Shwe Wah Phoo - ရွှေဝါဖူး

Shwe Wah Phoo - ရွှေဝါဖူး စိတ်ချရတဲ့ ရာသီပေါ်သီးနှံ

သရက်သီးမှည့်လေးနဲ့ ထမင်းမြိန်ကြသူတွေအတွက် ရွှေဝါဖူးရဲ့ သဘာ၀အတိုင်း စိုက်ပျိုးခူးဆွတ်ထားတဲ့ ပတ္တမြား ငမောက်သီးတွေ စတင်ခူး...
06/06/2026

သရက်သီးမှည့်လေးနဲ့ ထမင်းမြိန်ကြသူတွေအတွက် ရွှေဝါဖူးရဲ့ သဘာ၀အတိုင်း စိုက်ပျိုးခူးဆွတ်ထားတဲ့ ပတ္တမြား ငမောက်သီးတွေ စတင်ခူးဆွတ်နေပါပြီ✨

ပတ္တမြားငမောက် သရက်သီးပင်တွေကတော့ ပင်ပုလေးတွေဖြစ်တာမို့ အလုံးအများစုကို စနစ်တကျ အိတ်စွတ် စိုက်ပျိုးထားပါတယ်။ ဒါကြောင့် အလုံးလေးတွေမှာ သီးထိုးယင် ထိုးရာ၊ပိုးထိုးရာလေးတွေ သိပ်မပါဘဲ အလုံးချော၊အလုံးလှကြပါတယ်။

အနှစ်အသားလည်း ပြည့်၀သလို အရသာလည်း ကောင်းမွန်တာကြောင့် သဘာ၀ သစ်သီးသရေစာအနေနဲ့ပဲ စားစား၊ ထမင်းနဲ့ပဲ တွဲဖက်စားစား လိုက်ဖက်ကောင်းမွန်မှုလည်းရှိပါတယ်။

အရေးအကြီးဆုံးက ရွှေဝါဖူးခြံက သရက်သီးပင်တွေကို ဓာတုမြေဩဇာတွေ အသုံးမပြုထားသလို၊ ပိုးသတ်ဆေးနဲ့ အသီးမှည့်ဆေးလည်း အသုံးမပြုထားဘဲ သဘာ၀အတိုင်းပဲ ခူးဆွတ်ထားခြင်းပါပဲ။
ဒါ့အပြင် ရွှေဝါဖူးခြံ ပတ်လည်မှာလည်း ဓါတုမြေဩဇာနဲ့ ပိုးသတ်ဆေးသုံး စိုက်ခင်းတွေ မရှိတာ ဖြစ်လို့ ဓါတုရုပ်ကြွင်း မပါရှိတဲ့ သဘာ၀ အသီးတွေကို အရသာရှိရှိ စိတ်အေးချမ်းသာစွာ သုံးဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။

ရွှေဝါဖူးခြံကို organic farm certificate ရရှိဖို့အတွက်လည်း ကြိုးစားလျက်ရှိနေတာမို့ သဘာ၀ သီးနှံကိုမှ တခုတ်တရ သုံးဆောင်လိုသူတွေအတွက် စိတ်ချရတဲ့ ခြံထွက် သီးနှံလေးတွေအဖြစ် ရွေးချယ်နိုင်ပါတယ်။
ပတ္တမြားငမောက်သရက်သီး ၁၂ လုံး ပါ တစ်ဖာ - ၃၀၀၀၀ ကျပ်

ရွှေဝါဖူးခြံက ဒီနှစ်အတွက် နောက်ဆုံးအကြိမ်ခူးတဲ့ စိန်တလုံး သရက်သီးတွေထဲက တချို့ကို  @မိုးဝေကျော် လ္ဘက်ရည်ဆိုင်ကမှာယူတဲ့အတ...
20/05/2026

ရွှေဝါဖူးခြံက ဒီနှစ်အတွက် နောက်ဆုံးအကြိမ်ခူးတဲ့ စိန်တလုံး သရက်သီးတွေထဲက တချို့ကို @မိုးဝေကျော် လ္ဘက်ရည်ဆိုင်ကမှာယူတဲ့အတွက် ပို့ဆောင်ပေးခဲ့ပါတယ် ✨

Our kind of red carpet glow💃✨
13/05/2026

Our kind of red carpet glow💃✨

ပုံထဲက အကြီးကြီးကတော့ ပင်မှည့် Organic သင်္ဘောသီးပါ။
13/05/2026

ပုံထဲက အကြီးကြီးကတော့ ပင်မှည့် Organic သင်္ဘောသီးပါ။

အားပေးတဲ့ မိတ်ဆွေက ပြန်ပို့ပေးလိုက်တဲ့ ရွှေဝါဖူး စိန်တလုံး ပုံလေးတွေပါ ✨
13/05/2026

အားပေးတဲ့ မိတ်ဆွေက ပြန်ပို့ပေးလိုက်တဲ့ ရွှေဝါဖူး စိန်တလုံး ပုံလေးတွေပါ ✨

ဒီနှစ် ရွှေဝါဖူးရဲ့ စိန်တလုံး သရက်သီးတွေကို စမ်းရောင်းကြည့်တာ ရောင်းရကျိုးနပ်ပါတယ်။ တခါစားဖူးသူတိုင်းက ထပ်မှာကြတယ်။ တူညီ...
13/05/2026

ဒီနှစ် ရွှေဝါဖူးရဲ့ စိန်တလုံး သရက်သီးတွေကို စမ်းရောင်းကြည့်တာ ရောင်းရကျိုးနပ်ပါတယ်။ တခါစားဖူးသူတိုင်းက ထပ်မှာကြတယ်။ တူညီတဲ့ မှတ်ချက်က အရသာပိုပြီး ထူးကဲသလို လေးလေးပင်ပင်ရှိတာကြောင့်ပါတဲ့။

တကြိမ်စာ ခူးဖို့တော့ အပင်နည်းနည်းကျန်ပါသေးတယ်။ မိတ်ဆွေလည်း မြည်းစမ်းချင်ရင် စမ်းမှာထားလိုက်ပါနော်။

၃ ရက်အတွင်းတော့ ခြံထဲကနေ မန္တလေးမြို့ပေါ် ရောက်မှာပါ။

အလုံးကတော့ အခုဒီအသီးတွေလောက် မကြီးတော့ပေမယ့် အရသာက ကောင်းမြဲပါ။

#စိန်တလုံး

03/05/2026

စိန်တလုံး သရက်သီးကတော့ အခုချိန်က စပြီး ဖောဖောသီသီ စားနေကြ၊မြင်နေကြရပါပြီ။ စိန်တလုံး သရက်သီး ရာသီချိန်ပြီးသွားရင်တော့ ရွှေဝါဖူးခြံက ထွက်တဲ့ ပတ္တမြားငမောက် သရက်သီးကိုလည်း ခုလို လတ်လတ်ဆတ်ဆတ် စားကြရမှာပါ။

ပတ္တမြားငမောက် ကတော့ အလုံးအထည် ပိုပြီး ဖွံ့ထွားသလို အရသာကလည်း စိန်တလုံးနဲ့ မတူဘဲ တမျိုးထူးခြားတာမျိုးပါ။ စိန်တလုံးက အပင်တွေများတော့ ဒီနှစ် အိတ်မစွပ်လိုက်ရပေမယ့် ပတ္တမြားငမောက်ကိုတော့ ပိုပြီးလှလှလေး စားစေချင်လို့ အိတ်စွပ်ထားပါတယ်။

ကဲ ခုလောလောဆယ်တော့ video လေးထဲကနေတဆင့် ရွှေဝါဖူးခြံထဲက ပတ္တမြားငမောက်ခင်းထဲကို အလည်လိုက်ခဲ့ကြပါဦး။

မေ့လို့ ... ပတ္တမြားငမောက်ကတော့ အခု မှာလို့မရသေးပါဘူးနော်။ စိန်တလုံးရာသီပြီးမှ ပတ္တမြားငမောက် စပြီး မှည့်မှာပါ။

ရာသီသီးနှံတွေကို ရာသီအလိုက် သဘာ၀အတိုင်း စားရတာ ပိုပြီး အနံ့၊အရသာလည်း ပြည့်စုံသလို၊ကျန်းမာရေးအတွက်လည်းကောင်းမွန်ပါတယ်။ ဒါကြောင့် ရာသီချိန်ရောက်အောင် စောင့်ပေးကြပါဦးနော်။

ရွှေဝါဖူးခြံက ထွက်တဲ့ စိန်တလုံးသရက်သီးတွေနဲ့ အုန်းသီးတွေကို မိတ်ဆွေများထံ ပို့ဆောင်နေပါပြီ။ ဒီတခေါက် အုန်းသီးက နည်းနည်းလ...
03/05/2026

ရွှေဝါဖူးခြံက ထွက်တဲ့ စိန်တလုံးသရက်သီးတွေနဲ့ အုန်းသီးတွေကို မိတ်ဆွေများထံ ပို့ဆောင်နေပါပြီ။ ဒီတခေါက် အုန်းသီးက နည်းနည်းလေး ရင့်တာများတော့ ဂျယ်လီတော့ မစားရဘူးပေါ့။ အလုံးကြီးတော့ အုန်းရည်တော့ များများ သောက်ရမှာပါ။

ယိုးဒယား အုန်းချိုမွှေးလောက် မချိုပေမယ့် မျိုးဗီဇ မပြုပြင်ထားရသေးတဲ့ အုန်းသီးနဲ့၊အုန်းရည်ကို တကူးတက သောက်ချင်ကြသူတွေအတွက်တော့ ကွက်တိပါပဲ။ နောက်နှစ်တွေတော့ ယိုးဒယားအုန်းလည်းစိုက်ပါ့မယ်။ သူက အချိန်အကြာကြီး မစောင့်ရဘဲ အသီးသီးတော့ မြန်မြန်တော့ စားရပါတယ်။ မြန်မာမျိုးရင်း အုန်းသီးတွေကတော့ အုန်းပင်တစ်ပင်ဖြစ်ဖို့လည်း ကြာသလို အသီးသီးဖို့လည်း စောင့်ရပါတယ်။ ဒါပေမယ့် မြန်မာ့မျိုးရင်း အုန်းပင်တွေကိုလည်း နောင် ၁၀ နှစ် ၁၅ နှစ်စာလောက်အတွက် မှန်းပြီး ထပ်စိုက်ထားပါဦးမယ်။

မေ့လို့... အုန်းသီးက အချိန်တိုင်း မရပါဘူးနော်။ မှာမှ အပင်တက်ပြီး ခုတ်ပေးတာဖြစ်ပြီး ခြံထဲကနေ မန္တလေးမြို့ပေါ်ကို တခြား သရက်သီးတို့ မာလကာသီးတို့ ပို့တဲ့ ကားနဲ့ ထည့်ပေးတာဆိုတော့ ၁ ပတ်လောက် ကြိုပြီးတော့ မှာရပါတယ်။ စောင့်ရကြိုးနပ်အောင် လတ်လတ်ဆက်ဆက်တော့ ရှိမှာပါ။ ၁၀ လုံးကနေ အနည်းဆုံး မှာပေးရပါတယ်။ စျေးနှုန်းက ၁၀ လုံးကို ၃ သောင်းခွဲပါနော်။

အကုန်လုံးကို ပို့ချင်ပေမယ့် ပို့ခတွေနဲ့ မှာသူတွေ ဝန်ပိုမှာ စိုးတာကြောင့် အုန်းသီးကိုတော့ မန္တလေးမြို့ပေါ်ကိုပဲ အဓိက ရောင်းပေးပါရစေ။

ကဆုန်လပြည့် ဗုဒ္ဓနေ့ 🙏
30/04/2026

ကဆုန်လပြည့် ဗုဒ္ဓနေ့ 🙏

Address

80th Street, Between 3rd & 4th Street , Aungmyaytharzan Tsp
Mandalay
00314

Website

Alerts

Be the first to know and let us send you an email when Shwe Wah Phoo - ရွှေဝါဖူး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category