Shwe Hinthar-Natural Peanut Oil

Shwe Hinthar-Natural Peanut  Oil မိသားစုတိုင်း ကျန်းမာပျော်ရွှင်ဖို့ ၁၀၀% မြေပဲဆီသန့်စစ်စစ် ရွှေဟင်္သာ မြေပဲဆီသန့်ကို သုံးကြစို့

01/02/2024

🤔သင့်ကျန်းမာရေးအတွက်ဘယ်လိုဆီတွေ စားသုံးသင့်လဲ?
🤔ဘယ်လိုဆီတွေကို စားသုံးခြင်းက သင့်ကျန်းမာ‌ရေးကို ကာကွယ်ပေးမလဲ?
👉သင့်ကျန်းမာရေးက အလွန်အရေးကြီးတာဖြစ်တဲ့အတွက်ကြောင့်‌ သန့်ရှင်းလက်ဆက်တဲ့သဘာဝမြေပဲဆီစစ်စစ်ကိုဘဲစားသုံးဖို့ အကြံပြုအပ်ပါတယ်ရှင့်🥜🥜🥜

31/01/2024

မြေပဲဆီ ကိုဘာကြောင့်ရွေးချယ် စားသုံးသင့်တဲ့ အကြောင်း

အပင်ထွက်ဆီ အများစုမှာ နှလုံး ကျန်းမာရေး အ တွက် ကောင်းတဲ့ မပြည့်ဝသော ဖက်တီးအက်စစ် (Unsaturated fatty acid) တွေ၊ တနည်းအား ဖြင့် အိုမီဂါ-3၊ အိုမီဂါ-6၊ အိုမီဂါ-9 တွေ များပါ တယ်။ အိုမီဂါ သုံးမျိုးရဲ့ ရာခိုင်နှုန်းတွေကို ၁၀၀-မှ နှုတ်လျှင် ကျန်တာဟာ နှလုံးကျန်းမာရေး အ တွက် မကောင်းတဲ့ ပြည့်ဝသော ဖက်တီးအက်စစ် (Saturated fatty acid) % ဖြစ်ပါတယ်။

● မြန်မာတွေ ကြိုက်ကြတဲ့ မြေပဲဆီမှာ -
နှလုံးနှင့်သွေးကြော ကျန်းမာရေးကို အကျိုးပြုတဲ့ မပြည့်ဝသော ဖက်တီးအက်စစ် တွေက ၇၅% ထိ ပါရှိပြီး၊ နှလုံး ကျန်းမာရေး အတွက် မကောင်းတဲ့ ပြည့်ဝသော ဖက်တီးအက်စစ် တွေက ၂၅% သာ ပါရှိပါတယ်။
မြေပဲဆီထဲက မပြည့်ဝသော (ကောင်းသော) ဖက်တီး အက်စစ် တွေအနက် ၅၅% ဟာ အိုမီဂါ-9 အမျိုးအစား ဖက်တီးအက်စစ်တွေ ဖြစ်ပါတယ်။ အိုမီဂါ- 9 ဖက်တီး အက်စစ် များတဲ့ သံလွင်ဆီကို စားသုံးကြသူ မြေထဲပင်လယ် ဒေသက လူတွေ ဟာ နှလုံးရောဂါ ဖြစ်ပွားမှု အလွန် နည်းပါတယ်။
မြေပဲဆီထဲက ကျန်တဲ့ ဖက်တီးအက်စစ် ၂၀% ဟာ အိုမီဂါ -6 အမျိုးအစားတွေ ဖြစ်ပါတယ်။ မြေပဲဆီဟာ တတ် နိုင်လျှင် ရွေးချယ် စားသုံးသင့် တဲ့ဆီ ဖြစ်ပါတယ်။

● မြန်မာတွေ အကြိုက် နှမ်းဆီမှာ -
ကျန်းမာရေးအတွက် ကောင်းတဲ့ မပြည့်ဝသော ဖက်တီးအက်စစ် (၈၀%) အနက် အိုမီဂါ- -9 က ၄၀% နှင့် အိုမီဂါ-6 က ၄၀ % ပါပါတယ်။ နှမ်းဆီ ဟာ ရွေးချယ် စားသုံးသင့်တဲ့ ဆီ ဖြစ်ပါတယ်။

● ပဲပုပ်ဆီ (soya bean oil) မှာ -
အိုမီဂါ-6 က အများဆုံး (၅၁% ခန့်) ပါဝင်ပြီး၊ အို မီဂါ-9 က ၂၃% နှင့် အိုမီဂါ-3 က ၇% ခန့် ပါရှိပါ တယ်။
အနောက်နိုငံက လူတွေ စာသုံးတဲ့ဆီ ဖြစ်ခြင်း၊ အိုမီဂါ-3 က ၇% လောက် ပါနေခြင်း တို့ကြောင့် ပဲပုပ်ဆီကို ကောင်းလှချေရဲ့လို့ ပြောသူတွေ ရှိပါတယ်။ ဒါပေမယ့်၊ ပဲပုပ်ဆီထဲက အိုမီဂါ-3 (Alpha linolenic acid- ALA ) ကို ပင်လယ် ငါးတွေထဲက အိုမီဂါ -3 အမျိုးအစား (Eicosapenta- noic acid - EPA) ဖြစ်အောင် လူ့ခန္ဓာကိုယ် ထဲမှာ ပြောင်းရ တာ အလွန် ခက် တာကြောင့်၊ ယင်း ALA ကို သိပ်ပြီး အားကိုးလို့ မရပါဘူး။

● ပြောင်းဆီ (Corn oil) မှာ -
အိုမီဂါ-6 အလွန်များ (၅၈% ပါဝင်) ပြီး အိုမီဂါ -9 က ၂၇% ပါဝင်ပါတယ်။ အိုမီဂါ-3 က မဖြစ်စ လောက် (၁%) သာ ပါပါတယ်။

● နေကြာစေ့ဆီ (Sunflower oil) မှာ -
နေကြာ အမျိုးအစားအလိုက် အိုမီဂါ-6 က ၄၄% မှ ၇၅% ထိ၊ အိုမီဂါ- 9 က ၁၅% ခန့်နှင့် အိုမီဂါ- 3 က မဖြစ်စလောက် (၁%) ပါပါတယ်။

● ပဲပိစပ် (Horse gram) ဆီ
ပဲပိစပ်မှ စီးပွားဖြစ် ဆီ ထုတ်လို့မရပါဘူး။ ပဲပိစပ် ကို အညာမှာ ပုန်းရည်ကြီး လုပ်ရာမှာသာ အသုံး ပြုပြီး မြင်းကိုသာ ကျွေးကြပါတယ်။ ပဲပိစပ် ဆီ ရယ်လို့ ကြော်ငြာနေ ကြတာဟာ ပဲပုပ်ဆ်ီကို နာ မည်အတပ် မှားနေကြတာပါ။
*** ပဲပိစပ်နို့ ဆိုတာလည်း မရှိပါဘူး၊ ပဲပုပ်နို့ (soya milk) ကို မှားပြီး ပြောနေကြတာပါ။

● စားအုန်းဆီ။
"ဆီကို ရေချိုး" ရလောက်အောင် ပေါပေါများများ သုံးခဲ့ကြတဲ့ မြန်မာတွေက မြေပဲဆီနှင့် နှမ်းဆီကိုမှ သုံးချင်ကြ ပါတယ်။ တကယ်တော့ စားအုန်းဆီ (palm oil) ကို အာဆီယံ နိုင်ငျံတွမှာ စားသုံးနေ ကြရုံမက ဥရောပ သမဂ္ဂ (အီးယူ) နိုင်ငံတွေ မှပင် ဝယ်ယူနေ ကြပါပြီ။ မလေးရှားဟာ စားအုန်းဆီ ရောင်းပြီး သူဌေးဖြစ် နေပါပြီ။ အင်ဒိုနီးရှားက မလေးရှားကို အမီလိုက် ရုံမက ကျော်တက် ချင် နေပါပြီ။
သွေးထဲမှာ ခိုလက်စထရော များစေတဲ့ ပြည့်ဝ သာ ဖက်တီးအက်စစ်တွေ စားအုန်းဆီမှာ ၅၀% ပါ နေပါတယ်။ အခြားဆီတွေမှာထက် များပါတယ်။ ကျန် ၅၀% က မပြည့်ဝတဲ့ ဖက်တီး အက်စစ်တွေ ဖြစ်ပါတယ်။ နှလုံး ကျန်းမာရေးအတွက် ကောင်း လှချေရဲ့ ဆိုတဲ့ အိုမီဂါ-9 က ၄၀% လောက် ရှိပါ တယ်။ ဒီတော့ အမဲဆီ ဝက်ဆီ (ပြည့်ဝဆီတွေ) နှင့် သုံးပြီးသား ဆီတွေ မရောတဲ့ စားအုန်းဆီ သန့်သန့် ကို စားပြီး ကျန်းမာအောင် နေကြရမှာပါ။

● အုန်းဆီ (coconut oil)
အချို့နိုင်ငံတွေမှာ အုန်းဆီကို စက်ရုံတွေမှာ ထုတ်လုပ်ပြီး စားသုံးကြပါတယ်။ မြန်မာနိုင်ငံ မှာတော့ အုန်းဆီကို ဆံပင်လိမ်းရာမှာ အများဆုံး သုံးကြပြီး၊ အုန်းထမင်း၊ အုန်းနို့ခေါက်ဆွဲ တို့မှာ အုန်းနို့ကို သုံးကြပါတယ်။
အပင်ထွက် ဆီတွေအနက် အုန်းဆီမှာ ပြည့်ဝ တဲ့ ဖက်တီးအက်စစ် အများဆုံး (၈၂ % ထိ) ပါဝင် ပါတယ်။ ပြည့်ဝတဲ့ ဖက်တီး အက်စစ်တွေက သွေးထဲမှ ခိုလက်စထရော တွေကို ရှင်းထုတ်တဲ့ လုပ်ငန်းကို နှောက်ယှက်ခြင်းဖြင့် သွေးထဲမှာ ခိုလက် စထရော များစေပါတယ်။
ဒါပေမယ့် ဒီနေ့ နေ့လယ်ဖက် လေဖြတ်တဲ့လူကို မနက်က အုန်းနို့ ခေါက်ဆွဲတွေ စားလိုက်လို့ လေ ဖြတ်တာ ဆိုပြီး စွပ်စွဲတာတော့ သီအိုရီ အရ မဖြစ် နိုင်ပါဘူး။ အုန်းနို့သာမက ဘယ်အပင်ထွက် ဆီမှာ မှ ခိုလက်စထရော မပါပါဘူး။
ဒံပေါက်ထမင်းစားပြီး လေဖြတ်တယ် ပြောရ အောင်လည်း ဒံပေါက် ထမင်းမှာ ပါလာတဲ့ ခို လက် စထရော တွေကို Chylomicron ဆိုတဲ့ လစ်ပိုပရိုတင်း (Lipoprotein) တွေက အူသိမ်မှ အသည်းဆီ သယ်ဆောင် သွားစဉ်မှာ၊ ခိုလက်စ ထရော တွေဟာ သွေးကြော နံရံတွေထဲကို ဝင်မ သွား နိုင်ပါဘူး။ အသည်းကို ရောက်သွားပြီးမှ ပြန်ထွက် လာတဲ့ LDL ခိုလက်စထရော အချို့က သာ သွေးကြော နံရံတွေထဲ ဝင်ပြီး သွေးကြောတွေ ကို ကျဉ်းစေ (လေဖြတ်စေ) နိုင်တာပါ။
အိုမီဂါ- 6 များတဲ့ စားသုံးဆီ (ပြောင်းဆီ၊ နေ ကြာ စေ့ဆီ၊ ပဲပုပ်ဆီ)တွေ ရှိပါတယ်။ အချို့ လူ တွေမှာ အိုမီဂါ-6 စားသုံးမှုက လိုတာထက်ပင် ပို နေပါတယ်။ ဒါကြောင့် အိုမီဂါ-6 ပါတဲ့ ဆေးလုံး တမင် ဝယ်သောက်ဖို့ မလိုပါဘူး။
မြေပဲဆီ နှမ်းဆီတို့မှာ အိုမီဂါ-9 အများအပြား ပါတဲ့အပြင်၊ အမဲသား၊ ဝက်သား၊ ထောပတ် တို့ မှာ ပါတဲ့ ပြည့်ဝသော ဖက်တီးအက်စစ် (Stearic acid) ဟာ လူ့ခန္ဓာကိုယ် ထဲမှာ အိုမီဂါ-9 ဖက်တီး အက်စစ် (Oleic acid) အဖြစ် လွယ်ကူစွာ ပြောင်းနိုင်ပါတယ်။ ဒါကြောင့် အိုမီဂါ -9 ဆေး လုံး လည်း ဝယ်သောက်စရာ မလိုပါဘူး။
☆ အပင်ထွက် ဆီတွေမှာ အိုမီဂါ-3 ပါဝင်မှု နည်း ခြင်း၊
☆ ပဲပုပ်ဆီလို အပင်ထွက် ဆီမှာပါတဲ့ အိုမီဂါ-3 ကျတော့လည်း ခန္ဓာကိုယ်ထဲမှာ အသုံးပြုရတာ ခက်ခြင်းတို့ကြောင့်၊ အိုမီဂါ-3 ပါတဲ့ ငါးအဆီ ဆေးလုံးတွေကို ဝယ်သောက်တာက အဓိပ္ပါယ် ရှိပါတယ်။

CRd- U Hla kyi

Address

အမှတ်(၂)လမ်း၊လယ်တီရပ်ကွက်၊မုံရွာမြို့။
Monywa

Telephone

+959259243950

Website

Alerts

Be the first to know and let us send you an email when Shwe Hinthar-Natural Peanut Oil posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category