𝓤 𝓝𝓪𝓲𝓷𝓰 & လယ်တောသား

𝓤 𝓝𝓪𝓲𝓷𝓰 & လယ်တောသား 𝙃𝒊𝙨 𝙝𝒐𝙗𝒃𝙮 𝙞𝒔 𝒂𝙜𝒓𝙞𝒄𝙪𝒍𝙩𝒖𝙧𝒆

ဂျပန်နိုင်ငံရဲ့စပါးစိုက်နည်း================= ဂျပန်နိုင်ငံကလယ်တစ်ဧကလျှင်စပါးတင်း၃၀၀နဲ့၄၀၀ကြားထွက်တယ်ဆိုရင်မဖြစ်နိုင်ဘူးလ...
01/01/2024

ဂျပန်နိုင်ငံရဲ့စပါးစိုက်နည်း
=================

ဂျပန်နိုင်ငံကလယ်တစ်ဧကလျှင်စပါးတင်း၃၀၀နဲ့၄၀၀
ကြားထွက်တယ်ဆိုရင်မဖြစ်နိုင်ဘူးလို့ထင်ကျပါလိမ့်မယ်

တကယ်တော့အမှန်တကယ်ကိုထွက်ပါတယ်။
် အဲ့လိုထွက်တာကျွန်တော်တို့မြန်မာနိုင်ငံကအရင်ဆုံးထွက်တာပါ။

ယခုဂျပန်နိုင်ငံရဲ့စိုက်နည်းကယခင်မြန်မာနိုင်ငံရဲ့စိုက်နည်းစနစ်ပါ။

တောင်သူတွေအနေနဲ့သိထားသင့်တာကစပါးပင်ဟာPH5.5မွ7.5ကြားမြေကိုအကြိုက်နှစ်သက်ဆုံးပါ။

* ပထမအဆင့်အနေနဲ့ထယ်မထိုးခင်ကိုနွားချေးအစို
ကိုထင်းပြာနဲ့ရောနယ်ပြီးနေရိပ်မှာလေသလပ်ခံပါ။

ထိုအခြောက်ခံပြီးသားနွားချေးထင်းပြာကိုတစ်တင်းတစ်ဧကနှုန်းနဲ့ပက်ပေးပါ။

*ဒုတိယအဆင့်ကတော့ဘိုကာချီ(သို့)ဒိုချပ်ကင်းမြေဆီတစ်ဧကကို၅အိတ်နှုန်းနဲ့ပက်ပါ။

*တတိယအဆင့်ကတော့မြေအောင်းပိုးနဲ့မှိုရောဂါကာကွယ်ရန်မဖောက်ထုံးတစ်ပိဿာဆေးရွက်ကြီး၅၀သား ဒုထ္တာ၂၀သားကိုအရည်ဖျော်ပြီးတစ်ဧကဖျန်းပါ။

ပြီးရင်
ထယ်ရေးနက်နက်ထိုးပါ။ပြီးရင်ထွန်မွှေ ဂျုတ်ဆွဲ စတာတွေလုပ်ပါတော့။

* လယ်ထွန်သမန်းပုတ်စောင့်နေချိန်မှာ ရေအ
ခြောက်ပျိုးထောင်ထားပါ။ရေအခြောက်ပျိုးထောင်ဆိုသည်မှာ ဆနွမ်းမကင်းဗန်းတွေနဲ့ပျိုးထောင်တာကိုပြောတာပါ။

တစ်ဧကလျှင်မျိုးစပါးသုံးပြည်ပါ။ မျိုးစပါးကိုလူး
နယ်ဆေးနဲ့တစ်ရက်ရေစိမ်ပါ။စပါးစိမ်မည့်အိုးထဲတွင်စပါးထဲ့၍စပါးအပေါ်ရေလက်တစ်ဆစ်ရှိရပါမည်။

၂၄နာရီပြည့်လျှင်ဆယ်ပြီးပျိုးဗန်းထဲထဲ့ပါ။ပျိုးသက်၁၅ရက်
မှာချစိုက်ပါမယ်။

* အဆင့်လေးကတော့လယ်ထဲမှာရေမရှိအောင်
ထုတ်ပစ်ရပါမယ်။ပျိုးနှုတ်တဲ့အခါညင်သာစွာနှုတ်ပါ။

ခြေဖြင့်ရိုက်ခြင်းမပြုလုပ်ရပါ။အပင်အဖျားမဖြတ်ရပါ။
မစိုက်ခင်ပျိုးပင်များကိုငါးအမိုင်နိုတစ်ဆရေအဆတစ်ထောင်နဲ့ရောဖျန်းထားပါ။

စိုက်မည့်လယ်ထဲတွင်ရေလုံးဝ ဝပ္လို့မရပါ။ ပျိုးသက်နု၍ပင်ခြေပုတ်မှာစိုး၍ဖြစ်သည်။လယ်ပြင်မြေသားရေချိန်ညီပါစေ။

၎င်းမြေသားအထက်
လေးလက်မခွာ၍ရေသွင်းရေထုတ်ရအောင်လေးလက်မပိုက်ကိုကန်သင်းမှာမြှပ်ထားပါ။စုစုပေါင်းရှစ်လုံးထားရပါမယ်။

တစ်ပေပတ်လည်ကြိုးတန်း၍ပင်ကြားတန်းကြားတစ်ပေခြားထားပါ။ပျိုးပင်စိုက်လျှင်တစ်ပင်သာစိုက်ပါ။

တစ်ပေပတ်လည်ထောင့်လေးထောင့်တွင်ပျိုးစပါးပင်လေးပင်သာရှိရပါမည်။ စပါးတစ်ပင်လျှင်အနည်းဆုံးအပင်၅၀မှ၁၅၀ကြားပွားသောကြောင့်ဖြစ်သည်။

အပင်၅၀ပွားလျှင်အဖို၁၀ပင်အမ၄၀ပါသည်။၁၅၀ပွားလျှင်အဖို၄၀အမ၁၁၀ပါသည်အပင်ရှင်သန်လာလျှင်တစ်ပတ်တွင်၅ပင်မှအပင်၂၀ထိပွားသည်။စပါးအဖိုပင်သည်ပေါက်ခါစတွင်အရွက်လုံးသည်။

အမပင်သည်စပေါက်ကတည်းကအရွက်ပြားသည။် တစ်ခါတစ်ရံစပါးကြားတွင်တက်ပွတ်ပင်ရောပေါက်တတ်သည်။

တက်ပွတ်ပင်မှာစပါးနှင့်အတော်တူသည။်တက်ပွတ်ပါလျှင်နုတ်ပစ်ပါ။

ထိုပွားနှုံးကြောင့်တစ်ပေပတ်လည်တွင်လေးပင်သာစိုက်ရချင်းဖြစ်သည်။စပါးသက်တန်း၂၀ပြည့်လျှင်ရေနှစ်လက်မသွင်းပေးပါ။

ရက်၃၀ပြည့်လျှင့်ရေလေးလက်မသွင်းပါ။

*အဆင့်ငါးအနေနဲ့ကတော့စပါးခင်း၏ပေသုံးဆယ်လျှင်စပါးလင်တစ်ပင်စိုက်ပေးပါ။

ပေသုံးဆယ်ပတ်လည်တွင်စပါးလင်လေးပင်ရှိရပါမည။်စပါးလင်သည်စပါးမြစ်ဖုရောဂါနဲ့အဖျက်ပိုးကိုကာကွယ်ရန်ဖြစ်သည်။

လယ်ကန်သင်းတွင်ထပ်တရာပန်းနဲ့မုယားကြီးပင်ကိုပေသုံးဆယ်တစ်ပင်စိုက်ပေးပါ။ဖလံပိုးနဲ့ငမြောင်တောင်ရန်ကာကွယ်ရန်ဖြစ်သည်။

စပါးခင်းထဲတွင်အပြာရောင်နှင့်အစိမ်းရောင်တောက်တောက်စက္ကုကပ်ပြားတွေကိုဆီသုပ်ပြီးများများလိုက်ထောင်ပေးပါ။

လိပ်ပြာဖြူနှင့်နှံစိမ်းနှံခြောက်ကောင်ရန်ကာကွယ်ရန်ဖြစ်သည်။

*အဆင့်ခြောက်ကတော့ တစ်ပတ်တစ်ခါအမြစ်ဖွခြင်း
ပေါင်းနုတ်ခြင်းလုပ်ပေးပါ။

အပင်ရက်၂၀သားမှာစ၍ငါးအမိုင်နိုသီးစုံအမိုင်နို မိမိနှစ်သက်ရာကိုသုံးရက်တစ်ခါအခင်းထဲလိုက်ဖျန်းပါ။သုံးရက်တစ်ခါပိုးဆေးဖျန်းပါပိုးမတွေ့လဲဖျန်းပါ။

*အဆင့်ခုနှစ်ကတော့စပါးနို့ရည်တည်ပြီဆိုလျှင်
ငါးအမိုင်နို သစ်သီးအမိုင်နို မိမိနှစ်သက်ရာအပင်အား
ဆေးဖျော်ရည်ထဲကိုနွားကျင်ငယ်တစ်လီတာကိုဆေးဖျန်းပုံးတစ်ပုံးနှုံန်းနဲ့တစ်ဧက၃ပုံးဖျန်းပါ။

မနက်စောစောပေါက်တဲ့ကျင်ငယ်ဦးပါ။ ကျင်ငယ်ရေဟာယူရီးယားဓာတ်ကိုယူတာပါ။

အနှံအောင်သည်ထိသုံးရက်ခြားအားဆေးနဲ့ပိုးဆေးမှိုဆေးဖျန်းဖို့လိုပါသည်။

သုံးရက်ခြားဖြန်းသောကြောင့်သဘာဝအားဆေးပိုးဆေးမှိုဆေးသာလျှင်အန္တရယ်မရှိကြောင်းအာမခံနိုင်ပါမည်။

Credit

ပဲတီစိမ်းနှင့် မတ်ပဲတို့တွင် ကျရောက်တတ်သော ယင်ဖြူ ကို ကာကွယ်နှိမ်နင်းနည်း... ဖျက်ဆီးပုံလက္ခဏာများအရွက်များပြောက်ကြားဖြစ်သ...
29/12/2023

ပဲတီစိမ်းနှင့် မတ်ပဲတို့တွင် ကျရောက်တတ်သော ယင်ဖြူ ကို ကာကွယ်နှိမ်နင်းနည်း...

ဖျက်ဆီးပုံလက္ခဏာများ
အရွက်များပြောက်ကြားဖြစ်သားကြပြီး အဝါရောင်သန်းသွားကြသည်။

အဝါရောင်မိုစိတ်ဗိုင်းရပ်စ်ရောဂါကို သယ်ဆောင်ဖြန့်ဖြူးသော အင်းဆက်ဖြစ်သည်။

ဖျက်ပိုး၏ဝိသေသလက္ခဏာများ

အရွယ်ရောက်ကောင်များသည် သေးငယ်ပြီး ဖယောင်းပေါင်ဒါမှုန့်များဖြင့် ဖုံးလွှမ်းထားသော အဖြူရောင် အတောင်ပံများနှင့်အတူ အဝါရောင် ကိုယ်ခန္ဓာရှိသော အင်းဆက်ဖြစ်ကြသည်။

ပိုးမမည်သည် အနက်ရောင်ရှိပြီး လုံးဝန်းသည် သို့မဟုတ် ဘဲဥပုံရှိသည်။ ရုပ်ဖုံးများ၏ အနားသားတွင် မာကြမ်းသော အမွှေးတိုများ ရှိကြသည်။

ကာကွယ်နှိမ်နင်းခြင်း
ဖ်က်ဆီးခံထားရေသာ အပင်များကို ဆီနှင့်ရေပါသော ဘူး/အိုး အတွင်း သို့မဟုတ် ဆီစွတ်ထားသော အဝတ်စပေါ်သို့ လှုပ်ခါချပါ။

ပိုးသတ်ဆေးတစ်မျိုးမျိုးကို ပိုးသတ်ဆေးဘူ/ အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။...........................

Nito Finn, Nito Max သဘာဝအော်ဂဲနစ် ရွက်ဖြန်းမြေဩဇာ အပင်အားဖြည့်ဆေးကို
အသုံးပြုနည်း

မျိုးစေ့လူးနယ်ခြင်း
မြေခံသုံးခြင်း
အပင်ပေါက်ပြီး ဖြန်းခြင်း



မြေဧကတွက်နည်း။၁ ဧက   =   ၂၀၈.၇၁၁  ပေ   ၂၀၈.၇၁၁ ပေ၁ ဧက   =   ၄၀၄၇  စတုရန်းမီတာ၁ ဧက   =   ၄၃၅၆၀  စတုရန်းပေ၁ ပေ(sqft)  = ၀....
28/12/2023

မြေဧကတွက်နည်း။

၁ ဧက = ၂၀၈.၇၁၁ ပေ ၂၀၈.၇၁၁ ပေ
၁ ဧက = ၄၀၄၇ စတုရန်းမီတာ
၁ ဧက = ၄၃၅၆၀ စတုရန်းပေ

၁ ပေ(sqft) = ၀.၀၉၂၉ Square metre
၁ မီတာ = ၃.၂၈၁ ပေ
၁ စတုရန်းမီတာ = ၁၀.၇၆၄ စတုရန်းပေ
၁ ဟက္တာ = ၂.၄၇၁ ဧက

Square Feet မွ ဧကပြောင်း
Sqft 43560 = ( ) ဧက
ဥပမာ 20000 Sqft ကို ဧကဖြင့် သိလိုလျှင်
20000 43560 = 0.459 ဧက

ဧကမွ Sqft ပြောင်း
ဧကအကျယ် 43560 = ( ) Sqft
ဥပမာ 0.5 ဧကကို Sqft ဖြင့်သိလိုလျှင်
0.5 43560 = 21780 Sqft

၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၄၃၅၆၀ စတုရန်းပေ = ?
လက်မ (inch), ပေ (feet), ကိုက် (yard), သံကြိုး (Chain), ဖာလုံ (Furlong), မိုင် (Mile) စတဲ့ အတိုင်းအတာ ယူနစ္မ်ားဟာ Imperial Units ဖြစ်ပါတယ်။

၃ ပေ = ၁ ကိုက်
၂၂ ကိုက် = ၁ သံကြိုး (၆၆ ပေ)
၁၀ သံကြိုး = ၁ ဖာလုံ (၆၆၀ ပေ)
၈ ဖာလုံ = ၁ မိုင် (၅၂၈၀ ပေ)

၁ သံကြိုး (အလျှား) ၁ ဖာလုံ (အနံ) = ၁ ဧက လို့သတ်မှတ်ပါသည်။

ထို့ကြောင့်
၆၆ ပေ ၆၆၀ ပေ = ၄၃၅၆၀ စတုရန်းပေ
ဖြစ်ပါသည်။

၁ သံကြိုး အကျယ် နဲ့ ၁ ဖာလုံ အရှည် မြေကွက်ဟာ
တစ်ဧက (၄၃၅၆၀ စတုရန်းပေ) ဖြစ်ပါသည်။

၁ စတုရန်းမိုင် = ၆၄၀ ဧက
၁ စတုရန်းဖာလုံ = ၁၀ ဧက
၄၃၅၆၀ စတုရန်းပေ = ၁ ဧက
၂၀၈.၇၁ ပေ ၂၀၈.၇၁ ပေ = ၁ ဧက
၂၀၀ ပေ ၂၀၀ ပေ = ၁ ဧကခန့်
၁၀၀ ပေ ၁၀၀ပေ = ဧက ၁ မူးခန့်
၅၀ ပေ ၁၀၀ ပေ = ဧက ၁ မတ်ခန့်
၄၀ ပေ ၆၀ ပေ = ၀.၀၅၅ ဧက
၂၀ ပေ ၆၀ ပေ = ၀.၀၂၇၅ ဧက

#မြေဧက #အိမ်ခြံမြေ
#ဗဟုသုတ
# crd to original owner

28/12/2023

မင်္ဂလာပါ မိတ်ဆွေ

ဆေးလိပ်ဆိုတာ မသောက်သုံးလည်း ရတယ်
လူသားတွေအတွက် မရှိမဖြစ် အရာတစ်ခုမဟုတ်ဘူး...
ဒါပေမဲ့..
ဆေးလိပ် ကုမ္ပဏီ တွေ ထားစရာမရှိအောင်ချမ်းသာနေကြတယ်...

အရက်
လူသားတွေ မသောက်သုံးလည်းရတယ်
မရှိမဖြစ် အရေးပါတဲ့ ပစ္စည်းတစ်ခု မဟုတ်ဘူး..
ဒါပေမဲ့ အရက် ကုမ္ပဏီ တွေ ကျိကျိတက် ချမ်းသာနေကြတယ်...

*စပါး*
လူသားတွေ စားသုံးနေတဲ့ ဆန်ကို စပါးကရတယ်..
လူသားတွေအတွက် မရှိမဖြစ် အသက်ရှင်ဖို့ အရေးပါတယ်..
ဒါပေမဲ့..
စပါးစိုက်တဲ့ တောင်သူလယ်သမားတွေ ကျိကျိတက်ဖို့နေနေသာသာ
တစ်ရာသီ ကုန်ရင် နောက်တစ်ကြွေးထပ်တင်နေကြတယ်..
why?

ကိုးကား...

Address

Ayarwaddy Devision
Pathein
10011

Website

Alerts

Be the first to know and let us send you an email when 𝓤 𝓝𝓪𝓲𝓷𝓰 & လယ်တောသား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category