ICTC International & Private High School

ICTC International & Private High School ICTC is a school that uses bilingual as medium of instruction.

🏆မြို့နယ်ပညာရေးမှူး ဖလား- တံခွန်စိုက် ပထမဆု🏆👏🏻Happily played and enjoyed the day.👏🏻🏆ICTCians winning the overall champio...
14/08/2026

🏆မြို့နယ်ပညာရေးမှူး ဖလား- တံခွန်စိုက် ပထမဆု🏆

👏🏻Happily played and enjoyed the day.👏🏻

🏆ICTCians winning the overall champion🏆

Parents + Teachers = Students’ Success 💙A wonderful start to our PTA First Executive Meeting 2026–2027. Thank you for yo...
26/07/2026

Parents + Teachers = Students’ Success 💙

A wonderful start to our PTA First Executive Meeting 2026–2027. Thank you for your trust, support, and collaboration!

18/07/2026

(၇၉)နှစ်မြောက် အာဇာနည်နေ့ (အကြို)အထိမ်းအမှတ် အခမ်းအနား။

“ကလေးဉာဏ်ရည်ဖွံ့ဖြိုးဖို့ စကားများများပြောပေးပါ”“ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို တည်ဆောက်ပေးတဲ့ ပထမဆုံးဆရာဟာ မိဘဖြစ်ပြီး၊ ပထမဆ...
17/07/2026

“ကလေးဉာဏ်ရည်ဖွံ့ဖြိုးဖို့ စကားများများပြောပေးပါ”

“ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို တည်ဆောက်ပေးတဲ့ ပထမဆုံးဆရာဟာ
မိဘဖြစ်ပြီး၊ ပထမဆုံးသင်ခန်းစာကတော့ နေ့စဉ် မိဘနှင့်ကလေးအကြား
အပြန်အလှန်စကားပြောဆိုဆက်သွယ်ခြင်းပဲ ဖြစ်ပါတယ်။”

ကလေးတစ်ယောက် မွေးဖွားလာသည့်အချိန်မှစ၍ ဦးနှောက်သည် အံ့ဩဖွယ်ကောင်းလောက်အောင် လျင်မြန်စွာ ဖွံ့ဖြိုးနေပါသည်။ အသက် (၀) နှစ်မှ (၅) နှစ်အတွင်းသည် လူတစ်ယောက်၏ ဦးနှောက်ဖွံ့ဖြိုးမှု အလျင်မြန်ဆုံးကာလဖြစ်ပြီး၊ ထိုကာလအတွင်း ရရှိသည့် အတွေ့အကြုံများသည် ဘဝတစ်လျှောက်လုံးအတွက် အခြေခံအုတ်မြစ်ဖြစ်လာပါသည်။
ဤအရေးကြီးသောကာလတွင် မိဘများအနေဖြင့် ဈေးကြီးသော အရုပ်များ၊
နည်းပညာပစ္စည်းများ ဝယ်ပေးခြင်းထက် ပို၍ အဖိုးတန်သော လက်ဆောင်တစ်ခုရှိပါသည်။
ထိုအရာကတော့ ကလေးနှင့် စကားများများ ပြောပေးခြင်း ဖြစ်ပါသည်။

အပြန်အလှန်စကားပြောဆိုခြင်းက ဘာကြောင့် အရေးကြီးသလဲ

ပညာရှင်များ၏ သုတေသနပြုချက်များအရ ကလေးငယ်များကို
ငယ်ရွယ်စဉ်ကထဲက စကားများများပြောဆိုပေးခြင်းသည် ကလေးကို
စကားပြောတတ်စေရုံသာမကကလေး၏ ဦးနှောက်အတွင်းရှိ အာရုံကြောဆဲလ်များအကြား( Neural Connections)ချိတ်ဆက်မှုများကို
အားကောင်းစေပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို လှုံ့ဆော်ပေးပါသည်။
မိဘ၏ အသံကို ထပ်ခါတလဲလဲ ကြားရခြင်း၊ မျက်နှာချင်းဆိုင်၍စကားပြောပေးခြင်း၊မေးခွန်းမေးပြီး အပြန်အလှန်တုန့်ပြန်ပေးခြင်းတို့သည် ကလေးငယ်၏ ဦးနှောက်ကို လှုံဆော်ပေးပြီး
ဘာသာစကားစွမ်းရည် ပိုမိုဖွံ့ဖြိုးလာစေမည်၊စဉ်းစားတွေးခေါ်နိုင်စွမ်း မြင့်မားလာမည်၊
မှတ်ဉာဏ်နှင့် အာရုံစူးစိုက်နိုင်စွမ်း ပိုကောင်းမွန်လာမည်၊
မေးခွန်းထုတ်တတ်ပြီး ပြဿနာဖြေရှင်းနိုင်စွမ်း တိုးတက်လာမည်၊
မိမိကိုယ်ကို ယုံကြည်မှုနှင့် ဆက်သွယ်ပြောဆိုနိုင်စွမ်း တိုးတက်လာမည်၊
လူမှုဆက်ဆံရေးနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုလည်း ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။
ဤအကျိုးကျေးဇူးများသည် ကလေး၏ ပညာရေးအောင်မြင်မှုနှင့်
အနာဂတ်ဘဝအောင်မြင်မှုတို့အတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို
တည်ဆောက်ပေးနေခြင်းဖြစ်ပါသည်။

- ကလေးက စကားမပြောတတ်သေးရင်ကော ပြောပေးသင့်သလား
အဖြေကတော့ “ဟုတ်ကဲ့၊ ပို၍တောင် ပြောပေးသင့်ပါတယ်။”

ကလေးငယ်များသည် မွေးဖွားပြီး မကြာမီကတည်းကပင် အသံများကို နားထောင်ပြီး
သင်ယူနေကြပါသည်။ စကားမပြောနိုင်သေးသော်လည်း မိဘ၏ အသံ၊ စကားလုံးနှင့် မျက်နှာအမူအရာများကို တဖြည်းဖြည်း နားလည်လာပါသည်။
ယနေ့ ကလေးကြားနေရသော စကားလုံးများသည် မနက်ဖြန် ကလေးပြောမည့်
စကားလုံးများ ဖြစ်လာပါလိမ့်မည်။
ထို့ကြောင့် “ကလေးငယ်သေးတယ် သူဘာမှနားမလည်သေးဘူး”
ဟူသောအတွေးနှင့် ကလေးကို စကားပြောဖို့ ပျက်ကွက်နေခြင်းသည်
ကလေး၏ ဘာသာစကား သင်ယူမှုကို နှောက်နေးစေရုံသာမက
ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ နေးကွေးစေနိုင်သည့်အတွက် မိဘများအားလုံး
ကလေးမွေးကင်းစအရွယ်မှစ၍ စကားများများ ပြောပေးရန် အလွန်အရေးကြီးပါသည်။

-တီဗီနှင့် ဖုန်းက မိဘကို အစားထိုးနိုင်သလား
ယနေ့ခေတ်တွင် မိဘများသည်ကလေးကို ဖုန်း၊ Tablet သို့မဟုတ် တီဗီဖြင့်
ကလေးငြိမ်နေစေရန် အသုံးပြုလာတတ်ကြသည်။
သို့သော် စက်ပစ္စည်းများသည် အပြန်အလှန် ဆက်သွယ်မှု (Interaction) ကို မပေးနိုင်ပါ။
တီဗီသည် စကားပြောသော်လည်း ကလေး၏ အဖြေကို နားမထောင်နိုင်ပါ။
ဖုန်းသည် သီချင်းဖွင့်ပေးနိုင်သော်လည်း ကလေး၏ မေးခွန်းကို မဖြေကြားနိုင်ပါ။
ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးဆုံးအရာမှာ လူနှင့်လူ အပြန်အလှန် ဆက်သွယ်ပြောဆိုခြင်း ဖြစ်ပြီး၊ ထိုအရာကို မိဘကသာ အကောင်းဆုံး ပေးနိုင်ပါသည်။
ထို့ကြောင့် မိဘများသည် ကလေးများနှင့် နေ့စဉ်စကားပြောပေးသင့်ပါသည်။

နေ့စဉ် ဘယ်လိုပြောပေးသင့်သလဲ
စကားပြောပေးရန် သီးသန့်အချိန် မလိုအပ်ပါ။
နေ့စဉ်ဘဝထဲတွင်ပင် ပြုလုပ်နိုင်ပါသည်။
-အစားကျွေးနေချိန်တွင် အစားအစာအကြောင်း ပြောပေးပါ။
-ရေချိုးပေးနေချိန်တွင် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ခေါ်ပြပေးပါ။
-လမ်းလျှောက်ရင်း ပန်း၊ သစ်ပင်၊ ငှက်၊ ကားများကို ညွှန်ပြ၍ အမည်ခေါ်ပေးပါ။
-ပုံပြင်ဖတ်ပြပြီး “နောက်ဘာဖြစ်မယ် ထင်လဲ” ဟု မေးပေးပါ။
-ကလေးပြောသမျှကို စိတ်ရှည်စွာ နားထောင်ပြီး ပြန်လည်တုံ့ပြန်ပေးပါ။
အရေးကြီးဆုံးမှာ စကားများများပြောပေးရုံသာမက ကလေးကိုလည်း ပြောခွင့်ပေးခြင်း ဖြစ်ပါသည်။

စကားပြောဆိုခြင်းမှ စာဖတ်စွမ်းရည်သို့

ဘာသာစကားစွမ်းရည် ကောင်းမွန်သော ကလေးများသည် စာဖတ်သင်ယူရာတွင် ပိုမိုလွယ်ကူပါသည်။ စာဖတ်နိုင်စွမ်းကောင်းမွန်လာသည်နှင့်အမျှ သင်ခန်းစာနားလည်နိုင်စွမ်း၊ ဝေါဟာရကြွယ်ဝမှုနှင့် ဝေဖန်စဉ်းစားနိုင်စွမ်းတို့လည်း တိုးတက်လာပါသည်။
ထို့ကြောင့် ကလေးနှင့် နေ့စဉ် စကားပြောဆိုခြင်းသည် ယနေ့အတွက်သာ မဟုတ်ဘဲ အနာဂတ် ပညာရေးနှင့် ဘဝအောင်မြင်မှုအတွက် ရေရှည်ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါသည်။

မိမိကလေးကို ထူးချွန်စေချင်ရင်
နေ့စဉ် ကလေးများနှင့် စကားပြောပေးဖို့ မပျက်ကွက်ပါနှင့်ကလေးမေးသော
မေးခွန်းများကို စိတ်ရှည်စွာ ဖြေကြားပေးပါ။ပုံပြင်များ ဖတ်ပြပြီး အကြောင်းအရာကို
အတူတူပြောပေးပါ။ အမိန့်ပေးစကားများထက် အားပေးစကား နှင့် ဆွေးနွေးမှုများကို
အသုံးပြုပါ။ အစားစားချိန်နှင့် မိသားစုအချိန်များတွင် ဖုန်းနှင့် တီဗီအသုံးပြုမှုကို
လျှော့ချပါ။

ကလေးကို စကားများများ ပြောပေးခြင်းသည် ငွေကြေးမကုန်ကျသော
ပညာရေးရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါသည်။
မိဘ၏ ချစ်ခြင်းမေတ္တာပြည့်ဝသောစကားသံ နှင့် အပြန်အလှန်ပြောဆိုဆက်သွယ်မှုများသည် ကလေး၏ ဦးနှောက်ဖွံ့ဖြိုးမှု၊ ဘာသာစကားဖွံ့ဖြိုးမှု၊ စာဖတ်နိုင်စွမ်းနှင့် ဘဝအောင်မြင်မှုတို့အတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကိုတည်ဆောက်ပေးရုံသာမက
မိဘနှင့်သားသမီးများအကြား အပြန်အလှန်နွေးထွေးကြင်နာမှုကိုလည်း ရရှိစေပါသည်။

မိမိကိုယ်ကို ပြန်မေးကြည့်ပါ နေ့စဉ် “ မိမိကလေးနဲ့ ပုံမှန် စကားပြောဖြစ်ပါသလား၊
တစ်ရက်ကို စကားလုံးပေါင်း ဘယ်လောက်ပြောဖြစ်ပါသလဲ”
စကားလုံးများများသိလေ ဦးနှောက်ဖွံ့ဖြိုးမှု ပိုကောင်းလေဆိုတာ မှတ်ထားပေးပါ။

ကလေး၏ ဦးနှောက်ဖွံ့ဖြိုးမှု၊ ဘာသာစကားဖွံ့ဖြိုးမှုနှင့် သင်ယူနိုင်စွမ်းတို့အတွက် အရေးကြီးဆုံးအချက်မှာ မိဘနှင့် ကလေးအကြား အပြန်အလှန် စကားပြောဆိုဆက်သွယ်ခြင်း ဖြစ်
သည်ကို မမေ့ပါနှင့်၊ မိဘနှင့် ကလေးအကြား နွေးထွေးစွာ စကားပြောဆိုပေးခြင်းသည် ကလေး၏ ဘာသာစကားစွမ်းရည်ကိုသာ တိုးတက်စေသည်မဟုတ်ဘဲ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်လည်း အလွန်အရေးပါသော အခြေခံအုတ်မြစ်ဖြစ်သည်ကိုလည်း
အမြဲမှတ်ထားပေးပါ။

ယနေ့ မိဘက ပြောပေးသော စကားတစ်ခွန်းသည် မနက်ဖြန် ကလေး၏ အတွေးအခေါ်တစ်ခု ဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် ကလေးဘဝ အစောပိုင်းကာလတွင် သင့်ကလေးကို ချစ်ခြင်းမေတ္တာဖြင့် စကားများများ ပြောပေးရန် တိုက်တွန်းချင်ပါသည်။ ထိုစကားသံများကပင် သူ၏အနာဂတ်ကို လင်းလက်တောက်ပစေမည့် အားအင်များ ဖြစ်လာပါလိမ့်မည်။

( စိုင်းအေး )

————————————

11/07/2026

The Journey of a Leader.
(ICTC Student Council )

Leadership Certificate Awarding Ceremony“Leadership is about service, not power.” ဆိုတဲ့ စကားတစ်ခွန်းမှတ်မိယုံနဲ့တင် ခေါ...
07/07/2026

Leadership Certificate Awarding Ceremony

“Leadership is about service, not power.” ဆိုတဲ့ စကားတစ်ခွန်း
မှတ်မိယုံနဲ့တင် ခေါင်းဆောင်မှုသင်တန်းက အဓိပ္ပါယ်ရှိသွားပါပြီ
ကလေးတို့ရေ….။

Today, we proudly recognize our Student Leaders for their commitment, responsibility, and willingness to serve others. Leadership is not measured by titles or authority, but by integrity, humility, and the positive impact we make in the lives of those around us.

May this certificate remind each leader that true leadership begins with a servant’s heart. Continue to lead by example, inspire others through your actions, and make a meaningful difference in your school and community.

Congratulations to all our Student Leaders!
May you always choose to serve with wisdom, lead with courage, and inspire with kindness.

“စစ်မှန်သော ခေါင်းဆောင်မှုဆိုသည်မှာ အာဏာကို အသုံးချခြင်းမဟုတ်ဘဲ
အခြားသူများကို ဝန်ဆောင်မှုပေးခြင်းဖြစ်သည်။”

ဒီနေ့ သင်တန်းဆင်းလက်မှတ်ချီးမြှင့်ခြင်းသည်ခေါင်းဆောင်မှုသင်တန်း
တက်ခဲ့သည့် ကျောင်းသားကျောင်းသူများအား ၎င်းတို့၏ တာဝန်ယူမှု၊ ကတိကဝတ်ပြုမှုနှင့် အခြားသူများကို ဝန်ဆောင်မှုပြုလိုသော
စိတ်ဓာတ်တို့အတွက် အသိအမှတ်ပြုခြင်းဖြစ်ပါသည်။

စစ်မှန်သော ခေါင်းဆောင်မှုကို ရာထူးအဆင့်အတန်း သို့မဟုတ် အာဏာဖြင့် တိုင်းတာခြင်းမဟုတ်ဘဲ၊ ရိုးသားဖြောင့်မတ်မှု၊ နှိမ့်ချမှုနှင့် မိမိပတ်ဝန်းကျင်ရှိသူများ၏ ဘဝအပေါ် အပြုသဘောဆောင်သော သက်ရောက်မှုများဖြင့်
တိုင်းတာပါသည်။

ဤအသိအမှတ်ပြုလက်မှတ်ဖြင့် စစ်မှန်သော ခေါင်းဆောင်မှုသည် တာဝန်ယူလိုသော နှလုံးသားမှ စတင်ကြောင်းကို အမြဲသတိရနေစေမည်။ မိမိ၏ အပြုအမူများဖြင့် စံနမူနာကောင်းပြသကာ အခြားသူများအား လှုံ့ဆော်ပေးပြီး ကျောင်းနှင့် လူမှုအသိုင်းအဝိုင်းအတွက် အဓိပ္ပာယ်ရှိသော ကောင်းကျိုးများကို ဆက်လက်ဖန်တီးနိုင်ကြပါစေ။

ကျောင်းသားခေါင်းဆောင်များအားလုံးကို ဂုဏ်ယူဝမ်းမြောက်စွာ
ဂုဏ်ပြုအပ်ပါသည်။

ဉာဏ်ပညာဖြင့် တာဝန်ယူတတ်သူ၊ သတ္တိရှိစွာ ဦးဆောင်နိုင်သူ၊ ကြင်နာမှုဖြင့် အခြားသူများကို လှုံ့ဆော်နိုင်သည့်ခေါင်းဆောင်ကောင်းများအဖြစ် အမြဲရပ်တည်နိုင်ကြပါစေ။
CEO

🎉 Congratulations to our Newly Elected Student Council of 2026-2027! 🌟As our ICTC SC Motto “Leader are not given powers ...
30/06/2026

🎉 Congratulations to our Newly Elected Student Council of 2026-2027! 🌟

As our ICTC SC Motto “Leader are not given powers but to serves”

Leadership begins with service. Wishing you wisdom, confidence, and success as you inspire, lead, and make a positive difference in our school community. We “ICTCians” believe in you!

Real Action - Real Time Services


Council

29/06/2026

၂၀၂၅-၂၀၂၆ တက္ကသိုလ်ဝင်တန်း(G-12)စာမေးပွဲ အောင်မြင်ခဲ့ကြတဲ့

ICTC ကပက မှာ ချောကလက်ကလေးများအားလုံးကို Congratulations ပါ။

( အောင်စာရင်းမှာ မပါတဲ့ သားသမီးလေးတွေလည်း ထပ်မံကြိုးစားကြပါ
ရှုံးနိမ့်ဖူးပြီးမှ ရတဲ့အောင်မြင်မှုက ပိုတန်ဖိုးကြီးမားတာကြောင့် ဘယ်တော့မှ
အရှုံးမပေးကြပါနဲ့ )

၁။ ရဆမ - ၄၀၆ မောင်ကောင်းမြတ်မင်း ( အင်္ဂလိပ်စာ ၊ သင်္ချာ )ဂုဏ်ထူး
၂။ ရဆမ - ၃၃၁ မယိမ်းမွေဖောင်ဆိုင်
၃။ ရဆမ - ၃၃၂ မနန်းယိင်းမိုမိုဆိုင်
၄။ ရဆမ - ၃၃၃ မခေါင်နော
၅။ ရဆမ - ၃၃၄ နန်းဖောင်နွမ်
၆။ ရဆမ - ၃၄၁ စိုင်းခေးလှိုင်း
၇။ ရဆမ - ၃၃၈ မောင်မေယန်
၈။ ရဆမ - ၅၉၃ မောင်ခန့်ထူးဇော်
၉။ ရဆမ - ၅၉၄ မောင်ဇော်မင်းထူး
၁၀။ ရဆမ - ၅၉၈ မောင်ရန်နိုင်ဖြိုး
၁၁။ ရမဆ - ၆၀၁ မောင်ဖြိုးသူရအောင်

*ဖြေဆိုသူ => ၂၇ ယောက်
*အောင်မြင်သူ=> ၁၁ ယောက် ( ၄၀.၇ % )

မဲပေးတဲ့နေ့ရောက်လာပြီပေါ့မဲဆွယ်စည်းရုံးခဲ့ ပါတီနှစ်ခုကတော့ဒီနှစ်ကျောင်းကောင်စီရဲ့ ခေါင်းဆောင်လေးတွေဘယ်သူတွေဖြစ်လာမလဲ စိတ...
25/06/2026

မဲပေးတဲ့နေ့ရောက်လာပြီပေါ့
မဲဆွယ်စည်းရုံးခဲ့ ပါတီနှစ်ခုကတော့
ဒီနှစ်ကျောင်းကောင်စီရဲ့ ခေါင်းဆောင်လေးတွေ
ဘယ်သူတွေဖြစ်လာမလဲ စိတ်လှုပ်ရှားစရာပါ။

သားသားမီးမီးလေးတွေရဲ့ မဲတစ်မဲကလည်း
အနိုင် အရှုံးကို ဆုံးဖြတ်ပေးနိုင်တာမို့
မနက်ဖြန်ကြေငြာမယ့် ရလဒ်တွေအတွက်
ရင်ခုန်နေကြပြီပေါ့။

ကျွန်တော်တို့မမြင်နိုင်တဲ့ ဘဝရဲ့ကျွမ်းကျင်မှုတွေကို
အတွေ့အကြုံကနေ သင်ယူသွားကြတာပါ။
ဒီအတွေ့ကြုံသေးသေးလေးကနေ
ဘဝအတွက် သင်ခန်းစာအကြီးကြီးအဖြစ်
ပြောင်းလဲပေးနိုင်တာမို့….
သူတို့လေးတွေအတွက် သင်ယူမှု့အခွင့်အလမ်းတွေကို
အမြဲဖန်တီးပေးနေမှာပါ။

ကျောင်းကောင်စီ ရွေးကောက်ပွဲမတိုင်ခင်ခေါင်းဆောင်လောင်းတွေရဲ့ စကားစစ်ထိုးပွဲ လေးပါ။
25/06/2026

ကျောင်းကောင်စီ ရွေးကောက်ပွဲမတိုင်ခင်
ခေါင်းဆောင်လောင်းတွေရဲ့ စကားစစ်ထိုးပွဲ လေးပါ။

Address

Muse, Northern Shan State
Shan State
06401

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+959983006839

Alerts

Be the first to know and let us send you an email when ICTC International & Private High School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ICTC International & Private High School:

Shortcuts

Share

Category