Thaw Tar Tun

Thaw Tar Tun ကျန်းမာရေးအတွက် ဆွေးနွေးတိုင်ပင် အ?

ဒညင်းသီး ထဲမှာ ပါတဲ့အက်ဆစ်ကို Djenkolic acid လို့ ခေါ်ပါတယ်။ အရပ်ထဲမှာတော့ "ရေ၅ထပ်သွန်ပြီးပြုတ်တယ်""အဆိပ်ထုတ်ပြီးပြုတ်တယ...
02/09/2023

ဒညင်းသီး ထဲမှာ ပါတဲ့အက်ဆစ်ကို
Djenkolic acid လို့ ခေါ်ပါတယ်။
အရပ်ထဲမှာတော့
"ရေ၅ထပ်သွန်ပြီးပြုတ်တယ်"
"အဆိပ်ထုတ်ပြီးပြုတ်တယ်"တို့
"ထန်းလျှက်နဲ့ပြုတ်ရင်အဆိပ်ပြေတယ်"တို့
"ထိပ်ကအဆိပ်ဆံလေးထုတ်ပြီးပြုတ်ရင်
ဘာမှမဖြစ်ဘူး"တို့ စသဖြင့်
မျိုးစုံကြားရပါတယ်

တကယ်တော့ အဆိပ်ဆံလို့သိနေတဲ့နေရာက
ဒညင်းအပင် ပေါက်မယ့်နေရာ ဖြစ်ပါတယ်။
အဆိပ် နဲ့မဆိုင်ပါဘူး
အယူအဆ မှားနေတာပါ။

ဒညင်းသီး အသား တစ်ခုလုံးမှာ
အဆိပ်ဓာတ် Djenkolic acid တွေ
အပြည့် ပါပါတယ်။

ဒညင်းသီးစားလိုက်တဲ့အခါမှာ
ဒီ အဆိပ်ဓာတ်က အစာအိမ် ကတဆင့်
အူ ထဲကို အရင်ရောက်ပါတယ်

အူ ထဲကနေ စုပ်ယူပြီး
သွေး ထဲမှာရှိနေတုန်းမှာ
ပျော်ဝင်အဆင့် မှာပဲ ရှိနေပြီး
ပျောက်မသွားပါဘူး

ခန္ဓာကိုယ်ထဲက သွေးတွေ အားလုံးဟာ
ကျောက်ကပ် ကိုမဖြစ်မနေ
ဖြတ်သန်းရပါတယ်။

အဆိုပါအဆိပ်
ကျောက်ကပ်ထဲ ရောက်ချိန်၊
ဆီးဖြစ်လာတဲ့အချိန်၊
ဆီးက အက်ဆစ် pH ဘက်ကို
ရောက်တဲ့အချိန်မှာမှ
အချိုမှုန့်ချောင်းလေး တွေပုံစံ
Crystal အဖြစ်ပြောင်းပြီး
ကျောက်ကပ် ပြွန်သေးသေးလေးတွေ
ပေါ်မှာ စိုက်စူးစေပါတော့တယ်။

အဲဒီအချိန်မှာ
ပုံမှန်အလုပ်လုပ်နေရတဲ့ ပြွန်တွေ ပျက်စီးပြီး
ဆီး ထဲ သွေးပါလာတာမျိုး
ကျောက်ကပ် ပျက်စီးတာမျိုး ဖြစ်လာပါတယ်။

ဘယ်နှစ်ရေ ပဲပြုတ်ပြုတ်
ဘာထည့်ပြီးပြုတ်ပြုတ်
အဆိပ်ဓာတ်ရှိနေတာ ပဲမို့
ဆီးချို သွေးတိုး ရှိပြီးသားသူများ
ရှောင်သင့်ပါတယ်။

များများစားမှ ဖြစ်တာမျိုး မဟုတ်ဘဲ
တစ်လုံး နှစ်လုံးစားရုံနဲ့လည်း
ဆေးရုံ ရောက်တတ်ပါတယ်။

စားကောင်းပေမယ့်
ဒညင်းသီးအစား အရသာတူတဲ့
မျောက်ငိုသီး လို ၊
နှစ်တစ်ရာသီး၊
ပဲကော လို
ဟာတွေ အစားထိုးပြီး စားတာ
အကောင်းဆုံးပါ။

ကျောက်ကပ်က လူ့အတွက်
တန်ဖိုး ကြီးပါတယ် ။

ကျောက်ကပ် ပျက်စီးရင်
အမြဲတမ်း ကျောက်ကပ်ဆေး နေရတာမျိုးကို
မသေမချင်း လုပ်သွားရမှာပါ၊
အခြေအနေပေါ် မူတည်ပြီး
နှစ်ပတ် တစ်ခါ သို့မဟုတ်
တစ်လ တစ်ခါ
ပုံမှန် ကျောက်ကပ်ဆေး ရပါတယ်၊
တစ်ခါ ဆေးရင် နှစ်သိန်းဝန်းကျင်
ကုန်ကျပါတယ်။

ကျောက်ကပ် အစားထိုး လဲဖို့ဆိုရင်လည်း
သိန်း ရာနဲ့ချီ ကုန်ပါတယ်။

မသိလို့ စားခဲ့တာကတော့
ပြင်လို့ မရတော့ပေမယ့်
ဒီအန္တရာယ်ကို သိလာတဲ့အခါ ဆင်ခြင်နိုင်ဖို့
တင်ပြလိုက်ရပါတယ်။

မေတ္တာဖြင့် ပြန်လည်မျှဝေသည်...

copy from

နွေရာသီမှာအသင့်တော်ဆုံး ရေဓာတ်ဖြည့်ဓာတ်စာ
02/09/2023

နွေရာသီမှာအသင့်တော်ဆုံး ရေဓာတ်ဖြည့်ဓာတ်စာ

#ခုလို ပူပြင်းတဲ့ရာသီမှာ ဖရဲသီးစားပါ

(၁) #နှလုံးကို ကျန်းမာစေတယ် ဖရဲသီးမှာ Lycopene ဓာတ် ကောင်းစွာ ပါရှိပါတယ်။ ဒီဓာတ်က ကိုယ်တွင်း အောက်ဆီဓာတ်တိုးခြင်း ဖြစ်စဉ်ကို အားပေးပြီး တစ်ရှုးနဲ့ ကြွက်သားတွေ ထိခိုက်မှုကို ကာကွယ်မှု ပေးသလို နှလုံးကိုလည်း ကျန်းမာ အားကောင်းစေတာ တွေ့ရပါတယ်။

(၂) #ကိုယ်အလေးချိန်ကျစေနိုင်တယ် ဖရဲသီးစားလို့ အလေးချိန် ကျတာထက် အလေးချိန် ကျလိုသူတွေ အတွက် အခြား အစာတွေထက် ဖရဲသီး စားပေးရင် အဟာရလည်း ဖြစ်တယ်၊ အဆီလည်း မစားဖြစ်စေပဲ ရှိသွားတာကြောင့် အစားထိုး အစာ အဖြစ် စားပေးနိုင်တာပါ။

(၃) #စိတ်ဖိစီးမှုကို သက်သာစေတယ် ဖရဲသီးမှာ ဗီတာမင် ဘီ ၆ ကောင်းစွာ ပါရှိပါတယ်။ မောပန်းနွမ်းလျမှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့ စိတ်ရှုပ်ထွေးမှုတွေကို အကောင်းဆုံး လျော့နည်းသက်သာစေမယ့် အဟာရ ပစ္စည်း ပါရှိနေတာပဲ ဖြစ်ပါတယ်။

(၄) #အရွယ်တင်စေတယ် အရွယ်ကျခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အထက်မှာ ပြောခဲ့တဲ့ Lycopene ဓာတ်ကြောင့်ပဲ အသားရေ တင်းရင်း လှပပြီး အိုမင်းမှုကို ကာကွယ်ပေးတာ ဖြစ်ပါတယ်။

(၅) #ကိုယ်ခန္ဒာက လိုအပ်တဲ့ စွမ်းအင်ကို ဖြည့်ပေးနိုင်တယ် ဆိုဒီယမ် နည်းနည်း၊ ပိုတက်စီယမ်၊ သတ္တုဓာတ်တွေလည်း ပါတယ်၊ ကာဘိုဟိုက်ဒရိတ်လည်း ပါတယ်၊ ပြီးတော့ ရေဓာတ် ကောင်းကောင်းပါတယ်။ ကိုယ်ခန္ဒာကို ရေဓာတ် ပြည့်ဝနေစေသလို ဇီ၀ ဖြစ်စဉ်တွေ ပုံမှန် လည်ပတ်စေပြီး လိုအပ်တဲ့ စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

(၆) #အမျှင်ဓာတ်ပြည့်ဝစာ အဖြစ် စားနိုင်တယ် အမျှင်ဓာတ်ဆိုတာ အစာချေ စနစ် အတွက် အရေးပါတဲ့ ဓာတ် တစ်ခုပါ။ ရေနဲ့ အမျှင်ဓာတ် ပေါင်းပြီး အစာချေဖျက်ခြင်းရော အဟာရ စုပ်ယူခြင်းကနေ နောက်ဆုံး မစင် စွန့်ထုတ်သည် အထိအောင် ကူညီလုပ်ဆောင်ပေးပါတယ်။ ဖရဲသီးမှာ ရေဓာတ်ရော အမျှင်ဓာတ်ပါ ကောင်းကောင်းပါရှိလို့ အစာချေ စနစ်ကို ကောင်းမွန်စွာ လည်ပတ်စေမှာပါ။

(၇) #အရေပြားကို သန့်ရှင်းစေတယ် ဖရဲသီးက အရေပြားအတွက် အထူးကောင်းမွန်တဲ့ အသီးပါ။ အရေပြားအတွင်းက မလိုအပ်တဲ့၊ ပိုနေတဲ့ အဆီတွေကို ချွေးနဲ့ အတူ ဖယ်ထုတ်ပေးပါတယ်။ ဝက်ခြံလို အရေပြားနဲ့ သက်ဆိုင်တဲ့ ပြစ်ချက်မျိုး မဖြစ်စေနိုင်တော့ပါဘူး။

(၈) #သဘာ၀ အတိုင်း အသားအရေ စိုပြေစေတယ် ရေဓာတ် ကောင်းကောင်းပါရှိတဲ့ အစာဖြစ်လို့ ကိုယ်တွင်း ရေဓာတ် ပြည့်ဝနေစေပြီး သဘာ၀ အတိုင်း အရေပြားကို စိုစွတ် အေးမြနေစေပါတယ်။

(၉) #ရောဂါတွေကနေ ကာကွယ်ပေးနိုင်မှုရှိတယ် ဖရဲသီးကို နေ့တိုင်း စားပေးခြင်းက ရောဂါတချို့ကို ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။ ပန်းနာရင်ကျပ်၊ လေးဘက်နာ၊ အဆစ်အမြစ်ရောင် ရောဂါနဲ့ အရိုးဆိုင်ရာ ရောဂါတွေကို ဖြစ်နိုင်ခြေ လျော့နည်း ကောင်းမွန်စေတာ ဖြစ်ပါတယ်။

(၁၀) #သွေးပေါင်ချန် မှန်စေတယ် ဇီ၀ ဖြစ်စဉ်ကို ကောင်းမွန်စွာ လည်ပတ်စေတဲ့ အစာ ဖြစ်လို့ သွေးပေါင်ချိန် မှန်ကန်စေတဲ့ သဘောရှိပါတယ်။ သွေးတိုးသမားတွေ အတွက်လည်း အဆင်ပြေမယ့် အသီးပါ။ အဟာရစာ အဖြစ်ရော ရောဂါ ကာကွယ်ရေးစာ အဖြစ်ပါ စားသုံးပေးသင့်ပါတယ်။

၁၅၀ ဂရမ်လောက် ရှိမယ့် ဖရဲသီးဟာ သင့်ကို စွမ်းအင် ၇၁ ကယ်လိုရီ ပေးမယ်၊ အသားဓာတ် ၁ ဒသမ ၄၅ ဂရမ်ပါမယ်၊ ကာဘိုဟိုက်ဒရိတ် ၁၇ ဒသမ ၉၇ ဂရမ်၊ အဆီ သုည ဒသမ ၃၆ ဂရမ်၊ တည်မြဲအဆီ သုည ဒသမ ၀၃၈ ဂရမ်၊ အသေးစား မတည်မြဲ အဆီ သုည ဒသမ ၀၈၈ ဂရမ်၊ သီးခြား မတည်မြဲဆီ သုည ဒသမ ၁၁၉ ဂရမ်၊ ကိုလက်စထရော လုံး၀ မပါပဲ၊ အမျှင်ဓာတ် ၁ ဂရမ်လောက် ပါရှိမှာ ဖြစ်ပါတယ်။ ပြီးတော့ ဆိုဒီယမ် ၂ မီလီဂရမ်နဲ့ ပိုတက်စီယမ် ၂၆၇ မီလီဂရမ်လောက် ပါရှိဦးမှာ ဖြစ်ပါတယ်။

မေတ္တာများစွာဖြင့်

Thallassaemia သွေးအားနည်းရောဂါ
02/09/2023

Thallassaemia သွေးအားနည်းရောဂါ

Thalassemia (သာလာဆီးမီးယား) သွေးအားနည်းရောဂါ
သာလာဆီးမီးယား(thalassaemia) ဆိုတာ သွေးနီဥထဲမှာရှိတဲ့ ဟေမိုဂလိုဘင်မှာ မွေးရာပါ ဗီဇပြောင်းလဲတဲ့ သွေးအားနည်းတဲ့ရောဂါတခုဖြစ်ပါတယ်။ Haemoglobin ဆိုတာ အောက်ဆီဂျင် သယ်ဆောင်ပေးသော သွေးနီဥထဲရှိ ပရိုတင်းမော်ကျူးတစ်မျိုးဖြစ်ပြီး hemeနဲ့ globinနှစ်ခုပေါင်းစပ်ထားပါတယ်။ hemeဆိုတာ သံဓာတ်နဲ့ ဖွဲ့စည်းထားသလို globinဆိုတာ ပရိုတင်းနဲ့ ဖွဲ့စည်းထားပါတယ်။ globinဖြစ်ဖို့ alpha-chainနဲ့ beta-chainနှစ်ခုနဲ့ ပေါင်းစပ်ရတယ်။ သာလာဆီးမီးယားရောဂါမှာ chainအဆက် နှစ်ခုထဲက တခုခုမှာ မျိုးဗီဇချို့ယွင်းချက်ရှိလို့ ဖြစ်ပါတယ်။ ဒီချို့ယွင်းချက်ကြောင့် ဖြစ်လာသမျှ သွေးနီဥတွေဟာ ပုံမှန်မဟုတ်ဘဲ အချိန်မတိုင်က အလွယ်တကူပျက်ဆီးနိုင်တယ်။
မျိုးရိုးဗီဇလိုက်တယ်။ အောက်စီဂျင်ကို သုံးပေးတဲ့ သွေးနီဥထဲက (ဟီမိုဂလိုဘင်) ထုတ်လုပ်တာမှာ ပြဿနာရှိတာ ဖြစ်တယ်။ သွေးအနီဖြစ်နေတာ Haemoglobin ရှိလို့ဖြစ်တော့ ဟီမိုဂလိုဘင် နည်းရင် ဖြူဖျော့နေမယ်။ (ဟီမိုဂလိုဘင်) ဆိုတာ သံဓါတ်နဲ့ လုပ်ထားတယ်။ ဒီရောဂါရှိနေသူမှာ (ဟီမိုဂလိုဘင်နဲ့ အတူ သွေးနီဥတွေ ပြိုကွဲလွယ်နေလို့ သက်တမ်း မကုန်ခင် ပျက်စီးနေကြတယ်။ ဒါ့ကြောင့် မလုံလောက်တော့ဘဲ၊ သွေးအား နည်းလာတယ်။
သွေးနီဥတွေ ပုံမှန်မဟုတ်ဘဲ ပျက်ဆီးတဲ့အခါ ခန္ဓာကိုယ်က ပြုပြင်ဖို့လုပ်ရတယ်။ ဒီလိုအခါမျိုးမှာ ရိုးတွင်းခြင်ဆီက သွေးနီဥသစ်တွေ ထုတ်ပေးရတယ်။ ကြာလာတဲ့အခါ ထုတ်ပေးရတဲ့အရိုးက ပုံပျက်ပန်းပျက်ဖြစ်လာတယ်။ ပုံမှန်ထက် ပိုထုတ်ရတာကြောင့် ရောဂါလက္ခဏာတွေ ခံစားလာရသလို နောက်ဆက်တွဲ ဆိုးကျိုးတွေပါ ဖြစ်လာတယ်။

အမျိုးအစား ၂ မျိုးရှိတယ်။
၁။ Thalassemia trait အမျိုးက သူကိုယ်တိုင် ရောဂါမပြပေမဲ့ သူ့မျိုးဆက်ကို သယ်ဆောင်ပေးနေတယ်။ သူကိုယ်တိုင် ဖြစ်ရင်လဲ သွေးအားနည်းတာ နဲနဲလောက်သာ ဖြစ်မယ်။ Hemoglobin A2 ဆိုတာတွေ ပိုများနေမယ်။

၂။ Thalassemia major က (မေဂျာ) ဆိုတာဆိုးတယ်။ မွေးမွေးချင်းကောင်းပေမဲ့ ၃ လ နဲ့ ၈ လ အကြား ရောဂါပြမယ်။ ဖြူဖတ်ဖြူရော် ဖြစ်လာမယ်။ သိပ်မအိပ်ဘူး။ နို့စို့နည်းမယ်။ အန်တာ ပိုမယ်။ မကုဘဲ ထားရင် ၈ နှစ်သား အထိသာ အသက်ရှင်မယ်။ ဖြူရော်တာအပြင် ခေါင်းကိုက်မယ်၊ အားယုတ်မယ်၊ အသက်ရှူ မဝဘူး၊ Jaundice အသားဝါ ဖြစ်လာမယ်၊ ဘေလုံးကြီးလာမယ်။ မျက်နှာရိုး ပုံမှန်မဟုတ်၊ ကြီးထွားမှု နှေးမယ်။

Alpha (အာလ်ဖါ) နဲ့ Beta (ဘီတာ) ဆိုပြီး ၂ မျိုးခွဲထားတယ်။ Alpha က အာဖရိကားတိုက်နဲ့ အမေရိကားမှာ တွေ့ရမယ်။ အရှေ့တောင် အာရှ၊ တရုတ်မှာလဲ ရှိတယ်။ Beta အမျိုးက မြေထဲပင်လယ်ဒေသက ဂရိ၊ တူရကီ၊ ဆစ်စလီကျွန်း၊ အီတလီတောင်ပိုင်း၊ ကော်စီကာ၊ ဆိုက်ပရပ်စ်၊ မောလ်တာ၊ နိုင်ငံ-ဒေသတွေမှာ များတယ်။ တရုတ်၊ တောင်အာရှဒေသတွေမှာရှိတယ်။

သွေးစစ်တာနဲ့ ရောဂါ ရှိ-မရှိသိတယ်။ သွေးနီဥတွေဟာ သေးနေမယ်။ နည်းနေမယ်။ ပုံသဏ္ဌာန် ပြောင်းနေမယ်။ တခြား သွေးအားနည်းရောဂါ Sickle-cell anemia နဲ့ မတူဘူး။ Thalassemia က အရည်အတွက်နဲ့ Sickle-cell anemia (ဆစ်ကယ်လ်-ဆဲလ်) သွေးအားနည်းရောဂါက အရည်အသွေးဆိုပြီး မတူကြတာပါ။ တခါတလေ ထပ်နေတတ်တယ်။

• Thalassemia trait ရှိနေသူကို ကုသပေးစရာ မလိုပါ။ အလွန်ဆုံး သံဓါတ်ဆေးသာ သောက်ခိုင်းမယ်။
• Thalassemia major ရှိနေသူတွေကို သွေးသွင်းပေးနေရတယ်။ တလတခါ ဆိုသလို သွင်းနေရတတ်တယ်။
• Desferal ဆေးထိုးပြီး သွေးထဲမှာ ပိုနေတဲ့သံဓါတ်တွေကို ရှင်းထုတ်ပေးနိုင်တယ်။
• လိုအပ်ရင် Splenectomy ဘေလုံး ခွဲထုတ်ပေးမယ်။
• Beta thalassemia ရောဂါရှိသူတွေကို Iron chelation ဆေးပေးတယ်။ Deferoxamine ကို အကြောဆေး၊ ဒါမှမဟုတ် အရေပြားအောက် ထိုးပေးရတယ်။ အမေရိကားမှာ Deferasirox စားဆေးနဲ့ ဥရောပမှာ Deferoprone စားဆေးသုံးတယ်။
• သွေးသွင်းနေရရင် သံဓါတ်ဆေး မသောက်ရပါ။
• Bone marrow transplant ကို ကလေးတွေမှာ လုပ်ပေးတယ်။

သေဆုံးရတဲ့အကြောင်းက Heart failure နှလုံးအလုပ်မလုပ်နိုင်တော့တာ ဖြစ်တယ်။ အသည်းလဲ ထိခိုက်မယ်။ ရောဂါပိုး ဝင်လွယ်မယ်။ အသက် ၂ဝ နဲ့ ၃ဝ ကြား ဖြစ်တတ်တယ်။ သိပ်မဆိုးသူတွေမှာ အသက်ပိုရှည်ပါတယ်။ ဆိုးဝါးတဲ့ Alpha thalassemia major ရှိသူကနေ Stillbirth ကလေးအသေ မွေးနိုင်တယ်။ ဆိုးတဲ့ထဲမှာ ကောင်းတာလေးတွေ ရှိသေးတယ်။ ငှက်ဖျားထူရာတွေမှာ တွေ့တတ်ပြီး၊ ငှက်ဖျားကို ပိုပြီးခံနိုင်ရည် ရှိကြတယ်။ β thalassemia ကိုသယ်ဆောင်နေသူတွေဟာ နှလုံးသွေးကြောကျဉ်းဖြစ်တာ နည်းတယ်။

ဘယ်အမျိုးအစားဖြစ်ဖြစ် ရောဂါအခြေအနေကို Thalassemia major ဆိုးတာနဲ့ Thalassemia minor သိပ်မဆိုးတာလို့ ခွဲရတယ်။ ကိုယ်ဝန်မှာ alpha thalassemia major ဖြစ်နေရင် အထဲကကလေး Stillbirth အသေမွေးတာ ဖြစ်နိုင်တယ်။ တချို့ကလေးတွေ အကောင်းမွေးပြီး အခါလည်သားရောက်မှ သွေးအားနည်းတာ ပြတာတယ်။

ဆေးစာနဲ့ပြောရရင် (သာလာဆီးမီးယား) ဟာ Autosomal recessive pattern of inheritance မျိုးရိုးလိုက်ရောဂါလို့ ခေါ်တယ်။ မိဘနှစ်ပါးမှာ ရောဂါကိုသယ်ဆောင်သူတွေဖြစ်နေရာကနေ သူတို့ကလေးမှာ လာဖြစ်ရတယ်။ ကလေးကို ဖြစ်စေနိုင်တာ ၂၅% ရှိတယ်။ ဒါကြောင့် တတ်နိုင်တဲ့နေရာဒေသတွေမှာ ကိုယ်ဝန်ဆောင်ချိန်ကတည်းက Genetic counseling နဲ့ Genetic testing မျိုးဗီဇစမ်းသပ်နည်းတွေ လုပ်ခိုင်းတယ်။

သိပ်မဆိုးတဲ့ရောဂါ ဆေးကုသဘို့မလိုပါ။ β-thalassemia trait (ဘီတာ) မျိုးဗီဇရှိနေသူကို သံဓါတ်နည်း သွေးအားနည်းရောဂါနဲ့ မှားတတ်တယ်။ ဆိုးတဲ့ရောဂါဖြစ်နေရင် ဆေးကုရမယ်။ သွေးသွင်းဘို့ လိုနိုင်တယ်။ (ဘီတာ) အမျိုးအစား ရှိသူကို Iron chelation ဆေးမျိုးပေးတယ်။ Deferoxamine ကို ထိုးပေးရတယ်။ Deferasirox (Exjade) ကတော့ စားဆေး။ Deferiprone ကလဲ စားဆေးဘဲ။

Thalassemia major ကို သွေးသွင်းပေးနေရတယ်။ ပျောက်ဖို့အတွက် ရိုးတွင်းခြင်ဆီပေး ကုသတယ်။ ကလေးတွေကို လုပ်ပေးတာများတယ်။ Haploidentical mother သွေးအုပ်စုမတူတဲ့ မအေကနေ ကလေးကိုသွင်းပေးနည်းလဲ လုပ်နိုင်တယ်။ Bone marrow transplant ရိုးတွင်းခြင်ဆီအစားထိုးတာလဲ လုပ်နိုင်တယ်။ တူတာရှာရခက်တယ်။ မွေးချင်းတဲက ရတာများတယ်။ ၃ ယောက် ၁ ယောက်သာတူတတ်တယ်။ ၂ဝဝ၂ စစ်တမ်း တခုအရ ၇ဝ% ပျောက်ကင်းသွားတယ်။ ဖေါလစ်အက်စစ် ပေးရတယ်။ သွေးသွင်းနေရင် သံဓါတ်အားဆေး မသောက်ရဘူး။ သွေးခဏခဏသွင်းနေရသူကို Chelation therapy ဆေးပေးရတယ်။

ဒီရောဂါကြောင့် ဆက်ဖြစ်လာနိုင်တာတွေရှိတယ်။
• Iron overload သံဓါတ်လွန်ကဲခြင်းဖြစ်နိုင်တယ်။ ဒီလိုဖြစ်တာ နှလုံး၊ အသဲ၊ ဟော်မုန်းထွက်တဲ့နေရာတွေအတွက် မကောင်းဘူး။ ဒါကြောင့် Iron chelation therapy ဆေးပေးရတာဖြစ်တယ်။
• Enlarged spleen ဘေလုံးကြီးလာမယ်။ လိုအပ်ရင် ထုတ်ပြစ်ရတယ်။
• Infection ရောဂါပိုးဝင်တာဖြစ်လာနိုင်တယ်။ ရောဂါကြောင့် Spleen ဘေလုံးထုတ်ထားရသူတွေမှာ ပိုသိသာတယ်။
• Bone deformities အရိုးပုံမှန်မဟုတ်လာလဲ ဖြစ်တတ်တယ်။ မျက်နှာ ဦးခေါင်းရိုးတွေမတူတာ ဖြစ်လာတယ်။
• Slowed growth rates ကလေး ကြီးထွားမှုနှေးစေနိုင်တယ်။ အရွယ်ရောက်ချိန်နောက်ကျနိုင်တယ်။
• Heart problems နှလုံးရောဂါရလာနိုင်တယ်။

သွေးစစ်ရင်
• Red blood cells သွေးနီဥတွေက သေးငယ်ပြီး ပုံပြောင်းနေတာမြင်ရမယ်။
• Complete blood count (CBC) လုပ်ရင် Anemia သွေးအားနည်းတာသိမယ်။
• Hemoglobin electrophoresis လုပ်ရင် Abnormal hemoglobin ပုံမှန်မဟုတ်တဲ့ (ဟီမိုဂလိုဘင်) ကိုသိရမယ်။
• Mutational analysis နည်းလုပ်ရင် alpha thalassemia ဆိုတာသိလာနိုင်တယ်။

Thalassaemia major အကြီးစားက ဆိုးတယ်။ ကလေးငယ်တုံးမှာ ရောဂါခံစားရမယ်။ ကလေးမှာ Haemoglobin (ဟီမိုဂလိုဘင်) ဆိုတဲ့ သွေးနီဥထဲက အောက်စီဂျင်ကိုအသုံးပြုတဲ့ဓါတ် အလုံအလောက်မရှိဘူး။ ကလေးဟာ ဖြူဖတ်ဖြူရော်နေမယ်။ အားယုတ်မယ်။ အသက်ရှူမဝဖြစ်မယ်။ နှလုံးခုန်မြန်နေမယ်။ အသက်မရှည်ကြပါ။ ၂ဝ-၃ဝ အထိသာနေကြရတယ်။ သိပ်မဆိုးသူတွေ အသက် မတိုကြပါ။ ရောဂါနာမည်ကို Mediterranean anemia; Cooley's anemia လို့လဲ ခေါ်ကြသေးတယ်။

မွေးရာပါလာမှတော့ ပျောက်သွားအောင်လုပ်မရပါ။ တသက်လုံးဆေးကုနေရတော့မယ်။ မကြာမခဏသွေးသွင်းနေရမယ်။ သွေးသွင်းရဖန်များရင် နောက်ဆက်တွဲဖြစ်လာမှာတွေလဲရှိတယ်။ ဆီးချိုရောဂါ၊ နှလုံးရောဂါ နဲ့ အသည်းရောဂါ။ ဒီလိုသံဓါတ်များနေတာအတွက် Desferrioxamine (Desferal) ဆေးနဲ့ကုသရတယ်။

အိမ်ထောင်ဖက်ကလဲ Thalassaemia trait ဖြစ်နေရင် မြေးတွေမှာ Thalassaemia major လာဖြစ်နိုင်တယ်။ ကိုယ်ဝန် တခါဆောင်တိုင်းမှာ ၂၅% လူကောင်း၊ ၅ဝ% Thalassaemia trait နဲ့ ၂၅% မှာ Thalassaemia major ဖြစ်နိုင်တယ်။ ကာကွယ်ဘို့ကတော့ လက်မထပ်ခင် Genetic counseling မျိုးဗီဇ နဲ့ Prenatal screening ဆေးစစ်မှုတွေ လုပ်ရပါမယ်။

မေတ္တာဖြင့်
Thaw Tar Tun

ကိုးကား- ဒေါက်တာတင့်ဆွေ

Thalassemia (သာလာဆီးမီးယား) သွေးအားနည်းရောဂါ သာလာဆီးမီးယား(thalassaemia) ဆိုတာ သွေးနီဥထဲမှာရှိတဲ့ ဟေမိုဂလိုဘင်မှာ မွေးရာ...
20/05/2023

 #ခုလို ပူပြင်းတဲ့ရာသီမှာ ဖရဲသီးစားပါ(၁)  #နှလုံးကို ကျန်းမာစေတယ်  ဖရဲသီးမှာ Lycopene ဓာတ် ကောင်းစွာ ပါရှိပါတယ်။ ဒီဓာတ်က...
20/05/2023

#ခုလို ပူပြင်းတဲ့ရာသီမှာ ဖရဲသီးစားပါ

(၁) #နှလုံးကို ကျန်းမာစေတယ် ဖရဲသီးမှာ Lycopene ဓာတ် ကောင်းစွာ ပါရှိပါတယ်။ ဒီဓာတ်က ကိုယ်တွင်း အောက်ဆီဓာတ်တိုးခြင်း ဖြစ်စဉ်ကို အားပေးပြီး တစ်ရှုးနဲ့ ကြွက်သားတွေ ထိခိုက်မှုကို ကာကွယ်မှု ပေးသလို နှလုံးကိုလည်း ကျန်းမာ အားကောင်းစေတာ တွေ့ရပါတယ်။

(၂) #ကိုယ်အလေးချိန်ကျစေနိုင်တယ် ဖရဲသီးစားလို့ အလေးချိန် ကျတာထက် အလေးချိန် ကျလိုသူတွေ အတွက် အခြား အစာတွေထက် ဖရဲသီး စားပေးရင် အဟာရလည်း ဖြစ်တယ်၊ အဆီလည်း မစားဖြစ်စေပဲ ရှိသွားတာကြောင့် အစားထိုး အစာ အဖြစ် စားပေးနိုင်တာပါ။

(၃) #စိတ်ဖိစီးမှုကို သက်သာစေတယ် ဖရဲသီးမှာ ဗီတာမင် ဘီ ၆ ကောင်းစွာ ပါရှိပါတယ်။ မောပန်းနွမ်းလျမှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့ စိတ်ရှုပ်ထွေးမှုတွေကို အကောင်းဆုံး လျော့နည်းသက်သာစေမယ့် အဟာရ ပစ္စည်း ပါရှိနေတာပဲ ဖြစ်ပါတယ်။

(၄) #အရွယ်တင်စေတယ် အရွယ်ကျခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အထက်မှာ ပြောခဲ့တဲ့ Lycopene ဓာတ်ကြောင့်ပဲ အသားရေ တင်းရင်း လှပပြီး အိုမင်းမှုကို ကာကွယ်ပေးတာ ဖြစ်ပါတယ်။

(၅) #ကိုယ်ခန္ဒာက လိုအပ်တဲ့ စွမ်းအင်ကို ဖြည့်ပေးနိုင်တယ် ဆိုဒီယမ် နည်းနည်း၊ ပိုတက်စီယမ်၊ သတ္တုဓာတ်တွေလည်း ပါတယ်၊ ကာဘိုဟိုက်ဒရိတ်လည်း ပါတယ်၊ ပြီးတော့ ရေဓာတ် ကောင်းကောင်းပါတယ်။ ကိုယ်ခန္ဒာကို ရေဓာတ် ပြည့်ဝနေစေသလို ဇီ၀ ဖြစ်စဉ်တွေ ပုံမှန် လည်ပတ်စေပြီး လိုအပ်တဲ့ စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

(၆) #အမျှင်ဓာတ်ပြည့်ဝစာ အဖြစ် စားနိုင်တယ် အမျှင်ဓာတ်ဆိုတာ အစာချေ စနစ် အတွက် အရေးပါတဲ့ ဓာတ် တစ်ခုပါ။ ရေနဲ့ အမျှင်ဓာတ် ပေါင်းပြီး အစာချေဖျက်ခြင်းရော အဟာရ စုပ်ယူခြင်းကနေ နောက်ဆုံး မစင် စွန့်ထုတ်သည် အထိအောင် ကူညီလုပ်ဆောင်ပေးပါတယ်။ ဖရဲသီးမှာ ရေဓာတ်ရော အမျှင်ဓာတ်ပါ ကောင်းကောင်းပါရှိလို့ အစာချေ စနစ်ကို ကောင်းမွန်စွာ လည်ပတ်စေမှာပါ။

(၇) #အရေပြားကို သန့်ရှင်းစေတယ် ဖရဲသီးက အရေပြားအတွက် အထူးကောင်းမွန်တဲ့ အသီးပါ။ အရေပြားအတွင်းက မလိုအပ်တဲ့၊ ပိုနေတဲ့ အဆီတွေကို ချွေးနဲ့ အတူ ဖယ်ထုတ်ပေးပါတယ်။ ဝက်ခြံလို အရေပြားနဲ့ သက်ဆိုင်တဲ့ ပြစ်ချက်မျိုး မဖြစ်စေနိုင်တော့ပါဘူး။

(၈) #သဘာ၀ အတိုင်း အသားအရေ စိုပြေစေတယ် ရေဓာတ် ကောင်းကောင်းပါရှိတဲ့ အစာဖြစ်လို့ ကိုယ်တွင်း ရေဓာတ် ပြည့်ဝနေစေပြီး သဘာ၀ အတိုင်း အရေပြားကို စိုစွတ် အေးမြနေစေပါတယ်။

(၉) #ရောဂါတွေကနေ ကာကွယ်ပေးနိုင်မှုရှိတယ် ဖရဲသီးကို နေ့တိုင်း စားပေးခြင်းက ရောဂါတချို့ကို ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။ ပန်းနာရင်ကျပ်၊ လေးဘက်နာ၊ အဆစ်အမြစ်ရောင် ရောဂါနဲ့ အရိုးဆိုင်ရာ ရောဂါတွေကို ဖြစ်နိုင်ခြေ လျော့နည်း ကောင်းမွန်စေတာ ဖြစ်ပါတယ်။

(၁၀) #သွေးပေါင်ချန် မှန်စေတယ် ဇီ၀ ဖြစ်စဉ်ကို ကောင်းမွန်စွာ လည်ပတ်စေတဲ့ အစာ ဖြစ်လို့ သွေးပေါင်ချိန် မှန်ကန်စေတဲ့ သဘောရှိပါတယ်။ သွေးတိုးသမားတွေ အတွက်လည်း အဆင်ပြေမယ့် အသီးပါ။ အဟာရစာ အဖြစ်ရော ရောဂါ ကာကွယ်ရေးစာ အဖြစ်ပါ စားသုံးပေးသင့်ပါတယ်။

၁၅၀ ဂရမ်လောက် ရှိမယ့် ဖရဲသီးဟာ သင့်ကို စွမ်းအင် ၇၁ ကယ်လိုရီ ပေးမယ်၊ အသားဓာတ် ၁ ဒသမ ၄၅ ဂရမ်ပါမယ်၊ ကာဘိုဟိုက်ဒရိတ် ၁၇ ဒသမ ၉၇ ဂရမ်၊ အဆီ သုည ဒသမ ၃၆ ဂရမ်၊ တည်မြဲအဆီ သုည ဒသမ ၀၃၈ ဂရမ်၊ အသေးစား မတည်မြဲ အဆီ သုည ဒသမ ၀၈၈ ဂရမ်၊ သီးခြား မတည်မြဲဆီ သုည ဒသမ ၁၁၉ ဂရမ်၊ ကိုလက်စထရော လုံး၀ မပါပဲ၊ အမျှင်ဓာတ် ၁ ဂရမ်လောက် ပါရှိမှာ ဖြစ်ပါတယ်။ ပြီးတော့ ဆိုဒီယမ် ၂ မီလီဂရမ်နဲ့ ပိုတက်စီယမ် ၂၆၇ မီလီဂရမ်လောက် ပါရှိဦးမှာ ဖြစ်ပါတယ်။

မေတ္တာများစွာဖြင့်

နွေရာသီနဲ့ဆီးချို=============နွေရာသီမှာ ဆီးချိုရောဂါရှိသူတွေ ခန္ဓာကိုယ်ကအပူဒဏ်နဲ့ ထိတွေ့မိတဲ့အခါ ချွေးထွက်များလာပြီး ရေ...
20/05/2023

နွေရာသီနဲ့ဆီးချို
=============
နွေရာသီမှာ ဆီးချိုရောဂါရှိသူတွေ ခန္ဓာကိုယ်ကအပူဒဏ်နဲ့ ထိတွေ့မိတဲ့အခါ ချွေးထွက်များလာပြီး ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေတတ်ပါသည်။ ရေဓာတ်ဆုံးရှုံးမှုရဲ့ နောက်ဆက်တွဲအနေနဲ့ သွေးတွင်းသကြားဓာတ်
မြင့်တက် လာခြင်း ဖြစ်စေတတ်ပါသည်။

နွေရာသီမှာ သွေးချို တက်လွယ်တယ်၊ ဆီးချိုရောဂါရှိသူတွေ ပိုသတိထား သင့်တယ်ပေါ့နော်။

☘ နွေရာသီမှာ ဆီးချိုရှိသူကို အောက်ပါအတိုင်း ဂရုစိုက်ပါ☘

(1) ရေဓာတ်ပြည့်ဝနေပါစေ

နွေရာသီရဲ့ အပူဒဏ်ကြောင့် ချွေးထွက်များပြီး ရေဓာတ် ဆုံးရှုံးမှုက သာမန် အချိန်တွေထက် ပိုများနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ သွေးစီးဆင်းမှု ကောင်းစေပြီး အင်ဆူလင် စုပ်ယူမှုကောင်းစေဖို့ အတွက် ရေဓာတ်ပြည့်ဝအောင် သောက်သုံးဖို့ လိုအပ်ပါသည်။

ရေများများသောက် ဖြစ်အောင်ဂရုစိုက်ပါ။
မကြာခဏ သွေးချိုတိုင်းပါ

နွေရာသီမှာ အပူချိန်လွန် ကဲတာ နဲ့ အပူရှပ်တာ တို့ကြောင့် မောပန်းလွယ်တာ၊ မအီမသာဖြစ်တာ၊ အော့အန်တာ၊ ခေါင်းထဲမှာ ရီဝေဝေဖြစ်တာ နဲ့ ချွေးထွက်
လွန်းတာမျိုးတွေ ဖြစ်နိုင်ပြီး သွေးချို တက်တဲ့အခါဒါမှမဟုတ်... သွေးချိုကျတဲ့အခါမှာ
ခံစားရတဲ့ လက္ခဏာတွေ နဲ့ ရောထွေးနိုင်တာကြောင့် မကြာခဏ ဆိုသလို
သွေးချိုတိုင်းပေးပါ။

(2) လေ့ကျင့်ခန်း လုပ်တာကို သတိထားပေးပါ

သွေးချိုကျပြီး ကျန်းမာ နေစေဖို့ဆီးချို ရှိသူတွေ မဖြစ်မနေ လုပ်တတ် ကြတာတစ်ခုရှိပါတယ်။
ဒါကတော့...လေ့ကျင့်ခန်းလုပ်တာပါ။ နွေရာသီမှာ လေ့ကျင့်ခန်း မ လုပ်ရဘူးလို့ မဆိုလိုပါဘူး။ ပင်ပင်ပန်းပန်း မလုပ်မိဖို့ပဲ လိုတာပါ။

(3) အာဟာရ မျှတအောင် ပြင်ဆင်ပေးပါ

စားသောက်ဖို့ ပြင်ဆင် ပေးတဲ့အခါမှာလည်း အဆီများတာ၊အချိုများတာတွေကိုရှောင်ရပါမယ်။ ဟင်းသီးဟင်းရွက်နဲ့ အသားမျှတအောင်ပြင်ဆင်ပေးပါ။

ထမင်းကိုလျှော့ကျွေးပေးပါ။

(4)ခြေထောက်ကို ဂရုစိုက်ပေးပါ

ဆီးချိုသမားတွေက အခြားသူတွေ ထက် ခြေထောက်ကို ပိုဂရုစိုက်ပေးဖို့လိုအပ်ပါမယ်။

ဆီးချို ရောဂါက အချိန်ကြာလာ နဲ့ အမျှ ခြေထောက် က အာရုံကြောလေးတွေ ထိခိုက်လာပြီး အာရုံ ခံစား နိုင်စွမ်း နည်းလာပါတယ်။

ဒါကြောင့်...နေ့စဉ် ခြေထောက်မှာ ထိခိုက်မိထားတာရှိသလား ဆိုတာကို စစ်ဆေးပါ။

ခြေထောက် မှာ ရေဓာတ် ခမ်းခြောက်ပြီး အသားခြောက်တာ ကြောင့် ပြဿနာ တစ်စုံတရာ ရှိ၊ မရှိ စစ်ဆေးပေးပါ။

တကယ်လို့ ခြေထောက်မှာ မှို ပိုးဝင်ထားတာမျိုးရှိနေမယ်ဆိုရင် အမြန်ဆုံး ကုသမှုခံယူဖို့လိုပါမယ်။
ဖိနပ်ကိုလည်း ကျပ်တာ မျိုးတွေ မ စီးပါနဲ့။ လေဝင် လေထွက်ကောင်းပြီး သက်တောင့်သက်သာ ရှိမှာမျိုးကို စီစဉ်ပေးပါ ။
ဖိနပ် မပါဘဲ လမ်းလျှောက်တာမျိုး မ ဖြစ်စေဖို့ ဂရုစိုက် ပါ။

 #သွေးပျစ်တယ်ပြောတယ် #သွေးတစ်အိတ်_ဖောက်ထုတ်ရတယ် #ဆေးလိပ်ဖြတ်ခိုင်းတယ်  #သွေးနီဥများသောရောဂါ (သို့မဟုတ်) သွေးပြစ်ခြင်း👉👉👉...
12/05/2023

#သွေးပျစ်တယ်ပြောတယ်
#သွေးတစ်အိတ်_ဖောက်ထုတ်ရတယ်
#ဆေးလိပ်ဖြတ်ခိုင်းတယ်

#သွေးနီဥများသောရောဂါ (သို့မဟုတ်) သွေးပြစ်ခြင်း

👉👉👉
သွေးမှာ
၁။ Cells components နဲ့
၂။ Plasma (သွေးရည်ကြည်) နဲ့ဆိုပြီိး ရှိပါတယ်။

၁။ Cells components ထဲမှာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားဆိုပြီး (၃) မျိုးရှိတာမှာ
- သွေးနီဥ (Red Blood Cell) က O2 နဲ့ အဟာရသယ်ပေးတယ်
- သွေးဖြူဥ (White Blood Cell )က ရောဂါကာကွယ်တယ်
- သွေးဥမွှား (Platelets) က သွေးခဲစေတယ်

၂။ Plasma (သွေးရည်ကြည်)

သွေးရဲ့ အရည် Potion ပါ။ ဘာတွေပါလဲ ဆိုတော့

- ရေ နဲ့
- Plasma protein ဘာတွေလုပ်လဲဆိုတော့
1.သွေးထဲကရေတွေ သွေးကြောအပြင်ထွက်မသွား
အောင် ထိန်းသိမ်းတယ်။
2.Hormone, Chemicals, Vitamins, နဲ့ ဆေးတွေ ကိုတစ်နေရာကနေ တစ်နေရာပို့ပေးတယ်
3.သွေးထွက်တဲ့နေရာကို ပိတ်ဖို့ Platelets နဲ့ တူတူ သွေးခဲတာဝန်ကို ထမ်းဆောင်ကြတဲ့အပြင်
4.ကိုယ်ခံအားစနစ်မှာလည်း ပါဝင်ကြပါတယ်

- Electrolytes (Sodium, Potassium အစရှိတဲ့ ဓာတ်ဆားဓာတ်တွေ)ပါပါတယ်

👉👉👉
​(သွေးနီဥ Red Blood Cell) တွေက သွေးရဲ့ ၄၅ ရာခိုင်နှုန်းလောက်ရှိတာမို့လို့ သွေးကနီနေတာပါ။

က သွေးနီဥတွေများတာ ဆိုတော့ အလွယ် သွေးပျစ်တယ်လို့ပြောကြတာပါ။

​သွေးနီဥတွေက Oxygen နဲ့ အဟာရတွေ Cells တွေဆီပို့ပေးပြီး ၊ Carbon Dioxide နဲ့ အညစ်အကြေးတွေကို Cells တွေဆီကနေရှင်းပေးပါတယ်။

အဲ့တော့ သွေးနီဥ များတာ ကောင်းတယ် မဟုတ်ဘူးလားဆိုတော့ မကောင်းပါဘူး။

#ဘာလို့လဲ ⁉️

Cells တွေဆီကို အစာအဟာရပို့ပေးတဲ့ သွေးကြောကို Capillary = ဆံချည်မျှင်သွေးကြောလို့ခေါ်ပါတယ်
ဆံပင်ထက်သေးပါတယ် အဲ့ဒီသွေးကြောလေးတွေက သွေးနီဥ တစ်လုံးစာပဲ လွတ်လွတ်လပ်လပ်၊ ချောင်ချောင်ချိချိ သွားလို့ရပါတယ်၊

သွေးထဲမှာ သွေးနီဥ အပြင်တခြားဟာတွေလည်းရှိသေးလို့ သွေးနီဥတွေသာ တရားလွန်များလာရင် အဲ့ဒီ ဆံချည်မျှင်သွေးကြောတွေထဲမှာ သွေးနီဥတွေ ပြွတ်သိပ်ပြီး ပိတ်ပါလိမ့်မယ်။

သွေးကြောပိတ်သွားတော့ အဲ့ဒီသွေးကြောက ထောက်ပံ့တဲ့ Cells တွေသေပါတယ်။

အဲ့ဒီသွေးကြောဟာ
ဦးနှောက်ထဲက သွေးကြောဖြစ်ရင် လေဖြတ်တတ်ပါတယ်
နှလုံးသွေးကြောဖြစ်ရင် Heart attack ရပါတယ်
ခြေ/လက် ကသွေးကြောဖြစ်ရင် ခြေ/လက် ပုတ်ပါတယ်။

အဲ့ဒါကြောင့် သွေးနီဥနည်း တဲ့ သွေးအားနည်းရောဂါ (Anaemia) ကလည်း အန္တရာယ်ရှိသလို
သွေးနီဥများတဲ့ သွေးပျစ်တဲ့ရောဂါ (Polycythemia) ကလည်း အန္တရာယ်ရှိပါတယ်။

👉
#ဘာလို့ဖြစ်တာလဲ ⁉️

- Polycythemia Rubra Vera
ရိုးတွင်းချဉ်ဆီကိုက သွေးနီဥတွေကို တရားလွန်ထုတ်နေတဲ့ ရောဂါပါ။
- Secondary Polycythemia

ရောဂါအခံတစ်ခုခုကြောင့် သွေးနီဥတွေ များလာတာပါ။
ဥပမာ။ ။ ဆေးလိပ်သောက်တာ၊ အဆုတ်ပွတာ နဲ့ OSA 👉 အဲ့ဒီလူတွေမှာ Cells တွေက Oxygen လုံလုံလောက်လောက်မရတော့
ခန္ဓာကိုယ်ကနေ Oxygen သယ်ပေးတဲ့ သွေးနီဥတွေကို များများထုတ်ခိုင်းလိုက်ပါတယ်။

သယ်ပေးတဲ့ သွေးနီဥတွေများလာပေမယ့်
ဆေးလိပ်ဆက်သောက်နေသမျှတော့ သွေးထဲ Carbon dioxide တွေများနေတော့ Cells တွေက Oxygen မရတော့ ခန္ဓာကိုယ်ကသွေးနီဥတွေကို ထပ်ခါထပ်ခါ ထုတ်ခိုင်းရင်း သွေးနီဥတွေများ သထက်များလာရတာပါ။

အဆုတ်ပွတာမှာရော၊ OSA မှာရော ထိုနည်းအတိုင်းပါပဲ။
👉👉👉
#ဘယ်လိုလုပ်ကြမလဲ ⁉️

သွေးပျစ်လွန်းရင် သွေးကြောထဲဆို့ပြီး လေဖြတ်တာ၊ နှလုံးသွေးကြောပိတ်တာ၊ ခြေပုတ်၊ လက်ပုတ်ဖြစ်မှာ စိုးတော့

#အမြန်ဆုံးဖြေရှင်းနည်းကတော့ 👉 သွေးနီဥတွေဖောက်ထုတ်ပစ်တာပါပဲ
အဲ့မှာပြောစရာရှိတာက
သွေးအားနည်းရင် သွေးလှူလို့မရဘူးဆိုတော့
သွေးတွေသူတို့မှာပိုနေတာ ဒီတိုင်းဖောက်ပစ်မယ့်အစားလှူလိုက်ရင် အကျိုးမရှိဘူးလားဆိုတော့

(Edited; ကိုယ့်ဟာကိုယ်ဖတ်ရင်းနဲ့ သွေးဖောက်ထုတ်ပစ်လိုက်တယ်ဆိုတာကို လန့်လာလို့ပါ 😁
သွေးလှူသလိုပါပဲ သွေးတစ်အိတ် ထုတ်တာပါ (500 ml) ရေသန့်ဘူးတစ်ဝက်စာပေါ့ သွေးချည်းထုတ်ရုံထုတ်တာမဟုတ်ပါဘူး ၊ Normal Saline/Dextrose water (500 ml) ပြန်သွင်းပေးပါတယ်
👉 ခန္ဓာကိုယ်ထဲက 500 ml ထုတ်ပြီး 500 ml ပြန်ထည့်ပေးပါတယ် ကြောက်စရာ Procedure မဟုတ်ပါဘူး)

မရပါဘူး သူတို့ရဲ့သွေးနီဥတွေက တက်သုတ်ရိုက်ထုတ်ထားတာဖြစိလို့ Quality မကောင်းပါဘူး၊ အလုပ်ကောင်းကောင်းလုပ်မယ့် ဟာတွေမဟုတ်ပါဘူး အဲ့ဒါကြောင့် သူတို့လည်း သွေးလှူလို့မရပါဘူး။

လူနာတွေမှာက တော့ ရောဂါအခံကို ကုလိုက်တာ၊ ဆေးလိပ်ဖြတ်လိုက်တာ က တကယ့်ကုသမှုအမှန်ဖြစ်ပါတယ်။

ဒါပေမယ့် Polycythemia Rubra Vera ဆိုတဲ့ရောဂါမှာတော့ ရိုးတွင်းချဉ်ဆီ ကိုက ထုတ်တာများနေတဲ့ အတွက် သူကို အလုပ်သိပ်မလုပ်အောင် တားတဲ့ဆေး ပေးရပါတယ်။

ပြစ်နေတာဖြစ်တဲ့အတွက် အလွယ်ပြောရရင် ရေရောရပါတယ်
👉 ရေများများသောက်ရပါတယ်
👉 ရေဓာတ်ခမ်းခြောက်မယ့်ရောဂါတွေ (ပျို့တာ၊ အန်တာ၊ ချွေးထွက်တာ၊ ဝမ်းလျှောတာ) ဖြစ်ရင် ချက်ချင်းကုရပါတယ်
👉 ဆေးလိပ်ဖြတ်ရပါမယ် (အပေါ်မှာပြောပြီးပေမယ့် အရေးကြီးလို့ထပ်ပြောတာပါ)
👉 အရက်ဖြတ်ရပါမယ်
👉 Red Meat (အမဲသား၊ ဆိတ်သား၊ ဝက်သား) ၊ ဝမ်းတွင်းသား၊ ကလီစာ မစားတာကောင်းပါတယ်

👉👉👉
အဲ့တော့ သွေးပျစ်တယ်ဆိုတာဘာလဲ ?
ဘာလို့ဖြစ်တာလဲ ?
ဘာလို့ သွေးနီဥများနေတာကို သွေးလှူလို့ မရတာလဲ ?
ဘယ်လို ကုရမလဲ ?
ဘာတွေ ရှောင်ရမလဲ သိကြပြီထင်ပါတယ်။
👉👉👉

#ရောဂါရှင်အနေနဲ့ ဘာတွေခံစားရမလဲ ⁉️

- ခေါင်းကိုက်တယ်၊ ခေါင်းအုံတယ်၊ ခေါင်းမကြည်ဘူး
- လန်းလန်းဆန်းဆန်းမရှိဘူး
- ရင်ပတ်အောင့်တတ်တယ်
- ခြေနာ၊ လက်နာဖြစ်တတ်တယ်
- အသည်းတို့ ဘေလုံးတို့ ကြီးတတ်တဲ့အတွက် ဗိုက်တင်းပြီး မအီမသာဖြစ်တယ်။

#ဘယ်လိုသိမလဲ ⁉️

- သွေးစစ်တာနဲ့ သိပါတယ်
- Ultrasound ရိုက်မယ်
- Polycythemia Rubra Vera အတွက်ကတော့ JAK2 Gene Mutation ဆိုတဲ့ မျိုးရိုးဗီဇ စစ်ရပါတယ်....

သက်ရှည်ကျန်းမာပြီးအနာရောဂါကင်းကြပါစေ

copy from - Dr. ဘုန်းစည်သူလွင်

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

By Naing Win Aung (CEO Coach & NLP Master Trainer)လုပ်ငန်းတစ်ခုတိုးတက်ဖို့ဆိုရင် Entrepreneur တစ်ယောက်ပဲ အရေးပါတာမဟုတ်ဘဲ...
26/08/2022

By Naing Win Aung (CEO Coach & NLP Master Trainer)

လုပ်ငန်းတစ်ခုတိုးတက်ဖို့ဆိုရင် Entrepreneur တစ်ယောက်ပဲ အရေးပါတာမဟုတ်ဘဲ သူ့အနားမှာ ဘယ်သူတွေက ကူညီပေးနေသလဲဆိုတာကပါ အရေးကြီးပါတယ်။

ကိုယ့်ရဲ့အတွင်းစည်းထဲကနေ ခေါင်းဆောင်ငယ်တွေ မပျိုးထောင်နိုင်မချင်း လုပ်ငန်းကို ခိုင်ခိုင်မာမာ တိုးချဲ့နိုင်ဖို့က မလွယ်ကူနိုင်သလို ပြင်ပက ခန့်ထားတဲ့သူတွေကိုချည်းပဲ အားကိုးလို့လည်း မရနိုင်ပါဘူး။

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ မိမိလက်အောက်မှာ အလားအလာရှိတဲ့ လက်ထောက်ခေါင်းဆောင်ဖြစ်လာနိုင်ခြေရှိသူတွေကို ရှာဖွေပြီး သူတို့တွေ တိုးတက်လာအောင် ကူညီပေးပါ။ အလားအလာရှိတဲ့သူတွေကို ဘယ်လိုရွေးချယ်မလဲဆိုတဲ့ စံသတ်မှတ်ချက်တွေကိုလည်း အလေးထားစဉ်းစားပါ။
……..

၂။ လုပ်ငန်းအနာဂတ်အကြောင်းတိုင်ပင်ဆွေးနွေးတဲ့နေရာမှာ ပါဝင်ခွင့်ပေးခြင်းအားဖြင့် တိုးတက်လိုစိတ်ရှိတဲ့ မျိုးဆက်သစ်ခေါင်းဆောင်ငယ်တွေကို ဆွဲဆောင်ပါ။ သူတို့ရဲ့ စိတ်အားထက်သန်မှု၊ ပါဝင်ဆွေးနွေးနိုင်မှုတွေကို အကဲခတ်ပါ။
…….

၃။ လူငယ်ဦးဆောင်သူတွေကို အချိန်လုံလုံလောက်လောက်ပေးခြင်းဖြင့် သူတို့ကို နားလည်လာအောင် လုပ်ပြီး လမ်းပြပေးပါ။ သင်သူတို့ကို သေသေချာချာ နားမလည်မချင်း သူတို့ကို သင်ပေးလို့၊ ဦးဆောင်လို့ မရနိုင်တာကို သတိပြုပါ။
…….

၄။ တာဝန်ယူထားတဲ့အလုပ်ကိုယ်စီမှာ ၁၀၀ ရာခိုင်နှုန်း အားစိုက်ကြိုးစားချင်လာအောင် သူတို့ကို အားပေးတိုက်တွန်းပြီး စိတ်အားတက်ကြွလာအောင် လုပ်ပေးပါ။ စံနမူနာအနေနဲ့ သင်ကိုယ်တိုင်ကလည်း ၁၀၀ ရာခိုင်နှုန်းတာဝန်ယူပြပေးပါ။
……

၅။ အလားအလာရှိ ခေါင်းဆောင်ငယ်တွေကို သူတို့ရဲ့ အကောင်းဆုံးအနေအထားဖြစ်လာဖို့အတွက် လိုအပ်တာတွေကို တပ်ဆင်ပေးပါ။ ရုပ်ဝတ္ထုပစ္စည်းတွေ၊ စိတ်ပိုင်းဆိုင်ရာအားဖြည့်ပေးမှုတွေ၊ လေ့လာသင်ယူရန်အရင်းအမြစ်တွေ အကုန်လုံးကို ထည့်သွင်းစဉ်းစားပေးပါ။
…..

၆။ မျိုးဆက်သစ်ဦးဆောင်သူဖြစ်လာနိုင်ခြေရှိသူတွေကို သူတို့ရဲ့ လုပ်နိုင်စွမ်းတွေ အစွန်းကုန်မြင့်တက်လာအောင် လှုံ့ဆော်ပေးပါ။ စိတ်လုံခြုံမှုရှိတဲ့သူတွေသာ လူတွေကို လုပ်ပိုင်ခွင့်ပေးတယ်ဆိုတဲ့ The Law of Empowerment ကို မမေ့ပါနဲ့။
……

၇။ အနာဂတ်မှာ လက်ထောက်ခေါင်းဆောင်ဖြစ်လာဖို့ အလားအလာရှိတဲ့သူတွေကို သူတို့ရဲ့ လုပ်ငန်းအပေါ်အကျိုးပြုနိုင်မှုတွေ ပိုမိုများလာစေနိုင်မယ့် အသင်းအဖွဲ့တွေမှာ နေရာချထားပေးပါ။ လူမှန်နေရာမှန်မချပေးမချင်း သူတို့ရဲ့ အစွမ်းအစတွေ အပြည့်မြင်ရဖို့ မလွယ်ကူနိုင်ပါဘူး။
……

၈။ ခေါင်းဆောင်ဖြစ်လာနိုင်သူတွေကို သူတို့ရဲ့ အလုပ်အကိုင်ကျွမ်းကျင်မှု နောက်တစ်ဆင့်ကို မြင့်တက်လာနိုင်စေရန်အတွက် သင်ကြားပေးပါ၊ နည်းပေးလမ်းပြလုပ်ပေးပါ။ စာအုပ်တွေဝယ်ပေးတာ၊ ပြင်ပမှာ သင်တန်းထားပေးတာ၊ ဆရာခေါ်သင်ပေးတာ၊ ကိုယ်တိုင်သင်ပြပေးတာ အကုန်လုံးကို ထည့်စဉ်းစားပါ။
……

၉။ လုပ်ငန်းအဖွဲ့အစည်းထဲမှာ ဆင့်ကဲဆင့်ကဲ ဦးဆောင်နိုင်သူတွေကို ပျိုးထောင်နိုင်စေရန်အတွက် သင်လုပ်ဆောင်နေတဲ့ အနာဂတ်ခေါင်းဆောင်လေ့ကျင့်သင်ကြားရေးအစီအစဉ်တွေကို သင့်လက်ထောက်ခေါင်းဆောင်တွေကိုပါ သင်ကြားပေးပါ။ ဆိုလိုတာကတော့ သူတို့ကပါ သူတို့လက်အောက်ကလူနွေကို သင်ပေးနိုင်လာရပါမယ်။
……

၁၀။ မျိုးဆက်သစ် ဦးဆောင်သူပျိုးထောင်မှုအစီအစဉ်ကို အရှိန်ရလာအောင် လုပ်ပါ။ အဆင့်ဆင့် ဦးဆောင်နိုင်သူအများအပြားကို မရပ်မနား လေ့ကျင့်ပေးလေလေ လုပ်ငန်းမှာ များပြားတဲ့ အကျိုးကျေးဇူးတွေ ရရှိလာလေလေ ဖြစ်လာပါလိမ့်မယ်။ စစချင်းမှာ ရလဒ်တွေကို မြင်ရဖို့ ခက်ခဲနိုင်ပေမယ့် အချိန်ကြာလာတာနဲ့ အမျှ ရလဒ်တွေက စုပုံလာပါလိမ့်မယ်။
……

သင့်လုပ်ငန်းအတွင်းမှာ ခေါင်းဆောင်ငယ်တွေကို ပျိုးထောင်ရာမှာ အထောက်အကူပြုဖို့အတွက် အထက်ကအချက်တွေကို တစ်ချက်ချင်းသေချာလေ့လာပြီး စတင်အကောင်အထည်ဖော်ဖို့ကို အစီအစဉ်ဆွဲပါ။

World Top Speaker တစ်ယောက်ဖြစ်တဲ့ Zig Ziglar ပြောသလိုပါပဲ၊ လုံလုံလောက်လောက်လူတွေကို လုံလုံလောက်လောက်ကူညီပေးပြီးရင် သင့်ဘဝမှာ သင်လိုချင်တဲ့ဘယ်အရာကိုမဆို ရရှိလာပါလိမ့်မယ်။

Naing Win Aung (MBA, UK)
CEO Coach & NLP Master Trainer
Business Leadership Facilitator

Reference: John C. Maxwell, A Leader’s Greatest Return

Address

Mandalay
02

Telephone

+959970053411

Website

Alerts

Be the first to know and let us send you an email when Thaw Tar Tun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thaw Tar Tun:

Share

Category