်ခွင့်တွေ ရှိမနေဘူးလေ...ချစ်တယ် လွမ်းတ...
05/06/2023

တိတ်တိတ်လေးပဲ ချစ်နေတော့မယ် ။

လွမ်းတယ်... ဒါပေမယ့် ဘယ်သူ့ကိုဆိုတဲ့ ခေါင်းစဥ်တပ်ပိုင်ခွင့်တွေ ရှိမနေဘူးလေ...ချစ်တယ် လွမ်းတယ် ဒီလောက်ပဲပေါ့ သိပါစေဆိုတဲ့ မျှော်လင့်ချက်လေးထားခဲ့ပေမယ့် မသိနိုင်​တဲ့ အဝေးမှာ ရှိနေတဲ့သူကို သိပ်ချစ်တာပဲလို့ ဖွင့်ဟပြောမနေတော့ပါဘူး ။ တိတ်တိတ်လေးချစ်နေရတာကလဲ အချစ်ပါပဲ ။

ကံကြမ္မာက တစ်ခါတစ်လေကျတော့ ရက်စက်တယ် ဘယ်တော့မှ မပေါင်းစပ်ရမယ့်လူနှစ်ယောက်ကိုမှ အချစ်ဆိုတဲ့ ခေါင်းစဥ်လေးအောက်မှာ ဆုံပေးတတ်တာလေ ။ တစ်စုံတစ်ယောက်အတွက်ကျ ရေစက်လို့ ခေါ်ပြီး ကိုယ့်အတွက်ကျတော့ တစ်သက်လုံးဆပ်ရမယ့် ဝဋ်ကြွေးပေါ့ ။

သူငါ့ကို သိပ်ချစ်တာပဲဆိုတဲ့ ခံစားမှုလေးကို တစ်ခါတစ်လေကျတော့ တောင့်တမိတယ် ။ ဒါပေမယ့် ဘယ်တော့မှ ဖြစ်လာတော့မှာမဟုတ်ဘူးလေ ။ အဆင်ပြေလား ပြေးကြည့်ပြီး အဆင်မပြေတဲ့အခါ အနားရှိပေးရုံလောက်ပါပဲ ကိုယ်က တတ်နိုင်ခဲ့တာပါ။ စကားတွေပြောဖို့ ပျင်းနေတဲ့အခါ စာတွေပို့ဖို့ ဒီထက် မပိုဘူး ။

အများကြီး မျှော်လင့်မထားမိဖို့ပဲရယ်ပြီးတော့ သူ့ကို ကိုယ်မပိုင်ဘူးဆိုတဲ့ အမှန်တရားရယ်ကို မကြာခဏ ကိုယ့်ကိုယ်ကိုယ် သတိပေးနေရတယ် ။ ငေးကြည့်ရုံပဲ တတ်နိုင်တာတွေက အရမ်းလှသတဲ့... ဒါပေမယ့် စွဲစွဲလမ်းလမ်းဖြစ်သွားရင် ဘယ်လောက်ထိ ဒုက္ခရောက်ရသလဲဆိုတာတော့ ဘယ်သူမှ သိမနေပါဘူး ။

လွမ်းတယ်... ဘယ်သူ့ကိုဆိုပြီး နာမည်တပ်ပြောပိုင်ခွင့်မရှိတွေရယ် ပြီးတော့ ချစ်တယ်ဆိုပြီး ပြောပြပိုင်ခွင့်ရှိမနေတော့တဲ့အခါ တိတ်တိတ်​လေးချစ်နေရတာပဲ ကောင်းပါတယ် ။

အချစ်ဆိုတာ... ချစ်တယ်လို့ ဖွင့်ဟမှ မဟုတ်ပဲလေ ။ တစ်ခါတစ်လေ ဖွင့်ဟလိုက်မိမှ အရင်လို ဖြစ်မလာတော့တာတွေလဲ ရှိလာတတ်သေးတာကိုး... လိုတဲ့အခါ အ​ပြေးလေးသွားပြီး မလိုတဲ့အခါ ချောင်ကပ်နေလိုက်ရတဲ့ဘဝမှာပဲ နေသားကျအောင် ကြိုးစားရမှာပေါ့ ။

ကိုယ်... ပြောပြလို့လဲ ဘာမှ ထူးမသွားတော့တဲ့အခါ တိတ်တိတ်လေး ချစ်နေတာပဲ ကောင်းပါတယ် ။

#ကျေးကို

Address

Quarter(8), In Jihn Street
Lashio

Telephone

+959984146885

Website

Alerts

Be the first to know and let us send you an email when Pôñê Yâpê posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pôñê Yâpê:

Share

Category