Aoe Mini-mart

Aoe Mini-mart Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aoe Mini-mart, Grocers, No1/A ရွှေဟာသာင်္အနောက်ပေါက်ထိပ်, မူယာပင်ရပ်, ပြည်မြို့, Pyay.

ပြည်မြို့ရဲ့အစားအစားထဲက တစ်ခုဖြစ်တဲ့ ပြည်နိဗ္ဗိန္ဒလက်ဖက် (ခေါ် ) သီလရှင်လက်ဖက်   #တောလက်ဖက်  😊 #တောလက်ဖက်ဖြစ်ပေါ်လာပုံ.....
06/06/2025

ပြည်မြို့ရဲ့အစားအစားထဲက တစ်ခုဖြစ်တဲ့ ပြည်နိဗ္ဗိန္ဒလက်ဖက် (ခေါ် ) သီလရှင်လက်ဖက် #တောလက်ဖက် 😊

#တောလက်ဖက်ဖြစ်ပေါ်လာပုံ........

🍀 📌 သဘာ၀အလျောက် ပေါက်ရောက်တဲ့ ဆေးဖက်၀င် နရဲရွက်(သို့)ကြက်တက်ရွက်ကို တပေါင်းနဲ့ တန်ခူးကာလမှာ ခူးဆွတ်ပြီး ရွက်နုတွေလေးကို ရေနဲ့ စင်ကြယ်အောင် ဆေး ရေနွေးနဲ့ပြုတ်ပြီး သေချာပြန်ညှစ်ရပါတယ်။

🍀📌 ပြီးရင် အင်ဖက်၊ ဘန့်ပွေးဖက်၊ တောင်စဉ်ဖက်တို့ထဲ ထည့်ထုပ်၊ ဝါးနှီးနဲ့ ချည်နှောင်ပြီး လက်ဖက်လို စားလို့ကောင်း နူးညံ့သွားအောင် စဉ့်အိုး၊ ဖျဉ်းအိုးတွေထဲမှာ မိုးရေအပြည့် နဲ့ စိမ်ထားရပါတယ်။

🍀📌 အပေါ်ကနေ အဖုံးကို လုံနေအောင် ဖုံး ပိတ်ပြီး တစ်နှစ်လုံး နှပ်ထားပြီးမှ ရလာတဲ့ လက်ဖက်လေးပါ။

👉ပုံမှန်လက်ဖက်ထက် အများကြီး နူးညံံ့ပြီး စားလို့အရမ်း​ကောင်းပါတယ်​နော်။👈

#ကြက်တက်ရွက်နဲ့လုပ်ထားသောတောလက်ဖက်ကိုစားခြင်းအားဖြင့် ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့

💠💢 1. နာတာရှည်ရောဂါ ခံစားရနိုင်ခြေ လျှော့ချပေးတယ်

ကြက်တက်ရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဆီးချို၊ သွေးတိုးလိုမျိုး နာတာရှည် ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

💠💢 2. သွေးတွင်းအဆီ ကျစေတယ်

ကြက်တက်ရွက်မှာ အမျှင်ဓာတ် ပါဝင်နေတာကြောင့် သွေးတွင်းအဆီကို ကျဆင်းစေပြီး သွေးကြောလေးထဲမှာ သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

💠💢 3. ကိုယ်ခံအား ကောင်းစေတယ်

ကြက်တက်ရွက်မှာ ဗီတာမင် C ပါဝင်နေတာကြောင့် အဖျားအနာ ကင်းစေပြီး ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

💠💢 4. ဝမ်းချုပ်တာ သက်သာစေတယ်

အမျှင်ဓာတ် ပါဝင်နေတာကြောင့် ဝမ်းချုပ်တာကို သက်သာစေပြီး ဝမ်းသွားရခက်တာကို ပြေလည်စေမှာပါ။

💠💢 5. အသားအရေ လှစေတယ်

ဗီတာမင် C နဲ့ ဗီတာမင် A ပါဝင်နေတာက အသားအရေကို လှပစေပြီး ဝက်ခြံနဲ့ ဝက်ခြံ အမာရွတ်တွေကို သက်သာစေနိုင်သလို အရေးအကြောင်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

💠💢 6. အရိုးတွေ သန်မာစေတယ်

ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေသလို အရိုးပွနိုင်ခြေကိုလည်း လျှော့ချပေးနိုင်မှာပါ။

💠💢 7. သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးတယ်

ကြက်တက်ရွက်က အညာလက်ဖက်လို့ ခေါ်ပေမဲ့ ကြက်တက်ရွက်က လက်ဖက်လိုမျိုး ကဖင်းမပါတာကြောင့် သံဓာတ်ချို့တဲ့တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

#တောလက်ဖက်
#ပြည်မြို

22/05/2025

ပြည်လက်ဆောင်နိဗိန္ဓလဘက်စစ်စစ်🌿🌿🌿

ဆီးချိုဆန်🌾🌾🌾
22/05/2025

ဆီးချိုဆန်🌾🌾🌾

ဆိုင်page ကိုမရောက်ဖြစ်တဲ့ကျမ😀သွားလိုက်ပါအုံးမယ်😀အမေထွားတွေပါလား😀
22/05/2025

ဆိုင်page ကိုမရောက်ဖြစ်တဲ့ကျမ
😀သွားလိုက်ပါအုံးမယ်😀
အမေထွားတွေပါလား😀

14/11/2024
လပြည့်နေ့ပြုသမျှကုသိုလ်ကောင်းမှုအစုစုတို့ကြောင့်မြန်မာပြည်သူပြည်သားများဘေးအမျိူးမျိူးမှကင်းလွတ်ကြပါစေ🙏🙏🙏
14/11/2024

လပြည့်နေ့ပြုသမျှကုသိုလ်ကောင်းမှုအစုစုတို့ကြောင့်
မြန်မာပြည်သူပြည်သားများ
ဘေးအမျိူးမျိူးမှကင်းလွတ်ကြပါစေ🙏🙏🙏

Address

No1/A ရွှေဟာသာင်္အနောက်ပေါက်ထိပ်, မူယာပင်ရပ်, ပြည်မြို့
Pyay

Website

Alerts

Be the first to know and let us send you an email when Aoe Mini-mart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category