Xello

Xello Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Xello, Grocers, Pathein.

10/02/2024

အောင်ကိုအောင်ရမည်

06/02/2024

lgbtလေးတွေvideoလေးတွေ addစတော့မာမို့
cm.အောက်မှာ ပုံလေးတွေ့စလွင့်လိုရပါပြီးနော်🤗

ကရင်လူမျိုး၏သမိုင်းစဉ်ကရင်ဟူသည်။ ။ တိုင်းရင်းသားကရင်လူမျိုးတို့သည် အေဒီခုနှစ်ရာစု ခန့် အချိန်ကပင်မြန်မာနိုင်ငံတွင်းသို့ ...
31/01/2024

ကရင်လူမျိုး၏သမိုင်းစဉ်

ကရင်ဟူသည်။ ။ တိုင်းရင်းသားကရင်လူမျိုးတို့သည် အေဒီခုနှစ်ရာစု ခန့် အချိန်ကပင်မြန်မာနိုင်ငံတွင်းသို့ ရောက်ရှိခဲ့ကြပြီးဖြစ်သည်။ ၁ဝ၄၄ ခုနှစ် အနော်ရထာမင်းမတိုင်မီ ပျူနှင့်မွန်တို့ နေထိုင်ရာဒေသသည် အောက်မြန်မာ နိုင်ငံဒေသပင်ဖြစ်သည်။ ထို့ကြောင့်ပင် ကရင်လူမျိုးတို့သည် မိမိတို့၏ ဦးစီး ခေါင်းဆောင်များနှင့် နေထိုင်ကြမည်သာဖြစ်သည်။ ဇမ္ဗူတံဆိပ်ကျမ်းတွင် ကရင်သည် ရှမ်းလူမျိုးသုံးဆယ်၌ ပါဝင်ကြောင်း ဖော်ပြထား၏။

ရှေးလင်္ကာဟောင်းများအရ သက်နှင့်ရခိုင်၊ နှိုင်းပြိုင်တောင်သူ၊ ပျူကမ်းယံယော၊ ထားဝယ်နှောက၊ မျိုးသတ္တ ဟုစပ်ဆိုထားသည်တွင် ကမ်းယံလူမျိုးဟူရာ၌ ကမ်းယံဟူသည်ကား သံတွဲမှစ၍ တောင်စဉ် ခုနှစ်ခရိုင်၌နေသောသူတို့ကို ဆိုသတည်း ဟုမှန်နန်းရာဇဝင်၌ ဆိုသောကြောင့်လည်းကောင်း၊ ရာဇဝင် ချုပ်ဆရာများက ပြည်မြို့အနောက်ဘက်ဧရာဝတီမြစ်ကမ်းတစ်လျှောက်၌ နေသောသူတို့ ကမ်းယံ ဟုဆိုသောကြောင့်လည်းကောင်း ကရင်သည် ကမ်း ယံလူမျိုးတို့မှ ပေါက်ဖွားလာသည်ဟု ယူဆနိုင်ပါသည်။

သုဝဏ္ဏဘူမိတိုင်းသည် ဂေါတမမြတ်စွာဘုရား မပွင့်မီအခါက ကရဏ္ဏကတိုင်း ဟုတွင်သည်။ ထိုအခါကာလက ကွင်းပြင်မြေညီ၌နေသော ကရဏ္ဏကတိုင်းသား လူအများကို မွန် ဟုခေါ်ဆိုကြလည်။ တောတောင်၌ နေသော ကရဏ္ဏကတိုင်း

လူအများကို ကရုဏ် ဟုခေါ်ရာမှ ကာလရွေ့လျော၍ ကရဏ် မှ ကရင် ဖြစ်လာသည်။ မွန်တို့နှင့်အောက်မြန်မာနိုင်ငံဒေသများတွင် နေထိုင်ကြသဖြင့် မွန်ကရင် (ပိုးကရင်) ဟူ၍ ယနေ့တိုင် ခေါ်ဝေါ်နေကြသည်။

သောဠဿရဋ္ဌဒီပနီကျမ်းတွင် လက်ဖြင့်တောင်ယာခုတ်ခြင်း၊ စူးထိုးခြင်း စသောအမှုကိုပြုတတ်သောကြောင့် ပါဠိဘာသာဖြင့် ကရ လူမျိုးဟုခေါ်ကြရာ ကာလရွေ့လျောလာသဖြင့် ပါဠိပျက်လျက် ကရင် ဖြစ်လာ သည်ဆို၏။

ဒုံးရောင်း(ဒုံးရင်း) ဂေါတမ ရှင်တော်ဘုရားမပွင့်မီ အချိန်က အဿကဏ်ဒီ ခေါ်သံလွင်မြစ်၏ အရှေ့ဘက်ကမ်းတွင် ရှိသော ဗန္ဓဝဂီရိ ခေါ်ဇွဲကပင်တောင် ခြေတစ်လျှောက်ရှိ တောကြီးမြိုင်ကြီးကိုပအာဝန (ပအာဝုန်) တောကြီးဟုခေါ်ဝေါ် သမုတ်ကြ၏။ တစ်ခုသောလှိုင်ဂူ (ဆဒ္ဒန်ဂူ) ကြီး၌ လစွဲ အမည်ရှိကရင်မု ဆိုးတစ်ယောက်သည် နာမည်ပေါ်လွင်ထင်ရှားလှ၏။

ထိုအချိန်၌ ကရဏ္ဏကတိုင်းပြည့်ရှင် (မွန်ဘုရင်) တိဿသက္ကမင်းကြီးသည် ယွန်း လူမျိုးသူပုန်တို့အား လိုက်လံတိုက်ခိုက်နှိမ်နင်းအောင်မြင်ပြီးနောက် ဒိုဟန တောင်တန်းကြီးအနီး တစ်ခုသောတောင်ငယ်ပေါ်၌ တပ်စခန်းချ၍ ခုနှစ်လ တိုင်တိုင်တပ်စွဲခဲ့၏။

လစွဲကရင်မုဆိုးသည် မင်းကြီးအား အသားကင် ကျပ်တင်အမဲသားတို့ကို ဆက် သသော် မင်းကြီးလွန်စွာအားရ ရွှင်လန်းဝမ်းမြောက်တော်မူ၏။ လစွဲအားမင်း မြောက်တန်ဆာ ငါးပါးကိုပေးလျက် လုဒ္ဓယောဓရာ ဇာဘွဲ့ဖြင့် ပအာဝနတော ကြီးတွင် မြို့ပြတည်ထောင် မင်းပြုစေ၏။ ဗန္ဒဝဂီရိတောင် (ဇွဲကပင်)၊ ပအာဝန တောကြီးနှင့်တကွ အနီးအပါးရှိမွန်၊ လဝ၊ တောင်သူ၊ ပအိုဝ်၊ ကရင်လူမျိုးတို့ နေထိုင်ကြသောရွာများပါ အပိုင်စားရန်ပေးသနားတော်မူ၏။

ပအာဝနမြို့နေရာအား ယခုဇွဲကပင်တောင်တန်းတွင် တွေ့ရှိရသော ဆဒ္ဒန်ဂူ၏ အနီး ထန့်က ဟုခေါ် သောကျေးရွာဒေသအနီးတွင် တွေ့မြင်ရသော မြို့ ဟောင်းမြို့ပျက်နေရာပင်ဖြစ်သည်။ karenvibes မွန်ကရင် အများစု နေထိုင်သော ဒေသဖြစ် သဖြင့် မွန်လူမျိုးတို့က မိမိတို့ဘာသာစကားဖြင့် ဒုံကရင် (ကရင်မြို့) ဟုခေါ်ရာ မှ ကာလရွေ့လျားလာသော် ဒုံရင်း ဟူ၍ ခေါ်ဝေါ်လာကြသည်။ ဒုံရင်း ဟု ခေါ်သောဒေသကို ယနေ့ပိုးကရင်တို့က ဒုံရောင်း ဟုခေါ်ပြီး စကောကရင် တို့ကမူ ဒူးရော် ဟုခေါ်ကြပါသည်။ မြို့ဟောင်း ဟု အဓိပ္ပါယ်ရပါသည်။

ဘိုးတော်မင်းတရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၄၄ ခုနှစ်၊ မြန်မာပြန် ဆိုသော မွန်ရာဇဝင်ကျမ်း၌ကား ရှင်ဂေါတမမြတ်စွာဘုရား ပွင့်တော်မမူမီ နှစ်ပေါင်း ၁၄ နှစ်ခန့်ကစ၍ မြတ်စွာဘုရားပရိနိဗ္ဗာန် စံတော်မူပြီးသည့်နောက် သာသနာသက္ကရာဇ် ၁၆၀၁ နှစ် သုဝဏ္ဏဘူမိတိုင်း သုဓမ္မဝတီသထုံပြည်တွင် မနောဟရီ ခေါ် မနူဟာမင်းကြီး၏ လက်ထက်တိုင်အောင် မအာဝနမြို့ဟု တွင်လျက်တိုင်းပြည်နှင့်တကွ ထီနန်းကို မင်းပြုအုပ်ချုပ်သော ပအာဝနရာဇာ မင်း၏ တိုင်းပြည်မြို့ပြ ထင်ရှားရှိကြောင်းကို ဆိုထားသည်။

လစွဲခေါ် လုဒ္ဓယောဓရာဇာ (လုဒ္ဓယုဓ်) မင်းသည် ပအာဝနမြို့၌ တိဿသက္က မင်းကြီး၏ လက်အောက်ခံ ထီးရံနန်းရံမြို့စားမင်းအဖြစ်ဖြင့် ၂၁ နှစ် ရှိသောအခါ၊ ကောဇာသက္ကရာဇ် ၁၁၁ ပြည့်နှစ်တွင်သရဏ္ဏကတိုင်းသုဘိန္နနဂရမြို့တိဿသက္က မင်းကြီး နတ်ရွာစံလေ၏။ ထိုအခါသုဘိန္နမြို့၌ မင်းပြတ်ခိုက် ပအာဝနမင်းလုဒ္ဓယုဓ် နိုင်ငံတော်ခြားနား၍ မင်းပြုလေသည်။ နန်းသက် ၅၁ နှစ်၊ သက်တော် ၈၆ နှစ်တွင် နတ်ရွာစံလေသည်။

သုဝဏ္ဏဘူမိတိုင်း သုဓမ္မပူရသုဓမ္မဝတီ သထုံပြည်တွင် မနောဟရီ ခေါ် မနူဟာ မင်းသည် အသက် ၁၈ နှစ် ရှိ၍ မင်းပြုသည်တွင် ပအာဝနမြို့ မင်းသမီး ၁၆နှစ်အရွယ်နှင့် ပေးဆက်ရမည်ဟု ရာဇသံဖြင့် သမီးကညာကို တောင်းလေသည်။ ထိုအခါ မအာဝနမင်းသည် မနူဟာမင်းအား မခုခံနိုင်ကြောင်း သိသဖြင့် မလွှဲ မသာပဲ သမီးကိုပေးဆက်ခဲ့ရသည်ဟု မွန်ရာဇဝင်၌ ဖော်ပြပါရှိပါသည်။
karenvibes

ထို့ကြောင့်ပအာဝနမြို့သည် မြတ်စွာဘုရား ပွင့်တော်မမူမီကစ၍ တည်ရှိလျက် မြတ်စွာဘုရား ပရိနိဗ္ဗစံတော်မူပြီးနောက် သာသနာတော် ၁၆ဝ၁ ခုနှစ် သထုံ ပြည်ပျက်သောအခါမှာပင် ရှိနေသေးကြောင်းကို သိရှိရသဖြင့် ကရင်မင်းအုပ်စိုး သော ပအာဝနမြို့သက် အလွန်ရှည်ကြောင်း ထင်ရှားလျက်ရှိပေသည်။

Credit to The Karen by Drum Publication Group

Karen Vibes မှာ ကရင်စာ ကရင်စကားကို အခမဲ့သင်ကြားပေးနေပါတယ်။
အောက်ပါLink များကနေ ကရင်စာကိုသင်ယူလို့ရပါတယ်။

အရှေ့ပိုးကရင်စာသင်ကြားရန် Link -
https://youtube.com/playlist?list=PLKeDEe66QcMmbpKTvAumc5h_4YBk-EUnZ&si=LRC7isaa54bHpBRN

အနောက်ပိုးကရင်စာသင်ကြားရန် Link -
https://youtube.com/playlist?list=PLKeDEe66QcMmjR5N2x0aTCbA3H3DVvnxM&si=egOSPg_qR0izkVLZ

စကောကရင်စာသင်ကြားရန် Link -
https://youtube.com/playlist?list=PLKeDEe66QcMlbJs8RReijwaBUMp8u6Ok9&si=skWOWA-zlwP03A9O

ကရင်ရိုးရာယဉ်ကျေးမှုများအကြောင်းဖတ်ရန်-
https://www.facebook.com/media/set/?set=a.214019125056199&type=3

(ကရင်လူမျိုးတွေနဲ့ကရင်စာကိုချစ်တယ်ဆိုရင်😍ကရင်စာ၊ကရင်စကားပြန့်ပွားရေး၊ကရင့်ယဉ်ကျေးမှုနှင့်ကရင့်သမိုင်းပြန့်ပွားရေးအတွက် လုပ်ဆောင်နေတဲ့ Karen Vibes၏ page Review တွင် အားပေးစကားရေးပေးစေလိုပါတယ်ဗျ🙏🙏🙏 ( ဘယ်လိုရေးရမလဲဆိုတာကို ဒီLinkလေးနှိပ်ပြီးကြည့်လို့ရပါတယ်။ https://bit.ly/476l0eP )

04/01/2024

သူ့ကိုဘဲမြင်တော့တာပါ☺️💖

အချစ်ခံချင်ရင် မမနဲ့လာတွဲပါ မောင်လေး💗😁ပြီရင် မမနဲ့အတူမူစကူဒူးမယ်လေ......။
28/12/2023

အချစ်ခံချင်ရင် မမနဲ့လာတွဲပါ မောင်လေး💗😁

ပြီရင် မမနဲ့အတူမူစကူဒူးမယ်လေ......။

27/12/2023

2024မှာ EX ပြန်လာမည်

စနေ~ဗုဒ္ဓဟူး ~တနင်္လာ

27/12/2023

ကဲ လုပ်ပေးလိုက်ပါပြီူနော်😍😍😍😍

Page လေးကိုလည်း like and share လေးလုပ်ပေးသွားလို့ရပါတယ်နော်
🌹🏵️

🌹🏵️
27/12/2023

🌹🏵️

26/12/2023

2023ကုန်တော့မယ်ဆိုတော့ ပုံလေးတွေ addလေးလုပ်ပေးချင်လို့ 🤗🤗ပုံလေးတွေချခဲ့နော် တကယ်လုပ်ပေးမာမို့😍😍

26/12/2023

မင်းထားခဲ့လိုက်ပါတော့😭

ဂေါင်းကြီးတို့ ကားထဲမှာ မူစကူဒူးရင် Window Film ကအရေးကြီးတယ်နော် 😎🤣 #မူစကူဒူး
25/12/2023

ဂေါင်းကြီးတို့ ကားထဲမှာ မူစကူဒူးရင် Window Film ကအရေးကြီးတယ်နော် 😎🤣

#မူစကူဒူး

25/12/2023

မူစကူဒူး
ဒူစကူဒူး
ဖူစကူဒူး
လူစကူဒူး

သိချင်တာမေး😾

Address

Pathein

Website

Alerts

Be the first to know and let us send you an email when Xello posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category