Monywa Special ဒိတ်ဒိတ်ကြဲ မုံရွာ

  • Home
  • Myanmar
  • Monywa
  • Monywa Special ဒိတ်ဒိတ်ကြဲ မုံရွာ

Monywa Special ဒိတ်ဒိတ်ကြဲ မုံရွာ ပြည်သူ့အတွက်အမြဲရပ်တည့်မည်

08/04/2026

Acc ကတင်ရင် ဖျက်ချခံရလို့🥺🥺

ဘေဘီလုံက ထွက်ပြေးလာတဲ့ အဆင်းရဲဆုံး နိုင်ငံသားဟာ ငါပဲ🌱ငါ့နဖူးမှာ ကျည်ဆံရာရှိတယ်ငါ့ရင်ဘတ်က တက်တူးဟာ သွေးတွေရဲလို့ငါ မစဥ်းစ...
09/03/2026

ဘေဘီလုံက ထွက်ပြေးလာတဲ့ အဆင်းရဲဆုံး နိုင်ငံသားဟာ ငါပဲ🌱
ငါ့နဖူးမှာ ကျည်ဆံရာရှိတယ်
ငါ့ရင်ဘတ်က တက်တူးဟာ သွေးတွေရဲလို့
ငါ မစဥ်းစားသော ခေါင်းစဥ်များဟာ
ငါ့ဦးနှောက်ထဲ ကျည်ဆန်အတွဲလိုက်ပစ်သွင်းဖို့ တန်းစီစောင့်နေကြတယ်
ဓာတ်ဆီဆိုင်မှာ ကားတန်းတွေ တန်းစီစောင့်ခဲ့ကြသလို🌿

-သက်တန့်ရိပ်လွင်
#အရေးတော်ပုံအောင်ရမည်
ိတ်ဒိတ်ကြဲ

ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာကျရောက်တဲ့ ၁၁၁နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အား လေးစားဂုဏ်ပြုအပ်ပါသည်"🔥‌‌"လေယာဉ်တွေမှာ နံပ...
13/02/2026

ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာကျရောက်တဲ့ ၁၁၁နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အား လေးစားဂုဏ်ပြုအပ်ပါသည်"🔥
‌‌"လေယာဉ်တွေမှာ နံပါတ် 13 မရှိဘူး
ကျောနံပါတ် 13 ဂျာစီကို မဝတ်ချင်ကြဘူး
ဆေးရုံတွေမှာ ကုတင်နံပါတ် 13 မထားဘူး
ဟိုတည်တွေမှာ အခန်းနံပါတ် 13 မထားဘူး
ဒါပေမဲ့ ငါတို့ အသဲနှလုံးထဲမှာတော့
နံပါတ် 13ဟာ ရှိနေဆဲပါ" 💪
ိတ်ဒိတ်ကြဲ

အသံတိတ်သပိတ် ✊ဒီဇင်ဘာ ၁၀၊ ၂၀၂၅✍️✊ဒီဇင်ဘာ ၁၀ ရက်၊ ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ အာဏာသိမ်းစစ်ကော...
10/12/2025

အသံတိတ်သပိတ် ✊

ဒီဇင်ဘာ ၁၀၊ ၂၀၂၅✍️✊

ဒီဇင်ဘာ ၁၀ ရက်၊ ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ အာဏာသိမ်းစစ်ကော်မရှင်ကို ဆန့်ကျင်ကြောင်း အသံတိတ်သပိတ် Silent Strike ဆင်နွှဲဖို့ရာ ပြည်သူလူထုကို တိုက်တွန်းချင်ပါတယ်ခဗျ"✌️
✊“ငါတို့မြို့၊ ငါတို့ လှုပ်ချင်လှုပ်မယ်၊ ငါတို့ ငြိမ်ချင်ငြိမ်မယ်” ✊
မနက် ၁၀ နာရီကနေ ညနေ ၃နာရီအထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ ပြည်သူများအနေဖြင့် ပါဝင်ပေးကြပါ"💪🫡
မုံရွာသူ/မုံရွာသားများလဲ ကျေးဇူးပြုပြီး ပူးပေါင်းပါဝင်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်✌️🌱
ိတ်ဒိတ်ကြဲ

မိဘပြည်သူများရဲ့ တစ်ဖက်တစ်လှမ်းမှ ထောက်ပံ့မူများအတွက် ကျွန်ုပ်တို့ Monywa Special ဒိတ်ဒိတ်ကြဲ မုံရွာ ရဲဘော်များမှ အထူးပင...
30/10/2025

မိဘပြည်သူများရဲ့ တစ်ဖက်တစ်လှမ်းမှ ထောက်ပံ့မူများအတွက် ကျွန်ုပ်တို့ Monywa Special ဒိတ်ဒိတ်ကြဲ မုံရွာ ရဲဘော်များမှ အထူးပင် ကျေးဇူးတင်ရှိပါတယ်ဗျ✊💪

18/10/2025

သတင်းထုတ်ပြန်ချက်

ကျွန်တော်တို့ တော်လှန်ရေးအင်အားစုများသည် ၁၃၊၁၄၊၁၅ ရက် ၃ရက်ဆက်တိုက် မုံရွာ-ကျောက္ကာလမ်းဘေး‌တွင် ကင်းပုန်းဝပ်စောင့်နေစဉ် ၁၄၊၁၀၊၂၅ ရက်နေ့ညတွင် နမခ မှ Eco သို့ သံပြားကာ ၂ စီး ဖြင့် စ-ခ အင်အား ပေါင်းပေးခဲ့ပါသည်။ ၁၅၊၁၀၊၂၅ မနက် ၇:၃၀ တွင် Eco မှ သံပြားကာ နှစ်စီး တွင် ရိက္ခာများတင်ပြီး စ-ခ အင်အား ၁၀၀ ပတ်ချာလည်သည် ခြေလျင် ကျောက္ကာ ရွှေဂူနီ ဘုရားတွင် အထိုင်ချနေသော စ-ခများကို ရိက္ခာပို့ရန် စစ်ကြောင်းထိုးလာခဲ့ပါသည်။ ၎င်း စစ်ကြောင်းကို ၁၅၊၁၀၊၂၅ မနက် ၁၀:၃၀ ထနောင်းဝင်း နှင့် ကျောက္ကာကြားတွင် ကျွန်တော်တို့ မုံရွာမြို့နယ် ပကဖ၊ မုံရွာခရိုင် ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့-Danger Force၊ မုံရွာမြို့နယ် ပကဖ တိုက်နယ် ၁၊၂၊၃၊၄ ၊ မုံရွာမြို့နယ် ပလဖ၊ မုံရွာမြို့နယ် ပကဖ အထူးတိုက်ခိုက်ရေး အဖွဲ့- Tribal Force၊ မုံရွာမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့- မုံရွာ Special ဒိတ်ဒိတ်ကြဲ ၊ တောကျွဲကြီး ပြောက်ကျားအဖွဲ့၊ Black Falcon .LDF နှင့် ဒေသခံရပ်ကျေးပကဖ များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ပါသည်။ ၎င်း တိုက်ခိုက်မှုတွင် မိမိတို့ဘက်မှ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိပါ။ ရန်သူ စ-ခ များဘက်တွင် ‌ေ-သဆုံး ဒဏ်ရာရရှိမှု ရှိသော်လည်း( လမ်းပေါ်တွင် သွေးထွက်လွန်သော လက္ခဏာများ တွေ့ရှိ) အရေအတွက် အတည်မပြုနိုင်ပါ။

လေးစားစွာဖြင့်
ိတ်ဒိတ်ကြဲ
#မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

ဒီနှစ်တော့အမေ့အသက်၈၀နှစ်ပြည့်🩵မွေးနေ့မှာ သားတို့သမီးတို့ 🍃ခန်းနားစွာမကျင်းပပေးနိုင်တော့ဘူး အမေသားတို့မှာလဲ စစ်ပွဲနဲ့ဆိုတ...
19/06/2025

ဒီနှစ်တော့အမေ့အသက်၈၀နှစ်ပြည့်🩵
မွေးနေ့မှာ သားတို့သမီးတို့ 🍃
ခန်းနားစွာမကျင်းပပေးနိုင်တော့ဘူး အမေ
သားတို့မှာလဲ စစ်ပွဲနဲ့ဆိုတော့ 🥺
အမေ့ မွေးနေ့မှာ အမြန်ဆုံး🌱
လွတ်မြောက်ပါစေ🌿🥺

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့💌 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ❣️ပြည့်နှစ်မွေးနေ့မှစပြီး မတရားဖမ်းဆီးထောင်ကျခံရခြင်းမှ အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း၊ 💪ချစ်ရသူတွေနဲ့အမြန်ဆုံးပြန်လည်ဆုံတွေ့ပြီး အသက်ရှည်ကျန်းမာပါစေကြောင်း ✊ဆုတောင်းမေတ္တာပို့သပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အခြားသော ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလည်း အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း ကျွန်ုတို့ Monywa Special ဒိတ်ဒိတ်ကြဲ (LPDF) အဖွဲ့မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်✍️💪
ိတ်ဒိတ်ကြဲ

ကျွန်ုပ်တို့ Monywa Special ဒိတ်ဒိတ်ကြဲ အဖွဲ့သားများမှကျေး‌ဇူးအများကြီးတင်ရှိပါတယ်ဗျ 🌿🔥
06/06/2025

ကျွန်ုပ်တို့ Monywa Special ဒိတ်ဒိတ်ကြဲ အဖွဲ့သားများမှကျေး‌ဇူးအများကြီးတင်ရှိပါတယ်ဗျ 🌿🔥

ငါးကြင်းမြှီး ကမ်ပိန်းအတွက် ကူညီပေးကြပါအုံးဗျာ🥺🥺 ိတ်ဒိတ်ကြဲ  #ငါးကြင်းမြှီးကမ်ပိန်း
02/05/2025

ငါးကြင်းမြှီး ကမ်ပိန်းအတွက် ကူညီပေးကြပါအုံးဗျာ🥺🥺
ိတ်ဒိတ်ကြဲ
#ငါးကြင်းမြှီးကမ်ပိန်း

အညာအောင်ပွဲအတူဆင်နွှဲဖို့ ပြည်သူအားလုံး ဝိုင်းကူကြပါစို့"🫶🕊️အညာမှာ စိတ်ဓာတ်တွေက ကြံ့ခိုင်နေတာတကယ်တမ်းလက်နက်အင်အားက မရှိဘ...
29/04/2025

အညာအောင်ပွဲအတူဆင်နွှဲဖို့ ပြည်သူအားလုံး ဝိုင်းကူကြပါစို့"🫶🕊️
အညာမှာ စိတ်ဓာတ်တွေက ကြံ့ခိုင်နေတာ
တကယ်တမ်းလက်နက်အင်အားက မရှိဘူး
ဘယ်သူကမှ လက်နက်တွေ ချမပေးသလို
ကျည်ဆံ ဆိုတာကအစ ကိုယ်တိုင်ကဘဲ ရှာပြီး
တိုက်ရခိုက်ရတယ် အ့အတွက်ကြောင့် ကျတော်တို့ ပြည်သူတွေက ဝိုင်းကူကြပေးဖို့ တောင်းဆိုအပ်ပါတယ်ဗျာ"🔥💐
ိတ်ဒိတ်ကြဲ

လျှောက်တဲ့လမ်းချင်းတူရင်🤞လူချင်းတွေ့ကြအုံးမှာပါ✌️အာဏာကိုမကြိုက်လို့ တော်လှန်ပုန်ကန်ရင်း🍃ကိုယ်တိုင်တော့ အာဏာရူးမဖြစ်စေနက်...
06/03/2025

လျှောက်တဲ့လမ်းချင်းတူရင်🤞
လူချင်းတွေ့ကြအုံးမှာပါ✌️
အာဏာကိုမကြိုက်လို့ တော်လှန်ပုန်ကန်ရင်း🍃
ကိုယ်တိုင်တော့ အာဏာရူးမဖြစ်စေနက်🌱
ငါတို့ဟာ ပြည်သူ့စစ်သား🌿
ပြည်သူ့ကိုဘဲ မျက်နှာမူရမယ် ငါ့ကောင်🔥

ိတ်ဒိတ်ကြဲ
#အရေးတော်ပုံအောင်ရမည်

Address

Monywa
Monywa

Telephone

+959980552798

Website

Alerts

Be the first to know and let us send you an email when Monywa Special ဒိတ်ဒိတ်ကြဲ မုံရွာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category