Omega by Nyein

  • Home
  • Omega by Nyein

Omega by Nyein Omega seeds f1 hybrid နိုင်ငံခြားမျိုး အရည်အသွေးမြင့်မျိုးကောင်းမျိုးသန့်များကို ပြန်လည်ရောင်းချလိုသူများအတွက်
လက်ကား သီးသန့် ဖြန့်ဖြူးပေးပါသည်။09 966144223

 #မုန်လာဥစိုက်နည်းမုန်လာဥကိုက ပလတ်စတစ်ဗူးခွန်နဲ့စိုက်ချင်လို့ရသလို သေချာဘောင်နဲ့စိုက်ချင်လို့လည်းရပါတယ်။ဘောင်နဲ့ဆိုရင် တ...
13/08/2025

#မုန်လာဥစိုက်နည်း

မုန်လာဥကိုက ပလတ်စတစ်ဗူးခွန်နဲ့စိုက်ချင်လို့ရသလို သေချာဘောင်နဲ့စိုက်ချင်လို့လည်းရပါတယ်။

ဘောင်နဲ့ဆိုရင် တစ်ပင်နဲ့တစ်ပင် ၁ပေခြားပြီးမျိုးစေ့ကျဲပေးပါ။ မြေကြီးမွမှဥကြီးမှာမို့ မြေအောက်အနည်းငယ်အနက် ထားရင် အဆင်ပြေပါတယ်။ မျိုးကျဲနည်းက မြေဆွေး(မြေစည်)မွမွမှာ ရေသန့်ဗူးအဖုံးလောက်အကျယ် မြေလေးချိုင့်အောင်ဖိလိုက်ပါ။ ပြီးရင် ၁ချိုင့်ကို အစေ့၅စေ့စီကျဲပြီး အပေါ်ကနေမြေပြန်ဖုံးပေးပြီး ရေလောင်းပေးပါ။ အစေ့ကနေ အညှောက်ထွက်လာသည်အထိ ရေနေ့တိုင်းလောင်းပေးပါ။ အညှောက်ထွက်လာလို့ true leafလို့ခေါ်တဲ့ အရွက်သစ်လေးတွေ၂ရွက်လောက်ထွက်လာရင် ရေကို မြေအပေါ်ယံခြောက်မှလောင်းပေးပါ။ ပြီးတော့ အရွက်သစ်၃ရွက်မြောက်ထွက်လာရင် ၁ချိုင့်အတွင်းကျဲထားတဲ့အပင်ထဲက ထွက်လာတဲ့၃ပင်ချန်ပြီး ကျန်တာနှုတ်ပေးပါ။

အရွက်၅ရွက်မြောက်ထွက်လာရင် ၁ပင်ပဲချန်ပြီး ကျန်တာ အကုန်နှုတ်ပေးပါ။ ၁လခွဲလောက်နေရင် ဥစဥပြီး အပေါ်ကို အဖြူလေးစထွက်လာပါလိမ့်မယ်။
original writer

အိုမီဂါ မျိုးစေ့ကို စိုက်ပျိုးအားပေးကြသောတောင်သူကြီးများနှင့် အရောင်းကိုယ်စားလှယ်ကြီးများခင်ဗျားအိုမီဂါမျိုးစေ့ကုမ္ပဏီမှ...
15/07/2025

အိုမီဂါ မျိုးစေ့ကို စိုက်ပျိုးအားပေးကြသော
တောင်သူကြီးများနှင့်
အရောင်းကိုယ်စားလှယ်ကြီးများခင်ဗျား

အိုမီဂါမျိုးစေ့ကုမ္ပဏီမှ ဖြန့်ချီလျှက်ရှိသော
ဗာဟုဗာလီ အိန္ဒိယဖရဲမျိုးစေ့များကို
လက်ဟောင်းအထုပ် stickerကပ်သည့်ပုံစံ မှ
လက်သစ်ပုံစံ အသားတံဆိပ်ဖြင့်
အောက်ဖော်ပြပါ ပုံစံအတိုင်း
ပြောင်းလဲထုပ်ပိုးထားကြောင်း
သတင်းကောင်းပါးအပ်ပါသည်။

#ဗာဟုဗာလီဖရဲမျိုးစေ့

☎️: 09766531429
Viber 09 966144223
𝐎𝐦𝐞𝐠𝐚 𝐒𝐞𝐞𝐝
𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 𝐖𝐞 𝐆𝐫𝐨𝐰 : 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 𝐖𝐞 𝐋𝐢𝐯𝐞

ကာလီ ၅၅ ပန်းမုန်လာစပ်မျိုး✅ရွှေ့စိုက်ပြီး ( ၅၅ ) ရက်သားမှ      စတင်၍ ခုတ်သိမ်းနိုင်တယ်။✅ပန်းသား အဖြူရောင်ဖြစ်တယ်။✅ပန်းပွ...
06/07/2025

ကာလီ ၅၅ ပန်းမုန်လာစပ်မျိုး

✅ရွှေ့စိုက်ပြီး ( ၅၅ ) ရက်သားမှ
စတင်၍ ခုတ်သိမ်းနိုင်တယ်။
✅ပန်းသား အဖြူရောင်ဖြစ်တယ်။
✅ပန်းပွင့် ညီညာတယ်။
✅ပန်းပွင့် ကျစ်လျစ်၍ အပင်တည်ဆောက်မှု့
ကောင်းမွန်တယ်။
✅ပန်းပွင့်ပုံစံက
အခုံးပုံစံ ( Dome Type ) ဖြစ်တယ်။
✅ရောဂါဒဏ် ခံနိုင်ရည်ရှိတယ်။
✅ရာသီဥတုဒဏ် ခံနိုင်ရည်ရှိတယ်။

✅ထူးခြားတဲ့ လက္ခဏာတွေကတော့✅
အပင်ကြီးထွားမှု ညီညာခြင်း၊
အထွက်နှုန်း ကောင်းခြင်း၊
စားသုံးမှု အရည်အသွေး နူးညံ့ခြင်းတွေပဲ ဖြစ်တယ်။

ပန်းမုန်လာ စိုက်ပျိုးတဲ့ မြေပြန့်ဒေသတွေမှာ
မိုးရာသီအတွက် အကောင်းဆုံး စိုက်ပျိုးနိုင်ပါတယ်။

"အိုမီဂါမျိုးစေ့"ရဲ့ ကာလီ ၅၅ ပန်းမုန်လာစပ်မျိုး
သက်လျင်ပန်းမျိုးကို စိုက်ပျိုးသူများအတွက်
မိတ်ဆက်ပေးခြင်းဖြစ်ပါတယ်။



☎️: 09766531429
Viber 09 966144223
𝐎𝐦𝐞𝐠𝐚 𝐒𝐞𝐞𝐝
𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 𝐖𝐞 𝐆𝐫𝐨𝐰 : 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 𝐖𝐞 𝐋𝐢𝐯𝐞

23/06/2025

#သခွါး #လက်ကား #

✅ခြောက်သွေ့တဲ့ နွေရာသီမှာအေးမြတဲ့ စိုက်ခင်းလေးတစ်ခု စိုက်ပျိုးပါ။✅ဘယ်သူပဲဖြစ်ဖြစ်သက်တမ်း ( ၃၅ )ရက် ဝန်းကျင်နဲ့ဝင်ငွေဖြစ်...
07/06/2025

✅ခြောက်သွေ့တဲ့ နွေရာသီမှာ
အေးမြတဲ့ စိုက်ခင်းလေးတစ်ခု စိုက်ပျိုးပါ။

✅ဘယ်သူပဲဖြစ်ဖြစ်
သက်တမ်း ( ၃၅ )ရက် ဝန်းကျင်နဲ့
ဝင်ငွေဖြစ်စေ့မယ် စိုက်ခင်းလေးတစ်ခု ဖန်တီးနိုင်ပါတယ်။

✅ထိုင်ဝမ်မုန်ညင်းမျိုးစေ့တစ်ခုကိုသာ
မျိုးစေ့ ချ စိုက်ပျိုးခဲ့ပါ။
အေးမြတဲ့ စိုက်ခင်းလေးတစ်ခု ဖြစ်စေရပါမယ်။

✅အိမ်နောက်ဖေး ဈေးဆိုင်တည် ကြည့်ပါ။
ကြည်နူးစရာ ရာသီသာ ဖြစ်ခဲ့ပါစေ။

.700
#ထိုင်၀မ်မုန်ညင်း

♦️09 966144223 Viber မှာ အော်ဒါမှာယူနိုင်ပါတယ်

𝐎𝐦𝐞𝐠𝐚 𝐒𝐞𝐞𝐝
-------------------------------
𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 𝐖𝐞 𝐆𝐫𝐨𝐰
𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 𝐖𝐞 𝐋𝐢𝐯𝐞

🍆🍆အိမ်တွင်းခရမ်းသီးပင် စိုက်ပျိုးနည်းခရမ်းပင်ဟာစတင်စိုက်ပျိုးချိန်ကနေ အသီးသီးချိန်ထိ ရက်ပေါင်း ၁၂၀ ကနေ ၁၅၀ ထိကြာပါတယ်။စိ...
06/06/2025

🍆🍆အိမ်တွင်းခရမ်းသီးပင် စိုက်ပျိုးနည်း
ခရမ်းပင်ဟာစတင်စိုက်ပျိုးချိန်ကနေ အသီးသီးချိန်ထိ ရက်ပေါင်း ၁၂၀ ကနေ ၁၅၀ ထိကြာပါတယ်။စိုက်ပျိုးချိန်
ကြာပေမယ့် စိုက်ပြီးသွားရင်လဲ တစ်နှစ်ကျော်ထိ ဆက်
လက်ခူးဆွတ်စားသုံးနိုင်မှာဖြစ်ပါတယ်။

မြေကြီး ၆၀%၊ သဲ ၂၀%၊ သဘာဝမြေဆွေး ၂၀% တို့ကို သမအောင်ရောမွှေပါ။ပန်းအိုး၊ရေပုံးအဆင်ပြေရာအ
သုံးပြု၍စိုက်ပျိုးနိုင်သည်။အောက်ခြေတွင် ရေထွက်မည့်အပေါက်သုံးပေါက်ခန့်ဖောက်ပါ။ ပြီးလျှင် အိုး၏ အောက်ခြေရှိရေထွက်ပေါက်ကို ဖုံး၍ကျောက်စရစ်ခဲအနည်းငယ်ခင်းပါ။
မြေအရောကို အပင်စိုက်မည့်အိုးထဲသို့ဖြည့်ပါ။
အစေ့များကို ဖြန့်ကျဲပြီးလျှင် အပေါ်မှ မြေကြီးအရော
ကို ပါးပါးပြန်ဖုံးပေးပါ။ ရေလောင်းပေးပါ။
ရေအများကြီးမလောင်းမိစေရန် သတိထားပါ။ (၆ - ၈) ရက်ကြာလျှင် အပင်ပေါက်လေးများကို မြင်တွေ့နိုင်ပါပြီ။

အပင်ပေါက်လေးများ အမြင့် (၄-၅)လက်မခန့်ရောက်လျှင် အိုးခွဲ၍အပင်သီးသန့် စိုက်ပျိုးနိုင်ပါတယ်။ အသန်ဆုံးအပင်များကို ရွှေးချယ်စိုက်ပျိုးသင့်ပါတယ်။
နှစ်ပါတ်တစ်ခါ သဘာဝမြေသြဇာကျွေးနိုင်ပြီးတော့ တစ်ရက်ခြားတစ်ခါလောက် ရေလောင်းပေးနိုင်ပါတယ်။ အပင်အနည်းငယ်ကြီးလာရင်တော့ နေရောင်ကောင်း
ကောင်းရတဲ့နေရာမှာ ပြောင်းရွှေ့စိုက်ပျိုးသင့်ပါတယ်။ မြေကြီးကို အမြဲစိုစွတ်နေအောင်ထားပေးပြီး အပင်အမြစ်များမပုပ်အောင်လို့ ရေပိုမလောင်းမိစေရန် သတိထားရပါမယ်။ ရက် (၇၀ - ၈၀) လောက်ကြာရင် အသီးမြင်ရပါပြီဖြစ်ပါတယ်။
ရာသီဒဏ်ခံပြီးတစ်နှစ်ပါတ်လုံးကောင်းစွာစိုက်ပျိုးနိုင်သော ထွက်နှုန်းကောင်းသော ခရမ်းမျိုးများကို ဝယ်ယူရရှိနိုင်းပါသည်။
09 966144223 Viber
#လက်ကား



Credit to original writer

ပင်စိမ်းစိုက်နည်းပင်စိမ်းကို ဟင်းခတ် အမွှေး အကြိုင်အဖြစ် အသုံးပြုလျက်ရှိကြပါတယ်။ ပင်စိမ်းမှာလည်း အမျိုးအစားတွေ ကွဲပြားပါ...
02/06/2025

ပင်စိမ်းစိုက်နည်း

ပင်စိမ်းကို ဟင်းခတ် အမွှေး အကြိုင်အဖြစ် အသုံးပြုလျက်ရှိကြပါတယ်။ ပင်စိမ်းမှာလည်း အမျိုးအစားတွေ ကွဲပြားပါသေးတယ်။ Asian Basil ၊ Lemon Basil ၊ Holy Basil ဆိုပြီးတော့ လူသုံးများပါတယ်။ မြန်မာနိုင်ငံမှာတော့ Lemon လို့ ခေါ်တဲ့ အမျိုး အစားကိုတော့ အသုံးများတာ တွေ့ရပါတယ်။ အဓိက အသုံးပြုကြတာကတော့ အရွက်နဲ့ အစေ့ပါ။

မတ်လ ၊ ဧပြီလတွေမှာ အဖူးတွေ ဖူးတတ်ပါတယ်။ မြန်မာ တိုင်းရင်းဆေး ဖော်ရာမှာလည်း အသုံးပြုကြလေ့ရှိပီ း ဒီအတိုင်း စားရင်လည်း ကျန်းမာရေး အတွက် အထောက်အကူ ပြုပါတယ်။ ပင်စိမ်းနဲ့ ရောဂါလေးဆယ ်ဆိုပြီးတောင် ပြောစမှတ် ပြုကြပါသေးတယ်။

မြေအမျိုးအစား
မြေ အမျိုးအစားမရွေး ပေါက်ရောက် နိုင်ပါတယ်။ ရေစီးရေလာ ကောင်းမွန်သော မြေမျိုးတွင် စိုက်ပျိုး သင့်ပါသည်။ ရေဝပ်သော မြေမျိုးတွင် စိုက်ပျိုးပါက ပင်ခြေပုပ်ပီး တခြားသော ရောဂါများဝင်လာနိုင်ပါတယ်။

ရာသီဥတု
စိုစွတ်ပီးမိုးများသော ဒေသများတွင်လည်း စိုက်ပျိုးဖြစ်ထွန်းသည်။ နှင်းရိုက်ခြင်းနှင့် ပူပြင်းခြောက်သွေ့သော ဒဏ်ကိုလည်း အတော်အသင့်ခံနိုင်ရည်ရှိပါတယ်။အရိပ်အောက်တွင် စိုက်ပျိုးလျှင်တော့ အပင်ကြီးထွားမှုမှာ နှေးကွေးသည်။ မြန်မာနိုင်ငံမှာတော့ နေရာအတော်များများမှာ ပေါက်ရောက်ပြီး အပူပိုင်းမှာ ပိုပြီး ဖြစ်ထွန်းတာ တွေ့ရပါတယ်။

စိုက်ပျိုးခြင်း
အစေ့မှအများဆုံး စိုက်ပျိုး ဖြစ်ထွန်းသည်။ ပျိုးဘောင်ဖြင့် စိုက်ပျိုးပီး ဖေဖော်ဝါရီ တတိယပတ်မှာ စတင်ဘောင်ပြုလုပ်ပီး ဧပြီလလယ်တွင် ပြောင်းရွေ့စိုက်ခြင်းကို အပြီးဆောင်ရွက်လေ့ရှိပါတယ်။၁၅ × ၄× ၉ ပေ ဖြင့် ဘောင်ပြုလုပ်လေ့ရှိသည်။ မျိုးစေ့ကို မြေအနက် ၂ စင်တီမီတာတွင် စိုက်ပျိုးပီး မျိုးစေ့ပေါ်မှ နွားချေးနှင့် သဲဖြင့် ရောပီး ဖုံးအုပ်ပါ။ ပီးနောက် အစိုဓာတ်ရရှိစေရန် ရေဖျန်းပေးပါ။ စိုက်ပျိုးပီး ၆ ပတ်ခန့်ကြာလျှင် ( ၄ - ၅ရွက်ထွက် လျှင် ) ပြောင်းရွှေ့စိုက်ပျိုးရန် သင့်တော်သည်။ပြောင်းရွှေ့မစိုက်ခင် ၁၅ - ၂၀ ရက်ခန့် အလိုတွင် ယူရီးယား ၂ %ကို အရည်ဖျော်ပီး အပင်ပေါ်သို့ ဖျန်းပေးနိုင်ပါတယ်။

မြေသြဇာ ကျွေးခြင်း
နွားချေး မြေဆွေးနှင့် ယူရီးယား ဓာတ်မြေသြဇာများ အဓိက ကျွေးရန် လိုအပ်သည်။ သို့သော် မြေတွင် အခြား ဓာတ်မြေသြဇာများ ချို့တဲ့နိုင် သဖြင့် ဖော့စဖိတ်နှင့် ပိုတက်ရှ် မြေသြဇာ အနည်းငယ် တို့ကို မြေပြုပြင်ချိန်၌ မြေခံအဖြစ် ထည့်ပေး ရမည်။ အပင်ငယ် များပေါက် လာပြီး နှစ်ပတ်ခန့်ကြာလျှင် ယူရီးယား မြေသြဇာ ထမင်းစားဇွန်း နှစ်ဇွန်းစာကို ရေလေးဂါလံတွင် ဖျော်၍ လောင်းပေးခြင်းဖြင့် သန်မာသော အပင်များကို ရရှိနိုင်သည်။




29/05/2025
Credit to original writer 📝 ကန်စွန်းရွက်သည် အာဟာရဓာတ်များစွာပါဝင်ပြီး ကျန်းမာရေးအတွက် အထောက်အကူပြုသည်။ အောက်ပါအဆင့်များအ...
29/05/2025

Credit to original writer 📝
ကန်စွန်းရွက်သည် အာဟာရဓာတ်များစွာပါဝင်ပြီး ကျန်းမာရေးအတွက် အထောက်အကူပြုသည်။ အောက်ပါအဆင့်များအတိုင်း ကန်စွန်းရွက်ကို စိုက်ပျိုးနိုင်ပါသည်။
မြေပြင်ခြင်း
- ကန်စွန်းရွက်စိုက်ပျိုးရန် မြေကို ပြင်ဆင်ရပါမည်။
- မြေသည် ရေစီးရေလာကောင်းမွန်ပြီး သဘာဝမြေသြဇာကြွယ်ဝသော မြေဖြစ်သင့်သည်။
- မြေကို ကောင်းစွာထွန်ယက်ပြီး မြေဆီလွှာကို ပြောင်စင်အောင်ပြုလုပ်ပါ။

မျိုးစေ့ရွေးချယ်ခြင်း
- ကန်စွန်းရွက်မျိုးစေ့ကို ယုံကြည်စိတ်ချရသော မျိုးစေ့ဆိုင်များမှ ဝယ်ယူပါ။
- မျိုးစေ့များကို ရေစိမ်ပြီး အနည်းဆုံး ၂၄ နာရီခန့် စိမ်ထားပါ။

စိုက်ပျိုးခြင်း
- မျိုးစေ့များကို မြေကြီးထဲသို့ ၁ စင်တီမီတာခန့် နက်အောင်ထည့်ပါ။
- မျိုးစေ့များအကြား ၁၀ စင်တီမီတာခန့် ခြားပြီး စိုက်ပျိုးပါ။
- မျိုးစေ့များကို မြေကြီးဖြင့် ဖုံးအုပ်ပြီး ရေဖြည်းဖြည်းချင်းလောင်းပါ။

ရေလောင်းခြင်း
- ကန်စွန်းရွက်ပင်များသည် ရေကို များစွာလိုအပ်သည်။
- မြေကြီးစိုစွတ်နေစေရန် နေ့စဉ်ရေလောင်းပေးပါ။
- ရေများလွန်းပါက အမြစ်ပုပ်နိုင်သောကြောင့် ရေမဝပ်စေရန် ဂရုပြုပါ။

မြေသြဇာကျွေးခြင်း
- ကန်စွန်းရွက်ပင်များကို သဘာဝမြေသြဇာများ (ဥပမာ - နွားချေး၊ ကြက်ချေး) ဖြင့် ပုံမှန်ကျွေးပါ။
- ဓာတ်မြေသြဇာများကို အလွန်အကျွံမသုံးပါနှင့်။

ပေါင်းမြက်ရှင်းလင်းခြင်း
- ကန်စွန်းရွက်ပင်များ ကြီးထွားလာစေရန် ပေါင်းမြက်များကို ပုံမှန်ရှင်းလင်းပေးပါ။
- ပေါင်းမြက်များသည် အာဟာရဓာတ်များကို ယှဉ်ပြိုင်စားသုံးနိုင်သောကြောင့် ဖယ်ရှားပေးရပါမည်။

ရိတ်သိမ်းခြင်း
- ကန်စွန်းရွက်ပင်များသည် ၄ ပတ်မှ ၆ ပတ်အတွင်း ရိတ်သိမ်းနိုင်ပါပြီ။
- အရွက်များကို အောက်ခြေမှ ဖြတ်ယူပါ။
- ရိတ်သိမ်းပြီးနောက် ပင်စည်ကို ထားခဲ့ပါက နောက်ထပ်အရွက်များ ထွက်လာနိုင်ပါသည်။

ရောဂါနှင့်ပိုးမွှားကာကွယ်ခြင်း
- ကန်စွန်းရွက်ပင်များကို ပိုးမွှားနှင့် ရောဂါများမှ ကာကွယ်ရန် သဘာဝနည်းလမ်းများကို အသုံးပြုပါ။
- ပိုးသတ်ဆေးများကို အလွန်အကျွံမသုံးပါနှင့်။

ကန်စွန်းရွက်စိုက်ပျိုးခြင်းသည် လွယ်ကူပြီး အိမ်တွင်းစိုက်ပျိုးရေးအတွက် သင့်တော်သော နည်းလမ်းတစ်ခု
ဖြစ်သည်။

ကြက်ဟင်းခါးမျိုးများနဲ့ မိတ်ဆက်ပါအုန်းမယ်ရှင့်Omega seed မှအရည်အသွေးမြင့်ကြက်ဟင်းခါးမျိုးများဖြစ်သော💚ပန်ဒီယာ💚Dawee💚Vella...
25/05/2025

ကြက်ဟင်းခါးမျိုးများနဲ့ မိတ်ဆက်ပါအုန်းမယ်ရှင့်
Omega seed မှအရည်အသွေးမြင့်ကြက်ဟင်းခါးမျိုးများဖြစ်သော💚ပန်ဒီယာ💚Dawee💚Vella 💚Mini star စသောမျိုးကောင်းမျိုးသန့်များကို တောင်သူဦးကြီးများအတွက် ဖြန့်ဖြူးပေးနေပါပြီနော်
သီးနှုန်းကောင်းပြီးရာသီဒဏ်ခံ ရေဝပ်ဒဏ်လည်းခံလို့အကြိုက်များသော ကြက်ဟင်းခါးမျိုးများ ဖြစ်ပါသည်။
09 966144223

အိုးဖရုံဆို ပိုသွက်😍
23/05/2025

အိုးဖရုံဆို ပိုသွက်😍

Address


Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959966144223

Website

Alerts

Be the first to know and let us send you an email when Omega by Nyein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Grocery Store?

Share