Transformဓာတ်မြေသြဇာလက်လီလက်ကားဖြန့်ချီရေး ZarLi

  • Home
  • Myanmar
  • Pegu
  • Transformဓာတ်မြေသြဇာလက်လီလက်ကားဖြန့်ချီရေး ZarLi

Transformဓာတ်မြေသြဇာလက်လီလက်ကားဖြန့်ချီရေး ZarLi Transform ဓာတ်မြေသြဇာလက်လီလက်ကားဖြန့်ချီရေး မြေပြင်ဆေးTransform soil/အပင်အားကောင်းဆေးTransform plus1/အသီးအားကောင်းဆေးTransform plus2လက်လီလက်ကားရောင်းသည်

06/05/2024

ကိုယ် ကိုယ်တိုင်သာ စီးပွားရေးပိုင်ရှင်ဖြစ်နေမယ်ဆိုရင် ကိုယ့်လောက်အလုပ်လုက်တဲ့သူကို တစ်လကိုလစာဘယ်လောက်ပေးမလဲ။
Meကတော့စဥ်းစားရတာခေါင်းတွေကိုခြောက်လို့🤣

ကြိုးစားရပါအုန်းမယ် 💪

ဗဟုသုတရစေချင်လို့💓🥰မလုပ်သင့်ပါဖူးနော် အထူးသတိပြုကြပါနေ့လည်က တယောက်ဖုန်းဆက်လာတယ်၊တီဝယ်ခြင်လို့တဲ့ ဘာတီမဆိုအကုန်ဝယ်မယ်တဲ့။...
03/05/2024

ဗဟုသုတရစေချင်လို့💓🥰
မလုပ်သင့်ပါဖူးနော် အထူးသတိပြုကြပါ

နေ့လည်က တယောက်ဖုန်းဆက်လာတယ်၊တီဝယ်ခြင်လို့တဲ့ ဘာတီမဆိုအကုန်ဝယ်မယ်တဲ့။တီဝယ်ပြီးအခြောက်လုပ် အမှုန့်ကြိတ်ပြီး အိမ်နီးခြင်းနိုင်ငံကြီးဆီ ပို့မလို့တဲ့။
တီမွေးမြူရေးဟာ အချိန်အတော်ပေးရပါတယ်။တီကောင်အရွယ်ရောက်ဖို့4လလောက်ကြာတာမို့ မွေးမြူတဲ့သူတွေဆီမှာ များများရဖို့မလွယ်တော့တဲ့အခါ သဘာဝအတိုင်း ရှိတဲ့အကောင်တွေကို မက်လုံးပေးပြီး ဝယ်ပါလိမ့်မယ်။လောဘကြောင့် မတန်တဆ တွန်းဖမ်းရင် မြန်မာပြည်မှာ တီကောင်ဆိုတာအရုပ်ရေးပြရမယ် ထင်ပါတယ်။အရင်ဆုံးပြသနာတက်မှာ မြေအောက်ဂေဟစနစ်တခုလုံးပျက်စီးသွားနိုင်ပါတယ်။မြေကြီးအားလုံးကဓါတ်မြေဩဇာ အလွန်အကျွံသုံးစွဲကြလို့ပျက်စီး နေရုံတင်မက မြေကြီးကိုသဘာဝအတိုင်းပြုပြင်ပေးနေတဲ့တီကောင်တွေကိုသာအလွန်အကျွံ ဖမ်းဆီးကြရင် မတွေးရဲအောင်ပါဘဲ။သူတို့နိုင်ငံတွေမှာ ဂေဟစနစ်မပျက်စီးအောင် တီဖမ်းခွင့်မပြုကြတဲ့အတွက် မြန်မာပြည်ဖက်လှည့်လာတာပါ။ဒါကိုသာအသိစိတ်ရှိရှိနဲ့တားဆီးကြမယ်ဆိုရင်တော့ မြေကြီးလည်း အသက်ရှူခွင်ရပါလိမ့်မယ်။မဟုတ်ရင်တော့မြေကြီးလည်းအသက်ရှူကျပ်ပြီး 4/5နှစ်အတွင်း ကျပ်တီးလွင်ပြင်တွေ ဖြစ်ပေါ်လာမှာမလွဲဧကန်ပါဘဲ။

မူရင်းတင်သူလေးစားစွာ ခရက်ဒစ်ပါ
Photo Google

တီကောင်အကြောင်းသိကောင်းစရာ

Nyan Lynn Htet
တီကောင်သည် ဇီဝဓာတ်ကြွယ်ဝသော မြေကြီး၏ အပေါ်ယံလွှာတွင် နေထိုင်ကြ၍ ဆောင်းရာသီတွင် ဆီးနှင်းဒဏ်မှ လွတ်မြောက်ရန်နှင့် ပူသောရာသီတွင် ခြောက်သွေ့ခြင်းကို ရှောင်ရှားရန် မြေနက်ထဲသို့တိုးဝင်ကြသည်။ ၎င်းတို့နေထိုင်ရာ တီလမ်းကြောင်းအတွင်း ရေလွှမ်းသောအခါ မြေအပေါ်ယံသို့တက်လာကြသည်။ တီကောင်များသည် ၎င်းတို့သွားရာ လမ်းကြောင်းကို လျှင်မြန်စွာ တူးနိုင်ရန်အတွက် ၎င်းတို့၏ကိုယ်မှ အမွှေးအမျှင်များကများစွာ အထောက်အကူပြုပါသည်။ တီလမ်းကြောင်းတွင် တီကောင်တို့သည် အပင်အကြွင်းအကျန်များကို စား၍ မြေကြီး၏ အာဟာရဓာတ်ပါဝင်မှုကို တိုးပွားစေနိုင်ပါသည်။
အပေါ်ယံအလွှာတွင်နေသော တီကောင်၏ သက်တမ်းမှာ တစ်နှစ် မှ နှစ်နှစ်ခွဲခန့်သာရှိ၍ မြေတွင်းအောင်းတီကောင်များမှာ အသက် ၁၅ နှစ်ခန့်အထိ နေထိုင်နိုင်ကြပါသည်။ တီကောင်၏ ခန္ဓာကိုယ်တွင် ရေဓာတ် ၈၀-၉၀% နှင့်ပရိုတင်းဓာတ်၊ အဆီနှင့် သတ္တုဓာတ်များပါဝင်ပါသည်။ အဆစ်များဖြင့် ခန္ဓာကိုယ်ဖွဲ့စည်းထားသည့် သွေးအေးသတ္တဝါဖြစ်သည်။ အကျိအချွဲများပါရှိပြီး ၎င်းတို့သည် တီကောင်အတွက် အစိုဓာတ်ထိန်းသိမ်းခြင်း၊ အသက်ရှူမှုအတွက် အထောက်အကူ ပြုခြင်း၊ မြေကြီးအတွင်း ဝင်ရောက်စဉ် အကာအကွယ်ရရှိစေခြင်းစသည်တို့ကို ဆောင်ရွက်ပေး ပါသည်။ တီကောင်သည် မိမိ၏ ကိုယ်အလေးချိန်နှင့်ညီမျှသော အစာ(မြေကြီးနှင့်သြဂဲနစ် ပစ္စည်းများ)ကို နေ့စဉ်စားသုံးပါသည်။ စားသုံးသော အစားအစာများအား အင်ဇိုင်းများ အကူအညီဖြင့် အပင်အတွက် အလွန်အရေးကြီးသည့် အမိုင်နိုအက်စစ်၊ သကြားဓာတ်နှင့် အော်ဂဲနစ်ပစ္စည်းများထုတ်လုပ်ပေးပါသည်။ ထို့ပြင် တီကျစ်စာမြေဆွေးတွင်အင်ဇိုင်းများ၊ အကျိုးပြု အဏုဇီဝပိုးများလည်း ပါဝင်သောကြောင့် တီကျစ်စာမြေဆွေးသည် သာမန်မြေဆွေးထက် အာဟာရဓာတ် ပိုမိုပါဝင်ပြီး အာနိသင်များစွာ ပိုကောင်းမွန်ပါသည်။
အသုံးပြုသင့်သောတီကောင်အမျိုးအစားများ
တီကောင်များသည် အပင်အကြွင်းအကျန်များကို စားသုံးပြီးမြေကြီးအတွင်း ထိုးဖောက် သွားလာသဖြင့် အကျိုးပြုအဏုဇီဝများပွားများမှု၊ အလုပ်လုပ်မှုကိုအားပေးကာ သြဂဲနစ်ပစ္စည်းများ ဆွေးမြေ့မှုမြန်စေပါသည်။ ထို့ကြောင့် မြေဆီလွှာတည်ဆောက်ပုံ ကောင်းမွန်စေပြီး မြေဆီသြဇာ ထက်သန်စေပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် တီကောင်အမျိုးအစားအလိုက် ၎င်းတို့၏နေထိုင် စားသောက်ပုံ အလေ့အထမတူသောကြောင့် တီကောင်တိုင်းကို တီမြေသြဇာပြုလုပ်ရာတွင် မသုံးနိုင်ပါ။ အစားများများစားပြီး လျင်မြန်စွာ အညစ်အကြေးစွန့်ပစ်၍ မြန်မြန်မျိုးပွားတတ်သော မျိုးစိတ်များသည်သာ တီကောင်စွန့်ပစ်မြေသြဇာပြုလုပ်ရာတွင် အသုံးပြုသင့်ပါသည်။ သင့်တော်သော တီကောင်မျိုးကွဲများကို စုစည်း၍ မွေးမြူထုတ်လုပ်မှသာ တီကောင်စွန့်ပစ်မြေဆွေး များကို အချိန်တိုအတွင်း အရေအတွက်များများရရှိမည် ဖြစ်ပေသည်။ မြေအပေါ်ယံတွင် နေထိုင်သော တီကောင်များသာ မြေဆွေးပြုလုပ်သော တီကောင်များဖြစ်ပြီး ၎င်းတို့သည် ဇီဝပစ္စည်းကို ၉၀% စားသုံးပြီး မြေကြီးကို ၁၀% စားပါသည်။ ၎င်းတို့ကို အသုံးပြုနိုင်ပါသည်။ ၎င်းတို့သည်အနီရောင်ရှိပြီး အမြီးပြားပါသည်။ ငှက်ပျောပင်စည်အဖတ်များကြားတွင်လည်း တွေ့ရ တတ်ပါသည်။ မြေအတွင်းပိုင်းတွင်နေသော တီကောင်များမှာ မြေဆွေးလုပ်ရာတွင် မသုံးနိုင်သော်လည်း မြေဆီလွှာကို အပေါ်အောက် သမအောင်လုပ်ပေးသဖြင့် အပင်အတွက် အသုံးဝင်ပါသည်။ ၎င်းတို့သည် မြေကြီး ၉၀% စားပြီး ဇီဝပစ္စည်းကို ၁၀% စားပါသည်။
တီကောင်တစ်ကောင်သည် ဝ.၅ မှ ဝ.၆ ဂရမ်လေးပြီး တစ်နေ့လျှင် ၎င်းခန္ဓာကိုယ် အလေးချိန်နှင့်ညီမျှသော စွန့်ပစ်ပစ္စည်းများကို စားသုံး၍ တစ်ဝက် ၅၀% ကိုပြန်လည်စွန့် ထုတ်သည်။ တီကောင်များသည် အပူချိန် ၀ -၄ .C ထိခံနိုင်ရည်ရှိသည်။ သို့သော် မျိုးပွားရန်အတွက် တီမွေးမြူသည့်ကန်သည် အပူချိန် ၂၅-၃၀.C နှင့် စိုထိုင်းဆ ၄၀-၄၅% ရှိရမည်။ တီကောင်များမှ ဥ ဥပြီး (၃)ပတ်အကြာတွင် ဥများမှ တီကောင်လေးများပေါက်ဖွားလာသည်။ တီကောင်ဥတစ်ဥတွင် တီကောင်လေးများ ၂ ကောင်မှ ၂၀ ကောင်ထိပါဝင်ပြီး ပျမ်းမျှအားဖြင့် ၄ ကောင် ရှင်သန်နိုင်ပါသည်။
ဉာဏ်လင်းထက်
Reference;Department Of Agriculture (DOA)
အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်"

📣 အပင်သန်ဖို့နဲ့အထွက်နှုန်းတိုးဖို့ Transform သုံးပါ👨‍💼**************************************************📣 သုံးဖူးတဲ့တော...
01/05/2024

📣 အပင်သန်ဖို့နဲ့အထွက်နှုန်းတိုးဖို့ Transform သုံးပါ👨‍💼
**************************************************

📣 သုံးဖူးတဲ့တောင်သူတိုင်း စိတ်ချမ်းသာရတဲ့ထုတ်ကုန်ဖြစ်ပါတယ်

📣 အရည်သွေးကိုစိတ်ပူစရာမလို , အန္တရယ်ဖြစ်မှာလည်းစိတ်ပူစရာမလိုသလို တရားဝင်ဖြန့်ချီနေတဲ့ထုတ်ကုန်ဖြစ်သောကြောင့် အဖက်ဖက်မှစိတ်ချရပါတယ်

📣 မည်သည့်အပင်မဆိုအသုံးပြုနိုင်ပြီး ,
ဓာတုလုံးဝမပါတဲ့မြေသြဇာဖြစ်ပါတယ်

📣 အစိမ်းဗူးကိုသုံးခြင်းအားဖြင့်
****************************
🌱 မြေရဲ့ ချဉ်/ငံ ဓာတ်ကိုထိန်းညှိပေးပါတယ် ( ထို့ကြောင့်မည့်သည့်မြေမဆို အသုံးပြုနိုင်ပါတယ် )

🌱 ဒါ့အပြင် မြေကြီးကိုအကျိုးပြုစေသော
ဘက်တီးရီးယားပိုးမွှားတွေကိုပွားစေပါတယ် ( ထို့ကြောင့်မြေကြီး ပိုကောင်းလာပါလိမ့်မယ် )

🌱 ပိုးကိုပြေးစေပါတယ် , ပိုးမကိုက်ချင်အောင်ပြုလုပ်ပေးနိုင်သောကြောင့် ပိုးသတ်ဆေးသုံးရတာ အကြိမ်ရေနည်းလာပါလိမ့်မယ်

🌱 အမြစ်ပွားခြင်းအားကောင်းစေတယ် , အမြစ်ရှည်စေတယ် , ပင်စည်ကိုလည်း တုတ်ခိုင်စေပါတယ်

🌱 အစာချက်လုပ်အားကောင်းခြင်းကြောင့် ရာသီဥတုဖောက်ပြန်ခြင်းဒဏ်ကို ခံနိုင်ပါတယ်

🌱အရွက်ထူစေတယ် , ကြီးစေတယ် , အပွင့်များများပွင့်စေပါတယ်

📣 အဝါဗူးကိုသုံးခြင်းအားဖြင့်
**************************
🌱 အသီးတင်ခြင်း , အစေ့အဆံအောင်ခြင်း , အလေးချိန်စီးခြင်း များအပြင်အသီးထွားခြင်းနှင့်အရောင်သွေးကိုပို၍လှစေပါတယ်

🌱 အထွက်နှုန်းတိုးခြင်းကိုအဓိကလုပ်ပေးပါတယ် ( အဘယ့်ကြောင့်ဆိုသော အဝါဗူးတွင်အပင်ရဲ့အနည်းလိုအာဟာရဓာတ်များပါဝင်သောကြောင့်ဖြစ်ပါသည် )

🌱 ထို့ပြင် အစေးထွက်အားကောင်းခြင်း , ကိုင်းခွဲအားကောင်းခြင်း , အထားခံခြင်းများလည်းဖြစ်ပေါ်စေပါတယ်

📣 Transform မြေပြင်ဆေးသုံးခြင်းအားဖြင့်
**************************
✅ အမြစ်အသစ်ထွက်နှုန်းကို အားကောင်းစေမယ်
✅ အပင်များ၏ ကိုယ်ခံအားကို တိုးမြင့်ပေးမယ်
✅ မြေတွင်းရှိဓာတ်တွေကို တိုးစေပြီး အပင်မှစုပ်ယူရလွယ်ကူစေမယ်
✅ မြေအတွင်း အကျိုးပြုပိုးမွှားများ၏ လုပ်ဆောင်ချက်ပိုမို အားကောင်းစေမယ်

📣 စွဲသုံးချင်သောတောင်သူတိုင်း
📣 လက်လီယူချင်လည်းရပါတယ် , လက်ကားယူချင်လည်းရပါတယ် ,
နယ်ဝေးမှ မှာယူသော တောင်သူဦးကြီးများအတွက် အိမ်အရောက်ငွေချေ နဲ့ ပို့ဆောင်ပေးပါတယ်။

စိုက်ပျိုးရေးတောင်သူဦးကြီးများအားလုံး
ကျန်းမာ ချမ်းသာကြပါစေ🙏👨‍🌾❤️🌾🌽🥭🍓🍉🍎🥜

#ကုမ္မဏီတိုက်ရိုက်
#ဖြန့်ချီရေး

🌧 မိုးရာသီ  #စပါး စိုက်ပျိုးကြဖို့ရာအတွက် 👍မြေသြဇာကောင်းရှာနေပါသလား ❓❓❓‼ တွေ့ရတဲ့မြေသြဇာတွေက သိန်းကျော်နေလို့ စိတ်ညစ်နေတ...
29/04/2024

🌧 မိုးရာသီ #စပါး စိုက်ပျိုးကြဖို့ရာအတွက်

👍မြေသြဇာကောင်းရှာနေပါသလား ❓❓❓

‼ တွေ့ရတဲ့မြေသြဇာတွေက သိန်းကျော်နေလို့ စိတ်ညစ်နေတာလား ❓❓❓

🔷 စပါးတစ်ဧက စိုက်ရင် ရာသီအစအဆုံးကုန်ကျစရိတ် (2) သိန်းကျော်အထိ အသုံးပြုနေကြရတုန်းလား ❓❓

👍 ထိုင်းနိုင်ငံထုတ် အရည်အသွေးမြင့်ရောင်းအားအကောင်းဆုံး ဆေးလေးနဲ့ မိတ်ဆက်ပေးပါ့ရစေ

‼ တောင်သူတွေကြားရေပန်းစားနေတဲ့ အစိမ်းအဝါအတွဲလေး လို့နာမည်ကြီးနေတဲ့ (ထရန်စဖောင်း ပလပ်) ရွက်ဖျန်းမြေသြဇာ ပဲဖြစ်ပါတယ်

🌾 ကုန်ကျစရိတ်လဲသက်သာမယ်
🌾 အထွက်တွေလဲတိုးမယ်
🌾 စေ့အဆံတွေအောင်လို့
🌾 စျေးကောင်းတွေလဲရရှိမယ်

💵 တစ်ဧကရာသီအစအဆုံး ကုန်ကျစရိတ်မှ
💧60000 💧 ကျပ်သာကျသင့်ပါမယ်

👍 လက်တွေ့အသုံးပြုလို့ ရလဒ်ကောင်းနေတဲ့ စပါးခင်းတွေကို အောက်​ေဖာ်ပြပါပုံတွေကို ကြည့်နိုင်ပါတယ်
👇👇👇👇👇👇👇👇👇👇👇👇👇👇👇

🌾အသေးစိတ်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်


ာဝရွက်ဖျန်းမြေသြဇာ
#ကုမ္ပဏီတိုက်ရိုက်

24/04/2024

အ,ပိယေဟိ
*********

ချစ်သောသူကိုခဏလောက်မြင်ခွင့်ရရုံမျှဖြင့်,
မချစ်မနှစ်သက်သူတို့ကြောင့်
ကူးဆက်ပွားများခဲ့မိသောအ,ကုသိုလ်တို့သည်…
ပိန်းကြာဖက်တွင်ရေမတင်သကဲ့သို့
ကင်းစင်ပ,ပျောက်ပါစေသား…။ ။

မောင်လှမျိုး - ချင်းချောင်းခြံအ,ပိယေဟိ
*****

24/04/2024

သုံးဖူးတဲ့သူတွေကတော့ပြောနေကြပီ တောင်သူကြီးတို့ရေ😱🥰🌾

24/04/2024
21/04/2024

မြေတွေသေမသွားဘဲ ရှင်သန်နေစေဖို့ဆိုရင်..
သက်ရှိသတ္တဝါအားလုံး၊
မြေကြီးပေါ်မှာ နည်းမျိုးစုံဖြင့်
မှီတည်အသက်ရှင်သန်နေကြရပါတယ်။

အထူးသဖြင့် စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ရာမှာ အခြေခံအကျဆုံး မူလ၊ ပဓာန အရာဟာ မြေကြီး(တနည်းအားဖြင့်)မြေဆီလွှာသာလျှင်ဖြစ်ပါတယ်။

အကြောင်းနဲ့ အကျိုးတရား(Cause and effect)သီအိုရီအရ...

မြေဆီလွှာကို အမှီပြုရတဲ့သီးနှံတွေ များများထွက်ပြီး ကောင်းကောင်းသီးပွင့်နိုင်ဖို့ အကြောင်း တရား(Cause) ကောင်းဖို့လိုအပ်တာ အမှန်ပါ။

အကြောင်းတရား(Cause) ကောင်းရင်..

အကျိုးတရား (effect) ကောင်းမှာ အသေအချာပါပဲ။

မြေဆီလွှာကောင်းခြင်းလက္ခဏာများ

၁။ မြေအမျိုးအစား(soil type)
၂။ မြေချဉ်/ငန်ကိန်း (soil pH)
၃။ မြေကြီးအာဟာရ (soil nutrients)
အထက်ပါအချက်များကို ကြည့်၍ မြေဆီလွှာ ကောင်းခြင်း၊ မကောင်းခြင်း လေ့လာအကဲခတ်နိုင်ပါတယ်။

၁။ မြေဆီလွှာအမျိုးအစား

သဲမြေလား(sand)
နုန်းမြေလား (silt)
မြေစေးမြေလား (Clay)
ယေဘုယျခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့...

သဲ+ နုန်း+ မြေစေး = နုန်းမြေနု(loam) မြေဟာ အပင်အတော်များများအတွက် အကောင်းဆုံးမြေလို့ ဆိုနိုင်ပါတယ်။

၂။ မြေကြီး pH (ချဉ်ငန်ဓာတ်)

မြေဆီလွှာကောင်းခြင်းလက္ခဏာထဲမှာ မြေချဉ်ငန်ကိန်းမျှတဖို့လည်း အရေးပါပါတယ်။
pH 6 နဲ့ 8 အကြား ရှိနေမှ မြေဆီလွှာကောင်းခြင်းမည်ပါတယ်။
၃။ မြေကြီးအာဟာရ

မြေဆီလွှာကောင်းခြင်းလက္ခဏာတွေထဲမှာ သီးနှံပင်တွေကြိုက်နှစ်သက်တဲ့အာဟာရတွေ ရှိနေဖို့လည်း လိုအပ်ပါတယ်။

အပင်တွေကြိုက်တဲ့ အာဟာရ အမျိုး ၂၀ ရှိတယ်လို့ ပညာရှင်တွေ ဆိုထားပါတယ်။

ကာဗွန်၊ ဟိုက်ဒြိုဂျင်၊ အောက်ဆီဂျင် (ကာဗွန်ကိုတော့ လေထဲကရပြီး ဟိုက်ဒြိုဂျင်နဲ့ အောက်ဆီဂျင်ကိုတော့ ရေကနေရပါတယ်)
နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယံ (အဓိကအကျဆုံးလိုအပ်တဲ့အာဟာရတွေဖြစ်ပါတယ်)
ကယ်လ်စီယံ၊ မဂ္ဂမီစီယံ၊ ဆာလဖာ (ဒုတိယအလိုအပ်ဆုံးအာဟာရတွေဖြစ်ပါတယ်)
မင်းဂနိ၊ ဇင့်၊ သံ၊ ကော့ပါး၊ ဘိုရွန်၊ မော်လစ်ဒီနမ်၊ ဆီလီကွန်၊ ကိုဘော့၊ နီကယ်၊ ဗာနာဒီယံ၊ စထရွန်တီယံ၊(BAC, fertilizer) (လိုတော့လိုပေမဲ့ အရမ်းကြီးမလိုအပ်တဲ့ အနည်းလိုအာဟာရတွေဖြစ်ပါတယ်)
သင့်မြေဟာ..

မြေသေ(Dead soil)လား?
မြေရှင်( living soil) လား? ဆိုတာလည်း သိဖို့လိုပါတယ်။
မြေသေ(Dead soil) ဆိုတာ..

သစ်ဆွေးဓာတ်ကင်းမဲ့ပြီး စိုလွယ်၊ ခြောက်လွယ်သော/ ထယ်ထိုးလျှင် နှမ်းဖတ်တောင့်ထွက်သော/ပတ်ကြားအက်သော/ အမြစ်ဆီသို့ ရေမစိမ့်နိုင်/လေမရှူနိုင်သော အထိန်းအသိမ်းမဲ့မြေမျိုးကို ခေါ်ပါတယ်။

ရေတိုက်စားခံရပြီး အပေါ်ယံမြေဆီလွှာအာဟာရဓာတ် ကင်းမဲ့သောမြေ..
ဓာတုဗေဒပစ္စည်းများ (ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ..စသည်)အလွန်အကျွံသုံးစွဲပြီး ဓာတ်ကြွင်းများသောမြေ..
ပေါင်းမြက်များ၊ ဖျက်ပိုးများ၊ ရေဆိုးရေညစ်များ၊ စက်ရုံစွန့်ပစ်ရေဝင်မြေများ..
အဆိုပါမြေအမျိုးအစားများကို မြေသေ(Dead soil) တွေလို့ သတ်မှတ်နိုင်ပါတယ်။
သေချာတာကတော့..
အဆိုပါအချက်တွေနဲ့ ကိုက်ညီနေသော မည်သည့်လယ်ယာကိုင်းကျွန်းမြေမဆို..စိုက်ပျိုးရေးလုပ်ငန်း ဖြစ်ထွန်းဖို့ဝေးစွ..အကြွေးကျေရုံသာ အဖတ်တင်ပါလိမ့်မယ်။

မြေရှင်(Living soil) ဆိုတာ..
တီကောင်ကဲ့သို့ မြေတွင်ပျော်ပြီး သီးနှံပင်များ အာဟာရစုပ်ယူနိုင်ရန် ကူညီပေးသော ပိုးကောင်များရှင်သန်သောမြေ..
မှို၊ ဘက်တီးရီးယားကဲ့သို့ အကျိုးပြုအဏုဇီဝများ ရှင်သန်နိုင်သောမြေ..
ရိုးပြတ်များ၊ အပင်အကြွင်းအကျန် အဆွေးအမြည့်များ၊ သစ်ဆွေးများသောမြေ..
မြေဖုံးပင်များနှင့် သီးနှံပင်အမြစ်များထိ ရေစိမ့်ဝင်နိုင်သော၊ ရေစီးရေလာ/အစိုဓာတ်ထိန်းနိုင်သောမြေ... စတာတွေပဲဖြစ်ပါတယ်။
တနည်းအားဖြင့် ကျန်းမာသောမြေကို ရှင်သန်သောမြေ(Living soil)လို့ သတ်မှတ်နိုင်ပါတယ်။

" အပင်ကောင်းချင်...မြေကိုပြင်

လူကိုကောင်းချင်.....စိတ်ကိုပြင်" တဲ့။

ဒါပေမဲ့...

"အပင်ကောင်းမှ အထွက်ကောင်းမယ်" ဆိုပြီး..

မြေကြီးကိုမပြင်ဘဲ အပင်ပေါက်ပြီးမှ အားဆေးအကောင်းစားများ၊ ပိုးသတ်ဆေး/ မှိုသတ်ဆေး/ဓာတ်မြေသြဇာများ စျေးကြီးပေးပြီး ဝယ်သုံးနေကြရပါတယ်။

ကုန်ကျစရိတ်က မသက်သာ၊ အထွက်နှုန်းက..တက်မလာ။

ဆိုတော့ကား...

တောင်သူများအနေနဲ့ အထူးသတိပြုမိစေချင်တာကတော့..

၁။ မြေကြီးတွေ ပျက်နေပါတယ်၊ မကျန်းမာတော့ပါဘူး..ဆိုရင်

(အပေါ်ယံမြေလွှာရဲ့၊ ရုပ်ပိုင်း/ဓာတ်ပိုင်း ၂ မျိုးလုံး ပြုပြင်ပြောင်းလဲပေးဖို့လိုအပ်နေပါပြီ)

၂။ ရာသီဥတု၊ သဘာဝပတ်ဝန်းကျင် သိသာစွာ ပြောင်းလဲနေပါတယ်...ဆိုရင်..

(နည်းစနစ်တွေ လိုက်ပါပြောင်းလဲဖို့လိုပါပြီ)

၃။ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့ သီးနှံဖျက်ပိုးတွေ(ပေါင်းပင်/ပိုးမွှား/ရောဂါ) မနိုင်မနင်း ဖြစ်နေပါတယ်...ဆိုရင်..

(ဓာတုဗေဒဆေး တခုတည်း အားကိုးနေလို့မရတော့ပါဘူး၊ သဘာဝဆေးနည်းတွေ၊ ဘက်စုံကာကွယ်နည်းတွေကို မဖြစ်မနေအသုံးပြုဖို့ လိုအပ်နေပါပြီ)

သို့ဖြစ်ပါ၍... မိမိစိုက်ခင်းမြေအမျိုးအစားအလိုက် လိုအပ်ချက်များကို အသိ၊ သတိဖြင့် ပြုပြင်ဆောင်ရွက်နိုင်ပါရန်နှင့်..

ဓာတ်မြေသြဇာအသုံးပြုတိုင်း သဘာဝမြေသြဇာကို တွဲဖက်အသုံးပြုခြင်းအားဖြင့်...

သီးနှံပင်အမြစ်များ အစာရေစာအလွယ်တကူစုပ်ယူစားသုံးနိုင်သော /ကျန်းမာသော/ ရှင်သန်သော(Living soil) များ ဖြစ်အောင် ပြုပြင်လုပ်ဆောင်နိုင်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါတယ်ခင်ဗျာ။

စေတနာများစွာဖြင့်..

Crd...

ခုလိုအခက်ခဲများစွာကြုံနေရတဲ့အချိန်ခါမျိုးမှာတောင်သူဦးကြီးအနေနဲ့လယ်တွေကိုအရင်လိုစိုက်ပျိုးဖို့ရာအတွက် ဓာတ်မြေသြဇာဈေးတွေက...
21/04/2024

ခုလိုအခက်ခဲများစွာကြုံနေရတဲ့အချိန်ခါမျိုးမှာ

တောင်သူဦးကြီးအနေနဲ့လယ်တွေကိုအရင်လိုစိုက်ပျိုးဖို့ရာအတွက်

ဓာတ်မြေသြဇာဈေးတွေကလဲတတ်နေတော့ကုန်ကျစရိတ်တွေအတွက် စိတ်ပူနေပီလား☺️

ဒါဆိုတော့ ကုန်ကျစရိတ်လဲသက်သာစေမယ် ပျတ်စီးနေတဲ့မြေကြီးတွေကိုလဲ ပြန်ပြုပြင်ပေးမယ်

သီးနှံတွေလဲအထွက်တိုးစေမဲ့ Transform soil မြေပြင်မှုန့်ရှိတယ်ဆိုတာကိုသတိရလိုက်ပါရှင့်

သီးနှံမျိုးစေ့ဘယ်လောက်ပဲကောင်းကောင်း မြေကြီးမကောင်းရင် လုပ်သလောက်အကျိုးရလဒ်မရှိနိုင်ပါဘူး

သီနှံအထွက်တိုးချင်ရင် ပျတ်စီးနေတဲ့မြေကြီးကိုအရင်ပြင်ပါရှင့်

မြေကြီးကောင်းရင်ဘာအပင်စိုက်စိုက်အကုန်ဖြစ်ထွန်းပါတယ်

ဘာတွေကောင်းလို့ပြောနေလဲဆိုရင်
၁/မြေကြီးကိုပွစေတယ် မွစေတယ်

၂/ လေဝင်လေထွက်ကောင်းပီးတော့မြေကိုအကျိုးပြုစေတဲ့ ပိုးမွှားလေးတွေကိုတိုးပွားစေတယ်

၃/အပင်ကိုအစာချက်လုပ်နိုင်ဖို့ရာအတွက်အကောင်းဆုံးကူညီပေးတယ်

၄/အမြစ်ရှည်စေတယ် အမြစ်တွယ်အားကောင်းစေတယ်

၅/အမြစ်ပုတ်ရောဂါကိုကာကွယ်ပေးတယ်

၆/အပင်တွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ မိှုရောဂါတွေကိုကာကွယ်ပေးတယ်

တစ်ထုပ်ကို၁ဧကကနေ ၅ဧကထိ မြအပေါ်ကနုမူတည်ပီးအသုံးပြုနိုင််တယ်

 #ပုံလေးတွေတခုချင်းစီကြည့်သွားနော်😍ခါသကြ်န်ပြီးရင်.. #စပါးစိုက်မည့်တောင်သူဦးကြီးအတွက်  ုံးပြုနည်း☑️ပထမဦးဆုံးအဆင့်မြေပြင်...
20/04/2024

#ပုံလေးတွေတခုချင်းစီကြည့်သွားနော်😍

ခါသကြ်န်ပြီးရင်..

#စပါးစိုက်မည့်တောင်သူဦးကြီးအတွက်

ုံးပြုနည်း

☑️ပထမဦးဆုံးအဆင့်မြေပြင်ချိန်တွင်

#မြေခံဆေးအနေနဲ့ ထရမ်စဖောင်းဆွိုင်း မြေပြင်၊
မြေခံ အမှုန့်ကို တစ်ပုံးလျှင် 20g ဖြင့် တစ်ဧက 5 ပုံးနှုန်း‌ဖြန်း၍ အသုံးပြုနိုင်ပါသည်.......

☑️* ပထမအကြိမ် စပါးပင် (၁၅) ရက်အရွယ် အပင်ငယ် -
Transform 1 20 CC/ ရေ 4ဂါလံ × ဆေးဖြန်းပုံး (4) ပုံးနှုန်း

☑️* ဒုတိယအကြိမ် ( ၃၀ ) ရက် သားအရွယ်
Transform 1 - 30 CC/ ရေ 4ဂါလံ × ဆေးဖြန်းပုံး ( 4 ) ပုံးနှုန်း

☑️*စပါးပင်ကိုမြေဆီပက်ချိန်ရောက်လျှင်ကျွေးနေကျ ယခင်မြေသြဇာ (သို့)
မြေဆီ ကျွေးလို့ရပါသည် သို့သော် Transform သုံးပါက
#ယခင်ကျွေးနေကျ မြေသြဇာ နှုန်းထက် တစ်ဝက် လျှော့သုံးပါရန် (အထူးဂရုစိုက်ရန်)
☑️* တတိယအကြိမ် စပါးအဖုံးအလုံးမတိုင်ခင်
Transform 1 & 2 တစ်မျိုးလျှင် 30 CC / ရေ 20 လီတာ × ဆေးဖြန်းပုံး ( 4 ) ပုံးနှုန်း
၁၀ရက်(သို့)၁၅ရက်ခြား ဖျန်းပါ

☑️* စပါးနှံကွဲပြီး အပွင့်ကြွေပြီးနောက်

🌾*စပါးနှံများ အသိမ်အဖျင်းနည်းစေရန်..

🌾*အထွက်နှုန်းတိုးစေရန်

🌾အရည်အသွေးကောင်းမွန်စေရန်

☑️*Transform No.2 ကို 40cc +ရေ 4ဂါလံဖြင့်ရောစပ်၍ 10ရက်တစ်ကြိမ်ခန့် ဖျန်းပက်ပေးနိုင်ပါက ပို၍ကောင်းမွန်ပါသည်။

သဘာဝမြေသြဇာ အသုံးပြုပြီးကုန်ကျစရိတ်များ လျှော့ချနိုင်ပါသည်။

#တောင်သူဦးကြီးများ ယခင်သုံးနေကျမြေသြဇာကိုထက်ဝက်လျှော့သုံးနိုင်ပြီးအခြာအားဆေးများ သုံးရန်မလိုခြင်း။ပိုးကောင်၊ပိုးမွှားနှင့် ဘက်တီးရီးယားများဖျက်စီးခြင်းခံနိုင်ရန် အပင်၏ကိုယ်ခံအားကို ဖြည့်တင်းပေးပါသည်။

#စပါးမျိုးစေ့များကို Transform 1 ဖြင့်စိမ်ပေးလျှင် အညှောင်ထွက်ခြင်းကိုအားပေးပြီး ပိုးမွှားဒဏ်မှ ကာကွယ်ပေးပါသည်။

#အမြစ်ပွားများကို ရှည်စေပြီး ပိုမိုနက်ရှိုင်းသော အစာကို စုပ်ယူနိုင်စေခြင်း။အပင်ပွားအားကောင်းကာ စပါးနှံများကို ပိုမိုအောင်စေသည့်အတွက် အထွက်နှုန်းသိသာစွာကောင်းမွန်လာမည်။

သည် သဘာဝမြေသြဇာ ဖြစ်ပြီး
GAP စနစ်ဖြစ်သော ဓာတုလျှော့ချသုံးခြင်းကြောင့် သီးနှံများ အရည်အသွေးပြည့်ဝကာ စျေးကောင်းရရှိစေခြင်း။
ကုန်ကျစရိတ်သက်သာစေပြီး တောင်သူနှင့် စားသုံးသူများပါ အန္တရာယ်ကင်းခြင်း လယ်ယာမြေများပြန်လည်ကောင်းမွန်လာခြင်း စတဲ့ အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ပါသည်။

❗⚠️သတိပြုရန်: : ရေမှုန်ရေမွှားဖြင့်သာဖျန်းရန်။
❗🚫 ရေကိုရွှဲစိုနေအောင်းမဖျန်းရ။

👍သီးနှံထွက်နှုန်းတိုးစေဖို့

👍Transform (ထရန်စဖောင်း)ကိုသာသုံးကြစို့။

တောင်သူကြီးများ သီးနှုန်းတိုးပီးဝင်ငွေတိုးစေပါတယ်🙏🙏🙏

ွက်ဖျန်းမြေဩဇာဖြန့်ချီရေး


ကိုယ်ထိန်းချုပ်လို့မရတဲ့အရာတွေအပေါ် (ကိုယ်ရဲ့စိတ်ကလွဲရင်ဘယ်အရာမှထိန်းချုပ်လို့မရပါ)မျှော်လင့်ချက်တွေမထားတော့ပဲ လက်လွှတ်လ...
17/04/2024

ကိုယ်ထိန်းချုပ်လို့မရတဲ့အရာတွေအပေါ်

(ကိုယ်ရဲ့စိတ်ကလွဲရင်ဘယ်အရာမှထိန်းချုပ်လို့မရပါ)
မျှော်လင့်ချက်တွေမထားတော့ပဲ လက်လွှတ်လိုက်တဲ့အချိန်ဟာ

အငြိမ်းချမ်းဆုံးအချိန်ပဲဆိုတာကိုယ်တိုင်လက်တွေ့မို့လို့ ကိုယ်တိုင်သိလိုက်ရပါပီ 🥰

ဒီကရှေ့မျှော်လင့်ချက်ထားမဲ့အစား ရည်ရွယ်ချက်ပန်းတိုင်ပဲ ထားတော့မယ် 💪

အရာရာမှာထိခိုက်လွယ်လွန်းတဲ့ ကိုယ်စိတ်ကိုပြင်ရမယ် ❤️‍🔥

Address

Okpo
Pegu

Alerts

Be the first to know and let us send you an email when Transformဓာတ်မြေသြဇာလက်လီလက်ကားဖြန့်ချီရေး ZarLi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category