12/11/2025
ပီလောပီနံဥ/ကလောဥ
သူနဲ့မတည့်တဲ့အစားအစာတွေအတော်များတယ် ဖတ်မှတ်ရမိသလောက်ကတော့လေ
အချဉ်အမျိုးမျိုး ပဲအမျိုးမျိုး နို့နှင့်နို့ထွက်ပစ္စည်းမတည့်ဘူးလို့ပြောကြတယ်
ပဲဆိုတာတောင် ပဲအစိုတင်မကဘူး ပဲကြားလှော်လို ပဲကြမ်းကြော်တို့ ပါမတည့်တာ လို့ပြောကြတယ် အဲ့လိုဆို လက်ဖက်သုပ်စားထားရင်လည်း ဂရုစိုက်ရမှာနော် ပဲကြော်တွေပါတာကို
ဒန့်သလွန်သီးလည်းမတည့်ဘူး စားပြီးဒန့်သလွန်ပင်အောက်တောင်ဖြတ်လျှောက်မရဘူးလို့တောင် တင်စားပြောကြသလား တကယ်လားတော့မသိဘူးရယ်
တစ်ခြားမတည့်တာတွေလည်းရှိသေးတာနော်
ဘာပဲဖြစ်ဖြစ် ကလောဥနဲ့ကမတည့်တာတွေများလွန်းတော့ သူ့စားတဲ့နေ့တော့ အစားတော်တော်လေးဆင်ခြင်ကြပါနော်
ကလောဥရဲ့ အခွံနဲ့ အသားကြားမှာ အခွံရဲ့အောက်ပြောရမလားအဲ့ဒီမှာ အဆိပ်ကပါတာမို့ စားရင်အခွံကိုလည်းသေချာလေးခွာစားကြပါ
အခွံခွာပြုတ်မယ်ဆိုရင်လည်းအခွံတွေကို ခပ်ထူထူလေးခွာထုတ်ပြီး ပြုတ်စားတာပဲဖြစ်ဖြစ် ခွာပြီးရင်လည်းလက်ကိုရေသေချာဆေးပေါ့နော်
အခွံနဲ့ပြုတ်ရင်လည်း ရေများများနဲ့ အဖုံးလေးဖွင့်ပြုတ်တာပဲဖြစ်ဖြစ် ပေါ့ရှင် အဖုံးဖွင့်ပြုတ်တာကတော့ အဆိပ်အတောက်တွေထွက်အောင် လျော့အောင်ဆိုတဲ့သဘောပါပဲ
အခုကိုယ်တောင်စားပြီး သိပ်နေမကောင်းဘူးရယ် အရင်နေ့တွေကတော့ ၂ ခါလောက်စားပြီးပြီ အဆင်ပြေတယ်ပေါ့ ဒီနေ့တော့ ဘာများမတည့်တာစားမိလည်းစဉ်းစားရတယ်
ဒီနေ့ခွာစားတော့ ပါးစပ်နဲ့ကိုက်ခွာလိုက်မိတယ် အခွံအောက်မှာ အဆိပ်ပါတာတဲ့
အဲ့တော့ ပါးစပ်နဲ့ကိုက်ခွာတာမျိုးမလုပ်သင့်ဘူးပေါ့
အခွံတွေလက်လေးနဲ့ ဓါးလေးနဲ့ခွာထုတ်ပါ
ကလောဥမှာ အချို အခါး နှစ်မျိုးရှိတာထင်ပါတယ် အခုတစ်ခါ စားတာကပထမဆုံးစစားဖူးတာနဲ့မတူဘူး ခါးသက်သက်နဲ့ရယ်
အချိုနဲ့ အခါးမှာ ခါးတဲ့ကလောဥက အဆိပ်ပါဝင်မူ့ ပိုများပါတယ်တဲ့
ကလောဥစားတာ တောက်တာမျိုးဖြစ်တတ်တာက အဆိပ်သင့်တာကို တောက်တယ်လို့ခေါ်တာပါနော်
ကလောဥ တောက်တတ်တယ်ပြောကြလို့ စားပြီးမှ သိချင်လို့ သူ့အကြောင်းလေးတွေရှာဖတ်မိတော့မှ စားပြီးမှကြောက်တာ
မတည့်တာတွေနဲ့ စားမိရင် အသက်အန္တရာယ်တောင် ရှိနိုင်တာကိုသိရတော့ နောက်တစ်ခေါက်တော့ အထူးသတိထားရပါတော့မယ်လို့
ကိုယ်တိုင်ပဲစားစား အိမ်သားတွေ သူများတွေကျွေးမယ်ဆိုရင်တောင် စားနေကျအစားအစာ မဟုတ်ရင် သူ့အကြောင်းသေချာမသိရင် အရမ်းမစားမိဖို့လိုမယ်နော်😳🙂..
အခုတော့ ကလောဥစားပြီး တောက်သလိုဖြစ်သလားမသိ နေလို့တော့မကောင်းဘူး
ဘာမှတွဲစားမထားဘူး
ကလောဥက အခုညစားတယ်
နေ့ခင်းကပဲ လက်ဖက်သုပ်စားထားတာ
လက်ဖက်သုပ်ဆိုတော့ ပဲကြမ်းကြော်တွေပါတာပေါ့ ဒါပါပဲ
ဒီအနေထားအတိုင်းဆို ကလောဥနဲ့မတည့်တဲ့အစားအစာတွေဟာ အတူတွဲစားမှတင်မဟုတ်ပဲ တစ်ရက်တာအတွင်း အချိန်ခြားစားလည်းမရလောက်ဘူးထင်တယ်
ဒါတင်မဟုတ်ဘူး ဒီနေ့ကလောဥစား ထားတာဆိုရင် နောက် ၂ ရက် ၃ ရက်လောက်ထိတောင် မတည့်တာတွေကိုရှောင်ရမလားပဲ
မနေ့ကညကကလောဥစားတယ် ဒီနေ့နေ့ခင်းလက်ဖက်သုပ်ပဲကြော်ပါလို့ မတည့်တာ ကြောင့်လားပဲ စားပြီးတော့နည်းနည်းမူးလာတာ
အခုည ကလောဥထပ်စားတော့ ပိုသိသာတာလို့ခံစားရတာ
အဲ့လောက်ထိကတော့တိုက်ဆိုင်တာလည်းဖြစ်မယ်ထင်ပါတယ်
ဒါပေမယ့်လည်း ပြောမရဘူး
မစားတာအကောင်းဆုံးပဲ ထင်တယ် သူကဘာနဲ့မှကိုမတည့်တာလားမသိဘူးရယ်😬
အဓိကကတော့ အခွံနဲ့ အသားကြားကအဆိပ်ရှိတဲ့ အလွှာ အပိုင်းစားမိလို့ဖြစ်တဲ့သဘောနေမယ်
ကြိုက်လို့စားမိတယ်ဆိုရင် သတိလေးတော့ရှိကြပါလို့.....
#ပီလောပီနံဥ
#ကလောဥ