29/05/2023
⚠️လူတွေမသိသေးတဲ့ #ကိုလက်စထရော တက်စေတဲ့အစားအစာများ
တော်တော်များများထင်ကြပါလိမ့်မယ်။ ကိုလက်စထရောမြင့်တက်ခြင်း မတက်ခြင်းက က သူ့ရဲ့ ကိုယ်အလေးချိန်နဲ့ တိုက်ရိုက်အချိုးကျလိမ့်မယ်ဆိုပြီးတော့ပေါ့။ ဒါပေမယ့် တကယ်တော့ အဲ့လိုမဟုတ်ပါဘူး။
❗ကိုယ်အလေးချိန်ပုံမှန်ဖြစ်သူတွေကို သွေးတွင်းအဆီ စစ်ကြည့်လိုက်တဲ့အခါမှာလည်း , , တွေများနေတာတွေ တွေ့ရပါတယ်။
ဒါဆိုဘာလို့ဒီလိုဖြစ်ရတာလဲ
🦞ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ #အချိုတွေ၊ တွေ၊ #ဝမ်းတွင်းကလီစာ တွေ၊ #ပင်လယ်စာ တွေ၊ ဆိတ်သား၊ ဘဲသား တွေ အစားများလို့ပါ။
🍛ကိုလက်စထရော ကျစေတဲ့ #အစားအစာ များ
📌မပြည့်ဝဆီများ
➖➖➖➖➖
သံလွင်ဆီ၊ Rice bran ဆီ။ (အကောင်းဆုံးကတော့ သံလွင်ဆီ နဲ့ Rice bran ဆီ တွေပါ သံလွင်ဆီကတော့ ဈေးကြီးပေမယ့် Rice bran ဆီ ကတော့ ဈေးနှုနိး အသင့်အတင့်ရှိပါတယ်။ စူပါမားကတ်တွေ မှာ ဝယ်လို့ရမယ်ထင်ပါတယ်)
📌အစေ့ အဆံ များ
➖➖➖➖➖
နေကြာစေ့၊ သီပာိုစေ့၊ မြေပဲ၊ ဗာဒံစေ့ (သူတို့တွေ က ကိုလက်စထရော ကျစေရတဲ့ အကြောင်းအရင်း က ကောင်းတဲ့ အဆီတွေပါဝင်ပြီး မကောင်းတဲ့ ကိုလက်စထရော တွေကို ဖယ်ရှားပေးတဲ့ အတွက်ကြောင့်ပါ။ ဒါပေမယ့် တစ်ခု သတိထားသင့်တာကတော့ အဆိုပါ အစေ့အဆံတွေ က ကယ်လိုရီများပါတယ်။ စားလိုက်ရင် ကိလြက်သထရော ကျစေပေမယ့် ကယ်လိုရီ များတဲ့ အတွက်ကြောင့် ကိုယ်အလေးချိန် တက်လာစေပါတယ်။ ဒါကြောင့် တချို့သော လူတွေ မှာ ဝပေမယ့် ကိုလက်စထရော နည်းရတဲ့ အကြောင်း အရင်း က အစေ့အဆံ စားတာများလို့ပါ။)
📌 #ထောပတ်သီး
➖➖➖➖➖
ထောပတ်သီးမှာ လည်း ကောင်းတဲ့ အဆီတွေများတဲ့ အတွက် ကိုလက်စထရော ကျစေပါတယ်။ ဒါပေမယ့် သူလည်း ကယ်လိုရီ များတဲ့ အသီးထဲ မှာပါပါတယ်။
📌Oat meal
➖➖➖➖➖
ကျွန်တော်တို့ မြန်မာလူမျိုးနဲ့တော့ သိပ်မရင်းနှီးသေးပါဘူး။ တချို့လည်း စားတော့ စားနေကြပါပြီ။ သူက အမျှင်ဓါတ် (soluble fiber) ပါဝင်တာ များတဲ့ အတွက် ကိုလက်စထရော ကျစေပါတယ်။ မနက်စာ အနေနဲ့ စားလို့ အဆင်ပြေနိုင်ပါတယ်။ သူလည်း စူပါမတ်ကတ်တွေ မှာ ရနိုင်ပါတယ်။
📌Whole Grain Bread ( #ပေါင်မုန့် ကြမ်း )
➖➖➖➖➖
ကိုလက်စထရော များသူတွေ အနေနဲ့ ပေါင်မုန့် အချောစားမယ့် အစား အစေ့အဆံ တွေပါထည့်လုပ်ထားတဲ့ ပေါင်မုန့်ကြမ်း စားပေးခြင်းဖြင့် အမျှင်ဓါတ် (soluble fiber) များတဲ့အတွက် ကိုလက်စထရော ကျစေပါတယ်။
📌 #ပဲအမျိုးမျိုး
➖➖➖➖➖
ပဲနီလေး၊ ပဲဝါလေး၊ စားတော်ပဲ၊ ကုလာပဲ၊ မတ်ပဲ၊ ပဲပုပ်စေ့ စတာတွေမှာလည်း အမျှင်ဓါတ်(soluble fiber) တွေများတဲ့ အတွက် ကိုလက်စထရောကျစေပါတယ်။
📌ခရမ်းသီး၊ ရုံးပတီသီး
➖➖➖➖➖
ခရမ်းသီး၊ ရုံးပတီသီးလိုမျိုး အသီးအနှံ တွေက အမျှင်ဓါတ်တော်တော်လေး ကြွယ်ဝတဲ့ အတွက် ကိုလက်စထရော များတဲ့ သူတွေစားသင့်တဲ့အစားအစာ တွေပါ။
📌ပန်းသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ ကျွဲကောသီး၊ မာလကာ စတာတွေကလည်း pectin ပါတဲ့အတွက် LDL ကိုကလက်စထရော ကို တစ်ဖက်တစ်လှမ်းကနေ လျှော့ချပေးပါတယ်။
📌ပင်လယ်ငါးများ -Omega 3 fatty acid များတဲ့ဘအတွက် triglycerides နဲ့ LDL cholesterol တွေကို လျှော့ချပေးပါတယ်။
🍛ကိုလက်စထရော များစေတဲ့ အစားအစာများ ကတော့
➖➖➖➖➖
🚫မလိုင်ပြည့်ပါသော နို့
🚫ဆီကြော်မုန့်များ
🚫အသင့်စား ဘီစကွတ်၊ ကွတ်ကီး၊
🚫အားလူးကြော်
🚫ပုဇွန်ဆီ၊ ဂဏန်းဆီ၊ ကမာ၊ ဂုံး
🚫ဆိတ်သား၊
🚫ဘဲသား
🚫ဝက်ခေါက်
🚫ကြက်အရေခွံ
🚫ကြက်အသည်း၊ အမဲအသည်း၊ ဝက်အသည်း၊
🚫ဆိတ်ဦးနှောက်၊ ဝက်ဦးနှောက်
🚫စားအုန်းဆီ
မကောင်းတဲ့ ကိုလက်စထရော ရှိသလိုကောင်းတဲ့ ကိုလက်စထရော လည်းရှိပါတယ်။ အဲ့ဒါကတော့ HDL Cholesterol ပါ။
🏃♀️HDL များဖို့အတွက် ကတော့ လေ့ကျင့်ခန်းကို တစ်နေ့ မိနစ် ၃၀ အနည်းဆုံး (သို့မဟုတ်) တစ်ပါတ် ကို မိနစ် ၁၅၀ အနည်းဆုံးလုပ်ပေးဖို့လိုအပ်ပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်