PS. Pantry

PS. Pantry PS. Pantry offers imported premium cooking delights and snacks directly from Singapore and Thailand.

🌶️ တုန်ယမ်းဟင်းရည်ချက်ရင် သူ့ရဲ့အနံ့အရသာပြည့်စုံအောင် မပါမဖြစ်ထည့်ရတာကတော့ ထိုင်းငရုတ်နှစ်ဘူးပါ။ PS. Pantry မှာ နာမည်ကျေ...
27/04/2026

🌶️ တုန်ယမ်းဟင်းရည်ချက်ရင် သူ့ရဲ့အနံ့အရသာပြည့်စုံအောင် မပါမဖြစ်ထည့်ရတာကတော့ ထိုင်းငရုတ်နှစ်ဘူးပါ။ PS. Pantry မှာ နာမည်ကျော် Maepranom တံဆိပ်ရဲ့
ထိုင်းငရုတ်နှစ် 57g ဘူးပိစိလေးတွေ ရောက်ထားပါတယ်ရှင့်။ 🤩

👩🏻‍🍳 Maepranom ထိုင်းငရုတ်နှစ်ဘူးကို တုန်ယမ်းဟင်းရည်အပြင် ထမင်းကြော်၊ ထမင်းသုပ်၊ ပင်လယ်စာအသုပ်တွေမှာထည့်လို့ရလို့ ဆိုင်အရသာအတိုင်း ထိုင်းအရသာဟင်းလျာစစ်စစ်တွေကို အိမ်မှာအလွယ်တကူချက်နိုင်ပါတယ်။

👀 မွှေးပြီးချိုချိုစပ်စပ်လေးဆိုတော့ ယိုလေးလိုမျိုး ပေါင်မုန့်လေးပေါ်မှာဒီတိုင်းသုတ်စားရင်ကိုစားကောင်းတာပါ။ 😋

❌ အရောင်ဆိုးဆေး၊ ဟင်းချိုမှုန့်နဲ့ ကြာရှည်ခံပစ္စည်းများလုံးဝမပါဝင်ဘဲ
✅Halal Certified လည်းဖြစ်လို့ လူမျိုးဘာသာမရွေးစားသုံးနိုင်ပါတယ်။

PS. Pantry
Your Specialty Groceries

🚚 မန္တလေးမြို့မှ အခြားမြို့များသို့ ဂိတ်ချ/အိမ်အရောက်ပို့ဆောင်ပေးပါတယ်။
🛒 မှာယူလိုပါက messenger/ Viber 09-945477737, 09-258333358 သို့ဆက်သွယ်နိုင်ပါတယ်။

#တုန်ယမ်းဟင်းရည်

ဟင်းချက်တိုင်းစိတ်ကျေနပ်မှုရစေတဲ့နာမည်ကျော် 🍶KIKKOMAN ဂျပန်ပဲငံပြာရည်ကို PS. Pantry မှာ ဆိုဒ်အစုံဝယ်ယူရရှိနိုင်ပါပြီ။ 🤩🫘...
19/03/2026

ဟင်းချက်တိုင်းစိတ်ကျေနပ်မှုရစေတဲ့နာမည်ကျော် 🍶KIKKOMAN ဂျပန်ပဲငံပြာရည်ကို PS. Pantry မှာ ဆိုဒ်အစုံဝယ်ယူရရှိနိုင်ပါပြီ။ 🤩

🫘 ပဲပုပ်၊ဂျုံ၊ဆားနဲ့ရေကိုသာ အသုံးပြုပြီး သဘာဝနည်းနဲ့အချိန်ယူဖောက်ထားတာဖြစ်လို့ အရသာက သိမ်သိမ်မွေ့မွေ့လေးငံပြီး အချိုဓာတ်လေးပါတော့ KIKKOMAN နဲ့ဆို ဟင်းပွဲတိုင်းကမွှေးနေပြီး အရသာပိုမိုပြည့်စုံပါတယ်နော်။

🍣 ဆူရှီ၊ဆာရှီမီနဲ့ပဲစားမလား၊
🥩 အသားငါးနှပ်ရင်ပဲသုံးမလား၊
🥦 ဟင်းချက်အကြော်အ​လှော်တွေထဲမှာပဲထည့်မလား။ ဘက်စုံအသုံးဝင်တဲ့ နာမည်ကျော် KIKKOMAN ဂျပန်ပဲငံပြာရည်ကို 150ml , 600ml နဲ့ 1L ဘူးတွေရရှိနိုင်လို့ အခုပဲ PS. Pantry မှာ မှာယူလိုက်ပါနော်။

PS. Pantry
Your Specialty Groceries

🚚 မန္တလေးမြို့မှ အခြားမြို့များသို့ ဂိတ်ချ/အိမ်အရောက်ပို့ဆောင်ပေးပါတယ်။
🛒 မှာယူလိုပါက messenger/ Viber 09-945477737, 09-258333358 သို့ဆက်သွယ်နိုင်ပါတယ်။

#ပဲငံပြာရည်

အရသာပြီးပြည့်စုံတဲ့ အရှေ့တိုင်းဟင်းလျာများ နောက်ကွယ်က စွယ်စုံသုံး Hoisin Sauce 🥡🫘 ပဲငပိအနှစ် နဲ့ အခြားဟင်းခတ်အမွှေးအကြို...
21/02/2026

အရသာပြီးပြည့်စုံတဲ့ အရှေ့တိုင်းဟင်းလျာများ နောက်ကွယ်က စွယ်စုံသုံး Hoisin Sauce 🥡

🫘 ပဲငပိအနှစ် နဲ့ အခြားဟင်းခတ်အမွှေးအကြိုင်တွေပေါင်းစပ်ထားတဲ့ ချိုငံအရသာရှိတဲ့ Hoisin Sauce ကိုတရုတ်ဟင်းလျာအကြော်အလှော်များမှာ ထည့်အသုံးပြုနိုင်ပြီး အသားနှပ်ရာမှာလည်း အရသာပိုရှိပြီး အရောင်ထွက်လှစေပါတယ်။ 🍝 Hoisin Sauce လေးနဲ့ခေါက်ဆွဲကြော်ကြည့်ပါနော် စားလို့အရမ်းမွှေး အရမ်းကောင်းသောပါရှင့်။

🥬 Vegan ဖြစ်တာကြောင့်လည်း ခရုဆီ၊ငါးငံပြာရည်အစားထိုးသုံးနိုင်လို့ သားသတ်လွတ်ဟင်းလျာတွေအတွက်လည်း အထူးသင့်လျော်ပါတယ်နော်။

🥡 အရသာရှိတဲ့ တရုတ်ဟင်းလျာတွေ အိမ်မှာအလွယ်တကူချက်ဖို့ နာမည်ကျော် Lee K*m Kee တံဆိပ်ရဲ့ Hoisin Sauce ကို PS. Pantry မှာ အခုပဲ မှာယူလိုက်ပါနော်။

✅ Halal Certified

PS. Pantry
Your Specialty Groceries

🚚 မန္တလေးမြို့မှ အခြားမြို့များသို့ ဂိတ်ချ/အိမ်အရောက်ပို့ဆောင်ပေးပါတယ်။
🛒 မှာယူလိုပါက messenger/ Viber 09-945477737, 09-258333358 သို့ဆက်သွယ်နိုင်ပါတယ်။

🎉 2026 ခုနှစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပျော်ရွှင်ပြီး အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ နှစ်သစ်ဖြစ်ပါစေကြောင်း PS. Pant...
01/01/2026

🎉 2026 ခုနှစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပျော်ရွှင်ပြီး အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ နှစ်သစ်ဖြစ်ပါစေကြောင်း PS. Pantry မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ 🥰

PS. Pantry
Your Specialty Groceries

အစုံမရောက်တာကြာပြီဖြစ်တဲ့ 𝐌𝐜𝐂𝐨𝐫𝐦𝐢𝐜𝐤 ဘူးလေးတွေတစ်မျိုးနည်းနည်းစီပြန်ဝင်ထားပါတယ်။ 🧑🏻‍🍳 European ဟင်းလျာများချက်ပြုတ်ရာမှာ ...
12/11/2025

အစုံမရောက်တာကြာပြီဖြစ်တဲ့ 𝐌𝐜𝐂𝐨𝐫𝐦𝐢𝐜𝐤 ဘူးလေးတွေတစ်မျိုးနည်းနည်းစီပြန်ဝင်ထားပါတယ်။ 🧑🏻‍🍳 European ဟင်းလျာများချက်ပြုတ်ရာမှာ အနံ့အရသာပြည့်စုံစေဖို့ အဓိကပံ့ပိုးပေးတဲ့ 𝐌𝐜𝐂𝐨𝐫𝐦𝐢𝐜𝐤 အရည်အသွေးမြင့် ဟင်းခတ်အမွှေးအကြိုင်များ PS. Pantry မှာဝယ်ယူရရှိနိုင်ပါပြီရှင့်။ ☺️

PS. Pantry
Your Specialty Groceries

🚚 မန္တလေးမြို့မှ အခြားမြို့များသို့ ဂိတ်ချ/အိမ်အရောက်ပို့ဆောင်ပေးပါတယ်။
🛒 မှာယူလိုပါက messenger, (Viber)09-945477737, 09-258333358 သို့ဆက်သွယ်နိုင်ပါတယ်။

🍚 စင်ကာပူ ဟိုင်နန်ကြက်ဆီထမင်းကို အိမ်မှာပဲ အလွယ်တကူ အရသာရှိရှိချက်စားမယ်။ 🥳Prima Taste ရဲ့ ကြက်ဆီထမင်းအနှစ်ဟာဆိုရင် ကြက်...
20/10/2025

🍚 စင်ကာပူ ဟိုင်နန်ကြက်ဆီထမင်းကို အိမ်မှာပဲ အလွယ်တကူ အရသာရှိရှိချက်စားမယ်။ 🥳

Prima Taste ရဲ့ ကြက်ဆီထမင်းအနှစ်ဟာဆိုရင် ကြက်ဆီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်တို့နဲ့ သေချာချက်ထားတဲ့ ကြက်ပြုတ်ရည်အနှစ်ဖြစ်တာကြောင့် အနံ့အရသာပြည့်စုံတဲ့ ကြက်ဆီထမင်းလေးကို အိမ်မှာအလွယ်တကူချက်နိုင်မှာပါ။

🥣 ချက်နည်းလေးက ဆန် 200g ကိုအနှစ်ထုပ်လေးထည့်မွှေ၊ ရေထည့်ပြီးချက်ရုံပါပဲ။ ထမင်းကျက်ရင် 15 မိနစ်လောက်ထားပေးပြီးရင် ရပါပြီ။ 🧑🏻‍🍳 ချက်နည်း video link လေးကို comment မှာတင်ထားပေးပါတယ်။

စားကောင်းချက်ကတော့ စင်ကာပူအလွမ်းပြေမှာ အသေအချာပဲမို့ PS. Pantry မှာအခုပဲဝယ်ယူလိုက်ပါနော်။

✅ Halal Certified ဖြစ်လို့ လူမျိုးဘာသာမရွေးစားသုံးနိုင်ပါတယ်။

PS. Pantry
Your Specialty Groceries

🚚 မန္တလေးမြို့မှ အခြားမြို့များသို့ အိမ်အရောက်ပို့ဆောင်ပေးပါတယ်။
🛒 မှာယူလိုပါက messenger/ Viber 09945477737, 09258333358 သို့ဆက်သွယ်နိုင်ပါတယ်။

#ကြက်ဆီထမင်း

🎇 သီတင်းကျွတ်အခါသမယမှာ မြန်မာပြည်သူပြည်သားများ ဘေးရန်ကင်းပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း PS. Pantry မိသာ...
06/10/2025

🎇 သီတင်းကျွတ်အခါသမယမှာ မြန်မာပြည်သူပြည်သားများ ဘေးရန်ကင်းပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း PS. Pantry မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ 🙏

PS. Pantry
Your Specialty Groceries
#သီတင်းကျွတ်လပြည့်နေ့

07/09/2025

အားလုံးနေကောင်းကျန်းမာကြလားရှင့်။ 💛
Page မှာ post တွေမတင်ဖြစ်တာကြာပေမယ့် ဆက်လက်ဝယ်ယူအားပေးနေကြတဲ့ ချစ်ရတဲ့ customers များကို ကျေးဇူးအများကြီးတင်ပါတယ်နော်။ 🥰

အားလုံးသိတဲ့အတိုင်း ထိုင်းဘက်ကကုန်ကားတွေထွက်မရဘဲပိတ်မိနေလို့ ပစ္စည်းတွေမရောက်ဘဲကြန့်ကြာတာ ၂လနီးပါးရှိပါပြီ။ PS. Pantry ကမှာထားတဲ့ပစ္စည်းတွေလည်း အခုထိမရောက်သေးတာမို့ တချို့ပစ္စည်းတွေပြတ်လတ်မှုအပေါ်မှာ အခုအခြေအနေအရ နားလည်ပေးစေလိုပါတယ်။ 🥺

In stock ပစ္စည်းလေးတွေကိုလည်း စျေးမတက်ဘဲရောင်းချပေးနေတာမို့ လိုအပ်ရင်ဝယ်ယူအားပေးနိုင်ပါတယ်။ လမ်းကြောင်းကောင်းပြီး ပစ္စည်းတွေရောက်တာနဲ့ မေးထားတဲ့တစ်ဦးတစ်ယောက်ချင်းစီကိုဆက်သွယ်ပေးသွားပါမယ်နော်။ ကျေးဇူးပါရှင့်။ ❤️

PS. Pantry
Your Specialty Groceries

📢 Sale Alert ‼️ချောကလက်ကြိုက်သူတွေရော ချောကလက်ကြိုက်တာဝင်မခံတဲ့သူတွေအတွက်ရော အရမ်းတန်တဲ့ SALE လေးရှိပါတယ်ရှင့်။ 😘🍫 𝗢𝗔𝗧𝗦𝗜...
11/08/2025

📢 Sale Alert ‼️
ချောကလက်ကြိုက်သူတွေရော ချောကလက်ကြိုက်တာဝင်မခံတဲ့သူတွေအတွက်ရော အရမ်းတန်တဲ့ SALE လေးရှိပါတယ်ရှင့်။ 😘

🍫 𝗢𝗔𝗧𝗦𝗜𝗗𝗘 𝗢𝗮𝘁 𝗠𝗶𝗹𝗸 ချောကလက်ဟာ Cacao ကိုကိုးစစ်စစ်သာသုံးထားတာကြောင့် အချိုမကဲဘဲ ခါးသက်သက်နဲ့ smooth and creamy ဖြစ်လို့သောက်လိုက်တိုင်း ကျေနပ်စေမှာပါနော်။

🌾 အပင်ဖြစ်တဲ့ အုတ်ဂျုံကနေပြုလုပ်ပြီး နို့ထွက်ပစ္စည်းလုံးဝမပါဝင်တာကြောင့်

✔️နွားနို့နဲ့မတည့်တဲ့သူတွေ
✔️သားသတ်လွတ်/ vegan သမားတွေနဲ့
✔️Halal Certified လည်းဖြစ်လို့ လူမျိုးဘာသာမရွေးသောက်သုံးနိုင်ပါတယ်။

ဘူးအနည်းငယ်သာကျန်တာကြောင့် PS. Pantry မှာအမြန်လေးမှာယူလိုက်ပါနော်။ 😉

🍫 OATSIDE Chocolate Oat Milk 1L
Before - 24,000Ks
NOW - 17,500Ks
[Best Before : 06/09/2025]

PS. Pantry
Your Specialty Groceries

🚚 မန္တလေးမြို့မှ အခြားမြို့များသို့ ဂိတ်ချ/အိမ်အရောက်ပို့ဆောင်ပေးပါတယ်။
🛒 မှာယူလိုပါက messenger/ 09-945477737, 09-258333358 သို့ဆက်သွယ်နိုင်ပါတယ်။

🍜 𝗡𝗼𝗼𝗱𝗹𝗲 𝗰𝗿𝗮𝘃𝗶𝗻𝗴𝘀? 𝗪𝗲 𝗴𝗼𝘁 𝘆𝗼𝘂!တစ်ခါမှာပြီး ထပ်ခါတလည်းမှာစားကြတဲ့ PS. Pantry မှာ Instock ရတဲ့ခေါက်ဆွဲထုပ်လေးတွေပါရှင်။ 😋အ...
05/08/2025

🍜 𝗡𝗼𝗼𝗱𝗹𝗲 𝗰𝗿𝗮𝘃𝗶𝗻𝗴𝘀? 𝗪𝗲 𝗴𝗼𝘁 𝘆𝗼𝘂!
တစ်ခါမှာပြီး ထပ်ခါတလည်းမှာစားကြတဲ့ PS. Pantry မှာ Instock ရတဲ့ခေါက်ဆွဲထုပ်လေးတွေပါရှင်။ 😋

အသေးစိတ်နဲ့စျေးနှုန်းလေးတွေကို တစ်ပုံချင်းစီမှာရေးထားပါတယ်နော်။

🥥 ဂျုံခေါက်ဆွဲသားကောင်းကောင်းနဲ့ မွှေးလွန်းပြိီးအရသာရှိတဲ့ Prima Taste Singapore Laksa အုန်းနို့ခေါက်ဆွဲ

🐣 ဘဲဥငံအရသာကြိုက်သူတွေအသဲစွဲ စီးစီးထွေးထွေးနဲ့ ရွေးချယ်စရာ အရသာ (၃)မျိုးရှိတဲ့ IRVINS ဘဲဥငံခေါက်ဆွဲ

🧅 ဆီချက်ခေါက်ဆွဲဆို Indomie ကိုပြေးမြင်တဲ့အထိ နာမည်ကြီးပြီးစားလို့ကောင်းတဲ့ အင်ဒိုနီးရှားခေါက်ဆွဲကြော် Mi Goreng အရသာ

✅ Halal Certified ဖြစ်လို့ လူမျိုးဘာသာမရွေးစားသုံးနိုင်ပါတယ်။

PS. Pantry
Your Specialty Groceries

🚚 မန္တလေးမြို့မှ အခြားမြို့များသို့ အိမ်အရောက် ပို့ဆောင်ပေးပါတယ်။
🛒 မှာယူလိုပါက messenger/ (Viber) 09945477737, 09258333358 သို့ဆက်သွယ်နိုင်ပါတယ်။

From our very sweet customer sis ❤️✨ဒီလိုလေးတွေတကူးတကလာပို့ရင် အရမ်းပျော်တာ။ 🥰🥰 ကိုယ့်ဆီကပစ္စည်းလေးတွေနဲ့ မုန့်လေးတွေလုပ...
24/07/2025

From our very sweet customer sis ❤️✨
ဒီလိုလေးတွေတကူးတကလာပို့ရင် အရမ်းပျော်တာ။ 🥰🥰 ကိုယ့်ဆီကပစ္စည်းလေးတွေနဲ့ မုန့်လေးတွေလုပ်ထားတာမြင်ရင် ကြည်နူးနေတာတနေကုန်ပါပဲ။ 🥣😋

PS. Pantry
Your Specialty Groceries


Address

Mandalay

Telephone

+959402767773

Website

Alerts

Be the first to know and let us send you an email when PS. Pantry posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PS. Pantry:

Share