08/09/2026
(Mulching) လို့ခေါ်တဲ့ မြေကိုဖုံးပေးခြင်းက အပင်အတွက် ဘာကြောင့်အရေးကြီးသလဲ ???
မိုးရွာပြီးနောက် မြေစိုဓာတ်ကို ကြာရှည်ထိန်းထားနိုင်ဖို့၊ နေပူချိန်မှာ မြေခြောက်မြန်ခြင်းကို လျှော့ချဖို့နဲ့ ပေါင်းပင်များကို ထိန်းချုပ်ဖို့ Mulching (မြေဖုံးခြင်း) ကို အသုံးပြုနိုင်ပါတယ်။
မြေဖုံးရန်အတွင် အသုံးပြုနိုင်သောပစ္စည်းမှားမှာ > အရွက်ခြောက်၊ ကောက်ရိုး၊ အစေ့အဆန်ခွံ၊ မြက်ခြောက်၊ သစ်သားအဖတ်များ စတဲ့ အော်ဂဲနစ်ပစ္စည်းများ .... သီးထပ်စိုက်ပျိုးခြင်းစနစ် နှင့် ... (မြေဖုံးရန်သီးသန့်ပြုလုပ်ထားသော) ပလတ်စတစ်စများ/မိုးကာစများ တို့ပါဝင်ပါတယ် ။
အကျိုးကျေးဇူးများမှာ 💧 မြေအတွင်း အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်ခြင်း
🌡️ မြေအပူချိန် အတက်အကျကို လျှော့ချပေးနိုင်ခြင်း
🌿 ပေါင်းပင်ပေါက်ရောက်မှုကို လျှော့ချနိုင်ခြင်း
🌱 မြေဆီလွှာအတွင်း အော်ဂဲနစ်ပစ္စည်းများ တိုးပွားလာစေခြင်း
🪱 မြေဆီလွှာအတွင်း အကျိုးပြုသက်ရှိများ ရှင်သန်ရန် ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်ရရှိစေခြင်း
တို့ကို အထောက်အကူပြုနိုင်ပါတယ်။
သို့သော် မြေဖုံးမယ့်ပစ္စည်း ကို အပင်ပင်စည်နဲ့ တိုက်ရိုက်မကပ်စေဘဲ အမြစ်ပတ်ဝန်းကျင်ကို သင့်တော်သောအထူဖြင့် ဖုံးပေးရန် အရေးကြီးပါတယ်။
**မြေကောင်းမှ အပင်ကောင်း၊ အပင်ကောင်းမှ အထွက်ကောင်း။
ယနေ့ကတည်းက မြေဆီလွှာကို ဂရုစိုက်ပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးကို တည်ဆောက်လိုလျှင် 'ပေါက်' မြေဩဇာကိုသိရလိုက်ပါ။
#မြေဖုံးခြင်း #မြေဆီလွှာ #သစ်သီးခြံ #စိုက်ပျိုးရေး