ဖွားသိန်း Pure Organic Peanut Oil

ဖွားသိန်း Pure Organic Peanut Oil Pure Organic Peanut Oil
#ချစ်ခင်သူတွေ_ကျန်းမာဖို့
#'ဖွားသိန်း' ပဲဆီ_သုံးကြစို့

25/07/2026

လက်ဘရိတ်ကို ချလိုက်ပါ

ကျွန်တော့်အိမ်နီးနားချင်းက သူ့ဇနီးအတွက် ကားတစ်စီး ဝယ်ပေးခဲ့တယ်။ သူမမှာ ကားမောင်းတတ်တဲ့ အခြေခံအသိလေးတချို့ ရှိနေပေမဲ့ ဒါဟာ သူမရဲ့ ပထမဆုံးကားဆိုတာ ထင်ရှားလှပါတယ်။ ဒါကို ကျွန်တော် ဘယ်လိုသိလဲဟုတ်လား။

တစ်ရက်မှာတော့ ကျွန်တော် အိမ်ထဲမှာရှိနေတုန်း ပုံမှန်မဟုတ်ဘဲ အော်မြည်နေတဲ့ ကားအင်ဂျင်သံနဲ့အတူ တကျိကျိအသံတချို့ကို ကြားလိုက်ရတယ်။ အခြားကားတွေအားလုံးက ထွက်သွားကြပြီဖြစ်ပြီး ။ဒါကြောင့် စပ်စုချင်စိတ်နဲ့ ပြတင်းပေါက်ကနေ ချောင်းကြည့်လိုက်မိတယ်။ ကြည့်စမ်းပါဦး... သူမခမျာ ကားကို မောင်းနိုင်ဖို့ အသည်းအသန် လုံးပန်းနေတာကို တွေ့လိုက်ရတယ်။
ကျွန်တော် အပြင်ထွက်ပြီး ဘာဖြစ်လို့လဲလို့ မေးကြည့်တော့ သူမက “ဒီကား တစ်ခုခုတော့ ဖြစ်နေပြီ။ အသံပဲမြည်ပြီး မရွေ့ဘူး။ ကျွန်မယောင်္ကျားက ချို
ကားစုတ် ဝယ်ပေးလိုက်တာ ထင်တယ်” လို့ ညည်းတွားရှာတယ်။
ဒါနဲ့ ကျွန်တော့်ကို စမ်းမောင်းကြည့်ခွင့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ကားထဲလည်း ဝင်ထိုင်လိုက်ရော ရပ်နားဘရိတ် (Handbrake)ကြီး ဆွဲထားတာကို ချက်ချင်း သတိပြုမိလိုက်တယ်။ ဒါကြောင့်လည်း တကျိကျိအသံတွေမြည်ပြီး ကားက မရွေ့နိုင်ဘဲ ဖြစ်နေတာပေါ့။ ကျွန်တော် Handbrake ကိုရိုးရိုးလေးပဲ ချပေးလိုက်ပြီး ကားကို ရှေ့နည်းနည်း မောင်းပြလိုက်ပါတယ်။
သူမခမျာ ပါးစပ်အဟောင်းသားနဲ့ ညာဘက်လက်ဖဝါးလေးနဲ့ ပါးစပ်ကိုအုပ်ပြီး အံ့သြတုန်လှုပ်စွာ သက်ပြင်းချရှာတယ်။
“ကဲ...”
သူမရဲ့ သိက္ခာကို ထိန်းပေးတဲ့အနေနဲ့ ကျွန်တော် အများကြီး ရှင်းမပြတော့ပါဘူး။ သော့ကိုပဲ ပြန်ပေးလိုက်တော့ သူမလည်း မောင်းထွက်သွားပါတော့တယ်။
တကယ်တော့ ကားက အသစ်စက်စက်ကြီးပါ၊ စက်ပစ္စည်းပိုင်းလည်း အကောင်းပကတိဖြစ်ပြီး မောင်းလို့ရနေတာပါ။ ဒါပေမဲ့ ပိုင်ရှင်ဖြစ်သူက လက်ဘရိတ်ကြီး ဆွဲထားလျက်သားနဲ့ မောင်းဖို့ ကြိုးစားနေတာကြောင့် ဘယ်မှ မရွေ့နိုင်ခဲ့တာ ဖြစ်ပါတယ်။
ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာလည်း မိမိတို့ဘဝထဲမှာ ဘာကြောင့် ဘာတစ်ခုမှ အဆင်မပြေဖြစ်နေရတာလဲဆိုတာ နားမလည်နိုင်တဲ့ လူတွေရှိကြပါတယ်။ စိတ်ပျက်စရာတွေ တစ်ခုပြီးတစ်ခု ကြုံရတယ်၊ ကျန်းမာရေးပြဿနာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာတယ်၊ ပြီးတော့ ဘယ်ကမှန်းမသိတဲ့ ကမောက်ကမ ပြဿနာတွေ အစဉ်လိုက် တက်လာတတ်ပါတယ်။
ဘာတွေဖြစ်နေမှန်း သူတို့ကိုယ်တိုင် မသိကြတဲ့အတွက် မိမိကိုယ်ကိုယ်ပဲ အပြစ်ပုံချတတ်ကြပါတယ် ။
“ငါ့မှာ အရည်အချင်း မပြည့်ဝလို့နေမှာပါ”
“ငါ ကံဆိုးတာနေမှာ”
ဒါပေမဲ့ သင်ဟာ အသစ်စက်စက်နဲ့ စက်ပိုင်းဆိုင်ရာ အကောင်းပကတိ ရှိနေပါလျက်၊ သင့်ဘဝကို “ခွင့်မလွှတ်နိုင်ခြင်း” ဆိုတဲ့ လက်ဘရိတ်ကြီး ဆွဲထားပြီး မောင်းနှင်နေမိလို့ ဖြစ်နေရင်ကော။

#ဟမ်စိုင်း(ဆေး-မန်း)
ဘာသာပြန်

16/07/2026

ဖွားသိန်း page လေး post တင်တာမတွေတော့လို့ပဲဆီသန့်ရောင်းသေးရဲ့လားတဲ့ , မေးကြတဲ့ သူတွေ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်ရှင့်။
ဆီရောင်းပါသေးတယ်ရှင့်။
FB ဝင်ရန် အချိန်မပေးနိုင်သေးလို့ post မတင်ဖြစ်တာပါ ချစ်သော.....တို့ရေ 🥰🥰🥰😍😍😍

02/05/2026

ဆက်လက်အားပေးနေကြပါသော Customer များကိုအထူးကျေးဇူးတင်ပါတယ်။

17/04/2026
သတ္တဝါအားလုံးအေးချမ်းသာယာရှိကြပါစေ 🙏🙏🙏
17/04/2026

သတ္တဝါအားလုံးအေးချမ်းသာယာရှိကြပါစေ 🙏🙏🙏

25/03/2026

စဥ်ဆက်မပြတ် အားပေးကြပါသော
Thin Yu Moe
Lay
Myint Aye
Lae Win
Aye Hlaing
Tar
Wai Lwin
Tin Wai
Gyi
Ohn & ဘွားသိန်း
@လေးစိန်
Tin Moe
တို့အား ကျေးဇူးတင်လျက်ပါ။❤️❤️

20/02/2026
ပြန်ကျခါမှ ဝယ်မယ်အေ
11/02/2026

ပြန်ကျခါမှ ဝယ်မယ်အေ

Address

No. (108)Aungthapyay New Quarter
Pakokku

Website

Alerts

Be the first to know and let us send you an email when ဖွားသိန်း Pure Organic Peanut Oil posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category