The Little Rice Company Myanmar

The Little Rice Company Myanmar Singapore-born and Myanmar-based, Sustainability-driven the whole supply chain! Hearty Brown Rice for Healthy Lives! A Golden Sunland Co., Ltd owned brand!

“ Gym ဆော့သူများရဲ့ နံပါတ် (၁) ရွေးချယ်မှု”💪🏋️ဒီနေ့ခေတ်မှာ Gym ဆော့တာက lifestyle တစ်ခုဖြစ်လာပြီးWorkout တစ်ခုတည်းနဲ့ လုံ...
08/05/2026

“ Gym ဆော့သူများရဲ့ နံပါတ် (၁) ရွေးချယ်မှု”💪

🏋️ဒီနေ့ခေတ်မှာ Gym ဆော့တာက lifestyle တစ်ခုဖြစ်လာပြီးWorkout တစ်ခုတည်းနဲ့ လုံလောက်တော့ပါဘူး…။

စားသောက်ပုံစံမှန်ကန်မှုကလည်း Body Result ကို တိုက်ရိုက်သက်ရောက်စေပါတယ်။

အဲ့ဒီလို healthy lifestyle ကိုရွေးချယ်ထားတဲ့သူတွေအတွက်Healthy Brown Rice က အရေးပါတဲ့ daily food တစ်ခုဖြစ်လာပါတယ်။

Healthy Brown Rice ဆိုတာ Gym ဆော့သူတွေအတွက် အရမ်းကို သင့်တော်တဲ့ အစားအစာတစ်မျိုးပါ။

နေ့စဉ်လိုအပ်တဲ့ Energy ကို တဖြည်းဖြည်းပေးနိုင်လို့ workout လုပ်တဲ့အချိန်မှာလည်း အားလျော့မသွားဘဲ ဆက်တိုက်လုပ်နိုင်ပါတယ်။

အမျှင်ဓာတ် (Fiber) များတဲ့အတွက် အဆာလည်းခံစေပြီးအစာချေစနစ်ကိုလည်း ကောင်းမွန်အောင် ကူညီပေးပါတယ်။

Refined carbs မဟုတ်တဲ့အတွက် Clean Eating plan ထဲမှာလည်း အလွယ်တကူထည့်သုံးလို့ရပါတယ်။

ဒါ့ကြောင့် Strong body တည်ဆောက်ဖို့အတွက်
အစားအသောက်တွေရွေးချယ်တဲ့အခါမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဆန်လုံးညိုကို ရွေးချယ်ဖို့မမေ့နဲ့နော်။

The Little Rice Company Myanmar ရဲ့ Hearty Brown Rice (ရွှေဆန်လုံးညို)ကို

✅ City Mart Supermarket
✅ marketplace by City Mart
✅ Ocean Super Center တို့မှာ အခုပဲ ဈေးနှုန်းမှန်ကန်စွာနဲ့ ဝယ်ယူစားသုံးလိုက်ပါ။

💁 Online ကနေ မှာယူချင်တယ်ဆိုရင်တော့ The Little Rice Company Myanmar Page ကနေတဆင့်လည်း ရောင်းချပေးနေပါတယ်ခင်ဗျာ။

𝗛𝗲𝗮𝗿𝘁𝘆 𝗕𝗿𝗼𝘄𝗻 𝗥𝗶𝗰𝗲 𝗳𝗼𝗿 𝗬𝗼𝘂𝗿 𝗛𝗲𝗮𝗹𝘁𝗵𝘆 𝗟𝗶𝗳𝗲.

#ဆန်လုံးညို

ကဆုန်လပြည့်နေ့ အခါသမယမှာ မိသားစုများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာအေးချမ်းကြပါစေ။ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်...
30/04/2026

ကဆုန်လပြည့်နေ့ အခါသမယမှာ မိသားစုများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာအေးချမ်းကြပါစေ။ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်အတူ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း The Little Rice Myanmar မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။🙏

#ကဆုန်လပြည့်ဗုဒ္ဓနေ့

“ဆန်လုံးညိုစားရင် ဝမ်းချုပ်လား?”🤔“ဆန်လုံးညိုစားရင် ဝမ်းချုပ်တတ်တယ် ဆိုပြီးတော်တော်များများက အထင်မှားနေတတ်ကြပါတယ်။တကယ်တော...
20/04/2026

“ဆန်လုံးညိုစားရင် ဝမ်းချုပ်လား?”🤔

“ဆန်လုံးညိုစားရင် ဝမ်းချုပ်တတ်တယ် ဆိုပြီးတော်တော်များများက အထင်မှားနေတတ်ကြပါတယ်။

တကယ်တော့ ဆန်လုံးညိုက ဝမ်းချုပ်စေတဲ့အစားအစာမဟုတ်ပါဘူးနော်၊ အမျှင်ဓာတ် (Fiber) များလို့ ဝမ်းသွားရလွယ်အောင်တောင် ကူညီပေးတာပါ။

ဒါပေမဲ့ တချို့လူတွေမှာ အစပိုင်းစားတဲ့အချိန်
ဝမ်းချုပ်သလိုခံစားရတဲ့ အကြောင်းရင်းတွေကတော့

ရေသောက်နည်းတာ၊ Fiber များတဲ့အစားအစာကို တစ်ခါတည်းအများကြီးစားတာ၊ ဒါမှမဟုတ် ကိုယ်ရဲ့အစာခြေစနစ်မလိုက်ဖက်သေးတာတွေကြောင့်ပါ။ဒါကြောင့် အကြံပေးချင်တာကတော့

✅ ဆန်လုံးညိုစားမယ်ဆိုရင် ရေများများသောက်ပေးပါ။

✅ ချက်တဲ့အခါလည်း ရေပိုထည့်ပြီး ပျော့ပျော့လေးချက်ပါ။

✅ ပြီးတော့ ပမာဏနည်းနည်းနဲ့စပြီး ကိုယ့်ရဲ့ အစာချေစနစ်နဲ့ လိုက်အောင်တဖြည်းဖြည်းစားသွားတာက ပိုကောင်းပါတယ်။

The Little Rice Company Myanmar ရဲ့ Hearty Brown Rice (ရွှေဆန်လုံးညို)ကို

✅ City Mart Supermarket
✅ marketplace by City Mart
✅ Ocean Super Center တို့မှာ အခုပဲ ဈေးနှုန်းမှန်ကန်စွာနဲ့ ဝယ်ယူစားသုံးလိုက်ပါ။

💁 Online ကနေ မှာယူချင်တယ်ဆိုရင်တော့ The Little Rice Company Myanmar Page ကနေတဆင့်လည်း ရောင်းချပေးနေပါတယ်ခင်ဗျာ။

𝗛𝗲𝗮𝗿𝘁𝘆 𝗕𝗿𝗼𝘄𝗻 𝗥𝗶𝗰𝗲 𝗳𝗼𝗿 𝗬𝗼𝘂𝗿 𝗛𝗲𝗮𝗹𝘁𝗵𝘆 𝗟𝗶𝗳𝗲.

#ဆန်လုံးညို

မြန်မာတို့ရဲ့ ရိုးရာအတာသင်္ကြန်အခါသမယမှာ မိဘပြည်သူများအားလုံး ဘေးရန်ကင်းကွာပြီး အေးချမ်းပျော်ရွှင်ကြပါစေကြောင်း The Litt...
12/04/2026

မြန်မာတို့ရဲ့ ရိုးရာအတာသင်္ကြန်အခါသမယမှာ မိဘပြည်သူများအားလုံး ဘေးရန်ကင်းကွာပြီး အေးချမ်းပျော်ရွှင်ကြပါစေကြောင်း The Little Rice Company မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ရေနဲ့ ဆေးကြောသန့်စင်ရင်း နှစ်သစ်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံများဖြင့် စိတ်သစ်၊ လူသစ်၊ အင်အားသစ်များ ပိုင်ဆိုင်နိုင်ကြပါစေ။

𝗛𝗲𝗮𝗿𝘁𝘆 𝗕𝗿𝗼𝘄𝗻 𝗥𝗶𝗰𝗲 𝗳𝗼𝗿 𝗬𝗼𝘂𝗿 𝗛𝗲𝗮𝗹𝘁𝗵𝘆 𝗟𝗶𝗳𝗲.

#ဆန်လုံးညို

ဒီနေ့ခေတ် လူတွေဟာ အာဟာရပြည့်ဝပြီး ကျန်းမာရေးအတွက် အကျိုးရှိတဲ့ အစားအစာတွေကို ပိုမိုရွေးချယ်လာကြပါတယ်။ အဲဒီလို ရွေးချယ်မှ...
15/03/2026

ဒီနေ့ခေတ် လူတွေဟာ အာဟာရပြည့်ဝပြီး ကျန်းမာရေးအတွက် အကျိုးရှိတဲ့ အစားအစာတွေကို ပိုမိုရွေးချယ်လာကြပါတယ်။ အဲဒီလို ရွေးချယ်မှုတွေထဲမှာ “Whole Grain” ဆိုတဲ့ စကားလုံးကို မကြာခဏ ကြားရတတ်ပါတယ်။

Whole Grain ဆိုတာက စပါး၊ ဂျုံ စတဲ့ သီးနှံအစေ့တွေကို ပြုပြင်လုပ်ဆောင်တဲ့အခါ အစေ့ရဲ့ အစိတ်အပိုင်း (၃) မျိုးလုံးကို မဖယ်ရှားဘဲ အပြည့်အစုံရရှိအောင် ပြင်ဆင်ထားတာကို ဆိုလိုပါတယ်။
အစေ့တစ်စေ့မှာ.......

🌾 Fiber၊ Vitamin B နှင့် Antioxidants တွေ ပါဝင်ပါတဲ့ Bran (အပြင်ခွံအလွှာ)၊
🌾 Healthy fats၊ Vitamin E နဲ့ Minerals တွေပါဝင်တဲ့ Germ (မျိုးစေ့အစိတ်အပိုင်း) နဲ့
🌾 စွမ်းအင်တွေပေးစွမ်းနိုင်တဲ့ Carbohydrate ဆိုပြီး (၃) ပိုင်း ပါဝင်ပါတယ်။

ဆန်လုံးညို ကို ထုတ်လုပ်တဲ့အခါ အစေ့ရဲ့ အပြင်ခွံအလွှာ နဲ့ မျိုးစေ့အစိတ်အပိုင်းကို မဖယ်ရှားပါဘူး။ ဒါကြောင့် အာဟာရဓာတ်တွေကို အပြည့်အဝ ထိန်းသိမ်းထားနိုင်ပါတယ်။ အပြန်အလှန်အနေနဲ့ White Rice ကို ထုတ်လုပ်တဲ့အခါမှာတော့ အပြင်ခွံအလွှာ နဲ့ မျိုးစေ့အစိတ်အပိုင်းကို ဖယ်ရှားပြီး Endosperm ပဲ ချန်ထားတာကြောင့် အာဟာရဓာတ်အချို့ လျော့နည်းသွားပါတယ်။ ဒါ့ကြောင့် White Rice ကို Whole Grain လို့ မခေါ်ပါဘူး။

Whole Grain ဖြစ်တဲ့ ဆန်လုံးညိုကို စားသုံးပေးမယ်ဆိုရင် အစာချေစနစ် ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို လျော့နည်းစေပါတယ်။ ဆီးချိုရောဂါရှိသူတွေအတွက် ပိုပြီး သင့်တော်ပါတယ်။ အစာစားချင်စိတ်ကို ထိန်းချုပ်လိုသူတွေအတွက် အထောက်အကူဖြစ်ပါတယ်။ Whole Grain တွေကို စားသုံးခြင်းဟာ နှလုံးရောဂါအန္တရာယ် လျော့နည်းစေတယ်လို့ သုတေသနတွေမှာ တွေ့ရှိထားပါတယ်။

Whole Grain ဆိုတာ “အစေ့အပြည့်အစုံ” ကို ဆိုလိုပြီး ဆန်လုံးညိုက အစေ့ရဲ့ အာဟာရဓာတ်တွေကို မဖယ်ရှားဘဲ ထိန်းသိမ်းထားတဲ့အတွက် Whole Grain လို့ ခေါ်ကြတာဖြစ်ပါတယ်။
ကျန်းမာရေးကို အလေးထားသူတိုင်းအတွက် ဆန်လုံးညိုဟာ ရိုးရှင်းပေမယ့် တန်ဖိုးကြီးတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။🌾

The Little Rice Company Myanmar ရဲ့ Hearty Brown Rice (ရွှေဆန်လုံးညို)ကို

✅ City Mart Supermarket
✅ marketplace by City Mart
✅ Ocean Super Center တို့မှာ အခုပဲ ဈေးနှုန်းမှန်ကန်စွာနဲ့ ဝယ်ယူစားသုံးလိုက်ပါ။

💁 Online ကနေ မှာယူချင်တယ်ဆိုရင်တော့ The Little Rice Company Myanmar Page ကနေတဆင့်လည်း ရောင်းချပေးနေပါတယ်ခင်ဗျာ။

𝗛𝗲𝗮𝗿𝘁𝘆 𝗕𝗿𝗼𝘄𝗻 𝗥𝗶𝗰𝗲 𝗳𝗼𝗿 𝗬𝗼𝘂𝗿 𝗛𝗲𝗮𝗹𝘁𝗵𝘆 𝗟𝗶𝗳𝗲.

#ဆန်လုံးညို

🌾နေ့စဉ် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးနေကြပေမယ့် အခြေခံအကျဆုံး အချက်ကို မေ့နေကြပြီလား?အဲဒါကတော့ အ...
03/03/2026

🌾နေ့စဉ် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးနေကြပေမယ့် အခြေခံအကျဆုံး အချက်ကို မေ့နေကြပြီလား?

အဲဒါကတော့ အူလမ်းကြောင်းကျန်းမာရေးပါပဲ။ ကျန်းမာတဲ့အူလမ်းကြောင်းဟာ ကျန်းမာတဲ့ဘဝရဲ့ အခြေခံအုတ်မြစ်ပါ။ 💨🍙

ဒါ့ကြောင့် ဒီနေ့မှာ အူလမ်းကြောင်းအတွက် အကောင်းဆုံး အစားအစာတစ်ခုဖြစ်တဲ့ ဆန်လုံးညို အကြောင်း ပြောပြချင်ပါတယ်။

🌾 ဆန်လုံးညိုမှာ အမျှင်ဓာတ် (Fiber) ကြွယ်ဝစွာပါဝင်တာကြောင့် ဝမ်းချုပ်တာကို သက်သာစေပြီး အူလမ်းကြောင်းကို သန့်ရှင်းစေပါတယ်။

ဒါ့အပြင် ဗီတာမင် B, မဂ္ဂနီဆီယမ် (Magnesium) နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) တွေ ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေပြီး ရေရှည်ကျန်းမာရေးအတွက် အထောက်အကူပြုပေးတဲ့အပြင်….

သွေးတွင်းသကြားဓာတ်ကို Stable ဖြစ်စေတဲ့အတွက် ဗိုက်ပြည့်လွယ်ပြီး တစ်နေ့တာလုံး လန်းဆန်းတက်ကြွစေပါတယ်။

ကျန်းမာတဲ့အူလမ်းကြောင်းဟာ ကျန်းမာတဲ့ဘဝရဲ့ အခြေခံအုတ်မြစ်မိုလို The Little Rice Company Myanmar ရဲ့ Hearty Brown Rice (ရွှေဆန်လုံးညို)ကို

✅ City Mart Supermarket
✅ marketplace by City Mart
✅ Ocean Super Center တိုမှာ အခုပဲ ဈေးနှုန်းမှန်ကန်စွာနဲ့ ဝယ်ယူစားသုံးလိုက်ပါ။

💁 Online ကနေ မှာယူချင်တယ်ဆိုရင်တော့ The Little Rice Company Myanmar Page ကနေတဆင့်လည်း ရောင်းချပေးနေပါတယ်ခင်ဗျာ။

𝗛𝗲𝗮𝗿𝘁𝘆 𝗕𝗿𝗼𝘄𝗻 𝗥𝗶𝗰𝗲 𝗳𝗼𝗿 𝗬𝗼𝘂𝗿 𝗛𝗲𝗮𝗹𝘁𝗵𝘆 𝗟𝗶𝗳𝗲.

#ဆနလုံးညို

၂၀၂၆ ခုနှစ်၊ မတ်လ ( ၂ ) ရက်နေ့မှာ ကျရောက်တဲ့ “တောင်သူလယ်သမားနေ့” တွင် ကျေးဇူးရှင် တောင်သူဦးကြီးများအားလုံး စိတ်ချမ်းသာ က...
03/03/2026

၂၀၂၆ ခုနှစ်၊ မတ်လ ( ၂ ) ရက်နေ့မှာ ကျရောက်တဲ့ “တောင်သူလယ်သမားနေ့” တွင် ကျေးဇူးရှင် တောင်သူဦးကြီးများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ကျန်းမာသုခအဖြာဖြာနှင့် ပြည့်စုံကာ စီးပွားရေးလုပ်ငန်းများ ဒီရေကဲ့သို့တိုးတက်ကြပါစေကြောင်း The Little Rice Company Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🙏🌾

𝗛𝗲𝗮𝗿𝘁𝘆 𝗕𝗿𝗼𝘄𝗻 𝗥𝗶𝗰𝗲 𝗳𝗼𝗿 𝗬𝗼𝘂𝗿 𝗛𝗲𝗮𝗹𝘁𝗵𝘆 𝗟𝗶𝗳𝗲.

#ဆန်လုံးညို
#တောင်သူလယ်သမားနေ့

🍚ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ ဆန်လုံးညိုကို ချက်စားချင်ပေမယ့် ချက်နည်းမသိသေးတဲ့သူတွေအတွက် ဆန်လုံးညိုဘယ်လိုချက်ရမလဲဆ...
09/02/2026

🍚ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ ဆန်လုံးညိုကို ချက်စားချင်ပေမယ့် ချက်နည်းမသိသေးတဲ့သူတွေအတွက် ဆန်လုံးညိုဘယ်လိုချက်ရမလဲဆိုတာကို ဝေမျှလိုက်ပါတယ်။

ဆန်လုံးညိုမှာ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးများပါတယ်။ ဆန်လုံးညိုကို ဒီလို နည်းလမ်းတွေနဲ့ ပြင်ဆင်ချက်ပြုတ်မယ်ဆိုရင် ပိုပြီးကောင်းမွန် စိတ်ချရပါတယ်။

1️⃣ ဆန်ကို အနည်းဆုံး ၃၀ မိနစ်မှ တစ်ညလုံး ရေစိမ်ထားပါက ထမင်းသားပိုမို နုညံ့ပါတယ်။

2️⃣ ဆန် ၁ ဆ ကို ရေ ၂ ဆ မှ ၂ ဆခွဲ အထိ ထည့်ချက်ပါ။
မိမိနှစ်သက်သည့် အပျော့၊အမာအပေါ်မူတည်၍ ရေကို ချိန်ဆနိုင်ပါသည်။

3️⃣ပြီးရင် ပုံမှန်ထမင်းချက်သလိုပဲ ထည့်ချက်ပေးလို့ရပါပြီ။ ရေငှဲ့ချက်ပေးရင်တော့ ကျန်းမာရေးအတွက် ပိုသင့်တော်ပါတယ်။ ချက်၍ ကျက်ပြီဆိုလျှင် အဖုံးကို ချက်ချင်းမဖွင့်ပဲ ၁၀ မိနစ်ခန့် အုပ်ထားပါက ထမင်းပို၍ နူးနပ်ပါသည်။

4️⃣ ဆန်လုံးညိုကို ဆန်ဖြူ၊ ဂျုံ၊ ပြောင်း၊ အာလူးစတဲ့ အစားအစာများအတွက် အစားထိုးအစားအစာအဖြစ် စားသုံးနိုင်ပါတယ်။

ဆန်လုံးညိုကို ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများများ ထည့်စားပေးခြင်းဖြင့် Antioxidants ဓာတ်တွေ ရရှိပြီး ခန္ဓာကိုယ်အတွက် အကျိုးပြုစေပါတယ်။
သူ့မှာ အမျှင်ဓာတ်မြင့်မားစွာပါဝင်ပြီး အစာခြေစနစ်ကို ကောင်းမွန်စေတယ်။ နှလုံးကျန်းမာရေး၊ ဆီးချိုထိန်းညှိရေးနဲ့ ကိုယ်အလေးချိန်စီမံရေးတို့အတွက် အထောက်အကူပြုတယ်။ ဗီတာမင် B၊ မဂ္ဂနီစီယမ်၊ ဖော့စ်ဖရပ်စ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။

ဆန်လုံးညိုကို သန့်ရှင်းအောင် ပြင်ဆင်ပြီး၊ မျှတအောင် စားသုံးမယ်ဆိုရင် ကျန်းမာရေးအတွက် အာဟာရပြည့်ဝတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။🌱

The Little Rice Company Myanmar ရဲ့ Hearty Brown Rice (ရွှေဆန်လုံးညို)ကို
✅ City Mart Supermarket
✅ marketplace by City Mart
✅ Ocean Super Center တို့မှာ အခုပဲ ဈေးနှုန်းမှန်ကန်စွာနဲ့ ဝယ်ယူစားသုံးလိုက်ပါ။

💁 Online ကနေ မှာယူချင်တယ်ဆိုရင်တော့ The Little Rice Company Myanmar Page ကနေတဆင့်လည်းရောင်းချပေးနေပါတယ်ခင်ဗျာ။

𝗛𝗲𝗮𝗿𝘁𝘆 𝗕𝗿𝗼𝘄𝗻 𝗥𝗶𝗰𝗲 𝗳𝗼𝗿 𝗬𝗼𝘂𝗿 𝗛𝗲𝗮𝗹𝘁𝗵𝘆 𝗟𝗶𝗳𝗲.

#ဆန်လုံးညို

GI ဆိုတာ Glycemic Index ရဲ့ အတိုကောက် စကားလုံးဖြစ်ပြီး ခန္ဓာကိုယ်အတွင်းက သွေးတွင်းသကြားဓာတ်အပေါ် အကျိုးသက်ရောက်မှုရှိတဲ့...
19/01/2026

GI ဆိုတာ Glycemic Index ရဲ့ အတိုကောက် စကားလုံးဖြစ်ပြီး ခန္ဓာကိုယ်အတွင်းက သွေးတွင်းသကြားဓာတ်အပေါ် အကျိုးသက်ရောက်မှုရှိတဲ့ ကာဘိုဟိုက်ဒြိတ် (ကစီဓာတ်) ကို တိုင်းတာတဲ့စနစ် ဖြစ်ပါတယ်။

ကျွန်တော်တို့စားသုံးလိုက်တဲ့ အစားအသောက်
တွေမှာ ကာဘိုဟိုက်ဒြိတ် (ကစီဓာတ်) အများကြီး ပါဝင်နေပြီး အဲ့ကစီဓာတ်တွေဟာ အူတွေထဲမှာ ဂလူးကို့စ်အဖြစ် ပြိုကွဲပါတယ်။ ပြီးမှ ပင်မသွေးကြောထဲကို ရောက်ရှိသွားပါတယ်။

အကျိုးဆက်အနေနဲ့ကတော့ သွေးတွင်းသကြားဓာတ် မြင့်တက်လာပြီး ပန်ကရိယက အင်ဆူလင်ပိုမိုထုတ်စေလို့ ဆီးချိုဖြစ်ဖို့ ပိုပြီးတွန်းအားပေးပါတယ်။

ဒါ့ကြောင့် GI ဟာ အစားအသောက်တွေရဲ့ သွေးတွင်းသကြားဓာတ်အပေါ် အကျိုးသက်ရောက်မှုကို တိုင်းတာနိုင်ဖို့ အရေးကြီးတဲ့စနစ် ဖြစ်ပါတယ်။

GI ကို အစားအသောက်မှာပါဝင်တဲ့ ကာဘိုဟိုက်ဒြိတ် (ကစီဓာတ်) ရဲ့ အစာခြေဖျက်မှု အမြန်နှုန်းအတိုင်း ကိန်းဂဏန်းနဲ့ ဖော်ပြလေ့ရှိပြီး (0-100) အထိ ရှိပါတယ်။

GI အနိမ့်အမြင့်ကို အဆင့် (၃) ဆင့် သတ်မှတ်ထားပြီး
✅ GI 55 နဲ့ အောက်အတွက် (Low GI-နည်းပါး)
✅ GI 56 မှ 69 အတွင်းကို (Medium GI-အလယ်အလတ်)
✅ GI 70 နဲ့ အထက်ကို (High GI-မြင့်) ဆိုပြီး ခွဲခြားထားပါတယ်။

နေ့စဉ်ပုံမှန်စားသုံးနေတဲ့ ဆန်ဖြူက GI 87 ရှိတာကြောင့် High GI အစားအသောက်ထဲမှာ ပါဝင်
ပါတယ်။

သာမန်ဆန်လုံးညိုတွေကတော့ GI 50 ဝန်းကျင်ရှိလို့ Low GI အစားအသောက်ထဲမှာပါဝင်ပြီး ကျွန်တော်တို့ The Little Rice Company ရဲ့ Golden Brown Rice ရွှေဆန်လုံးညိုဟာဆိုရင်တော့ GI 46 သာပါဝင်လို့ သာမန်ဆန်လုံးညိုတွေထက်တောင် GI ပါဝင်မှု ပိုမိုနည်းပါးပါသေးတယ်{Certified & Tested at Glycemic Index Research Unit, Temasek Analytical Service Facility, Teamsek Polytechnic Singapore (G18-88E)}

တွေ့ရှိချက်အရ GI မြင့်မားတဲ့ (GI 70 နဲ့ အထက်) အစားအသောက်တွေဟာ လျှင်မြန်စွာပြိုကွဲပြီး သွေးတွင်းသကြားဓာတ်နဲ့ အင်ဆူလင်မြင့်တက်မှုကို အချိန်တိုအတွင်း ဖြစ်ပေါ်စေပါတယ်။

GI နည်းပါးတဲ့ (GI 55 နဲ့ အောက်) အစားအသောက်တွေကတော့ ပြိုကွဲဖို့အချိန်ပိုကြာပြီး သွေးတွင်းသကြားဓာတ်နဲ့ အင်ဆူလင်မြင့်တက်မှုကိုလည်း ဖြေးညင်းစွာ ထိန်းညှိပေးနိုင်ပါတယ်။

Low GI 46 သာ ရှိတဲ့ The Little Rice Company ရဲ့ ရွှေဆန်လုံးညိုကို ရွေးချယ်စားသုံးခြင်းဖြင့် ဆီးချိုရောဂါကို ထိန်းညှိနိုင်ရုံမက ရောဂါဖြစ်နိုင်ချေကိုပါ လျော့နည်းစေပါတယ်။

အမျှင်ဓာတ်များစွာပါဝင်ပြီး ကာဘိုဟိုက်ဒြိတ် (ကစီဓာတ်) ပြိုကွဲချိန် ကြာမြင့်တာကြောင့် ဆာလောင်မှုကို လျော့ကျစေပြီး အခြားသရေစာ စားသုံးမှုနည်းပါးစေလို့ ကိုယ်အလေးချိန်ကိုလည်း လျှော့ချနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ် မြင့်မားမှုကြောင့် ဖြစ်တဲ့ နှလုံးရောဂါတွေနဲ့ ဦးနှောက်သွေးကြောဆိုင်ရာ ပြဿနာတွေကိုပါ ကာကွယ်နိုင်ပါတယ်။

ဒီလို ကျန်းမာရေးအတွက် အကျိုးကျေးဇူးကောင်းတွေ ရှိတဲ့ The Little Rice Company ရဲ့ Golden Brown Rice ရွှေဆန်လုံးညို (Low GI 46) ကို -
🏪 City Mart Supermarket
🏪 Marketplace by City Mart
🏪 Ocean Super Center
🏪 Sein Daung Superstore (Naypyitaw) တို့မှာလွယ်ကူစွာ ဝယ်ယူရရှိနိုင်ပြီး The Little Rice Company Myanmar Page ကနေလည်း ဆက်သွယ် ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

“Hearty Brown Rice for Your Healthy Life”

#ဆန်လုံးညို

🌐 ဒီနေ့ခေတ်မှာ ဝိတ်ချပြီးတော့ ကျန်းမာရေးကို ထိန်းသိမ်းတယ်ဆိုတာ လူတိုင်းအတွက် အရေးကြီးလာပါပြီ။ ဒါကြောင့် နေ့စဉ်စားသောက်နေ...
08/01/2026

🌐 ဒီနေ့ခေတ်မှာ ဝိတ်ချပြီးတော့ ကျန်းမာရေးကို ထိန်းသိမ်းတယ်ဆိုတာ လူတိုင်းအတွက် အရေးကြီးလာပါပြီ။ ဒါကြောင့် နေ့စဉ်စားသောက်နေတဲ့ အစာအာဟာရကို မှန်ကန်စွာ ရွေးချယ်နိုင်ဖို့လိုပါတယ်။ ကိုယ့်ခန္ဓာကိုယ်ကို ချစ်တတ်လာဖို့ဆိုရင် နေ့စဉ်စားသောက်မှုကို ထိန်းသိမ်းခြင်းကနေ စတင်ရပါမယ်။ 2026 ခုနှစ်မှာ ဝိတ်ချဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့ The Little Rice Myanmar ရဲ့ Healthy Brown Rice ဟာ ကျန်းမာရေးနဲ့အညီ ဝိတ်ချဖို့ ရွေးချယ်သင့်တဲ့ အကောင်းဆုံး ဆန်တစ်မျိုးဖြစ်ပါတယ်။

🌾 Healthy Brown Rice မှာ ဗီတာမင် B အုပ်စုတွေ၊ သတ္တုဓာတ်တွေနဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပြီး ကိုယ်ခန္ဓာရဲ့ စွမ်းအင်ဖြည့်တင်းမှုကို ကူညီပေးနိုင်ပါတယ်။ ဆန်လုံးညိုဖြစ်တဲ့အတွက် အမျှင်ဓာတ် (Fiber) ပိုမိုပါဝင်ပြီး ဒီအမျှင်ဓာတ်တွေဟာ ဗိုက်ပြည့်ချိန်ကို ကြာရှည်စေကာ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်တာကြောင့် ကိုယ်အလေးချိန် ထိန်းချင်သူတွေအတွက် အကောင်းဆုံး ရွေးချယ်မှုပါပဲ။
ကာဗိုဟိုက်ဒရိတ်ဓာတ် ကြွယ်ဝစွာပါဝင်မှုကြောင့် တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေစေဖို့ စွမ်းအင်အပြည့် ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် ဝိတ်ချချင်သူများအတွက် နေ့စဉ်စားသောက်နိုင်တဲ့ ဆန်တစ်မျိုးအဖြစ် အထူးသင့်တော်ပါတယ်။

၂၀၂၆ မှာ ဝိတ်ကျဖို့အတွက်အကောင်းဆုံးအဖော်မွန်ဖြစ်တဲ့ The Little Rice Company Myanmar ရဲ့ Hearty Brown Rice (ရွှေဆန်လုံးညို)ကို
✅City Mart Supermarket
✅marketplace by City Mart
✅Ocean Super Center
✅Sein Daung Superstore(Naypyitaw)တို့မှာ အခုပဲ ဈေးနှုန်းမှန်ကန်စွာနဲ့ ဝယ်ယူစားသုံးလိုက်ပါ။ �

� Online ကနေ မှာယူချင်တယ်ဆိုရင်တော့ The Little Rice Company Myanmar Page ကနေတဆင့်လည်းရောင်းချပေးနေပါတယ်ခင်ဗျာ။�

#2026 #ဆန်လုံးညို

2026 နှစ်သစ်မှစ၍  အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ The Little Rice Company Myanmar ...
01/01/2026

2026 နှစ်သစ်မှစ၍ အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ The Little Rice Company Myanmar မှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ 🙏✨


“𝗛𝗲𝗮𝗿𝘁𝘆 𝗕𝗿𝗼𝘄𝗻 𝗥𝗶𝗰𝗲 𝗳𝗼𝗿 𝗬𝗼𝘂𝗿 𝗛𝗲𝗮𝗹𝘁𝗵𝘆 𝗟𝗶𝗳𝗲.”

#2026 #ဆန်လုံးညို

Address

No. 71D/2, Asian Highway, Lewe Township
Naypyidaw
15032

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+959955111555

Alerts

Be the first to know and let us send you an email when The Little Rice Company Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share