လုံမလေး ပျားရည် နှင့် ပျားဘို့/Lone Ma Lay Honey and Honey Comb

  • Home
  • Myanmar
  • Monywa
  • လုံမလေး ပျားရည် နှင့် ပျားဘို့/Lone Ma Lay Honey and Honey Comb

လုံမလေး ပျားရည် နှင့် ပျားဘို့/Lone Ma Lay Honey and Honey Comb အရည်သွေးကောင်းသော 100%ပျားရည်စစ်စစ်ကိုသာရောင်းချပါသည်

ဒီနေ့ ပျားရည် ပေပါ အလုံး 45လုံး (💥ပိဿာ ၈၀၀၀ကျော် )ရောင်းလိုက်ရတဲ့ မဂ်လာရှိတဲ့နေ့ရက်လေးပါရှင့် 🥰😍အလုံး၄၀က မန်းလေးက ကုမ္မဏ...
10/03/2026

ဒီနေ့ ပျားရည် ပေပါ အလုံး 45လုံး (💥ပိဿာ ၈၀၀၀ကျော် )
ရောင်းလိုက်ရတဲ့ မဂ်လာရှိတဲ့နေ့ရက်လေးပါရှင့် 🥰😍

အလုံး၄၀က မန်းလေးက ကုမ္မဏီ က ဝယ်သွားပြီး

၅လုံးကတော့ အောင်ပန်း ဖောက်သည်ကြီးက ဝယ်ယူခဲ့တာဖြစ်ပါကြောင်းရှင့်

ဝယ်ယူအားပေးသွားတဲ့ ကုန်သည်ကြီးတွေကို ကျေးဇူးအထူး တင်ရှိပါတယ်ရှင့်
လုံမလေးဆီ တစ်လီတာမှစပြီး လက်လီလက်ကား အားပေးကြတဲ့ တစ်ဦးချင်းဆီတိုင်း ကျေးဇူးအထူးပါ
ရှင့် 🙏🏻🙏🏻

ပျားရည် တစ်လီတာ 17000
15ပိဿာပါ တစ်ပုံး 265000

ပျားရည်စစ်စစ်ရှာနေပြီဆို လုံမလေးကိုသာ အမှတ်ရလိုက်ပါရှင့်

ဇီးပျားရည် ကုန်တော့မှာမို့
လိုင်ချီးပျားရည်/ပဲဇင်းငုံပျားရည်/နေကြာပျားရည်တို့ ရပါအုံးမယ်ရှင့် ။❤️

🌟ဒီနေ့တော့ ပျားရည်အကြောင်းလေးတွေ စိတ်လိုလက်ရ ရှင်းပြပေးချင်တယ်ရှင့်🌟မွေးမြူရေးပျားရည်တွေမှာ ရာသီပေါ် ပန်းပေါ် မူတည်ပြီး ...
16/02/2026

🌟ဒီနေ့တော့ ပျားရည်အကြောင်းလေးတွေ စိတ်လိုလက်ရ ရှင်းပြပေးချင်တယ်ရှင့်🌟

မွေးမြူရေးပျားရည်တွေမှာ ရာသီပေါ် ပန်းပေါ် မူတည်ပြီး ဇီးပန်းပျားရည်၊ ပဲဇင်းငုံပျားရည်၊ နေကြာပျားရည်၊ တောင်ပေါ်နေကြာရိုင်းပျားရည်၊ မုန်ညင်းပျားရည် ၊ သျှားပန်းပျားရည်၊ စသည်ဖြင့်
ပျားရည်အမျိုးစားတွေကွဲပါတယ်ရှင့်။

ဇီးပန်းပျားရည်ကလွှဲရင် ကျန်ပန်းပျားရည်က အနည်းငယ် ခဲတတ်ပါတယ်ရှင့်။
နိုင်ငံခြားတင်ပို့ကုန်နေနဲ့ ခဲတတ်တဲ့ပျားရည်များကို တင်ပို့မှုပိုများပါတယ်။

ပျားရည်အကြောင်းလေးတွေကို chat gpt app မှာ ဗဟုသုတ အနေနဲ့မေးကြည့်လို့ရပါတယ်။
အသေးစိတ် အကုန်လုံးအတိကျ မပြောနိုင်ပေမဲ့ ‌အခြေခံလောက်ကတော့ Ai မှာ မေးကြည့်လို့ရပါတယ်။

အခုလက်ရှိ လုံမလေးဆီမှာ ဇီးပန်းပျားရည်၊ နေကြာပျားရည် ၊ပဲဇင်းငုံပန်းပျားရည်ဆိုပြီး သုံးမျိုးရပါမယ်ရှင့်

ဇီးပန်းပျားရည်
🐝🐝🍯🍯🐝🐝
"အရောင်".................
❗ရွှေရောင်ရှိ ကြာရင်အရောင်ရင့်တတ်

"အရသာ "..................
❗နုညံ့၊ချိုမြ

" အနံ့ "..............
❗အနံ့မွေး

"အဓိကကောင်းကျိုး"........................................
❗ချောင်းဆိုး၊လည်ချောင်းနာသက်သာ

"သောက်သုံးသင့်ချိန်".......................................
❗မနက်ခင်းနှင့် ညဘက်

"သောက်သုံးသင့်သောသူ"................................................
❗လူကြီး၊ ကလေးမိခင်
❗လက်ဆောင်ပေး၍လှ

⭐💢💯ချောင်းဆိုးလည်ချောင်းနာဖြစ်လွယ်သူများ ဇီးပန်းပျားရည် ရွေးချယ်ပါ

နေကြာပျားရည်/ပဲဇင်းငုံပျားရည်
🐝🐝🍯🍯🍯🍯🍯🍯🍯🐝🐝

"အရောင်"..................
❗ရွှေရောင်ပြင်း/ ရွှေရောင်(ဖျော့)
"အရသာ"................
❗ချိုပြင်း၊အရသာရှင်း /ချိုမွေး၊ခံတွင်းရှင်း

"အနံ".........
❗အနံ့ နည်းတတ်/(ပန်းနံ့မွေး)

"အဓိကကောင်းကျိုး"........................................
❗အားအင်ပြန်ဖြည့်အစာခြေစနစ်ကူညီ

"သောက်သုံးချိန်"..............................
❗အလုပ်ပြီးနောက်

"သောက်သုံးသင့်‌ေသာသူ"...................................................

⭐💢💯အလုပ်လုပ်များသူ၊ အားအင်ဖြည့်ဖို့လိုအပ်သူ၊မောပန်းလွယ်သူ။
❗အိမ်သုံးအနေဖြင့်ဆောင်ထားသင့်

အခြေခံလောက် လုံမလေးတို့သိသလောက်ပြောပြပေးလိုက်ပါတယ်။ ကျွန်မကတော့ ဇီးပန်းပျားရည်နဲ့
နေကြာပျားရည်ဆို နေကြာပျားရည်ပိုကြိုက်ပါတယ်၊ ခဲတာလေးတွေ ဝါးစားရတာကြိုက်လို့ပါ။
စားကြည့်ရင်းအရမ်းကြိုက်သွားတာပါ😃
ခဲတာလေးတွေက ဝါးရတာနုညံ့ပြီး မွေးနေတာမို့ စားရင်းကြိုက်သွားတာပါ။

ရွေးချယ်စရာလေးတွေရှိတာဆိုတော့ နှစ်သက်ရာ ရွေးချယ်၀ယ်ယူနိုင်ပါတယ်ရှင့်
အားပေးကြတဲ့တစ်ဦးချင်းစီတိုင်းကျေးဇူးပါ။
#ပျားရည်

#လုံမလေး

ပျားရည်ဈေးလေးတွေ အပြောင်းလဲဖြစ်တာလေးတွေ တင်ပေးပါမယ်ရှင့်❤️ပျားရည် တစ်လီတာ 17000 ပါ15 ပိဿာပါ ပုံးလိုက်ဈေး ပုံးခွံပါပြီး 2...
16/02/2026

ပျားရည်ဈေးလေးတွေ အပြောင်းလဲဖြစ်တာလေးတွေ တင်ပေးပါမယ်ရှင့်❤️

ပျားရည် တစ်လီတာ 17000 ပါ
15 ပိဿာပါ ပုံးလိုက်ဈေး ပုံးခွံပါပြီး 260000 ပါ။

ပျားရည်ဈေးလေးတွေ ထပ်ပြောင်းခဲ့ရင် ထပ်တင်ပေးပါမယ်ရှင့်

အားပေးကြတဲ့တစ်ဦးချင်းစီတိုင်းကို လုံမလေးမှ အထူး ကျေးဇူးတင်ရှိပါတယ်ရှင့်🙏🙏

ချစ်ခင်ရပါသော မိတ်ဟောင်းမိတ်သစ်များအားလုံး 2026ခုနှစ် 1ရက်နေ့မှစ၍ ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး အသက်ရှုတိုင်းငွေ၀င်ပါစေ၊ ...
01/01/2026

ချစ်ခင်ရပါသော မိတ်ဟောင်းမိတ်သစ်များအားလုံး
2026ခုနှစ် 1ရက်နေ့မှစ၍ ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး အသက်ရှုတိုင်းငွေ၀င်ပါစေ၊ ဥစ္စာစီးပွားများဆထက်တစ်ပိုး တိုးပွားကြပါစေ ၊အန္တာရယ်ခပ်သိမ်းကင်းငြိမ်းပါစေ၊ အပူအပင်ကင်းကင်းနှင့် ဘ၀ကိုဖြတ်သန်းနိုင်ပါစေ လို့ မေတ္တာပို့သလိုက်ပါရစေရှင့်✨🎇🎇🎉🙏🙏🙏

ကိုင်းစွဲပျားမှ စားချင်ကြသူတွေအတွက် ကိုင်းစွဲပျားဘို့စစ်စစ်ရပါပြီနောိ 😍😍😍ဒီတစ်ခါသေချာ သယ်ခဲ့တာမို့ ဘိုတွေသက်သက်ရပ်ရပ်နဲ့...
05/12/2025

ကိုင်းစွဲပျားမှ စားချင်ကြသူတွေအတွက် ကိုင်းစွဲပျားဘို့စစ်စစ်ရပါပြီနောိ 😍😍😍
ဒီတစ်ခါသေချာ သယ်ခဲ့တာမို့ ဘိုတွေသက်သက်ရပ်ရပ်နဲ့ အရမ်းလှ 🥰
သားသားမီးမီးတို့နဲ့လည်းအရမ်းတည့် ဆေးစပ်ဖို့အတွက်လည်း အရမ်းကောင်း ❤️❤️🍯🍯

♦️သားသားမီးမီးတိုင်းကြိုက်ကြတဲ့ပျားရည်။သားသားမီးမီးတို့အားရှိဖို့နှင့် ဘိုးဘိုးဖွားဖွားတို့ ကျမ်းမာ‌စေရေးအတွက် အိမ်တိုင်...
10/11/2025

♦️သားသားမီးမီးတိုင်းကြိုက်ကြတဲ့ပျားရည်။သားသားမီးမီးတို့အားရှိဖို့နှင့် ဘိုးဘိုးဖွားဖွားတို့ ကျမ်းမာ‌စေရေးအတွက် အိမ်တိုင်းဆောင်ထားသင့်သည့် ပျားရည်။ 🍯😍

♦️‌အချိုမှုန့်နဲ့ သကြားအစားထိုး ဖို့ဆို ပျားရည်ကအသင့်တော်ဆုံးပါပဲရှင့် ။ ဟင်းချက်ရာတွင်သုံးမလား၊ ဆေးဖော်ရာတွင်သုံးမလား ၊ အလှပြင်ရာတွင်သုံးမလား ဘက်စုံ အသုံးပြုလို့ရတာ ပျားရည်ပါပဲရှင့်။ 🍯🐝

♦️ဘက်စုံသုံးဖို့ဆို ပျားရည်က စစ်မှန်ဖို့ လိုအပ်ပါတယ်နော်
လုံမလေးရောင်းချသော ပျားရည်က စစ်မှန်မှု 100%✅
မို့ ပျားရည်စစ်စစ်ကို အသုံးပြုလိုသူမိဘ၊ဆရာ၊ဦးဦး၊ဒေါဒေါ်၊ ကိုကို၊မမ တို့အနေနဲ့ အများကြီးစဉ်းစားမနေပဲ လုံမလေးဆီမှာ ၀ယ်ယူလိုက်ပါ‌နော် ။ 🍯😍

♦️ပျားရည်တင်သာမက ၊ ပျားဘို့၊ ပျား၀တ်မှုံ(ခေါ်) pollen အားဆေး၊ ကိုင်းဆွဲပျားရည်( ခေါ် )ပျားလေးပျားရည် ။
ပျားကြီးပျားရည် (ခေါ်) မွေးမြူရေးပျားရည်။
စတဲ့ ပျားနှင့်ပတ်သက်သော စသည့်အရာများ ၀ယ်ယူရနိုင်ပါတယ်ရှင့် ။ 🥰

♦️ပျားဘို့ကိုမှ ထိထိ မိမိစားချင်ကြသူမိတ်‌ဆွေများ၊ သားသားမီးမီးလေးတို့ကို လက်လက်ဆတ်ဆတ် ကျွေးချင်ကြသူ မိတ်ဆွေများ၊ အလှူ ဒါန လုပ်ဖို့ ၀ယ်ယူချင်ကြသော မိတ်ဆွေတို့ လည်း
လုံမလေးပျားရည်ရောင်း၀ယ်ရေးလုပ်ငန်းသည်
ပျားရည်ပျားဘို့ ပင်ရင်းဒိုင်ဖြစ်တာမို့ ဈေးနှုန်းသင့်တင့်စွာ လက်လီ လက်ကားရရှိနိုင်မှာဖြစ်ပါတယ်။ 🍯🥰

ပျားကြီးရည် တစ်လီတာ 16***
ပျားလေးရည် တစ်လီတာ 2****
ပျား၀တ်မှုံ ၁၀ကျပ်သား 13***
ပျားဘို့ 1viss 6****
၅၀သား ၂၅ သား များလည်း ခွဲရောင်းပေးပါသည်။ 👌✌️
ပျားရည်15ပိဿာပါသော ပုံးဝါတစ်ပုံး 25****
(*သည် 0မဟုတ်ပါရှင့်😍❤️)

♦️လက်ကားပေပါလိုက်ဖြစ်စေ ပုံးဝါများဖြင့်လည်းဖြစ်စေ ၀ယ်ယူအားပေးနိုင်ပါသည်။ လက်ကားဈေး ဖုန်းဖြင့်ဖြစ်စေ cb မှာ ဖြစ်စေ အားမနာတမ်း ဆက်သွယ် မေးမြန်းနိုင်ပါသည်ရှင့် 😍

♦️ပျားရည် ရောင်းချလာခဲ့တာ 5 နှစ်ကျော်လာခဲ့ပြီမို့ အခုမှစအားပေးကြမည့် မိတ်ဆွေများ စိတ်ချယုံကြည်စွာ ၀ယ်ယူအားပေးနိုင်ပါတယ်နော်။ ❤️

ဆိုင်လိပ်စာ 🏡🛻
မုံရွာမြို့၊ မြို့သစ်ရပ်၊ အားသစ်လမ်း(မြနီလာထွန်းဇီးရောင်း၀ယ်ရေးပွဲရုံသို့ )လာရောက် ၀ယ်ယူနိုင်ပါသည်။
09253416008/09954421506/09962133102

♦️ပျားရည်စစ်စစ်နှင့် ပျားဘို့ လက်လီလက်ကားသာဆို လုံမ‌လေးကိုသာ အမှတ်ရလိုက်ပါရှင်။ 🙏😍
အားပေးကြသော မိတ်ဟောင်းမိတ်သစ်တစ်ဦးချင်းစီတိုင်းကျမ်းမာချမ်းသာ၍ စီးပွားလာဘ်လာဘများလည်း ဆထက်တစ်ပိုးဆတိုးတိုးပွားကြပါစေ🙏🙏

အတွေ့အကြုံလေး မျှဝေတာပါ။ကျွန်မ သံပုရာသီး ပျားရည်စိမ်ကို ကိုယ်တိုင်လုပ်ပြီး စားသုံးကြည့်တဲ့အခါ ဗိုက်ချပ်လာပြီး ခါးသေးသွား...
10/11/2025

အတွေ့အကြုံလေး မျှဝေတာပါ။
ကျွန်မ သံပုရာသီး ပျားရည်စိမ်ကို ကိုယ်တိုင်လုပ်ပြီး စားသုံးကြည့်တဲ့အခါ ဗိုက်ချပ်လာပြီး ခါးသေးသွားသလို ကိုယ်လက်ပေါ့ပါးပြီး ပိုပြီးသက်သောင့်သက်သာ ရှိလာတယ်လို့ ခံစားရပါတယ်။ ကျွန်မ ဝမ်းချုပ်ပြီး ဗိုက်အမြဲတင်း၊ မအီမသာ ဖြစ်နေတာကြောင့် အူလမ်းကြောင်း ကောင်းကောင်း အလုပ်မလုပ်ဘူးလို့ ခံစားရတဲ့အချိန်မှာ သံပုရာသီး ပျားရည်စိမ်ကို စပြီး စားသုံးခဲ့တာပါ။

အရင်ကလည်း ဒီလို စားသုံးဖူးပါတယ်။ ဒီတစ်ခါမှာတော့ ဝမ်းပိုမှန်လာပြီး ဗိုက်ချပ်ကာ ခါးပိုသေးသွားသလို ကိုယ်ခန္ဓာလည်း ပိုပေါ့ပါးလန်းဆန်းလာတယ်လို့ ခံစားရပါတယ်။

ပြုလုပ်နည်းက လွယ်လွယ်လေးပါ...
* သံပုရာသီး ၇-၈ လုံးခန့်ကို ရေသေချာဆေးပါ။
* ပါးပါးလှီးပြီး အစေ့တွေအားလုံး ဖယ်ထုတ်ပါ။
(အစေ့တွေက ခါးစေတက်လို့ပါ)
* သန့်ရှင်းတဲ့ ဖန်ပုလင်းထဲကို သေသေချာချာ စီထည့်ပါ။
* ပျားရည်ကို သံပုရာသီးတွေ မြုပ်တဲ့အထိ လောင်းထည့်ပါ။
* အဖုံးပိတ်ပြီး ရေခဲသေတ္တာထဲမှာ ၃ ရက်ခန့် စိမ်ထားပြီးရင်
စားသုံးနိုင်ပါပြီ။

ကျွန်မ စားသုံးပုံ...
* မနက်တိုင်း ဗိုက်ထဲမှာ ဘာမှမရှိတဲ့ အချိန် (အစာမစားခင်)
မှာပါ။
* ပျားရည်စိမ် သုံပုရာသီး ၁-၂ ချပ်ကို ပုလင်းထဲက
ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့အတူ ခပ်ယူပါ။
* ရေနွေး ၁ ဖန်ခွက်နဲ့ ဖျော်ပြီး လန်းဆန်းစွာ သောက်သုံးပါ။

ကျွန်မခံစားရတဲ့ အကျိုးကျေးဇူးများ.......
* ဝမ်းမှန်စေပြီး အူလမ်းကြောင်းရှင်းလင်းစေပါတယ်။
* ဗိုက်ချပ်ပြီး ခါးသေးသွားကာ မအီမသာ ဖြစ်တာတွေ
လျော့ကျသွားပါတယ်။
* အသားအရေလည်း အနည်းငယ် ကြည်လင်လာပါတယ်။
* ကိုယ်ခန္ဓာ ပေါ့ပါးလန်းဆန်းလာပါတယ်။

Admin ရဲ့ အသေးစား လျှို့ဝှက်ချက်လေး......😁
တချို့ရက်တွေမှာ သံပုရာသီးအရသာ ငြီးငွေ့လာရင် ရှောက်သီး ပျားရည်စိမ်ကို ပြောင်းစားပါတယ်။ ရှောက်သီးရဲ့ မွှေးရနံ့က လန်းဆန်းစေပြီး လေပူကို ကောင်းကောင်းထုတ်ပေးနိုင်တာကြောင့် လေထိုးလေအောင့်တာကို သက်သာစေပါတယ်။

ဒီလိုမျိုး တစ်လှည့်စီ ပြောင်းစားသုံးပေးခြင်းအားဖြင့် မငြီးငွေ့စေဘဲ အူလမ်းကြောင်း၊ အသားအရေနဲ့ အစာခြေစနစ် အားလုံးအတွက် အကျိုးကျေးဇူးတွေ အပြည့်အဝ ရရှိစေပါတယ်။

MON SO

#ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

ပျားဘို့ ရှယ်ကြီးတွေ ပိဿာ 100လောက် ဒီနေ့ရောက်ပါတယ်နော် ရှားပါးပြီး တော်ယုံ၀ယ်မရတာမို့ လှူချင်၍ဖြစ်စေ စားလို၍ ဖြစ်စေ ၊ ဧည...
24/10/2025

ပျားဘို့ ရှယ်ကြီးတွေ ပိဿာ 100လောက် ဒီနေ့ရောက်ပါတယ်နော်
ရှားပါးပြီး တော်ယုံ၀ယ်မရတာမို့ လှူချင်၍ဖြစ်စေ စားလို၍ ဖြစ်စေ ၊ ဧည့်ခံတာမျိုးဖြစ်စေ ဘယ်နေရာနဲ့မဆို ပွဲတိုးတင့်တယ်စေပါတယ်ရှင့်
ကလေးတိုင်းလည်းကြိုက်ကြတာမို့ သားသားမီးမီးတို့ကို အဟာရရှိ စားစေချင်တာမျိုးဖြစ်စေ
လုံမလေးဆီမှာ မှာယူလို့ရနေပါပြီ 😍😍

ဆိုင်လိပ်စာ
မုံရွာ၊ မြို့သစ်၊ အားသစ်လမ်း
09253416008/09954421506/09962133102
တို့ကို ဆက်သွယ် မှာယူနိုင်ပါပြီ ။

အလုပ်ပင်ပန်းလို့ ခေါင်းမကြည်တာမျိုးဖြစ်စေ၊🍋‍🟩🍋🍯 ချွေးထွက်များပြီး နွမ်းနယ်နေတာမျိုးဖြစ်နေသည်ဖြစ်စေ ၊ ကားမူး၊အရက်မူးလို့ ...
30/09/2025

အလုပ်ပင်ပန်းလို့ ခေါင်းမကြည်တာမျိုးဖြစ်စေ၊🍋‍🟩🍋🍯 ချွေးထွက်များပြီး နွမ်းနယ်နေတာမျိုးဖြစ်နေသည်ဖြစ်စေ ၊ ကားမူး၊အရက်မူးလို့ အမူးပြေဖျော်ရည်သောက်ချင်လို့ပဲဖြစ်စေ၊ အခုလိုလေးစပ်သောက်ကြည့် အရမ်းကောင်းပဲ
စပါကလင် +ပျားရည်+သံပရာသီး နှစ်လုံး🍋‍🟩🍸🍯
သံပရာသီးများများထည့်ပေးပါ ပျားရည် နှစ်ဇွန်း (သို့) သုံးဇွန်း🍋‍🟩🍋‍🟩🍸🍸🍯🍯

သောက်လို့လည်းရယအရမ်းကောင်းပြီး ခေါင်းလည်းလုံး၀ကြည်စေတယ်။ သောက်ပြီးရင်းသောက်ချင်ပဲ 🤤🤤🍋‍🟩🍋‍🟩🍋‍🟩🍋‍🟩🍸🍸🍹🍹🍯🍯

လုပ်သားပျားလေးတွေဆိုတာ အရမ်းချစ်ဖို့ကောင်းတာလေးတွေ
27/09/2025

လုပ်သားပျားလေးတွေဆိုတာ အရမ်းချစ်ဖို့ကောင်းတာလေးတွေ

အိမ်က လုံမလေးတို့ မေမေ နေမကောင်းလို့ အားရှိအောင်တိုက်တဲ့ဖြည့်စွက်စာလေး ကြက်ပေါင်းရည်ညှီ လို့ အမေက မသောက်နိုင်ဘူးအမေသောက်...
27/09/2025

အိမ်က လုံမလေးတို့ မေမေ နေမကောင်းလို့ အားရှိအောင်တိုက်တဲ့ဖြည့်စွက်စာလေး
ကြက်ပေါင်းရည်ညှီ လို့ အမေက မသောက်နိုင်ဘူး
အမေသောက်ချင်အောင် အခုလိုလေးပြင်ဆင်ပေးထားတာပါ။ ✌️

လုံမလေး မိတ်ဆွေတို့လည်း ကြက်ပေါင်းရည်မညှီအောင်အခုလိုလေး ‌ပြုလုပ်ပြီးသောက်လို့ရပါတယ်။
Brand ကြက်ပေါင်း၊ပျားရည်၊ ဆိုဒါ( သို့မဟုတ်) စပါကလင်၊ သံပရာသီးနည်းနည်း၊ ပိုအားရှိအောင် ပျား၀တ်မှုံအနည်းငယ်ကို ရောစပ်ပြီး ဖျော်ခဲ့ပါတယ်။🥰

ကြက်ပေါင်းရည်ရဲ့အညှီဓာတ်လုံး၀ပျောက်ပြီး အားရှိစေပြီး ခေါင်းကြည် လန်းဆန်းစေတာလေးပါ။ 💪💪✌️

လုံမလေးမေမေကတော့ အစက လုံး၀ ကြက်ပေါင်းတိုက်မရတာကနေ အခုလိုစပ်တိုက်တော့ တစ်ကျိုက်ထဲအကုန်သောက်နိုင်ခဲ့တယ်🤗🤗

ပျားရည်စစ်စစ် လုံမလေးဆီ ၀ယ်လို့ရပါတယ်
တစ်လီတာ 14000 (ဈေးတတ်ရန်ရှိ)
ပျား၀တ်မှုံ 13000

လုံမလေးတို့ ဆိုင်လိပ်စာ
မုံရွာ၊ မြို့သစ်၊ အားသစ်လမ်း
09253416008/09954421506/09962133102

အိမ်အရောက်ပို့မရတော့ပါရှင့်
ကားဂိတ်ချပဲရပါတော့မယ်ရှင့်

🙏🙏အားပေးကြတဲ့တစ်ဦးချင်းစီတိုင်း လုံမလေးမှ အမြဲကျေးဇူးတင်ရှိပါတယ်ရှင့် 🙏🙏🙏🙏🙏

ထပ်ရောက်တဲ့ ပျားရည်လေးတွေ ဈေးတတ်ဖို့ရှိပါမယ်ရှင့်ပုံးလိုက်ဈေး  တစ်ပိဿာ 13000 ပါရှင့်တစ်ပုံး ပုံးခွံပါပြီး 210000 ပါရှင့်...
26/09/2025

ထပ်ရောက်တဲ့ ပျားရည်လေးတွေ ဈေးတတ်ဖို့ရှိပါမယ်ရှင့်
ပုံးလိုက်ဈေး တစ်ပိဿာ 13000 ပါရှင့်
တစ်ပုံး ပုံးခွံပါပြီး 210000 ပါရှင့်
လက်လီ လီတာ ဗူးလေးတွေလည်း လက်ရှိဈေး တစ်ဗူး 14000 ပါ
လီတာဗူးဈေးလေးတွေလည်းထပ်တတ်ဖို့ရှိတာမို့ အခုတခေါက် မတတ်ခင်လေး ၀ယ်ယူအားပေးထားလို့ရပါပြီရှင့်
🥰🥰
အားပေးကြတဲ့တစ်ဦးချင်းစီတိုင်း ကျေးဇူးအထူးပါရှင့်
နောက်ရောက်တဲ့ 5 ပေပါလေး 2ပေပါ ကျော်လောက်ပဲ ကျန်ပါတော့မယ်ရှင့် ❤️❤️😍😍
လက်လီလက်ကားအားပေးကြတဲ့ တစ်ဦးချင်းစီတိုင်း ကျန်းမာချမ်းသာ၍ စီးပွားလာဘ်လာဘများလည်း တိုးပွားကြပါစေနော် 🙏🙏

Address

Arthit Street
Monywa

Telephone

+959954421506

Website

Alerts

Be the first to know and let us send you an email when လုံမလေး ပျားရည် နှင့် ပျားဘို့/Lone Ma Lay Honey and Honey Comb posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share