28/10/2025
ဟဲလို
နေ့ပူပြီး ညချမ်းတဲ့ ဆောင်း မှာ နေ့အေး ပြီး ညနွေးစေမဲ့ တစ်ခုခုကို ရှာနေပါသလား ။
ဒါဆို အများကြီး လိုက်မရှာနဲ့တော့နော် ။ စိုပြေအေးက ထုတ်ထားတဲ့ ချည်သား အင်္ကျီလေးက လက်တိုလေးမို့ အပူရှိန်ပြင်းတဲ့ နေ့ခင်းမှာ အအေးဓာတ်ပေးပြီး နေဝင်တာနဲ့ အေးတဲ့ ဆောင်းညချမ်းမှာ အနွေးထည် အပါးလေး ထပ်ဝတ်လိုက်ရုံနဲ့ နွေးထွေးမှုကို ပေးမှာနော် ။
မင် ကိုယ်တိုင်က ချည်သားချစ်သူမို့ အပြောမဟုတ် လက်တွေ့ မင်ကိုယ်တိုင် နှစ်နှစ်သက်သက် ဝတ်ဆင်ဖြစ်သောလေးကို အချစ်ကလေးတို့အတွက် ဖန်တီးပေးထားတာပါရှင် ။ ပြောမယုံ ကြုံဖူးမှ သိ ချင်ရင် အခုဘဲ မှာလိုက်တော့နော် ။
အရောင်စပ်လေးတွေက စိတ်ကြိုက်တောင်းဆိုလို့ ရတာမို့ ခုဘဲ cb ကို လှမ်းခဲ့နော် ။
ပြည့်ပြည့်လေးနဲ့ လှတဲ့ ချစ်လေးတို့အတွက် ရင်ဆိုက် ၄၀ ထိ ဝတ်လို့ရပါတယ် ။ ကိုယ်ရှည်က ၂၃ လက်မ ပခုံးဆိုက်က ၁၈ လက်မပါ ။ စျေးလေးက ၂၀၀၀၀ ( နှစ်သောင်း )ကျပ်ပါရှင့် ။
နှစ်သက်ရာ ရင်ဆိုက်အကျယ် ၊ ကိုယ်ရှည် အတိုအရှည် ၊ ပခုံးဆိုက်၊ လက်တို တို့ကို ပြောပြီး စိတ်ကြိုက် အပ်နိုင်ပါပြီနော် ။ မင် sample လေးဘဲ ထုတ်ထားရသေးတာမို့ ပစ္စည်းမှာရင် ကြာချိန်လေးတော့ ရှိမယ်ရှင် ။
သူ့ကိုတောင် အချိန်အကြာကြီး စောင့်နေခဲ့သေးတာ အော်ဒါချိန် တစ်ပတ်လောက်က မမှုလောက်စရာ မဟုတ်လား ။ 🥺🥺
မင်တို့ cb မှာ စောင့်နေမှာမို့ လိုအပ်တယ် လိုချင်တယ်ဆို ဟဲလို လိုက်နော်ရှင့် ။
#ချည်သားအင်္ကျီ #ဟန်းမိတ် #ပြည်တွင်းဖြစ် #အင်းချည် #ထိုင်းချည်