02/06/2026
စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓါတ် တည်ငြိမ်အေးချမ်း ဖို့အတွက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရန် တိုင်း ဒေသကြီးဝန်ကြီးချုပ် ပြောကြား
ထားဝယ် ဇွန် ၂
“စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓါတ် တည်ငြိမ် အေးချမ်းဖို့အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်” တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ယနေ့ပြုလုပ်ကျင်းပသော တိုင်းရင်းသားရေးရာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ တိုင်းရင်းသားရေးရာဆွေးနွေးပွဲကို ၂၀၂၆ ဇွန်လ ၂ရက် နံနက်ပိုင်းက ထားဝယ်မြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆရာတော် အရှင်သူမြတ်များ၊ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဝင်များ ဖြစ်ကြ သည့် ဦးမန်းငြိမ်းမောင်နှင့် ဦးဇော်အေးမောင်၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တရား လွှတ်တော်တရားသူကြီးချုပ်၊ လွှတ်တော် ဒု-ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဒေါက်တာဆလိုင်း အင်ဒရူး ငွန်ကျုံးလျန်နှင့် ဒေါက်တာနန်းလှိုင် နှင့် ဌာန ဆိုင်ရာမှအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။ ဆက်လက်၍ ဝန်ကြီးချုပ်က ‘“တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု တို့ကို ဖွံ့ဖြိုး တိုးတက်စေရေး၊ တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွတ်ရေး၊ ချစ်ကြည် လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရေးနှင့်တိုးတက်ဖွံ့ဖြိုးမှု နည်းပါးနေသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူမှုစီးပွားရေးတိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီ ဆောင်ရွက်မည် ဖြစ်ကြောင်းလဲ ပြောကြားခဲ့သည်။
Hits of History