𝗡𝗸 𝗗𝗮𝗶𝗹𝘆 𝗧𝗿𝗮𝘃𝗲𝗹

  • Home
  • Myanmar
  • Old Kyaukpyu
  • 𝗡𝗸 𝗗𝗮𝗶𝗹𝘆 𝗧𝗿𝗮𝘃𝗲𝗹

𝗡𝗸 𝗗𝗮𝗶𝗹𝘆 𝗧𝗿𝗮𝘃𝗲𝗹 Fresh Goods/online shop

01/01/2022

Jan 10 ရက်နေ့မှစ၍ Air KBZ မှ ရန်ကုန် ကျောက်ဖြူ ရန်ကုန် Promotion စျေးဖြင့် ဝယ်ယူနိုင်ပါသည်။ (Mon/Thur) တစ်ပတ် ၂ရက်သာ လေယာဥ်ထွက်သည်။

ရန်ကုန်ကျောက်ဖြူ 48,000 ကျပ်သာ။
ကျောက်ဖြူ ရန်ကုန် 46,000 ကျပ်သာ။

23/11/2021

🙏🙏🙏

🙏ချစ်သောဗုဒ္ဓဂယာ လုပ်ငန်းရှင်များနှင့် ခရီးသည်များရှင့် India နိုင်ငံ ဂယာမြို့ကို ပြန်သွားလို့ရတော့မယ်ရှင့် 🙏15 Oct 2021...
08/10/2021

🙏ချစ်သောဗုဒ္ဓဂယာ လုပ်ငန်းရှင်များနှင့် ခရီးသည်များရှင့် India နိုင်ငံ ဂယာမြို့ကို ပြန်သွားလို့ရတော့မယ်ရှင့် 🙏
15 Oct 2021 မှ စပြီး ဘုရားဖူးအဖွဲ့ Tours များကို စတင် visa ချပေးတော့မှာဖြစ်ပြီး
15 Nov 2021 မှ စပြီး တဦးတယောက်ချင်းစီ individual tourist visa ကို စတင် လက်ခံတော့မည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့််။

များမကြာမှီ အချိန် တွင်းမှာပဲ တိုးတို့ရဲ့ Nk daily Travels & Tours မှ ရောင်းချမယ့် MAIဂယာ Charter လက်မှတ် ( Group ticket, individual tickets)များအားလည်း စျေးနူန်းချိုသာစွာ ဝယ်ယူနိုင်တော့မှာဖြစ်ပါတယ်ရှင့်🙏
အားပေးကြပါဦးနော် 😘😘😘

ဗုဒ္ဓဂယာမြေမြတ်မဟာ-----------------------ဗုဒ္ဓဂယာမြေမြတ်မဟာကိုရောက်တာနဲ့ အဝေးကပင် လမ်းမျှော်ဖူးမြင်နိုင်တဲ့ မဟာဗောဓိစေတီ...
09/08/2021

ဗုဒ္ဓဂယာမြေမြတ်မဟာ
-----------------------
ဗုဒ္ဓဂယာမြေမြတ်မဟာကိုရောက်တာနဲ့ အဝေးကပင် လမ်းမျှော်ဖူးမြင်နိုင်တဲ့ မဟာဗောဓိစေတီတော်ကြီးဘဲ ဖြစ်ပါတယ်။ မဟာဗောဓိစေတီတော်ကြီးဟာ ဗုဒ္ဓဘာသာ ဘုရားဖူးများအတွက် အလွန်မှသပ္ပာယ်လှတဲ့ စေတီတော်ကြီးဘဲ ဖြစ်ပါတယ်။

မဟာဗောဓိပင်ပေါ်ထွန်းရာနှင့် မြတ်ဗုဒ္ဓဟာ သဗ္ဗညုတရွှေဉဏ်တော်ကို ရရှိတော်မူရာ မြေမြတ်မဟာဗုဒ္ဓဂယာသို့ ဘီစီ(၂၆၀)တွင် အသောကမင်းကြီးကိုယ်တိုင် ရောက်ရှိလာခဲ့ပြီး မဟာဗောဓိစေတီတော်ကြီးကို တည်ထားခဲ့ခြင်းဘဲဖြစ်ပါတယ်။မြန်မာဘုရင် အဆက်ဆက်တို့ရဲ့ ကောင်းတော်လဲဘဲ ဖြစ်ပါတယ်။

စေတီတော်ကြီးကို သဲကျောက်များဖြင့် တည်ဆောက်ထားတာဖြစ်ပြီး ဖိနပ်တော်(၄၈)ပေ ဉဏ်တော်အမြင့် (၁၇၀)ပေရှိတယ်လို့ သိရှိရပါတယ်။
စေတီတော်ကြီးရဲ့ နံရံကပ်လှိုဏ်ပေါက်တို့မှာ ဘုရားဆင်းတုတော်များထားရှိပြီး အဆောက်အဦးရဲ့လေးမျက်နှာနံရံတို့မှာ ပုလဲကုံးပုံသဏ္ဍာန်များ ဈာန်ပျံရသေ့ပုံများနှင့် ခမ်းနားသပ္ပာယ်ဆန်းကြယ်စွာ ထုလုပ်ချယ်သလို့ ထားပါတယ်။

ခရစ်နှစ်(၂)ရာစုခန့်မှာ အမည်မထင်ရှားတဲ့ မာဂဓတိုင်းဘုရားတစ်ပါးဟာ အသောကမင်းကြီးတည်ထားကိုးကွယ်ခဲ့တဲ့ ဗုဒ္ဓဂယာစေတီတော်ကြီးအား အခုမြင်တွေ့နေ ရတဲ့ စေတီတော်ကြီးအဖြစ် ပြန်လည်ပြုပြင်တည်ဆောင်ခဲ့တာဘဲ ဖြစ်ပါတယ်။

ထို့နောက်မှာတော့ အိန္ဒိယနိုင်ငံအပါအဝင် ဗုဒ္ဓဘာသာနိုင်ငံများမှ ရဟန်းတော် များဟာ ခေတ်အဆက်ဆက်ဗုဒ္ဓဂယာသို့ သက်စွန့်ဆံဖျား ဘုရားဖူးရန် ရောက်ရှိလာခဲ့ကြ ပါတယ်။ ထိုရဟန်းတော်များအနက် ထင်ရှားသောရဟန်းတော်များမှာ အေဒီ(၄)ရာစုမှာ တရုတ်ရဟန်းတော် ဖာဟိယန်၊ အေဒီ(၇)ရာစုမှာ တရုတ်ရဟန်းတော်ဟူယင်ဆန်၊ အေဒီ (၅၈၈)ရာစုမှာတော့ သီရိလင်္ကာမှရဟန်းတော် မဟာနာန ဓမ္မဂုတ္တနှင့် ဓမ္မသေနတို့ဘဲ ဖြစ်ပါတယ်။

ထို့အပြင်အခြားသော ရဟန်းတော်အများအပြားလဲ ဗုဒ္ဓဂယာသို့ ကြွရောက် တော်မူလာကြပါတယ်။

အထက်ဖော်ပြပါ ရဟန်တော်များဟာ ဗုဒ္ဓဂယာအပါအဝင် မဇ္ဈိမဒေသနှင့် အိန္ဒိယနိုင်ငံနေရာအနှံ့အပြားရှိ ဗုဒ္ဓဘာသာနေရာဌာနများကို လေ့လာဖူးမျှော်ခဲ့ကြပြီး ထိုရဟန်းတော်အထဲမှ တရုတ်ရဟန်းတော် ဖာဟိယန်၊ ဟူယင်ဆန်နှင့် တိဗက်ရဟန်းတော် ဓမ္မသာမိတို့မှာ ထိုခေတ်ထိုကာလ သူတို့ဖူးမျှော်ခဲ့ရသမျှ ဘုရားဌာနများအကြောင်းနှင့် ထိုအချိန်ကာလက အိန္ဒိယနိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားလျှက်ရှိသော ဗုဒ္ဓဘာသာဆိုင်ရာ အကြောင်းအရာများကို ဘုရားဖူးမှတ်တမ်း၊ ခရီးသွားမှတ်တမ်းအဖြစ် ရေးသားပြုစုထားခဲ့ ကြတာ ဖြစ်ပါတယ်။

ယနေ့အချိန်အခါမှာတော့ မဇ္ဈိမဒေသအပါအဝင် အိန္ဒိယနိုင်ငံအနှံ့အပြားတွင် ဗုဒ္ဓဘာသာဝင်များ ဖူးတွေ့နေကြရသော ရှေးဟောင်းဗုဒ္ဓဘာသာဆိုင်ရာ ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများသည် ထိုရဟန်းတော်များ၏ ကလောင်များမှာ ထင်ကျန်ခဲ့ သော ပုံရိပ်လွှာများပင်ဖြစ်ပါတယ်။အကယ်၍သာ ထိုရဟန်းတော်များ၏ ကလောင် သွားမှ ယင်းအကြောင်းအရာများ မထင်ကျန်ခဲ့ပါလျှင် မဇ္ဈိမဒေသအပါအဝင် အိန္ဒိယနိုင်ငံ အနှံ့အပြားတွင်ရှိသော ရှေးဟောင်းဗုဒ္ဓဘာသာနေရာဌာနများနှင့် အဆောက်အဦ အားလုံးတို့ဟာ တစ်စမကျန် ပျက်စီးပျောက်ကွယ်သွားမည်သာ ဖြစ်ပါတယ်။

အေဒီ(၁၂)ရာစုတွင် ဘာသာခြားဘုရားများရဲ့ ဖျက်စီးခြင်းကိုလည်း အကြိမ်ကြိမ် ခံခဲ့ရပါတယ်။ခရစ်(၁၅၉၀)ခုနှစ်မှာတော့ မဟာဗောဓိစေတီတော်ကြီးဟာ ဟိန္ဒူမဟန့် ဘုန်းကြီးများလက်ထဲသို့ ကျရောက်သွားခဲ့ရပါတယ်။

(၁၈၈၅)ခုနှစ်တွင် ဗုဒ္ဓဂယာသို့ ဘုရားဖူးရန်ရောက်ရှိလာခဲ့သော The Light Of Asia ကဗျာရှည်ကိုရေးသားသူ အနောက်နိုင်ငံသား ဆာအက်ဒွန်အာနိုးဟာ သူဘုရားဖူး ရောက်ရှိလာခဲ့စဉ်က မဟန့်ဘုန်းကြီးများက မဟောဗောဓိစေတီတော်ကို ပုံစံအမျိုးမျိုးနဲ့ ဖျက်ဆီးနေခြင်းကို ကမ္ဘာတစ်ဝှမ်းလုံးသိအောင် ရေးသားဖော်ပြခဲ့ပါတယ်။

(၁၈၉၁)ခုနှစ်တွင် သီရိလင်္ကာနိုင်ငံသား အနာဂါရိက ဓမ္မပါလဟာ ဗုဒ္ဓဂယာသို့ ဘုရားဖူးရောက်ရှိလာပြီးနောက် မဟန့်ဘုန်းကြီးတို့က ဗုဒ္ဓဘာသာပိုင် မဟာဗောဓိစေတီ တော်ကြီးအား မတရားသိမ်းပိုက်ထားသည်ကို တွေ့ရှိသဖြင့် အလွန်ပင်စိတ်ထိခိုက်ခဲ့ရ ပါတယ်။ဒါကြောင့် သူဟာ သူ့ဘဝတစ်ခုလုံးကို မြှုပ်နှံလျက် နိုင်ငံတကာမှ ဗုဒ္ဓဘာသာ တို့ရဲ့ ထောက်ပံ့မှုကိုရယူပြီး မဟာဗောဓိစေတီတော်ကို ဗုဒ္ဓဘာသာဝင်များလက်ထဲသို့ ပြန်လည်ရောက်ရှိလာအောင် အစဉ်တစိုက်ကြိုးပမ်းသွားခဲ့ပါတယ်။

စေတီတော်ကြီးအတွင်းမှာတော့ ဘုရားအဆူဆူပွင့်တော်မူရာ အထိမ်းအမှတ် အနေနဲ့ ဘူမိဖဿမုဒြာဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ကိန်းဝပ်စံပယ်တော်မူလျှက်ရှိပါတယ်။ ဒီရုပ်ပွားတော်ကြီးရဲ့ မနိတော် တည့်တည့်မှာမြန်မာနိုင်ငံအလှူရှင်တွေက ရွှေတစ်ပိဿနဲ့ ၆၀သားတိတိဖြင့် ပဋ္ဌာန်း(၂၄)ပစ္စည်းပုံပြုလုပ်ကာ လှူဒါန်းထားတာဖြစ်ပါတယ်။

ဒီရုပ်ပွားတော်တည်ထားတဲ့နေရာမှာ မြတ်စွာဘုရားရှင် မာန်ငါးပါးကို အောင်မြင် တော်မူပြီး သဗ္ဗညုတရွှေဉဏ်တော်ကို ရရှိတော်မူခဲ့တဲ့ အပရာဇိတရွှေပလ္လင်တော်ကြီး ရှိတယ်လို့ သိခဲ့ရပါတယ်။

မဟာဗောဓိစေတီတော်ကြီးအတွင်းမှာရှိတဲ့ ဗုဒ်္ဓရုပ်ပွားတော်ကြီးကို ဖူးမျှော်ပြီးကြတဲ့ အခါမှာတော့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး သဗ္ဗညုတဉဏ်တော်ကို ရရှိတော်မူခဲ့တဲ့ မဟာဗောဓိပင်နဲ့ အပရာဇိတရွှေပလ္လင်တို့ကို သွားရောက် ဖူးမျှော်ခဲ့ကြပါတယ်။

ဒီမဟာဗောဓိအပင်အောက်မှာဘဲ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့တာကို အကြောင်းပြုပြီး သမ္မာသမ်ဗောဓိပင်လို့လဲ ခေါ်ဆိုကြပါတယ်။မာန်ငါးပါးကို အောင်မြင်တော်မူရာ နေရာဖြစ်တဲ့အတွက်ကြောင့် အပရာဇိတပလ္လင်တော်လို့ ခေါ်ဆိုကြတာလည်းဘဲ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်အားလုံးတို့ရဲ့ အထွဋ်အမြတ်ဖြစ်တဲ့ ဗုဒ္ဓဂယာ မဟာဗောဓိစေတီ တော်တည်ရှိတဲ့နေရာဟာ မြတ်ဗုဒ္ဓဟာ ကိလေသာအားလုံးတို့ကို ဝါသနာတော်နှင့်တကွ အမြစ်ပါမကျန်အောင် သုတ်သင်ရှင်းလင်းတော်မူခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။ဒါကြောင့်ဒီနေရာဟာ မြတ်ဗုဒ္ဓရဲ့ ကိလေသပရိနိဗ္ဗာန်ပြုခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မြတ်ဗုဒ္ဓရဲ့သာသနာတော်ကွယ်တဲ့အခါမှာတော့ ကမ္ဘာအရပ်ရပ်မှာ ကိန်းဝပ်နေကြတဲ့ သာရီရိကဓါတ်တော်များဟာ ဒီမဟာဗောဓိစေတီတော်နေရာသို့ ကြွရောက်လာကြမှာ ဖြစ်ပါတယ်။

အဲဒီလိုကြွရောက်လာကြတဲ့ ဓါတ်တော်များအားလုံးဟာ ရွှေတုံးရွှေခဲကြီးခဲ့သို့ အရောင်တောက်ပလျှက် နိမ္မိတဗုဒ္ဓရုပ်ပွားတော်အဖြစ် ဖန်ဆင်းကာ နတ်၊ ဗြဟ္မာ သတ္တတဝါ တို့ကို တရားရေအေးအမြိုက်ဆေးကို နောက်ဆုံးအနေနဲ့ တိုက်ကျွေးတော်မူမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဒီနေရာမှာဘဲ ဓါတုပရိနိဗ္ဗာန်ဝင်စံချုပ်ငြိမ်းတော်မူမှာ ဖြစ်ပါတယ်။

““မဟာဗောဓိပလ္လင်္ကော ဝိနဿမာနေ လောကေ ပစ္ဆာ ဝိနဿတိ သဏ္ဍဟ မာနေ ပဌမံ သဏ္ဍဟတိ””ဟူသော သုတ်မဟာဝါအဌာကထာအရ ဘုရားအဆူဆူတို့ရဲ့ အပရာဇိတ ပလ္လင်တော်ပေါ်ထွန်းရာ ဤနေရာဌာနဟာ ကမ္ဘာကြီးပျက်စီးသည့်အခါ နောက်ဆုံးမှ ပျက်စီးမှာဖြစ်ပြီး ကမ္ဘာကြီးစတင်တည်လာတဲ့အခါမှာတော့ ရှေးဦးပထမ အနေဖြင့် ဖြစ်တည်လာမယ့်နေရာဘဲ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင် လက်ထက်က ထင်ပေါ်ကျော်ကြားခဲ့သော မြို့ကြီးများ နှင့် ဓမ္မဗဟုသုတများ(၁၃)ပုဒ်🙏ပုံကို ထိ၍ စာဖတ်ပါ။😊
04/08/2021

မြတ်စွာဘုရားရှင် လက်ထက်က ထင်ပေါ်ကျော်ကြားခဲ့သော မြို့ကြီးများ နှင့် ဓမ္မဗဟုသုတများ(၁၃)ပုဒ်🙏
ပုံကို ထိ၍ စာဖတ်ပါ။😊

Address

နတ်မောက်လမ်းဘေး ဖက်တော ရွာ
Old Kyaukpyu
07152

Telephone

+959987583207

Website

Alerts

Be the first to know and let us send you an email when 𝗡𝗸 𝗗𝗮𝗶𝗹𝘆 𝗧𝗿𝗮𝘃𝗲𝗹 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝗡𝗸 𝗗𝗮𝗶𝗹𝘆 𝗧𝗿𝗮𝘃𝗲𝗹:

Shortcuts

Share

Category