နှစ်ယောက် တစ်ကမ္ဘာ

နှစ်ယောက် တစ်ကမ္ဘာ ကိုယ့်ရဲ့အချစ်နဲ့ မေတ္တာ သစ္စာတေ မြင်လာတဲ့နေ့တော့ ကိုယ့်ကို စာနာတတ်မာပါ

15/03/2026

လွမ်းတယ် ဒီလောက်ပဲ
ကျန်တာတေ မပြောလိုတော့ဘူး
တကယ်ချစ်ခဲ့တယ်ဆိုတာယုံ
ဘဝနဲ့ ရင်းပြီးချစ်တာ ယုံ။

03/12/2025

စိတ်ကောင်းရှိတဲ့သူတွေကို စိတ်ထိခိုက်အောင်လုပ်လိုက်တဲ့အခါ သူတို့က အသံထွက်ပြီး အော်ကြမှာမဟုတ်ဘူး။ သူတို့ရဲ့နာကျင်မှုကို စိတ်ထဲမှာပဲ သိမ်းထားကြလိမ့်မယ်။

သူတို့က တိတ်တိတ်လေးနဲ့ တဖြည်းဖြည်း ဝေးကွာသွားပြီး ပြန်လာတော့မှာမဟုတ်ဘူး။

သူတို့က ကောင်းတာတွေပဲ ဆက်လုပ်နေမှာပါ။သင့်ကိုတော့ ဘယ်တော့မှ ပြန်မယုံကြည်တော့ဘူး။ အဲဒီမှာ သင် သူတို့ကို လက်လွှတ်ဆုံးရှုံးလိုက်ရတာပါပဲ။

#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

24/10/2025

မတတ်နိုင်လို့ လက်လွှတ်ခဲ့ရခြင်းတွေကို
ကျွန်မစိတ်ဓာတ်ကျပြီး
နှာမြောတသဖြစ်နေမှာ မဟုတ်ဘူး ။

ပိုကောင်းတာတွေကို ကျွန်မလက်ခံရရှိနိုင်သလို
အဆိုးတွေနဲ့ လည်း ကျွန်မ ထပ်ကြုံနိုင်ပါသေးတယ် ။

ဒီအတိုင်းနေပြီ
ငါဟာ ကံဆိုးလိုက်တာလို့ ကျွန်မတွေးနေမှာ မဟုတ်ဘူး ။

ဆုံးရှုံးခြင်းတွေကို သင်ခန်းစာယူမယ်
ထပ်ပြီးအချိိန်ယူမယ်
အကောင်းဆုံးပြန်လည်ပြင်ဆင်မယ်
ကျွန်မအတွက် ကျွန်မအကောင်းဆုံးဆက်ကြိုးစားသွားမယ် ။

#ဖားစည်ရည်ကျော်

12/10/2025

အမျိုးသားတယောက်ကို ကျွန်မတို့တကူးတက
လိုက်ပြုပြင်နေစရာမလိုပါဘူး။

တစုံတယောက်အတွက်နဲ့ သူဟာ သူ့စည်းမျဉ်းတွေ၊ စိတ်ဓာတ်တွေကို အကောင်းဆူံးဖြစ်အောင် ပြောင်းလဲပစ်နိုင်တယ်။
အမျိုးသားတယောက်ရဲ့ ချစ်ခြင်းတရားဟာ
လုပ်ရပ်တွေမှာ ပိုပေါ်လွင်တယ်။

အဲ့သည့်တစုံတယောက်ကသာ
ကျွန်မတို့ဖြစ်နေဖို့လိုတာပါ။ 🖤🍀

🌻🤍

18/09/2025

နေသားကျသွားတဲ့အခါမှသာ
နေနိုင်သွားလေခြင်းဆိုတဲ့
ခေါင်းစဥ်တွေ တပ်ကြတာပါ

အဲ့လိုနေနိုင်သွားအောင်
ပစ်ထားခံရခြင်းတွေမှာ
ဘယ်လောက်ငိုခဲ့ရလဲ
ဘယ်သူမှ မသိဘူး

ဂရုမစိုက်ခြင်းတွေမှာ
ဘယ်လောက် ပြိုလဲခဲ့ရလဲ
ဘယ်သူမှ မသိဘူး

နာကျင်ခြင်းတွေကြားကနေ
ဘယ်လောက်ဆွဲထားမိလဲ
ဘယ်သူမှ မသိဘူး

နောက်ဆုံးမှသာ
အရင်လို မဟုတ်တော့ဘူးနော်ဆိုတဲ့ စကားနဲ့
ကိုယ်ပဲ မှားနေသလိုမျိုး
ခနဲ့ချင်ကြတာပါ။

#ကျေးကို

18/09/2025

အရင်တုန်းကဆိုရင်လေဆိုတဲ့ စကားကိုသုံးမိတော့ ...
အရင်လို ဟုတ်မနေတော့တဲ့
ကိုယ့်ကိုယ်ကိုယ် ပြန်မြင်နေမိတယ်

တခြားအရာတွေကို ဂရုစိုက်နေရင်းက
ငါကော ဆိုတဲ့ မေးခွန်းကျရင်
ဆွံ့အနေမိတဲ့အထိ
ကိုယ့်ကိုယ်ကိုယ် ပစ်ထားခဲ့မိတာ

အဆင်ပြေသွားမှာပါဆိုတဲ့ စကားလုံးနဲ့
ကိုယ့်ကိုယ်ကိုယ် ညာရင်း ...
အဆင်ပြေနေတဲ့ ဘ၀တွေကို
စာနာဖို့ ကြိုးစားနေခဲ့မိတာ ။

တခြားသူတွေကို လိုက်သနားရင်းက
သနားစရာကောင်းတာက
ကိုယ် ဖြစ်နေခဲ့သလို

ကိုယ့် ဘ၀ထဲမှာ
တစ်ခုခု ပျောက်ရှနေသလိုပဲ ဆိုတဲ့
ခံစားချက်နဲ့ လိုက်ရှာနေရင်းက

တကယ် ပျောက်ဆုံးနေတာက
ကိုယ်ဖြစ်နေခဲ့တယ် ။

#ကျေးကို

အချစ်ဟာ အချစ်နဲ့ တူနေမှဖြစ်မယ်ဝမ်းနည်းစရာရှိရင် မျှဝေရမယ်မကြိုက်တဲ့ အချက်တွေရှိရင် ပြောပြပြီးညှိနှိုင်းရမယ်ဖြစ်ချင် တာတွ...
18/09/2025

အချစ်ဟာ အချစ်နဲ့ တူနေမှဖြစ်မယ်

ဝမ်းနည်းစရာရှိရင် မျှဝေရမယ်

မကြိုက်တဲ့ အချက်တွေရှိရင် ပြောပြပြီးညှိနှိုင်းရမယ်

ဖြစ်ချင် တာတွေကိုတောင်းဆိုတတ်ရမယ်

အမြဲတမ်းကြင်နာ နေမှ ယုယနေမှ သည်းခံနေမှ
ခွင့်လွတ်နေမှ နားလည်ပေးနေမှ အရာအားလုံးကိုလက်ခံပေးနေမှအချစ်မဟုတ်ဘူး

အချစ်စစ်မှာ ဒေါသတွေ ဆန္ဒတွေ ရင်ခုန်ခြင်းတွေ
သဝန်တိုတာတွေ ဝမ်းနည်းတာတွေ မကျေနပ်ချက်တွေလဲရှိတယ်

ဘယ်သူမဆို ကိုယ်နဲ့ပက်သက်ပြီ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကိုယ်ချစ်ရသူဆီက emotion တွေကို လိုချင်ကြတာချည်းပဲ

အချစ်ဟာ အချစ်နဲ့ တူနေမှတော့ဖြစ်လိမ့်နယ်။

Address

Mandalay

Opening Hours

09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when နှစ်ယောက် တစ်ကမ္ဘာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share