02/09/2025
147
🚨 Maximum Alert 🚨
**********************
▫️Zhou Yuelong 🇨🇳 ဟာ ယခု လက်ရှိ ယှဉ်ပြိုင်ကစားနေတဲ့ Xi’an Grand Prix ပြိုင်ပွဲ လက်ရည်စစ်ပွဲစဉ် မှာ ပြိုင်ဘက် Julien Leclercq 🇧🇪 နဲ့ ကစားနေစဉ် အတွင်း 147 ( maximum break ) ရရှိသွားခဲ့ပီ ဖြစ်ပါတယ်။ ဒီ maximum break ( 147 ) 🔝 ဟာ သူ့ ကစားသမား ဘဝရဲ့ ၃ ကြိမ်မြောက်ရရှိခဲ့တဲ့ 3️⃣ maximum break ပဲ ဖြစ်ပါတယ်။ ဒီ maximum break ဟာ စနူကာ သမိုင်း ရဲ့ official maximum break အကြိမ်ရေ ၂၂၅ ကြိမ်မြောက်လည်း ဖြစ်လာခဲ့ပြီး ဒီ ရာသီ ရဲ့ ၈ ကြိမ်မြောက် maximum break လည်း ဖြစ်ပါတယ်။