Hnin lay Online Shop

Hnin lay Online Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hnin lay Online Shop, Grocers, Pathein.

စားချင်တယ်အသုံးကမကျဘူး
04/08/2023

စားချင်တယ်အသုံးကမကျဘူး

ရှမ်းခေါက်ဆွဲချက်နည်း ( ၃ ) နည်း
ရှမ်းခေါက်ဆွဲအနှစ်ချက်နည်း
================
#ခရမ်းချဉ်သီးမှည့်မှည့်လေးအစိတ်သားကို အခွံကွဲအက်သည့်အထိပြုတ်
ကြက်သွန်နီ အစိတ်သားကို နုပ်နုပ်စင်း(သို့)ကြိတ်
ပြုတ်ထားတဲ့ခရမ်းချဉ်သီးလေးကို အခွံနွှာပြီး နုပ်နပ်စင်း(သို့)ကြိတ်
နှစ်သက်ရာ အသားကို အနေတော်စင်းပါ
(အသားများများကြိုက်ရင် များများထည့်ပါ)
နန်း ကတော့ အသားများများမကြိုက်လို့ (ဆယ်နှစ်ကျပ်ခွဲသား)ပဲသုံးတယ်
အိုးထဲသို့ ဆီဆယ့်ငါးကျပ်သားထည့်ပြီးပူအောင်တည်ပါ..
နနွင်းအနည်းငယ်ထည့်ပြီး ကြိတ်ထား စင်းထားသောကြက်သွန်နီကို
နီညိုရောင်သန်းလာသည်အထိကြော်ပေးပါ...
နီညျိုရောငျသနျးလာတဲ့ ကြက်သွန်နီအပေါ်ကို ကြိတ်ထားတဲ့ခရမ်းချဉ်သီး
အနစ်လေးကိုလောင်းထည့်ပြီး ဆီတက်အောင်ကြော်ပေးထားပါ..
ပြီးလျှင် စင်းထားတဲ့အသားကို ပြန်ထည့်ပြီး ဆီပြန်အောင်ကြော်ပေးပါ..
ကြော်နေစဉ်မှာ သကြားထမင်းစားဇွန်း(မထည့်လည်းရ)တစ်ဇွန်း
ပဲငန်ပြာရည်အနောက်ထမင်းစားဇွန်းသုံးဇွန်းနှင့် ဆားအချိုမှုန့်ထည့်ပေးပါ
ဟင်းအနှစ်ဆီပြန်လာပါက ရေကို ဟင်းမြှုပ်အောင်ထည့်ပြီး တစ်ရေ
ခန်းအောင်တည်ပြီး ဆီပြန်လာပါက ဟင်းအနှစ်ရပါပြီ...
နန်းချက်ထားတဲ့ ဟင်းအနှစ်မှာ အရောင်တင်မှုန့်ကို လုံးဝမသုံးထားပါဘူး..
ဟင်းအနှစ်ကျက်ပြီဆိုပါက ကြက်သွန်ဖြူလေးကိုစင်းပြီး ဆီသတ်ထားပါ
နှမ်းလှော်ထောင်းထားပါ..
ပါကော ချောင်ကော(နာနတ်ပွင့်)အမှုန့်တိုကို ဆီပူလောင်းပေးထားပါ
ကြာညို့အတွက်တော့ ready made တွေရှိပေမယ့်
ထန်းလျက်စစ်စစ်ကို ကျိုပြီးရလာတဲ့အနံ့လောက်မမွှေးပါဘူး
ဖြစ်နိုင်ရင်ထန်းလျက်ကို ဗျစ်အောင်ကျို ပြန်စစ်ပြီးမှ သုံးစေချင်ပါတယ်..
ပြင်ဆင်နည်း
=======
ရှမ်းခေါက်ဆွဲ (ဆန်စေး)နှင့် ရေစိမ်ခေါက်ဆွဲ တို့ကိုရေနွေးဆူဆူမှာဖျော
တစ်ပွဲချင်းပန်းကန်ထဲထည့်ပြီး ဟင်းအနှစ် အမွှေးအကြိုင် အဆာပလာ
ထည့်ပြီး ငရုပ်ကောင်းလေးဖြူး သံပုရာသီးတစ်စိတ်လေးညှစ်ပြီး
ပြင်ဆင်စားလို့ရပါပြီ
(နန်း ချက်တဲ့နည်းနဲ့ သူများနည်းတွေ တူချင်မှတူမှာပါ)
ခုပြထားတဲ့ ဟင်းအနှစ်က ရှမ်းခေါက်ဆွဲ (ဆန်စေး)တစ်ပိဿာအတွက်
ဟင်းချက်အနှစ်လေးပါ...😊
အိမ်နေရင်း လုပ်စားတဲ့နည်းမို့ ဆိုင်ကြီးတွေရဲ့ လုပ်နည်းနဲ့တော့
ကွဲပြားလိမ့်မယ်ထင်ပါတယ်..
Facebook မူရင်းတင်သူ
မနက်စာ အိမ်ချက် ရှမ်းခေါက်ဆွဲ အရည်နဲ့အသုပ်
ကြိုက်တာစားနော် 😊
#ပါဝင်ပစ္စည်းများ
ဝက်သားပေါင်သား
ရှမ်းခေါက်ဆွဲအဖတ် ဆန်ဖွယ်
ပဲပုတ် အနှစ်
ကြက်သွန်ဖြူ
ဆီတို့ဖူး
မြေပဲထောင်း, နှမ်းထောင်း
ကြက်သွန်မြိတ်
ရှာကော်ပါကော်
ရွှေပဲရွက်
ဆီ
ဝက်ခေါက်ကြော် -တို့ဖူးကြော်
မုန့်ညင်းချဉ်
#ပြုလုပ်နည်း
ရှမ်းခေါက်ဆွဲအဖတ် ဆန်ဖွယ်ကို ရေစိမ်ထားပါ=(ဆန်စီးဖိတ်ဆိုလျှင်ရေမစိမ်ပါ)
တောက်တောက်စင်းထားသည့်ဝက်သားကိုရှမ်းခေါက်ဆွဲလုပ်
စားတဲ့ပဲပုတ်အနှစ် ,ခရမ်းချဉ်သီး များများနှင့်ချက်ပါ
ဆီတို့ဖူး ချက်ထားပါ ကြက်သွန်ဖြူကို ဆီသတ်ပါ
မြေပဲထောင်း, နှမ်းထောင်းထားပါ ကြက်သွန်မိတ်ကိုလှီးထားပါ
ရှာကော် ပါကော် ဆီမွှေးလုပ်ထားပါ ရွှေပဲရွက်ရှိရင်ပြုပ်ထည့်ပါ
ရြစေိမျထားတဲ့ခေါကျဆှဲကို ပြုတ်ထားပါ
ပုဂံလုံးထဲတွင်ရှာကော် ပါကော်ဆီ ဆားလေးထည့်ထားပြီးမှ
မွှေပေးပြီး လိုအပ်သည်များကိုပြင်ဆင်စားနိူင်ပါပြီ
ဝက်သားစားသူများ ဝက်ခေါက်ကြော် တို့ဖူးကြော်
မုန့်ညှင်းချဉ် ကြက်ရိုးဟင်းချို တို့နဲ့တွဲဖက်စားနိူင်ပါသည်
ဝက်သားမစားသူများအတွက် ကြက်သားနဲ့ချက်ပါ
Credit.:fb 😊😊
#ရှမ်းခေါက်ဆွဲပြုလုပ်နည်း
ရှမ်းခေါက်ဆွဲလေး ကို ရှမ်းချဉ် သို့မဟုတ် ဂေါ်ဖီချဉ်လေးနဲ့ပြောင်းပြီး တွဲစားပါတယ်။ သူငယ်ချင်းတွေလည်း အိမ်မှာ လုပ်စားလို့ရအောင် ရှမ်းခေါက်ဆွဲ ပြင်ဆင်ပုံလေးကို တင်ဆက် ပေးသွားပါမယ်။
Ingredients: (ပါဝင်ပစ္စည်းများ)
ဆန်ခေါက်ဆွဲ ၁ထုပ်
မြေပဲဆံလှော် ၅ကျပ်သား
ရှမ်းချဉ် ၅ကျပ်သား
ကြက်သွန်မိတ် ၁စည်း
ငရုတ်သီးဆီကြော်
ပဲငံပြာရည်အပျစ် အနည်းငယ်
တို့ဖူးကြော်
၀က်ခေါက်ကြော်
ပဲပုပ်စေ့လှော်ထောင်းပြီးသား အနည်းငယ် (optional)
ပဲရွက် အနည်းငယ်
*ကြက်သွန်ဖြူဆီချက်
ကြက်သွန်ဖြူ ၄မွှာ
တရုတ်မဆလာ ဇွန်းသေး ၂ဇွန်း
နှမ်းဖြူ အနည်းငယ်
*ကြက်သားဟင်းအနှစ်
ကြက်သားရင်ပုံသား ၂ခု
ကြက်သွန်နီအနေတော် ၄လုံး
ခရမ်းချဉ်သီးအနေတော် ၆လုံး
ကြက်သွန်ဖြူ ၈မွှာ
ငရုတ်သီးအစိမ်းမှုန့် ထမင်းစားဇွန်း ၂ဇွန်း
ဆား အနည်းငယ်
ပဲငံပြာရည်အကျဲ ၂ဇွန်း
Preparation Method: (ပြုလုပ်ပုံ)
၁) ကြက်သားရင်ပုံသားများကို သန့်စင်ပြီး အတုံးသေးသေးတုံးပါ။ နနွင်းနဲ့ဆားအနည်းငယ်တို့နှင့် ရောနယ်ပါ။
၂) ဟင်းအနှစ်အတွက် ခရမ်းချဉ်သီးကို အစေ့တွေ ဖယ်ပြီး ပါးပါးလှီးပါ။ ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို ပါးပါးလှီးပါ။
၃) ဒယ်အိုးထဲ ဆီထည့်ပြီး ဆီဆူလာလျှင် ကြက်သွန်နီ ကြက်သွန်ဖြူငရုတ်သီးအစိမ်းမှုန့်တို့ထည့်ပြီး ဆီသတ်ပါ။
၄) အနံ့မွှေးလာလျှင် ခရမ်းချဉ်သီးတွေကို အရင်ကြေအောင် ချက်ပါ။ ပြီးမှ ကြက်သားတွေကို ထည့်လုံးပါ။ ၃မိနစ်ခန့်ကြာလျှင် ရေနွေးအနည်းငယ်ထည့်ပါ။
၅) ဆီပြန်အောင် ဆက်တည်ပါ။ ဆားအနည်းငယ် နှင့် ပဲငံပြာရည် ထည့်မွှေပါ။
၆) ဟင်းအနှစ်အရည်အတွက် ရေနွေးအနည်းငယ် ထပ်တည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။
၇) ကြက်သွန်ဖြူဆီချက်အတွက် ကြက်သွန်ဖြူကို အရင်ဆီသတ်ပါ။ မီးပိတ်ပြီးမှ တရုတ်မဆလာထည့်မွှေပါ။ နှမ်းဖြူထည့်ပြီး ပန်ကန်လုံးထဲ ပြောင်းထည့်ပါ။
၈) ဆန်ခေါက်ဆွဲတွေကို ရေ နှစ်ရီခန့် ကြီုစိမ်ပါ။
၉) မြေပဲဆံလှော်ကို အခွံချွတ်ပြီး မညက်တညက်ထောင်းထားပါ။
၁၀) ကြက်သွန်မိတ်နှင့် ရှမ်းချဉ်ကို သေးသေးလှီးထားပါ။
၁၁) ဟင်းချိုအတွက် ကြက်ရိုးတွေကို ချင်း၊ကြက်သွန်ဖြူတို့နှင့် ပြုတ်ထားပါ။
၁၂) မုန့်ဖတ်ပြုတ်ရန်အတွက် အ၀ကျယ် ရေနွေးအိုးကို ပွက်ပွက်ဆူအောင် တည်ထားပါ။
ပြင်ဆင်ပုံ
စားနိုင်သလောက် မုန့်ဖတ်ကို ရှိးတံရှည်ဇကာထဲထည့်ပြီး ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲ စိမ်လိုက်ပါ။ ပြီးလျှင် တူဖြင့် အနည်းငယ်မွှေပေးပါ။ ရေစစ်ပြီး စားမည့်ပန်းကန်ထဲ ထည့်ပါ။ ကြက်သားဟင်းအနှစ်၊ မြေပဲဆံလှော်မှုန့် ၊ ကြက်သွန်ဖြူဆီချက်၊ စသော အစာပလာ အနည်းငယ်စီထည့်ပြီး ပြင်ပေးပါ။
ပဲငံပြာရည်အပျစ်ကို လက်ဖက်ရည်ဇွန်းဖြင့် ပါလေကာ ထည့်ပေးပါ။ ကိုယ်ကြိုက်သလို ချဉ်ငံစပ် ဖြစ်အောင် လိုတာထပ်ထည့်ပါ။
ဟင်းချိုအတွက် ကြက်ရိုးပြုတ်ရည်ကို ခပ်ထည့်ပြီး ကြက်သွန်မိတ်နှင့် ငရုတ်ကောင်းအနည်းငယ် ထည့်လိုက်လျှင်ရပါပြီ။
original upload

04/08/2023

ကျန်းမာရေနဲ့ညီညွှတ်ပြီးအရသာလဲရှိအိမ်တွင်းဒိန်ချဉ်ပြုလုပ်နည်း

ဒိန်ချဉ် လုပ်နည်းလေး မေးထားလို့ တင်ပေးလိုက်ပါတယ်။

နွားနို့ ၁ ပိသာကို ဆူအောင်ကျိုပါ။ ကျိုတဲ့အခါ ဆူရုံလေးပဲ မထားပါနဲ့။ ကြာကြာလေး ကျိုပါ။ တအားလည်း မပျစ်ပါစေနဲ့။

ပြီးရင် မီးဖိုပေါ်က ချပြီး အအေးခံပါ။ လုံးဝ အေးသွားတဲ့အထိ မစောင့်ရပါ။ ( နွေးနွေးလေးမှာ အချဉ် ကို ထည့်ရမှာမို့ ပါ) လက်ညိုးကိုထည့်ကြည့်လို့ အပူခံနိုင်တယ်ဆိုရုံလေးပေါ့။

အချဉ် (ဟင်းခတ်ဇွန်း ၁ ဇွန်း) ထည့်ပြီး မွှေပေးပါ။

ပြီးရင် အုပ်ဆောင်းနဲ့ အုပ်ပြီး မရွေ့ လျားစေဘဲ ၂၄ နာရီ ထားပါ။ အခန်းအပူချိန်မှာပဲ ထားရမှာပါ။ ၂၄ နာရီပြည့်ရင် ဒိန်ချဉ် ဖြစ်ပါပြီ။ သတိပြုရမှာတွေက လေလုံအောင် အိုးကိုပိတ်မထားရပါဘူး။ ခဏခဏလည်း မမွှေရပါဘူး။ အချဉ်ထည့်ချိန်မှာသာ မွှေပေးရတာပါ။ အချဉ်ထည့်ချိန်မှာ လုံးဝအေးမနေရဘူး။

အချဉ်ကို ဘယ်လိုလုပ်ရတာလဲဆိုတော့ နွားနို့ အစိမ်း အကြမ်းပန်းကန် ၁ လုံးစာကို ဘာမှမလုပ်ဘဲ ဘာမှမထည့်ဘဲ အခန်းအပူချိန်မှာ ၂၄ နာရီထားရင် အချဉ် ဖြစ်ပါပြီ ။ အဲဒီအချဉ်ကို အပေါ်ယံပဲဖြစ်ဖြစ် မွှေပြီးပဲဖြစ်ဖြစ်သုံးနိုင်ပါတယ်။ ဒိန်ချဉ်ရပြီဆိုရင်တော့ နောက်ထပ်လုပ်မဲ့ ဒိန်ချဉ်အတွက် ဒိန်ချဉ်အဟောင်းကိုပဲ အချဉ်အဖြစ်သုံးနိုင်ပါတယ်။ အချိုးအဆကတော့ နွားနို့ ၁ပိဿာ အချဉ် ၁ ဇွန်းပါပဲ (ဟင်းခတ်ဇွန်း) ဒိန်ချဉ်ဖြစ်သွားပြီိဆိုရင် ရေခဲသေတာထဲမှာ အကြာကြီးထားလို့ ရပါတယ်။

ဒိန်ချဉ်နဲ့ စားဖို့ သကြားရည်ပဲကျိုကျို ၊ ထန်းလျက်ရည်ပဲကျိုကျို ဆားလေး နည်းနည်းထည့်ကျိုပါ။ ရေကိုတော့ အများကြီးမထည့်ပါနဲ့။

သကြားရော ထန်းလျက်ရောက အပူပေးရင် ပျော်ပါတယ်။ အိုးမကပ်ရုံသာ ရေထည့်ပါနော်။ ကဲမိတ်ဆွေတို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဒိန်ချဉ်လေး လုပ်စားကြည့်မယ်နော်။

မှာလို့ရနေပြီနော်တို့ကိုမှာလို့ချစ်တို့စိတ်မပျက်စေရဘူးနော်😘😘😘နယ်ဝေး3 ရက်အတွင်းအမြန်ရပါမယ်နော်
04/08/2023

မှာလို့ရနေပြီနော်

တို့ကိုမှာလို့ချစ်တို့စိတ်မပျက်စေရဘူးနော်😘😘😘

နယ်ဝေး3 ရက်အတွင်းအမြန်ရပါမယ်နော်

04/08/2023

မွေးနေ့ကိတ်လည်း မှာလို့ရတယ်နော် ချစ်တို့်လိုချင်တဲ့ပုံစံရပါတယ်နော်😘😘😘

04/08/2023

ချစ်တို့ရေ Online Shop ပြန်စနေပြီနော်

ချစ်သူကောင်လေးအတွက်လည်း မှာလို့ရပါတယ်ရှင့်online shop နားထားတာ ပြန်စပြီနော်သဲတို့ရေ😘😘😘နယ်တွေဆိုလည်းပို့ပေးပါတယ်ရှင့်
04/08/2023

ချစ်သူကောင်လေးအတွက်လည်း မှာလို့ရပါတယ်ရှင့်

online shop နားထားတာ ပြန်စပြီနော်သဲတို့ရေ😘😘😘

နယ်တွေဆိုလည်းပို့ပေးပါတယ်ရှင့်

ကိုယ့်ချစ်သူကောင်မလေးအတွက် မှာလို့ရပါပြီနော်15000မှစမှာလို့ရပါတယ်သဲတို့ရေ 😘😘😘အနီးနားဆိုအိမ်ရောက်ငွေချေပါရှင့်
04/08/2023

ကိုယ့်ချစ်သူကောင်မလေးအတွက် မှာလို့ရပါပြီနော်

15000မှစမှာလို့ရပါတယ်သဲတို့ရေ 😘😘😘

အနီးနားဆိုအိမ်ရောက်ငွေချေပါရှင့်

Address

Pathein

Telephone

+959660658306

Website

Alerts

Be the first to know and let us send you an email when Hnin lay Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category