မီမို မုန့်တိုက် - Memo Bakery

မီမို မုန့်တိုက် - Memo Bakery Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မီမို မုန့်တိုက် - Memo Bakery, Health Food Shop, 63st , Corner of 132st, Mandalay.

🌧️မိုးတစိမ့်စိမ့် ရွာပြီး အေးချမ်းနေတဲ့နေ့လေးတွေဆိုအပြင်ကို မထွက်ချင်တော့ဘူး ...😁ဒီလို မိုးရွာရင် ကော်ဖီပူပူတစ်ခွက်ကို ဖ...
21/07/2026

🌧️မိုးတစိမ့်စိမ့် ရွာပြီး အေးချမ်းနေတဲ့နေ့လေးတွေဆို
အပြင်ကို မထွက်ချင်တော့ဘူး ...😁

ဒီလို မိုးရွာရင် ကော်ဖီပူပူတစ်ခွက်ကို ဖြည်းဖြည်းချင်းသောက်ရင်း...
နူးနူးညံ့ညံ့ မီမိုပေါင်မုန့်လေးကို တစ်ကိုက်ချင်း
စားရတဲ့အရသာက ဘာနဲ့မှ မလဲနိုင်တဲ့ စိတ်ချမ်းသာမှုမျိုးလေ 💛

🍓 ချိုချဉ်မွှေးမွှေး စတော်ဘယ်ရီပေါင်မုန့်
🫐 အရသာပြည့်ဝတဲ့ ဘလူးဘယ်ရီပေါင်မုန့်
🫘 မွှေးမွှေးအိအိ ပဲနီလေးပေါင်မုန့် ..ဘာလေးပဲ စားစား

မီမိုပေါင်မုန့်လေးတွေက မိုးရာသီရဲ့ အေးမြမှုကို
ပိုပြီး ပြည့်စုံစေမယ့် အဖော်ကောင်းလေးတွေပါပဲ✨

ဒီမိုးရာသီမှာ... ကော်ဖီပူပူနဲ့ အလိုက်ဖက်ဆုံး
မီမိုအရသာလေးကို Comment မှာ ရွေးပေးခဲ့ဦးနော် ...🥰💛

📱ဆက်သွယ်ရန် -
09 2561 222 99
09 966 111 888
09 777 66 1188


#မီမိုမုန့်တိုက်

#လက်လီလက်ကား

🌧️ မိုးဘယ်လောက်ပဲ အဆက်မပြတ် ရွာရွာ၊💨 လေတွေ ဘယ်လောက်ပဲ တိုက်ခတ်နေပါစေ...မီမိုကတော့ သတ်မှတ်ထားတဲ့ အချိန်အတိုင်းကားဂိတ်အရော...
19/07/2026

🌧️ မိုးဘယ်လောက်ပဲ အဆက်မပြတ် ရွာရွာ၊
💨 လေတွေ ဘယ်လောက်ပဲ တိုက်ခတ်နေပါစေ...

မီမိုကတော့ သတ်မှတ်ထားတဲ့ အချိန်အတိုင်း
ကားဂိတ်အရောက် အပြေးလေး ပို့ပေးမှာ! 😎

နယ်စုံ၊ မြို့စုံက လက်ကားဆိုင်ရှင်ကြီးတွေဆီ
အချိန်မီ ရောက်ရှိသွားစေဖို့ ကားဂိတ်အထိ သေချာတာဝန်ယူ
ပို့ဆောင်ပေးတာဖြစ်သလို✅

မိုးရေ မထိအောင်လည်း သေချာဂရုတစိုက်
ထုပ်ပိုးပေးထားတာမို့ စိုးရိမ်စရာ လုံးဝမရှိပါဘူးနော် ...✅

နယ်မြို့အသီးသီးက ကုန်စုံဆိုင်ရှင်တို့အနေနဲ့ မုန့်ပြတ်လပ်မှုမရှိဘဲ
အမြန်ဆုံး ရောင်းချနိုင်ဖို့အတွက် မိမိတို့ဒေသအလိုက်မှာရှိတဲ့
မီမိုရဲ့ တရားဝင် လက်ကားဖြန့်ချိရေး ကိုယ်စားလှယ်
(Distributor) ကြီးတွေဆီမှာ
စိတ်ချလက်ချ တိုက်ရိုက်မှာယူနိုင်ပါတယ်ရှင် 📦❤️

မြို့နယ်အလိုက် လက်ကားဖြန့်ချိသူကြီးတွေရဲ့ ဖုန်းနံပါတ်နဲ့
အဆက်အသွယ်တွေကို သိရှိလိုပါက
မီမိုရဲ့ Page Chat Box (သို့မဟုတ်)
အောက်ပါဖုန်းနံပါတ်များကနေတစ်ဆင့်
အခုပဲ လှမ်းမေးလိုက်ရုံပါပဲနော် ... 👇✨

📱ဆက်သွယ်ရန် -
09 2561 222 99
09 966 111 888
09 777 66 1188


#မီမိုမုန့်တိုက်

#လက်လီလက်ကား

မွန်မြတ်လှတဲ့ လမြတ်ဝါဆို အခါသမယမှာ အလှူအတန်းလုပ်ဖို့စဉ်းစားတဲ့အခါ ~ဝါဆိုသင်္ကန်းနဲ့အတူ ဆွမ်းပဒေသာပင် အတွက်ပဲဖြစ်ဖြစ်၊လာသ...
12/07/2026

မွန်မြတ်လှတဲ့ လမြတ်ဝါဆို အခါသမယမှာ

အလှူအတန်းလုပ်ဖို့စဉ်းစားတဲ့အခါ ~

ဝါဆိုသင်္ကန်းနဲ့အတူ ဆွမ်းပဒေသာပင် အတွက်ပဲဖြစ်ဖြစ်၊
လာသမျှဧည့်သည်တွေကို စတုဒိသာကျွေးဖို့ပဲ ဖြစ်ဖြစ်...
ဘာမုန့်ကပ်ရမလဲ ခေါင်းစားနေရပြီဆိုရင်

မီမိုပေါင်မုန့်လေးတွေကို သတိရလိုက်ပါနော် …🥰❤️



မီမိုပေါင်မုန့်လေးတွေက လူတိုင်းကြိုက်နှစ်သက်တဲ့အပြင်

သန့်ရှင်းလတ်ဆတ်တဲ့အတွက် ✨



မွန်မြတ်တဲ့ သံဃာတော်တွေကို ထည့်လှူရတာလည်းလွယ်ကူသလို၊

ဧည့်သည်တွေကို ဝေပေးရတာလည်း တကယ့်ကိုအဆင်ပြေပါတယ်။

လှူမယ့်လှူရင် အကောင်းဆုံးနဲ့ အသန့်ရှင်းဆုံးဖြစ်ဖို့က အရေးကြီးဆုံးပဲ ဟုတ် 🥰

မီမိုမုန့်လေးတွေက သန့်ရှင်းမှုကလည်းရှိပြီး အရသာကလည်းရှယ်ဆိုတော့
လှူရတာ တကယ့်ကိုစိတ်အေးချမ်းရပါတယ်။ ✨🥰

ဒါကြောင့် ကုသိုလ်တွေအပြည့်နဲ့ ဝါဆိုပွဲတော်လေးဖြစ်ဖို့...
မီမိုရဲ့ပေါင်မုန့်လေးတွေကို အခုကတည်းက ကြိုတင်မှာယူလိုက်တော့နော် 🤭💛

📱ဆက်သွယ်ရန် -
09 2561 222 99
09 966 111 888
09 777 66 1188

#မီမိုမုန့်တိုက်

#လက်လီလက်ကား

မုန့်ဆိုင်တွေမှာ တင်ထားပြီဆိုတာနဲ့ သိပ်မကြာဘူး … ချက်ချင်းပြောင်ရော🔥အဲ့တာ မီမို ပေါင်မုန့်လေးတွေရဲ့ Standard ပဲ 😎ဒါက ရွှ...
09/07/2026

မုန့်ဆိုင်တွေမှာ တင်ထားပြီဆိုတာနဲ့
သိပ်မကြာဘူး … ချက်ချင်းပြောင်ရော🔥

အဲ့တာ မီမို ပေါင်မုန့်လေးတွေရဲ့ Standard ပဲ 😎
ဒါက ရွှီးတာမဟုတ်ဘူးနော်... 😉

မီမိုရဲ့ ပေါင်မုန့်လေးတွေကို စားဖူးသူတိုင်းအသိဆုံး !

မီမို က ကုန်ကြမ်းရွေးတာကစလို့ မုန့်ဖုတ်တာ၊ ထုပ်ပိုးတာအထိ
အဆင့်တိုင်းကို သန့်ရှင်းလတ်ဆတ်မှုအပြည့်နဲ့
ထုတ်လုပ်ထားတာဖြစ်ပါတယ်နော် …💜

ဘာလို့ “စားဖူးသူတိုင်းသိတဲ့ မီမိုရဲ့ Standard” လို့
လူပြောများနေလဲ သိချင်တယ်ဆိုရင်တော့...
လမ်းထိပ်က ဆိုင်ကိုပြေးပြီး ‘’မီမို တစ်ထုပ်လောက်’’လို့

ကိုယ်တိုင်သာအမြန်ဆုံး ဝယ်စားကြည့်လိုက်တော့! 🤭💛

📱ဆက်သွယ်ရန် - 09 2561 222 99
09 966 111 888
09 777 66 1188


#မီမိုမုန့်တိုက်

#လက်လီလက်ကား

သားသားမီးမီးတွေအတွက် မုန့်ဝယ်ကြတဲ့အခါ..."ကလေးက ကြိုက်ရဲ့လား❓" ဆိုတာထက်မေမေတို့ ပိုပြီး အလေးထားတတ်ကြတာတွေ ရှိပါတယ်နော်။🔸 ...
24/06/2026

သားသားမီးမီးတွေအတွက် မုန့်ဝယ်ကြတဲ့အခါ...
"ကလေးက ကြိုက်ရဲ့လား❓" ဆိုတာထက်
မေမေတို့ ပိုပြီး အလေးထားတတ်ကြတာတွေ ရှိပါတယ်နော်။

🔸 သန့်ရှင်းမှု အပြည့် ရှိရဲ့လား?
🔸 လတ်လတ်ဆတ်ဆတ်ရော ဖြစ်ရဲ့လား?
🔸 ကလေးတွေအတွက် ဘေးဥပါဒ်ကင်းပြီး
တကယ်ရော စိတ်ချရရဲ့လား? ဆိုတာမျိုးလေးတွေပေါ့။

ဒီလို မေမေတို့ရဲ့ စိုးရိမ်စိတ်တွေအားလုံးကို
မီမို က အပြည့်အဝ တာဝန်ယူပေးပါရစေနော်... 🥰

❛မီမို❜ ပေါင်မုန့်လေးတွေက သားသားမီးမီးတို့ နှစ်သက်တဲ့
အရသာမျိုးစုံရှိရုံသာမက...

❌ ဆိုးဆေး လုံးဝ (လုံးဝ) မပါဝင်ဘဲ
✅ သန့်ရှင်းလတ်ဆတ်စွာ စနစ်တကျ ထုတ်လုပ်ထားတာကြောင့်
မိဘတွေအနေနဲ့ စိတ်ချလက်ချ ဝယ်ယူနိုင်ပါတယ်ရှင်။

ကလေးလေးတွေရဲ့ ပျော်ရွှင်တဲ့ အပြုံးလေးတွေအတွက်ရော၊
မေမေတို့ရဲ့ စိတ်အေးချမ်းမှုအတွက်ပါ...
❛မီမို❜ က အရသာတင်မကဘဲ အရည်အသွေးကိုပါ
စေတနာအပြည့်နဲ့ အမြဲတမ်း ဂရုစိုက်ပေးနေမှာပါနော်💕

ကိုယ့်ရဲ့ သားငယ်သမီးငယ်လေးတွေအတွက်
အာဟာရလည်းဖြစ်၊ စိတ်လည်းချရတဲ့ မီမိုပေါင်မုန့်လေးတွေကို
နီးစပ်ရာ ကုန်စုံဆိုင်တိုင်းမှာ မေးဝယ်နိုင်ပါပြီရှင် ... 💕

📱ဆက်သွယ်ရန် -
09 2561 222 99
09 966 111 888
09 777 66 1188


#မီမိုမုန့်တိုက်

#လက်လီလက်ကား

ကျောင်းမုန့်စျေးတန်းရောက်ပီဆိုရင် ~အိမ်ကပေးလိုက်တဲ့ မုန့်ဖိုးလေး ကိုင်ပြီးကလေးလေးတွေရဲ့ မျက်လုံးလေးတွေကဟိုဟိုဒီဒီနဲ့ ဘာက...
22/06/2026

ကျောင်းမုန့်စျေးတန်းရောက်ပီဆိုရင် ~
အိမ်ကပေးလိုက်တဲ့ မုန့်ဖိုးလေး ကိုင်ပြီး
ကလေးလေးတွေရဲ့ မျက်လုံးလေးတွေက
ဟိုဟိုဒီဒီနဲ့ ဘာကိုရှာနေကြတာများလဲ ❓👀

''ကျောင်းမုန့်စျေးတန်းရဲ့ အသည်းကျော်လေး''လို့
တင်စားရလောက်အောင် ကလေးတိုင်း နှစ်သက်ကြတဲ့
မီမိုပေါင်မုန့်လေးတွေပဲပေါ့ ...🥰

မူလတန်း‌ကျောင်းသား ၊အလယ်တန်းကျောင်းသား၊
အထက်တန်းကျောင်းသားမရွေး အရသာရှိလွန်းလို့
တသသစွဲလမ်းကြသလို ✨

ဗိုက်လည်း ဝ၊ အာဟာရလည်း ပြည့်လို့
မိဘတွေကပါ စိတ်ချလက်ချဝယ်ကျွေးကြတဲ့မုန့်လေးမို့ ✨

ဆိုင်ရှင်တွေအတွက်ကတော့ စင်ပေါ်တင်လိုက်တာနဲ့
ခဏလေးအတွင်း ရောင်းကုန်သွားစေမယ့်
စိန်ခေါ်မှုမရှိတဲ့ မီမိုပေါင်မုန့်လေးတွေပါနော် ✨

ဒီလို ရောင်းမလောက်တဲ့ မီမိုပေါင်မုန့်လေးတွေကို
ကိုယ့်ဆိုင်မှာ မတင်ရသေးဘူး မဖြစ်ရလေအောင်
အခုပဲ Page Messenger မှာ ဆက်သွယ်ပြီး ဝယ်ယူလို့ရမယ့်
နီးစပ်ရာလက္ကားဆိုင်ကြီးတွေကို မေးမြန်းနိုင်ပါပြီရှင် ...🥰❤️

📱ဆက်သွယ်ရန် -
09 2561 222 99
09 966 111 888
09 777 66 1188


#မီမိုမုန့်တိုက်

#လက်လီလက်ကား

"တစ်ကိုက်ပဲ စားကြည့်မယ်!" ဆိုတဲ့ စကားကမီမိုပေါင်မုန့်လေးတွေနဲ့ တွေ့ရင်တော့သိပ်ကြာကြာခံမယ် မထင်ဘူးနော် ...😎🥖 ပထမဆုံး တစ်က...
17/06/2026

"တစ်ကိုက်ပဲ စားကြည့်မယ်!" ဆိုတဲ့ စကားက
မီမိုပေါင်မုန့်လေးတွေနဲ့ တွေ့ရင်တော့
သိပ်ကြာကြာခံမယ် မထင်ဘူးနော် ...😎

🥖 ပထမဆုံး တစ်ကိုက်စားလိုက်တယ်...
နူးညံ့တဲ့ပေါင်မုန့်သားလေးရဲ့ အရသာက
ခံတွင်းထဲမှာ စွဲကျန်ခဲ့တယ် ...။

🥖 နောက်တစ်ကိုက် ထပ်စားလိုက်တယ်...
"အင်း... ကောင်းသားပဲ" လို့ မသိမသာ တွေးမိသွားမယ်။

ဒီလိုနဲ့ပဲ တစ်ကိုက်ပြီးတစ်ကိုက် စားရင်း... စားရင်းနဲ့
သတိထားမိချိန်ကျတော့မှ
လက်ထဲက ပေါင်မုန့်လေးက ကုန်သွားပြီ။ 🤭

တချို့အရာတွေက မြင်လိုက်တာနဲ့ သဘောကျစေတယ်။
တချို့အရာတွေက တွေ့လိုက်တာနဲ့ ချစ်မိစေတယ်။
မီမိုပေါင်မုန့်လေးတွေကတော့... တစ်ကိုက်ချင်းစီမှာ
စွဲမက်မိစေတဲ့ အရသာလေးတွေကို သိမ်းဆည်းထားတာပါ 💛

မီမိုပေါင်မုန့်လေးတွေက ....
စားပြီးသွားတဲ့အခါ ဗိုက်ပြည့်သွားတယ်ဆိုတာထက်
"နောက်ထပ် ထပ်စားချင်လိုက်တာ" ဆိုတဲ့
စွဲမက်မှုမျိုးကို ပေးစွမ်းနိုင်တာပါနော် 😍🍞

ဒီလို တစ်ကိုက်စားရုံနဲ့တင် စွဲမက်စေတဲ့
မီမိုပေါင်မုန့်လေးတွေကို မိမိတို့ရဲ့ နီးစပ်ရာ ကုန်စုံဆိုင်နဲ့
မုန့်ဆိုင်တိုင်းမှာ ဝယ်ယူရရှိနိုင်ပါပြီရှင့် ...💛

📞 လက်လီ/လက်ကား ဆက်သွယ်ရန် -

09 2561 222 99
09 966 111 888
09 777 66 1188


#မီမိုမုန့်တိုက်

#လက်လီလက်ကား



#မီမိုမုန့်တိုက် #လက်လီလက်ကား

☎️Hello ...Hello နယ်ကပါ ။ မှာလို့ရမလား ...❓လို့ ခဏခဏ မေးနေကြတဲ့ မီမိုချစ်သူ ဆိုင်ရှင်တို့ရေ ...🥰မီမိုမုန့်တိုက် - Memo B...
15/06/2026

☎️Hello ...Hello နယ်ကပါ ။
မှာလို့ရမလား ...❓လို့

ခဏခဏ မေးနေကြတဲ့ မီမိုချစ်သူ ဆိုင်ရှင်တို့ရေ ...🥰

မီမိုမုန့်တိုက် - Memo Bakery က
ဘယ်မြို့၊ ဘယ်ရွာ၊ ဘယ်ဒေသကပဲဖြစ်ဖြစ်
ဘယ်လောက်ပဲဝေးဝေး အနီးဆုံးကားဂိတ်ကို
အရောက်ပို့ဆောင်ပေးနေပါတယ်နော် ...📦 ✨

စားသုံးသူအကြိုက် သန့်ရှင်းလတ်ဆတ်တဲ့
“မီမို” ရဲ့ Best Seller မုန့်မျိုးစုံကို

🏪 အိမ်ဆိုင်လေးတွေအနေနဲ့ ဒါမှမဟုတ်
လက်လီပြန်ရောင်းဖို့အတွက်ဆိုရင်လည်း
အဝေးကြီးကနေ ကားခကုန်ခံပြီးမှာနေစရာမလိုအောင်

📍မိမိတို့မြို့မှာရှိတဲ့ လက်ကားဒိုင်ကြီးတွေဆီကနေ
အလွယ်တကူပြန်ဝယ်လို့ရအောင်လည်း
လမ်းညွှန်ချိတ်ဆက်ပေးနေပါတယ်နော်။

ဒါကြောင့် နီးနီးဝေးဝေး စိတ်မပူနဲ့နော်..
📈 ရောင်းအားကောင်းတဲ့ “မီမို” ပေါင်မုန့်လေးတွေကို
သင့်ရဲ့ဆိုင်လေးမှာ ရောင်းချချင်တယ်ဆိုရင်
📲အခုပဲ ဟယ်လိုလိုက်ပါနော် ...🥰

📱ဆက်သွယ်ရန် -
09 2561 222 99
09 966 111 888
09 777 66 1188


#မီမိုမုန့်တိုက်

#လက်လီလက်ကား

မီမိုပေါင်မုန့်လေးတွေက စုံလွန်းလို့ စားမယ်ကြံတိုင်း ... ဘာစားရမလဲမသိတော့လို့ Relationship ထက်တောင် ခေါင်းပိုစားရတယ်ဆိုသူ...
11/06/2026

မီမိုပေါင်မုန့်လေးတွေက စုံလွန်းလို့
စားမယ်ကြံတိုင်း ... ဘာစားရမလဲမသိတော့လို့
Relationship ထက်တောင်
ခေါင်းပိုစားရတယ်ဆိုသူလေးတွေရှိလား ...🤭🥰

🥥Coconut လည်း ကြိုက်တယ်
🫐Blueberry လည်းစားချင်တယ်
🍮Pudding အိအိလေးလည်း စားချင်နေတယ်...

ဟိုဟာစားရမလား ဒီဟာစားရမလား လိုက်ရွေးနေရင်
အချိန်ကုန်တာပဲ အဖတ်တင်မယ်နော် ...❗

ဒီလို ရွေးရခက်နေရင်တော့ အဖြေကလွယ်ပါတယ်😍

✨မီမိုမှာ ရွေးစရာမျိုးစုံရှိသလို ...
စားကြည့်သမျှ အရသာတိုင်းက စိတ်ကျေနပ်စေမှာမို့
"ဘာစားရမလဲ"မသိရင်... အကုန်သာဝယ်လိုက်နော်💖

မနက်စာ၊ နေ့လယ်အဆာပြေ၊
ညနေကော်ဖီချိန်ပဲဖြစ်ဖြစ် .... အချိန်တိုင်းအတွက်
အရသာရှိတဲ့ မီမိုပေါင်မုန့်လေးတွေက ကွက်တိပါပဲ✨

📱ဆက်သွယ်ရန် - 09 2561 222 99
09 966 111 888
09 777 66 1188


#မီမိုမုန့်တိုက်

#လက်လီလက်ကား

Myanmar MYF မှ ပြုလုပ်ခဲ့တဲ့ ''ပတ်ဝန်းကျင်ကိုသာမက စိတ်နှလုံးကိုပါ သန့်ရှင်းစေခဲ့တဲ့ Cleaning Campaign'' မှာ မီမိုပေါင်မု...
09/06/2026

Myanmar MYF မှ ပြုလုပ်ခဲ့တဲ့
''ပတ်ဝန်းကျင်ကိုသာမက စိတ်နှလုံးကိုပါ
သန့်ရှင်းစေခဲ့တဲ့ Cleaning Campaign'' မှာ

မီမိုပေါင်မုန့်လေးတွေကို မျှဝေပေးခဲ့တဲ့ ပုံရိပ်လေးတွေကို
ကြည်နူးစွာ မျှဝေပေးလိုက်ပါတယ်နော်❤️

အခုလို တစ်ဖက်တစ်လမ်းကနေ
ကူညီခွင့်ရခဲ့တဲ့အတွက်လည်း မီမို-မုန့်တိုက် အနေနဲ့
အထူးပင် ဝမ်းသာပီတိဖြစ်ရပါတယ်ရှင့် ...🥰


#မီမိုမုန့်တိုက်

Address

63st , Corner Of 132st
Mandalay

Website

Alerts

Be the first to know and let us send you an email when မီမို မုန့်တိုက် - Memo Bakery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share