07/09/2020
🌱🌿 လက်ဖက်နှင့်ကျန်းမာရေး 🌿🌱
လက်ဖက်ရည်နှင့် ကျန်းမာရေး အကြောင်းကို ပြောရမည် ဆိုပါလျှင် လက်ဖက်ရွက် အကြောင်းပါမှ ပြီးပြည့်စုံ ပါလိမ့်မည်။ သမိုင်း
အထောက်အထားများအရ ခရစ်သက္ကရာဇ် ၁၁၀ဝ ခန့်ကတည်းက၊ မြန်မာ နိုင်ငံတွင် လက်ဖက်စားသုံးသော ယဉ်ကျေးမှုစတင်ခဲ့
ပါသည်။ “လက်ဖက်အစ တအာင်းက” ဟု စာဆိုရှိပါသည်။ တအာင်း(တအမ်း) လူမျိုးတို့ နေထိုင်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊
ကျောက်မဲခရိုင်၊ နမ့်ဆန် မြို့နယ်သည် မြန်မာနိုင်ငံ၏ လက်ဖက် စတင်စိုက်ပျိုးရာ ဒေသဖြစ်ကာ၊ နမ့်ဆန်ကို“လက်ဖက်မြို့တော်”
ဟု လူသိများပါသည်။ ရာဇဝင်များထဲတွင် မာယာယုကျွန်းမှ နတ်ဘီလူးညီနောင် လေးယောက်တို့သည် ဟင်္သာဇလုပ်အတွင်း၌
ရှိသော “နိလဗီဇ” ခေါ် “ရသာဝသီ” နတ်သစ်စေ့ကို ပုဂံပြည့်ရှင် အလောင်းစည်သူမင်းတရားကြီးအား ဆက်သခဲ့ရာ မင်းကြီးလည်း
ထိုမျိုးစေ့ကိုတအာင်း (ပလောင်) သူကြီး “တာငွန်” ဆိုသူကို စိုက်ပျိုးရန် အလို့ငှာ ချီးမြှင့်ခဲ့ပြီး သူကြီးက မျိုးစေ့ကို လက်တစ်ဖက်နဲ့
ခံယူခဲ့သည့် အတွက် “လက်တစ်ဖက်ပင်” ဟု ခေါ်တွင်ခဲ့ပြီး အချိန်ကာလရွေ့လျားရာမှ “လက်ဖက်ပင်”ဟုအမည်ရလာခဲ့ပါသည်။
“လက်ဖက်ကောင်း စားချင်ရင် ပလောင်တောင်တက်နှေး။ သမက်ကောင်းလိုချင်ရင် အလှောင်အလက်ရွေး” ဟူသော တအာင်း
(တအမ်း) စကားပုံရှိခဲ့ပါသည်။ အဓိပ္ပာယ်ကတော့ လက်ဖက်ပင်ကို တောင်စွယ် တောင်တန်းဒေသ တွင်သာ စိုက်ပျိုးလေ့ရှိရာ၊
တောင်ပေါ်သို့ တဖြည်းဖြည်းတက်ပြီး တစ်ညွန့်စီ သေသေချာချာ စနစ်တကျ ခူးဆွတ်မှသာ အရသာကောင်းမွန်သော အညွန့်
အဖူးလေးများကို ရရှိမှာဖြစ်ပြီး၊ လက်ဖက်အစို၊ အခါးခြောက်၊ အချိုခြောက်ဟူ၍ ပြုပြင် ဖန်တီးကြရပါသည်။“အသီးမှာသရက်၊ အ
သားမှာ ဝက်၊ အရွက်မှာ လက်ဖက်” ဆိုသည့်အတိုင်း လက်ဖက်သုပ်နှင့် လက်ဖက်ရည်ကြမ်း (အခါးရည်) တို့ကို ဘိုးဘေးဘီဘင်
များ လက်ထက်ကတည်းကစပြီး မျက်မှောက် ကာလထိ မိသားစုဝိုင်းဖွဲ့စားကြသလို၊ ရဟန်းခံ၊ ရှင်ပြု အလှူမင်္ဂလာ ဧည်ခံပွဲများ
တွင် သူပါမှ ပြီးပြည့်စုံပါမည်။ လက်ဖက်ရည် ဖျော်သောက်ဖို့လက်ဖက် အချိုခြောက် ရရှိရန်အတွက်၊ ဟိုးယခင်ကာလများ၌ ရွက်
စိမ်းလက်ဖက်တွေကို အမှုန့်ဖြစ်အောင် ခြေနင်းစုံနဲ့ ထောင်းကြရပါသည်။
ယနေ့ခေတ်မှာတော့ ကြိတ်စက်များ၊ ဖြတ်စက်များဖြင့် အမှုန့်ကြိတ်၍ အခြောက်ခံစက်နှင့် အခြောက်လှော်ကြခြင်း ဖြစ်ပါသည်။
မြန်မာ့ သမိုင်းစာ မျက်နှာကို ပြန်လှန်ကြည့်ရာ အိန္ဒိယလူမျိုးများ ကျူးကျော်ဝင်ရောက်ချိန်မှ စ၍ မြန်မာပြည်တွင် လက်ဖက်ရည်
အချိုသောက်သုံးသော ဓလေ့စတင်ခဲ့ပါသည်။ ရှေးယခင်ကတော့ “ကာကာဆိုင်” ဟု ခေါ်ဝေါ်ခဲ့ကြပြီး၊ လက်ဖက်ရည်အချို ခြောက်
မှုန့်ကို အိန္ဒိယစတိုင်လ် နှပ်ကာ၊ ချက်နို့ဆီဖြင့် ဖျော်သောက်ကြပါသည်။ ယခုအခါမှာတော့ ဘူးနို့ဆီ (သို့) နို့စိမ်းဖြင့် ဖျော်ခြင်းဖြစ်ပါ
သည်။ ယနေ့့မြန်မာပြည်တွင် လက်ဖက်ရည်သောက်သုံးသော ယဉ်ကျေးမှုသည် အံ့မခန်းဖြစ်ပါသည်။ စစ်တမ်း ကောက်ကြည့်ရာ
၌ မြန်မာပြည်တွင် လက်ဖက်ရည်ကို လူလတ်တန်းစားများက အသောက်များကြပြီး လက်ဖက်ရည်ဆိုင်များတွင် လက်ဖက်ရည်
ရောင်းအားက ကော်ဖီထက် သုံးဆမက ပိုရောင်းရပါသည်။ တချို့ရပ်ကွက်များတွင် လက်ဖက်ရည်ဆိုင်များကို လက်ညှိုးထိုးမလွဲ
မြင်တွေ့ကြရပြီး၊ အမျိုးသားများနည်းတူ အမျိုးသမီး များလည်း နှစ်ခြိုက်အားပေးသောက်သုံးကြပါသည်။ လက်ဖက်ရည်ကို သူ့
ချည်းဘဲအရသာရှိရှိ သာက်သုံးနိုင်သလို နှစ်သက်ရာ မြန်မာ့ရိုးရာ အစားအစာများသာမကအနောက်တိုင်း၊ အရှေ့တိုင်းအစား
အစာ တို့နှင့်လည်း လိုက်ဖက်ညီညီသောက်သုံးကြပါသည်။
“ ပုံမှန်၊ ပေါ့ဆိမ့်၊ ကျဆိမ့်၊ ချိုဆိမ့်၊ ဖန်ဆိမ့် (ခေါ်) နို့စိမ်းများသော လက်ဖက်ရည်၊ ချိုပေါ့ကျ၊ ဖန်ချို၊ ဖန်ခါး၊ ကျောက်ပန်းတောင်း
(ခေါ်) ချိုပြစ်ပြစ်လက်ဖက်ရည်၊ ရိုးရိုး၊ ရှယ်” စသည်ဖြင့် ဆိုင်ဖျော်လက်ဖက်ရည်များအပြင် မိမိနှစ်သက်ရာ 2 in 1 , 3 in 1 နှင့်
လီမွန်တီး စသည့်အသင့်ဖျော် လက်ဖက်ရည်ထုပ်များဖြင့် ပုံစံအမျိုးမျိုး သောက်သုံးကြပါသည်။ လက်ဖက်ရည်ကို နံက်စာ
အာဟာရ၊ နေ့လယ်အဆာပြေ၊ ညနေခင်းအပျင်းပြေနှင့် ညဘက်မိတ်ဆွေများနှင့် အမောပြေသောက်သုံးကြသလို ကျောင်းသား၊
ကျောင်းသူများနှင့် စာရေးဆရာများကလည်း အိပ်ငိုက်ပြေ စသည့်အကြောင်းပြချက် အမျိုးမျိုးဖြင့် သောက်သုံးကြပါသည်။ ယခု
အခါ ၂၄ နာရီပတ်လုံး ဖွင့်လှစ်သော လက်ဖက်ရည်ဆိုင်များကို တွေ့ရပါသည်။ ယနေ့မြန်မာနိုင်ငံ၏ super market ဆိုင်ကြီးများ
တွင် နိုင်ငံခြားဖြစ် ကာဗွန်ပါသောIced Tea Sparkling နှင့် ကာဗွန်မပါသော Iced Tea ထုပ်လေးများကို ဝယ်ယူသောက်သုံးနိုင်ပါ
ပြီ။ တံဆိပ်အမျိုးမျိုးရှိရာ ၄င်းတို့အနက် လီမွန် နှင့် မက်မွန်သီး အနံ့အရ သာပါသော Nestea နှင့် Lipton တံဆိပ်တို့မှာ ဝယ်လို
အားကောင်းလှပါသည်။
ထို့ပြင် Food Court ဆိုင်ကြီးများ၊ ဟိုတယ်၊ စားသောက်ဆိုင်ကြီးများ၊ Bakery, Tea Shop ဆိုင်ကြီးများတွင် နိုင်ငံတကာမှလက်
ဖက်ရည်ပူပူ အမျိုးစုံကို ရရှိနိုင်ပါသည်။ လက်ဖက်စိမ်း ရေခဲမုန့်၊ Chai Latte၊ လိမ္မော်၊ နာနတ်၊ ရှောက်ချို၊ နို့ဆီ၊ နို့စိမ်း၊ ဆားအ
နည်းငယ်တို ဖြင့်စီမံပြုလုပ်ထားသော “သီးစုံလက်ဖက်ရည်”၊ရှောက်ချိုသီးရနံ့မွှေးသော “မက်မွန်သီး လက်ဖက်ရည်” တို့ကိုလည်း
နိုင်ငံခြားအဆင့်မီအရသာရှိရှိ သောက်သုံးနိုင်ကြပါပြီ။ ကဖိန်းဓာတ်ပါသော အဖျော်ယမကာ မျိုးနွယ်ဝင်လက်ဖက်ရည်ကို ကော်ဖီ
နှင့်အပြိုင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် နေ့စဉ်သုံး အစားအစာမီနူးအဖြစ် အာသာပြင်းပြင်း သောက်သုံးလျက်ရှိကြပါသည်။ နိုင်ငံ
တကာ၏ ရုံးဌာနများနှင့် ကုမ္ပဏီများတွင် ညနေ သုံးနာရီဝန်းကျင်၌ ဝန်ထမ်းများ ခေတ္တအနားယူကြရန်နှင့် တစ်နေ့တာလုံးစိတ်ဖိ
စီးမှုများကို ပြန်လည်အားဖြည့်စေရန် အတွက် လက်ဖက်ရည်သောက်ချိန် “Tea Time” ဟူ၍ အထူးတလည် သတ်မှတ်ပေးထား
ကြပါသည်။ သို့ပါ၍ နှလုံးရောဂါနှင့် လေဖြတ်ခြင်း မဖြစ်စေဖို့အတွက် ကဖိန်းဓာတ် မပျော့လွန်းမပြင်းလွန်းသော လက်ဖက်ရည်
တစ်ခွက်ကို နေ့စဉ်သောက်သုံးကြပါရန် အကြံပြု လိုက်ရပါသည်။
credit to Original uploaded 🙏🙏🙏