Golden Phoe Htaung - ဖိုးထောင် ပဲနှစ်ပြန်ကြော်နှင့် မြန်မာ့ လက်ဖက်နှပ်

  • Home
  • Myanmar
  • Mandalay
  • Golden Phoe Htaung - ဖိုးထောင် ပဲနှစ်ပြန်ကြော်နှင့် မြန်မာ့ လက်ဖက်နှပ်

Golden Phoe Htaung - ဖိုးထောင် ပဲနှစ်ပြန်ကြော်နှင့် မြန်မာ့ လက်ဖက်နှပ် Phoe Htaung is selling a variety of fried beans and tea dip with high quality and reasonable price.

02/06/2025
🌕 ကဆုန်လပြည့် (ဗုဒ္ဓနေ့)🌳 ဘုရားရှင်မှ သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိရန်အတွက် ဗောဓိပင်အား အမှီပြုကာ တရားအားထုတ်တော်မူခဲ့တဲ့ ...
11/05/2025

🌕 ကဆုန်လပြည့် (ဗုဒ္ဓနေ့)

🌳 ဘုရားရှင်မှ သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိရန်အတွက် ဗောဓိပင်အား အမှီပြုကာ တရားအားထုတ်တော်မူခဲ့တဲ့ လဟာ ကဆုန်လ ဖြစ်ပါတယ်။ ဒီလို ထူးကဲ မွန်မြတ်တဲ့ လပြည့်ရက်အား သတိတရရှိစေဖို့ ညောင်ရေသွန်းလောင်းတဲ့ ပွဲတော်ကို ဗုဒ္ဓဘာသာဝင်တိုင်း နှစ်စဉ်ကျင်းပလေ့ ရှိကြပါတယ်။

🙏 အခုလို ထူးခြားတဲ့ နေ့ရက်မှာ အန္တရာယ်ခပ်သိမ်း ကင်းဝေးကာ ကျက်သ‌ရေ မင်္ဂလာအပေါင်းနဲ့ ပြီးပြည့်စုံပါစေကြောင်း တောင်းဆုပြုပေးလိုက်ပါတယ်…💚

#ဖိုးထောင်လက်ဖက်

🌿 မြန်မာနိုင်ငံမှာ ယဉ်ကျေးမှုအရ ထွန်းကားတဲ့ လက်ဖက်အစို၊ အခြောက်ကို ပြည်နယ်တော်တော်များများမှာတော့ စိုက်ပျိုးလေ့ရှိကြပါတယ...
05/05/2025

🌿 မြန်မာနိုင်ငံမှာ ယဉ်ကျေးမှုအရ ထွန်းကားတဲ့ လက်ဖက်အစို၊ အခြောက်ကို ပြည်နယ်တော်တော်များများမှာတော့ စိုက်ပျိုးလေ့ရှိကြပါတယ်။

🗺️ ဒါပေမယ့် လေ့လာသုံးသပ်ချက်တွေအရ လက်ဖက်ကို အများဆုံးစိုက်ကြတဲ့ ပြည်နယ်ကတော့
(က) ရှမ်းပြည်နယ်
(ခ) ချင်းပြည်နယ်
(ဂ) ကချင်ပြည်နယ် တွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။

🗾 ဘယ်ပြည်နယ်ဖြစ်မလဲဆိုတာကို မြေပုံကနေ ခန့်မှန်းဖြေဆိုကြည့်လိုက်ပါဦးနော်….💚

#ဖိုးထောင်လက်ဖက်

🙌 လက်ဖက်ကို အိမ်မှာပဲ နှပ်ဖို့ ဘယ်က ဘယ်လို စရမှန်းမသိ ဖြစ်နေပြီလား?🤗 ဒါဆိုရင်တော့ သဘောမနောကောင်းတဲ့ “ဖိုးထောင်”က ပါဝင်ပစ...
02/05/2025

🙌 လက်ဖက်ကို အိမ်မှာပဲ နှပ်ဖို့ ဘယ်က ဘယ်လို စရမှန်းမသိ ဖြစ်နေပြီလား?

🤗 ဒါဆိုရင်တော့ သဘောမနောကောင်းတဲ့ “ဖိုးထောင်”က ပါဝင်ပစ္စည်းတွေအကြောင်း အသေးစိတ် ပြောပြပေးပါမယ်။

🔰 လက်ဖက်
🔰 သံပုရာသီး
🔰 ပုစွန်ခြောက်
🔰 ငရုတ်သီးစိမ်း
🔰 ကြက်သွန်ဖြူ
🔰 ဆီ
🔰 အချိုမှုန့်
🔰 ဆား စတဲ့ ပါဝင်ပစ္စည်းတွေ အဓိက လိုအပ်ပါမယ်။

✅ ပထမဦးဆုံးအနေနဲ့ လက်ဖက်ကို ရေနွေးပူပူနဲ့ ဆေးပါ။
✅ ဆေးပြီးတာနဲ့ ရေပြောင်အောင် ညှစ်ပေးဖို့ လိုပါမယ်။ လှီးထားတဲ့ သံပုရာသီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတွေပါ ရောကာ စုနယ်ပြီး ဘူးထဲကို ထည့်ကာ ဆီစိမ်ရပါမယ်။
စိမ်တဲ့အခါမှာ နည်းနည်းစီ ထည့်ပြီး စိမ်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါမှ အချိုးကျကျနဲ့ ဆီက စိမ့်ဝင်နိုင်မှာ ဖြစ်ပါတယ်။

✳️📣 အခုလို လက်ဖက်နှပ်ဖို့ အချိန်မပေးနိုင်တဲ့သူတွေ အတွက်လည်း ဖိုးထောင်မှာ အသင့်စားသုံးနိုင်တဲ့ နှပ်လက်ဖက်က အမြဲ အသင့်ရှိနေတာမလို့ ဝယ်ယူအားပေးနိုင်ပြီဖြစ်ကြောင်းကိုပါ ကြော်ငြာဝင်လိုက်ပါတယ်နော်…💚

#ဖိုးထောင်လက်ဖက်

🔧 (၂၀၂၅) ခုနှစ်၊ မေလ (၁) ရက်နေ့မှာ ကျရောက်တဲ့ အလုပ်သမားနေ့အား ဂုဏ်ပြုကြိုဆိုပါတယ်။⚜️ စည်းလုံး ညီညွတ်မှုရဲ့ အထိမ်းအမှတ်အဖ...
01/05/2025

🔧 (၂၀၂၅) ခုနှစ်၊ မေလ (၁) ရက်နေ့မှာ ကျရောက်တဲ့ အလုပ်သမားနေ့အား ဂုဏ်ပြုကြိုဆိုပါတယ်။

⚜️ စည်းလုံး ညီညွတ်မှုရဲ့ အထိမ်းအမှတ်အဖြစ် သတ်မှတ်ကျင်းပလေ့ရှိတဲ့ အလုပ်သမားနေ့ကို ပြန်လည် ရောက်ရှိလာခဲ့ပြန်ပါပြီ။

💠 လုပ်ငန်းခွင် အသီးသီးမှာ စွမ်းစွမ်းတမံ အားထုတ်ကြိုးပမ်းပေးနေကြတဲ့ ဝန်ထမ်းတိုင်းအားလုံး ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။ လိုရာ ဆန္ဒများစွာ ပြည့်ဝကာ အောင်မြင်တဲ့ ဘဝခရီးလမ်းဆီ လျှောက်လှမ်းနိုင်စေဖို့ “ဖိုး‌ထောင်” မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်…💚

#ဖိုးထောင်လက်ဖက်

✨ သဲတော “ဖိုးထောင်”ရဲ့ အစ💁🏻‍♂️ ပြည်နယ်အနှံ့အပြားမှာ တစ်ခဲနက်အားပေးကြတဲ့ “ဖိုးထောင်” အမှတ်တံဆိပ်ဟာ ယခု (၂၀၂၅)ခုနှစ် အချိန...
29/04/2025

✨ သဲတော “ဖိုးထောင်”ရဲ့ အစ

💁🏻‍♂️ ပြည်နယ်အနှံ့အပြားမှာ တစ်ခဲနက်အားပေးကြတဲ့ “ဖိုးထောင်” အမှတ်တံဆိပ်ဟာ ယခု (၂၀၂၅)ခုနှစ် အချိန်အခါမှာ နှစ်ပေါင်း (၅၅)နှစ်တိုင်အောင် ရပ်တည်လာခဲ့ပြီဖြစ်ပါတယ်။

👏🏻 “ဖိုးထောင်” လက်ဖက်နှင့် ပဲကြော်လုပ်ငန်းကို ပဲ့ကိုင်ရှင် Founder ဖြစ်သူ “ဒေါ်တင်တင်ယု”မှ (၁၉၇၀) ခုနှစ် သဲတောမြို့မှာ စတင်တည်ထောင်ခဲ့ပါတယ်။

“ဖိုးထောင်”ဟာ လုပ်ငန်းအစပြုချိန်မှ ယနေ့တိုင်အောင် ပဲနှစ်ပြန်ကြော်နှင့် မြန်မာ့လက်ဖက်နှပ် ထုတ်ကုန်များကို မူလသဘာဝအရသာအတိုင်း ပေးစွမ်းနိုင်ဖို့
✅ လတ်ဆတ်ကောင်းမွန်သော ကုန်ကြမ်းပစ္စည်းများ
✅ နိုင်ငံတကာအဆင့်မီ စက်ကိရိယာများ
✅ တိကျမှန်ကန်သော အရည်အသွေးစိစစ်နည်းများဖြင့် ထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။

🏆 ဒါကြောင့်လည်း “ဖိုးထောင်” စားသောက်ကုန်များက မြန်မာနိုင်ငံမှာ ပထမဆုံး HACCP ထောက်ခံချက် ရရှိထားတာဖြစ်ပြီး စားသုံးသူတို့ရဲ့ ယုံကြည်မှုကို အပြည့်အဝ ပိုင်ဆိုင်ထားလျက်ရှိပါတယ်။

🚚 “ဖိုးထောင်” လက်ဖက်နှင့် ပဲနှစ်ပြန်ကြော်တို့ကို မြန်မာနိုင်ငံ အမြို့မြို့ အနယ်နယ်မှာ ဝယ်ယူရရှိနိုင်တဲ့အပြင် ဂျပန်၊ ကိုးရီးယာ၊ စင်ကာပူနိုင်ငံ စသဖြင့် ပြည်ပနိုင်ငံများမှ MM Market တိုင်းမှာလည်း လက်လီလက်ကား ဖြန့်ချိပေးနေပါပြီ။

စားသုံးသူမိတ်ဆွေများအတွက် ဘယ်အချိန်၊ ဘယ်နေရာမှာမဆို အသင့်ရှိမယ့် “ဖိုးထောင်”က နောင်လာမယ့် နှစ်ပေါင်းများစွာအထိ အရည်အသွေးပြည့်မီစွာ ဆက်လက်ရပ်တည်နိုင်ဖို့ အစဉ်ကြိုးစားနေမှာပါ…💚

#ဖိုးထောင် ိုးထောင်
#လက်ဖက်နှင့်ပဲကြော်လုပ်ငန်း
#လက်ဖက် #နှစ်ပြန်ကြော်

🤩 သဲတော “ဖိုးထောင်”မှာ ဘယ်လို ပဲနှစ်ပြန်ကြော်တွေ ရနိုင်လဲ?🔰 “ဖိုးထောင်” သဲတော ပဲကြီးခြမ်းကြော်🔰 “ဖိုးထောင်” စပါယ်ရှယ် နှ...
23/04/2025

🤩 သဲတော “ဖိုးထောင်”မှာ ဘယ်လို ပဲနှစ်ပြန်ကြော်တွေ ရနိုင်လဲ?

🔰 “ဖိုးထောင်” သဲတော ပဲကြီးခြမ်းကြော်
🔰 “ဖိုးထောင်” စပါယ်ရှယ် နှစ်ပြန်ကြော်
🔰 “ဖိုးထောင်” ရှယ်သဲတော ပဲကြီးပူးကြော်
🔰 “ဖိုးထောင်” ရှယ်ကုလားပဲခြမ်း နှစ်ပြန်ကြော်
🔰 “ဖိုးထောင်” စပါယ်ရှယ် လေးရောင်ခြယ်နှစ်ပြန်ကြော်
🔰 “ဖိုးထောင်” ရွှေထူး အထူးထုတ် နှစ်ပြန်ကြော်
🔰 “ဖိုးထောင်” 1 ရှယ်နှစ်ပြန်ကြော်
🔰 “ဖိုးထောင်” နှမ်း
🔰 “ဖိုးထောင်” ကြက်သွန်ဖြူကြော်
🔰 “ဖိုးထောင်” တရုတ် ပဲနှစ်ပြန်ကြော်

🙌🏻 “ဖိုးထောင်”မှ မိဘပြည်သူတို့အားလုံးရဲ့ အကြိုက်ကို စိတ်တိုင်းကျရွေးချယ်နိုင်ဖို့ “နှစ်ပြန်ကြော်” အမျိုးမျိုးကို ထုတ်လုပ်ပေးနေပါတယ်။

စုံလင်များပြားတဲ့ “ဖိုးထောင်” နှစ်ပြန်ကြော်များက ကုန်ကြမ်းအဆင့်မှ တင်ပို့ရောင်းချသည့်တိုင်အောင်
✅ ကြွပ်ရွကောင်းမွန်တဲ့ အရသာ
✅ သန့်ရှင်းလတ်ဆတ်တဲ့ အရည်အသွေးတို့ကို အပြည်အဝပေးအပ်နေတာကြောင့် ပြည်တွင်းရော၊ ပြည်ပမှ စားသုံးသူတို့အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်နေတာပါ။

ဒါကြောင့် မူလသဘာဝအရသာကို ပေးစွမ်းနေတဲ့ “ဖိုးထောင်” နှစ်ပြန်ကြော် အမျိုးမျိုးက မိသားစုထမင်းစားပွဲအတွက် ပြီးပြည့်စုံတဲ့ ဖြည့်ဆည်းမှုလေးပဲနော်…💚

#ဖိုးထောင် ိုးထောင်
#လက်ဖက်နှင့်ပဲကြော်လုပ်ငန်း
#လက်ဖက် #နှစ်ပြန်ကြော်

✨ ရွှင်လန်းချမ်းမြေ့သော သင်္ကြန်ကာလလေးကို ကြိုဆိုလိုက်ပါတယ်။💦 ယခုလို ထူးမြတ်တဲ့အချိန်အခါလေးမှာ နှစ်ဟောင်းမှ အပူသောကများက...
17/04/2025

✨ ရွှင်လန်းချမ်းမြေ့သော သင်္ကြန်ကာလလေးကို ကြိုဆိုလိုက်ပါတယ်။

💦 ယခုလို ထူးမြတ်တဲ့အချိန်အခါလေးမှာ နှစ်ဟောင်းမှ အပူသောကများကို အတာသင်္ကြန်ရေအေးဖြင့် ဆေးကြောသန့်စင်လိုက်ပါ။

“ဖိုးထောင်”ရဲ့ မိတ်ဟောင်းမိတ်သစ်များ၊ မိသားစုဝင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်း၍ ကောင်းကျိုးချမ်းသာများစွာ လက်ခံရရှိနိုင်ကြပါစေ။ သင်္ကြန်နှစ်ကူးမှာ စီးပွားလာဘ်လာဘများလည်း တိုးပွားကြစေဖို့ ဆုတောင်းပေးလိုက်ပါတယ်…💚

#ဖိုးထောင် ိုးထောင်
#လက်ဖက်နှင့်ပဲကြော်လုပ်ငန်း #လက်ဖက် #နှစ်ပြန်ကြော်
#သင်္ကြန်

🙏🏻 ငလျင်ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ၊ ထိခိုက်နာကျင်မှုများအတွက် မိဘပြည်သူများနှင့်တန်းတူ ပူဆွေးဝမ်းနည်းရပါ...
07/04/2025

🙏🏻 ငလျင်ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ၊ ထိခိုက်နာကျင်မှုများအတွက် မိဘပြည်သူများနှင့်တန်းတူ ပူဆွေးဝမ်းနည်းရပါတယ်။

👐🏻 မန္တလေးမြို့နှင့် ဒေသအနှံ့အပြားမှ ငလျင်ဘေးသင့်သူများအတွက် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အမြန်ဆုံး ဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ကြဖို့ မျှော်လင့်ပါတယ်။

🚚 “ဖိုးထောင်” လက်ဖက်နှင့် ပဲကြော်လုပ်ငန်းမှ ယခု မြေငလျင်ဘေးဒဏ်မှာ ထိခိုက်ပျက်စီးမှုများရှိခဲ့တဲ့အတွက် စားသောက်ကုန်ပစ္စည်းများကို တင်ပို့ဖြန့်ချိရာမှာလည်း ကြန့်ကြာမှု အနည်းငယ်ရှိနိုင်ကြောင်းလည်း မေတ္တာရပ်ခံ အကြောင်းကြားလိုပါတယ်။

ပြည်သူပြည်သားများအားလုံး မြေငလျင်ဒဏ်အပြင် နောက်ဆက်တွဲ ပြဿနာ၊ အန္တရာယ်များမှ ကင်းဝေးလုံခြုံကြပါစေ….💚

#ဖိုးထောင် ိုးထောင်
#လက်ဖက်နှင့်ပဲကြော်လုပ်ငန်း #လက်ဖက် #နှစ်ပြန်ကြော်

ဘယ်နေရာတွေမှာ နိုင်ငံကျော်ဖိုးထောင် ရှိနေပါသလဲ?🌍 မန္တလေးမြို့ကနေ အခြေတည်ပြီး ဖြန့်ဖြူးလျက်ရှိတဲ့ ဖိုးထောင်လက်ဖက်ရဲ့ ပရိသ...
19/03/2025

ဘယ်နေရာတွေမှာ နိုင်ငံကျော်ဖိုးထောင် ရှိနေပါသလဲ?

🌍 မန္တလေးမြို့ကနေ အခြေတည်ပြီး ဖြန့်ဖြူးလျက်ရှိတဲ့ ဖိုးထောင်လက်ဖက်ရဲ့ ပရိသတ်တွေဟာ အနယ်နယ်အရပ်ရပ်မှာ ရှိလို့နေပါတယ်။ လက်လှမ်းမီရာ အရပ်ဒေသများအထိ ဖြန့်ချိပေးနေတာမလို့ အားပေးသူပရိသတ်များလည်း စိတ်ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

📍 ဖိုးထောင်ရဲ့ ထုတ်ကုန်တွေကို ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ ရွေးဝယ်ယူလိုသူများအတွက်လည်း နီးစပ်ရာ တည်နေရာတွေကို သိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

“ဖိုးထောင်”ရဲ့ စားသောက်ကုန် အစုံအလင်ကို
✅ City Mart
✅ Ocean
✅ Orange
✅ Marko
✅ စိန်ဒေါင်း
စသဖြင့် အမြို့မြို့အနယ်နယ်ရှိ ဆိုင်ခွဲများမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။

✨ ဂျပန်နိုင်ငံ Japan MM Mart တိုင်းမှာ ဝယ်ယူအားပေးနိုင်သလို “ဖိုးထောင်” အရည်အသွေးမြင့် စားသောက်ကုန်များကို တခြားပြည်ပနိုင်ငံများကိုပါ ဖြန့်ချိပေးပို့နေပါပြီ။

🤗 ဒါ့အပြင် လက်လီ လက်ကား ရောင်းချလိုတဲ့ ကိုယ်စားလှယ် မိတ်ဆွေများကိုလည်း လှိုက်လှဲစွာ ကြိုဆိုလျက်ရှိကြောင်း ထပ်ဆောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

🙏 ဖိုးထောင်လက်ဖက်ကို အရသာရှိရှိ သုံးဆောင်ရင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေကြောင်း တောင်းဆုပြုပေးလိုက်ရပါတယ်…💚

#ဖိုးထောင်လက်ဖက်

🌕 တပေါင်း လပြည့် “မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့”🪷 မြတ်စွာဘုရားရှင်မှ ဖခမည်းတော်ကို ကျေးဇူးဆပ်ရန် ပြည်တော်ဝင်ဖို့ ကြွလ...
13/03/2025

🌕 တပေါင်း လပြည့် “မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့”

🪷 မြတ်စွာဘုရားရှင်မှ ဖခမည်းတော်ကို ကျေးဇူးဆပ်ရန် ပြည်တော်ဝင်ဖို့ ကြွလှမ်းလာတဲ့ နေ့ထူးနေ့မြတ်ဟာ တပေါင်းလပြည့်နေ့ ဖြစ်ခဲ့ပါတယ်။
🍁 ဒီလို ထူးမြတ်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့နေ့မျိုးမှာ ဗုဒ္ဓဘာသာဝင်တွေဟာ ဒါန၊ သီလ၊ ဘာဝနာဆောက်တည်ခြင်းကို နှစ်စဉ်ပြုလုပ်လေ့ရှိကြပါတယ်။

🙏 ကောင်းမှုကုသိုလ် ဝေဖြာနေမယ့် လပြည့်နေ့မှာ ဖိုးထောင်ကို အားပေးနေကြတဲ့ ချစ်ပရိတ်သတ်ကြီးတို့လည်း ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်း ချမ်းမြေ့ပါစေ။ ကုသိုလ်ထူး၊ ကုသိုလ်မြတ်တွေကို ပွားများ အားထုတ်ကာ ဘေးရန်ကင်းကွာကြစေဖို့ တောင်းဆုမေတ္တာပို့သလိုက်ရပါတယ်...💚

#ဖိုးထောင်လက်ဖက်

ပြည်တွင်းရောပြည်ပမှာပါ နာမည်ကျော်၊ သဲတော“ဖိုးထောင်”က အသည်းစွဲနော်💓 လက်ဖက်နဲ့ပဲကြော်ဆိုရင် သဲတော“ဖိုးထောင်”က လူတိုင်းရဲ့ ...
23/02/2025

ပြည်တွင်းရောပြည်ပမှာပါ နာမည်ကျော်၊ သဲတော“ဖိုးထောင်”က အသည်းစွဲနော်

💓 လက်ဖက်နဲ့ပဲကြော်ဆိုရင် သဲတော“ဖိုးထောင်”က လူတိုင်းရဲ့ အသည်းစွဲပါ။

📈 ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေမှာ အမည်ရထားတာဟာ “ဖိုးထောင်” ထုတ်ကုန်တွေအရည်အသွေးပိုင်းမှာ တစ်ပန်းသာနေတာကြောင့်ပါပဲ။

🔰 မြန်မာနိုင်ငံမှာ ပထမဆုံး HACCP ထောက်ခံချက် ရရှိထားတဲ့ “ဖိုးထောင်” အမှတ်တံဆိပ်က ပဲနှစ်ပြန်ကြော်နှင့် မြန်မာ့လက်ဖက်နှပ် ထုတ်ကုန်တွေကို မူလသဘာဝအရသာအတိုင်း ပေးစွမ်းလျက်ရှိပါတယ်။

နိုင်ငံတကာ အရည်အသွေးမီ “ဖိုးထောင်” စားသောက်ကုန် ပစ္စည်းတွေကို
✅ မြန်မာနိုင်ငံအတွင်း အမြို့မြို့ အနယ်နယ်မှာ တင်ပို့ရောင်းချပေးနေတဲ့အပြင်
✅ ဂျပန်၊ ကိုးရီးယာ၊ စင်ကာပူနိုင်ငံတို့ရဲ့ MM Market တိုင်းမှာလည်း လက်လီလက်ကား ဝယ်ယူရရှိနိုင်တာကြောင့်ပြည်တွင်းပြည်ပမှ စားသုံးသူတိုင်းအတွက် “ဖိုးထောင်”က အသင့်ရှိနေတယ်နော်။

အရသာရှိ “ဖိုးထောင်” ပဲကြော်နှင့်လက်ဖက်က ဘယ်နေရာ၊ ဘယ်အချိန်မဆို မိသားစုတိုင်း၊ အိမ်ထောင်စုတိုင်းရဲ့ နေ့စဉ်ဘဝကို ပြီးပြည့်စုံစေမှာပါ…💚

#ဖိုးထောင် ိုးထောင်
#လက်ဖက်နှင့်ပဲကြော်လုပ်ငန်း
#လက်ဖက် #နှစ်ပြန်ကြော်

Address

No (1) Myoma Yat, Kan Oo Yat, Thaedaw Wundwin Township
Mandalay

Alerts

Be the first to know and let us send you an email when Golden Phoe Htaung - ဖိုးထောင် ပဲနှစ်ပြန်ကြော်နှင့် မြန်မာ့ လက်ဖက်နှပ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Golden Phoe Htaung - ဖိုးထောင် ပဲနှစ်ပြန်ကြော်နှင့် မြန်မာ့ လက်ဖက်နှပ်:

Share