08/03/2026
မာယာများတဲ့ လောကမှာ
မြင်သမျှဟာ အမှန်မဟုတ်နိုင်သလို
ကြားသမျှလည်း မမှန်နိုင်ဘူး
မမြင်နိုင်သော အရာတွေကို
ဦးနှောက်နဲ့ တွေးကြည့်ရတယ်
မျက်လုံးကို မသုံးရဘူး
မကြားနိုင်သော အရာတွေကို
နားရွက်ကလေး သုံးလို့မရဘူး
နှလုံးသားဖြင့် နားစွင့်ရတယ် ။ ။
#ခွန်ဟိဏ်း