စွဲ -Swal -Monywa

စွဲ -Swal -Monywa Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from စွဲ -Swal -Monywa, Health Food Shop, ချမ်းမြဝတီရပ်ကွက်(၉)လမ်း, Monywa.

ကျန်းမာရေးနှင့်လဲညီညွတ်ရမယ်၊သန့်ရှင်းလတ်ဆတ်မှု​လဲရှိရမယ် တစ်ခါစားကြည့်ပြီးရင် လျှာလည်ပြီးစွဲသွားစေမယ်လို့ “စွဲ-Swal(Monywa)Health Foods&Test Better”မှ အာမခံပါတယ်ရှင်🙆‍♀️

ကြက်သားချက်ကြီးပဲစားရတာရိုးလွန်းရင် ထမင်းစားမြိန်မယ့် ကြက်သားအစပ်ကြော်နည်းလေး လုပ်စားကြည့်နော်🥰**ပါဝင်ပစ္စည်းများ**-ကြက်...
05/01/2025

ကြက်သားချက်ကြီးပဲစားရတာရိုးလွန်းရင် ထမင်းစားမြိန်မယ့် ကြက်သားအစပ်ကြော်နည်းလေး လုပ်စားကြည့်နော်🥰

**ပါဝင်ပစ္စည်းများ**
-ကြက်သား၊ ဆား၊ကြက်သားမှုန့်၊ပဲငံပြာရည်အပျစ်၊ပဲငံပြာရည်အကျဲ၊ခရုဆီ၊ကော်မှုန့်၊တရုတ်မဆလာ၊ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်း၊ငရုတ်သီးမှုန့်

**ပြုလုပ်နည်း**
-ကြက်သားထဲကို ဆား၊ကြက်သားမှုန့်၊အချိုမှုန့်၊ပဲငံပြာရည်အကျဲ/ပဲငံပြာရည်အပျစ်(၁)ဇွန်းထည့်ပါ
-ခရုဆီ(၁)ဇွန်းထည့်ပါ
-ကော်မှုန့် (၁)ဇွန်းထည့်ပါ
-အရသာစိမ့်ဝင်အောင် သေချာနယ်ပြီး ကြက်သားလေးကို နာရီဝက်လောက်နှပ်ထားပေးပါ

-ပြီးရင်ကြော်ဖို့ရာအတွက် ကြက်သားတွေကိုဆီပူထဲထည့်ပြီးအရောင်လေးပြောင်းတဲ့အထိကြော်ပေးပါရှင်
-အရောင်ပြောင်းရင် ငရုတ်သီးစိမ်းရယ်၊ငရုတ်သီးမှုန့်လေးထည့်ပေးရပါမယ် (အစပ်ကြိုက်တဲ့သူကတော့ များများလေးထည့်ကြော်လဲရပါတယ်ရှင်)
-နောက်ဆုံးမှာကြက်သွန်ဖြူလေးထောင်းပြီး မီးပြင်းပြင်းလေးနဲ့ကြော်လိုက်ရင် အရသာရှိတဲ့ ကြက်သားအစပ်ကြော်လေးရပါပြီရှင်🥰

မင်မင်ခုထိအိပ်မရသေးလို့ ဒီအလုပ်လေးနဲ့ပတ်သက်တဲ့အကြောင်းရာလေးတင်ပါရစေ ချစ်သောတို့ရေ🥰💁‍♀️မင်မင်အရင်ကလဲ အလုပ်တစ်ဖက်နဲ့ဒီအလုပ...
24/12/2024

မင်မင်ခုထိအိပ်မရသေးလို့ ဒီအလုပ်လေးနဲ့ပတ်သက်တဲ့အကြောင်းရာလေးတင်ပါရစေ ချစ်သောတို့ရေ🥰
💁‍♀️မင်မင်အရင်ကလဲ အလုပ်တစ်ဖက်နဲ့ဒီအလုပ်လေးကိုလုပ်ခဲ့တယ် အားပေးတဲ့သူတွေမေးကြတဲ့သူလေးတွေရှိခဲ့တယ် နောက်ပိုင်းအလုပ်တစ်ဖက်နဲ့အချိန်မရလို့ ဒီလုပ်ငန်းလေးကိုနားခဲ့တယ် ခုတော့မင်မင်သေချာလေးပြန်လုပ်ဖို့အတွက် ဆုံးဖြတ်လိုက်ပြီ 💪
💁‍♀️ဘာကြောင့်ဆုံးဖြတ်ချက်ချခဲ့တာလဲဆိုတော့ အပိုပြောတာမဟုတ်ဘူး အစားသောက်နဲ့ပတ်သက်တာမှန်သမျှ အကုန်အရသာရှိအောင်ဖန်တီးနိုင်တယ် အဲ့ဒါမင်မင်ရဲ့အားသာချက်တစ်ခုဖြစ်တာရယ်✅
💁‍♀️အစားအသောက်ကိုကောင်းအောင်ဖန်တီးရတာလဲ ဝါသနာတစ်ခုဖြစ်တယ်✅
💁‍♀️မင်မင်လက်ရာကိုစားပြီး ကောင်းလိုက်တာ အရသာရှိလိုက်တာဆိုတဲ့စကားကြားရင် တကယ်ကိုပျော်ပြီးပီတိဖြစ်မိတာအမှန်ပဲ✅
💁‍♀️ဒါ့ကြောင့်မို့ မင်မင်ရဲ့ဝါသနာပါရာလုပ်ငန်းလေးကို စားသုံးသူတွေအရသာရှိအောင် စေတနာတွေအပြည့်နဲ့ဖန်တီးထားတဲ့ အကောင်းဆုံးသောလက်ရာလေးတွေနဲ့ပဲသေချာလေးလုပ်ဖို့အမြဲကြိုးစားသွားပါမယ်ရှင်🥰
✅ဘယ်တော့မှ မင်မင်လွယ်”နဲ့အလျှော့မပေးပဲ မင်မင်မှန်းထားတဲ့ Targetထိရောက်အောင်သွားမယ်💪
💁‍♀️ချစ်သောတို့အတွက် သန့်ရှင်းလတ်ဆတ်ပြီးအရသာရှိရှိစားသုံးနိုင်ရန် စျေးနှုန်းအသင့်အတင့်နဲ့ စားသုံးသူအဆင်ပြေဖို့အတွက် အဓိကရည်ရွယ်ပါတယ်ရှင် ဒါ့ကြောင့်မို့ မင်မင်ကိုဝိုင်းရံပေးကြဖို့ကိုမေတ္တာရပ်ခံပါတယ်ရှင့်🥰
💁‍♀️ကိုယ့်ရဲ့ချစ်သောတို့အတွက် အကောင်းဆုံးသောလက်ရာတွေနဲ့ပြန်လာပါမယ်ရှင်🥰🥰

Admin အရင်က Smart-Vintage Houseနဲ့ စားစရာလေးတွေတင်ရောင်းခဲ့ဖူးတယ် ခုတော့ Pageလေးကို အသစ်ပြန်ဖွင့်ပြီး သေချာလေးပြန်လုပ်ဖိ...
23/12/2024

Admin အရင်က Smart-Vintage Houseနဲ့ စားစရာလေးတွေတင်ရောင်းခဲ့ဖူးတယ် ခုတော့ Pageလေးကို အသစ်ပြန်ဖွင့်ပြီး သေချာလေးပြန်လုပ်ဖို့အတွက်
ပြင်ဆင်နေပါပြီရှင့် အဆင်သင့်ဖြစ်တဲ့ခါကြရင်
စွဲ-Swal(Monywa) Health Foods&Test Better”ကို အားပေးဖို့တွက်ဖိတ်ခေါ်ပါတယ်ရှင်🥰

💁‍♀️ဒီပုံလေးတွေနဲ့ Reviewလေးတွေကို မြင်ရင်မှတ်မိလိမ့်မယ်ထင်ပါတယ်ရှင့် မင်မင်ရဲ့လက်ရာကိုစားဖူးတဲ့သူတိုင်း မင်မင်ရဲ့လက်ရာအရသာကိုသဘောကျမိမယ်ထင်ပါတယ်ရှင့်🥰
✅သန့်ရှင်းလတ်ဆတ်မှုအာမခံသလို စေတနာတွေအပြည့်နဲ့ချက်ထားတဲ့ အိမ်ချက်လက်ရာအတိုင်းအရသာရှိရှိစားရဖို့ကိုအာမခံပါတယ်ရှင်✌️
✅စျေးနှုန်းလေးကိုလဲ စားသုံးသူအဆင်ပြေစေမယ့်စျေးနှုန်းလေးတွေနဲ့ပဲရောင်းချပေးသွားပါမယ်ရှင့်🥰

အရောင်းPostလေးတင်တဲ့ခါ ယုံကြည်စွာအားပေးဖို့ဖိတ်ခေါ်ပါတယ်ရှင့်🫶

Address

ချမ်းမြဝတီရပ်ကွက်(၉)လမ်း
Monywa

Telephone

+959956866606

Website

Alerts

Be the first to know and let us send you an email when စွဲ -Swal -Monywa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share