Ms.Bay Dar

Ms.Bay Dar ရှမ်းပြည်နယ်မှ သာမန် တောင်သူတစ်ဦးပါ

ကျမရဲ့ ဆယ်မျိုးစပ် ခေါင်းလျှော်ရည်လေးကို အရမ်းကြိုက်တဲ့ ရန်ကုန်သူလေး feedback ပါ 😍သဘာဝပစ္စည်းတွေချည်းမို့ ဘာဆိုးကျိုးမှမ...
26/08/2026

ကျမရဲ့ ဆယ်မျိုးစပ် ခေါင်းလျှော်ရည်လေးကို
အရမ်းကြိုက်တဲ့ ရန်ကုန်သူလေး feedback ပါ 😍

သဘာဝပစ္စည်းတွေချည်းမို့ ဘာဆိုးကျိုးမှမရှိ
စိတ်ချစွာသုံးလို့ရပါတယ်

ကျမအကြောင်းလေးပါ

တောင်ကြီးရာသီက
မုန်တိုင်းကာလ ဆို နေ့နေ့ညည
မိုးတွေရွာ တအားအေးတော့
ကျမ ရေလဲ မချိုးနိုင် ခေါင်းလဲ မလျှော်နိုင်

ဆံပင်က စုတ်ပြတ်နာ နေတာတော့ကြာပီ
အမှန်ပြောရ treatmentကောင်းကောင်းလဲ
နှမြောလို့ ဆိုင်သွားမလုပ်ဖြစ်ခဲ့ဘူး

ဆံသားကခြောက်သွေ့ကြမ်းနေတာကြာပီ
အဆိုးဆုံးက ချွတ်ဆံပင်ကို ကောက်ချလိုက်တော့ ညှိညှိပီး ကျွတ်လိုက်တာ ဆိုတာ တထွေးကြီး
လက်နဲ့သပ်တိုင်း ကျွတ်နေတော့တာ

ကိုယ်ထုတ်တဲ့ သဘာဝ ပစ္စည်းတွေလဲ
မသုံးဖြစ်တာ ကြာပီ
ပျင်းတာနဲ့ အဆင်ပြေရာ ခေါင်းလျှော်ရည် နဲ့ လျှော်
ပေါင်းဆေးနှပ် ဒီလောက်ပဲ
လေဆာတောင်မပစ်ပါ

ရေအေးရင် အလာ့ဂျစ် ထတာနဲ့
ခေါင်းငုံ့ရင် အကြောတအားတက်တာနဲ့
ဆိုင်မှာပဲ ကြံုသလို
လျှော်ဖြစ်တယ်
တဖြေးဖြေး ဆံပင်တွေက
တအိမ်လုံး သွားရာနေရာ တွေကော
ကားစီးရင် တကားလုံး ကပ်ငြိ လောက်ထိအောင်
ကျွတ်လာတာ
အတော့်ကို စိတ်ပူလာတာပါ

မုန်တိုင်းပီးတာနဲ့ စိတ်ရှည်မှ ရတော့မယ်လို့တွေးမိတယ်
ခေါင်းသွားမလျှော်ခင် တနာရီ အလို
ခွက်တခွက်ထဲ ရှားစောင်းအနှစ် ၄ဇွန်း
လက်ဖက်ဆီ ၂ဇွန်း သမအောင်မွှေပီး လက်အိတ်စွပ် ပယ်ပယ်နယ်နယ် နယ်နှပ်ပေးလိုက်တယ်

နယ်တဲ့အချိန်တော့
ကျွတ် တာပဲ အဆွေးတွေ အငြိတွေ
လက်ကျန် တွေအကုန်
သူကလက်ဖက်ဆီကြောင့် မာခြောက်တောင့် လာမှာ

ဆိုင်ကို ဆယ်မျိုးစပ်ခေါင်းလျှော်ရည်နဲ့
ရှားစောင်းအနှစ်ကို ရေသန့်ဗူးနဲ့ ကို မ ချသွားတာ
လျှော်တဲ့အခါ ဆယ်မျိုးစပ်နဲ့ ၂ ထပ်
ရေနွေးနဲ့လျှော်ခိုင်းပီး
ဒုတိယအဆင့်မှာ ဆယ်မျိုးစပ်နဲ့အတူ
ရှားစောင်းအနှစ်ကို ဦးရေပါ
စိမ့်ဝင်အောင် ထည့်လျှော်ခိုင်းတယ်

အေးမြသွားတဲ့ ဦးရေ
သိသိသာသာ မငြိတော့တဲ့
ဆံပင်က တန်းခံစားမိတယ်
လေမှုတ်အပီး အရမ်းကို ကျေနပ်သွားစေတယ်
၂ ရက်နေ လုံးဝ သိသိသာသာ မကျွတ်တော့တာ နဲ့တင် အရမ်းပျော်နေပီ

ကျမကတကယ်တော့ လူဆိုးမ ပါ
ကောင်းတာသိသိနဲ့ အမြဲပျင်းတယ်
တအားဆိုးလာမှ ဆေးကုတာပဲ
ကုရင် ကုသလို တန်းပျောက်တယ်

ဆံသားနဲ့ ဦးရေကို အဆိပ်ဖြေစေသလို
ဆံသားအားကောင်းစေတာ ဆယ်မျိုးတောင် ပေါင်းစပ်ထားတာမို့ ပြောစရာမလိုအောင်
ပြည့်စုံလှပါတယ်

ဆယ်မျိုးစပ်ခေါင်းလျှော်ရည်ဟာ
ဦးရေကို အဆိပ်ထုတ်စေသလို
ဆံသားတုတ်ခိုင် သန်မာ အုံထူစေတယ်
ဓာတုလျှော့ချထားတာမို့ ရေနဲ့လျှော်နေစဉ်
အမြုပ်တော့ထွက်အားနည်းမယ်
တန်းပျော့မသွားဘူးနော်
လေမှုတ် လုံးဝခြောက်မှ ဆံသားကသွက်ပီး
ရှင်းသွားတာပါ

အနံ့လဲ မရှိပါဘူးး
ရှားစောင်းအနှစ်ကတော့သူ့ပင်ကိုယ်ကကို
လျှော်ရင် အမြုပ်ထပါတယ်
ဦးရေ အေးမြ အဆိပ်ဖြေသလို ဆံသားမငြိစေဘဲ
Smooth ဖြစ်စေတာ သူ့အစွမ်းပါ
လက်ဖက်ဆီကတော့ ဆံသားမည်းနက် အဖြူထွက်တာ နှေးစေပါတယ်

သဘာဝ ပစ္စည်းတွေမို့ စွဲမြဲသုံးဖို့တော့လိုပါတယ်
ကျမလို အပျင်းမတစ်ရင် ပိုသိသာစေပါမယ်

သုံးစွဲသူတချို့က ပိုသိကြပါတယ်
ကျမက တနိုင်တပိုင်ပဲ ထုတ်တာပါ
အများကြီးလဲ မထုတ်နိုင်ပါဘူးး

ကိုယ့်အကြိုက်ကိုယ်ထုတ်ရင်း သုံးကြသူတွေ အဆင်ပြေကြလို့ လာလာမှာကြတာပါ

ဆယ်မျိုးစပ်ခေါင်းလျှော်ရည် တမျိုးထဲနဲ့ကို
အဆင်ပြေစေပါတယ်

🍀ဆယ်မျိုးစပ် တဗူး - ၈၀၀၀
🍀ရှားစောင်းအနှစ် တဗူး - ၅၀၀၀
🍀လက်ဖက်ဆီ တဗူး - ၃၅၀၀

နက်ဖန်စျေးနေ့ဆိုတော့ အင်းလေး ခေါင်တိုင်ဒေသထွက် အစေ့အဆံ အလှော် မျိုးစုံ လတ်လတ်ဆတ်ဆတ်တွေရမယ်နော် 🍀နေကြာစေ့ အချို/အစိမ့် ရှ...
26/08/2026

နက်ဖန်စျေးနေ့ဆိုတော့
အင်းလေး ခေါင်တိုင်ဒေသထွက်
အစေ့အဆံ အလှော် မျိုးစုံ လတ်လတ်ဆတ်ဆတ်
တွေရမယ်နော်

🍀နေကြာစေ့ အချို/အစိမ့် ရှယ် တပြည် - ၂၀၀၀၀
🍀တောင်ကြီးပဲကြော် တပြည် - ၁၆၀၀၀
🍀ဖရုံစေ့လှော်အကြီးတပြည် - ၅၂၀၀၀
🍀ဖရုံစေ့လှော် အသေးတပြည် - ၄၈၀၀၀
🍀မြေပဲဆံလှော် အခွံပါလှော်ပီး /
အစိမ်းတပြည် - ၁၈၀၀၀
🍀မြေပဲဆံ အခွံချွတ် တပြည် - ၁၈၀၀၀
🍀နှမ်းလှော် /စိမ်းတပြည် - ၁၅၀၀၀
🍀ပဲဖြူလုံးကြော် တပြည် - ၁၃၀၀၀
🍀ပြောင်းဖူးစေ့ကြော် တပြည် - ၁၃၀၀၀
🍀ပဲကြီးလှော် ဖြူ/ဝါတပြည် - ၁၃၀၀၀
🍀ပဲပုတ်စေ့လှော် တပြည် - ၁၆၀၀၀
🍀ပဲထွန်လုံး/အခြမ်း
🍀ခွေးလျားသီးစေ့ တပြည် - ၁၂၀၀၀
🍀မန်ကျည်းစေ့ တပြည် - ၁၀၀၀၀

တဗူးချင်းယူရင်စျေးနဲနဲပိုပါသည်
စျေးအတက်အကျရှိပါသည်
တပြည် နို့ဆီဆယ်ဗူးပါပါသည်
ဆယ်ဗူးထက်ပိုပါသည်

ဘာကေးသီး စလာပါပီ ဘာကေးမီးယား ထောပတ်သီး ဆိုတာ နိုင်ငံခြားမျိုးဖြစ်ပီး တောင်ပေါ်ဒေသမှာ မျိုးယူစိုက်ကြတာပါ ဒေသသီးနဲ့ လုံးဝ ...
26/08/2026

ဘာကေးသီး စလာပါပီ

ဘာကေးမီးယား ထောပတ်သီး ဆိုတာ
နိုင်ငံခြားမျိုးဖြစ်ပီး တောင်ပေါ်ဒေသမှာ
မျိုးယူစိုက်ကြတာပါ

ဒေသသီးနဲ့ လုံးဝ မတူပါဘူး
Error အနာအဆာ ကင်း အထားခံတဲ့ အသီးပါ

လက်ဆောင်ပေးပေး ရောင်းပဲရောင်းရောင်း
မျက်နှာပန်းတအားလှပါတယ်

အစိမ်းအတိုင်းမှည့်တာမို့ ဒေသသီးလို
မှည့်ရင် အညိုရောင် အရောင်ပြောင်းမသွားပါဘူး
အမှင်လုံးဝမပါသလို အသားအရမ်းထူပီး
တလုံးဆိုတလုံးစိမ့်အိမ့်နေတာပါ

ဒါကြောင့် ပျော့လာပီဆို တန်းခွဲစားပါ
အမှည့်လွန်အောင်မထားပါနဲ့
ရက်ခန နဲ့မှည့်ပါတယ်
ဒေသသီးလို မှည့်ချိန် မကြာပါဘူးး
စိမ်စိမ်းလေးအတိုင်းမှည့်မှာပါ

ချစ်သောတို့
စားကောင်းစေချင်လို့ သေချာမှာနေရတာပါ
ဘာကေးမှ ဘာကေး ကြိုက်သွားစေရပါမယ် 😍

တကီလို ၅၀၀၀ ကျပ်
(တကီလို -၂-၃-၄ ) လုံးပါ

🍀 ဒေါင်းပျားဥ 🍀စျေးတက်လာပီမို့ ဒီတပတ်ပဲ ဒီစျေးနဲ့ ရပါတော့မယ် ဥတလုံး ကြက်သွန်ဖြူလဲ စားချင်တယ် စျေးကလဲ မြင့်လို့ စားရအဆင်မ...
26/08/2026

🍀 ဒေါင်းပျားဥ 🍀

စျေးတက်လာပီမို့ ဒီတပတ်ပဲ ဒီစျေးနဲ့ ရပါတော့မယ်

ဥတလုံး ကြက်သွန်ဖြူလဲ စားချင်တယ်
စျေးကလဲ မြင့်လို့ စားရအဆင်မပြေဘူးဆိုရင်
ဒီ ဒေါင်းပျားဥလေးစားနော်

ဥတလုံး အစစ်ဆိုတာ
ဒီဒေါင်းပျားဥတွေထဲက ရွေးယူတာပါ
အာနိသင်အတူပါပဲ

ဒေါင်းပျားဥဆိုတာ အလယ်ဥတလုံးကြီးဘေးမှာ
၂ဥ ၃ဥ တွဲကပ်နေတာမျိုးပါ

ဒေါင်းပျားဥ တွေမှာ
ဥတလုံးလေးတွေလဲ ပါပါတယ်

ဥတလုံး အစစ်သီးသန့်ကို ရွေးထုတ်ပီးရင်
အနိမ့်ဆုံး အသေးဆိုဒ်တောင်
၂၅ သား ၄၀၀၀/၅၀၀၀ လောက်ရှိပါတယ်

ဒေါင်းပျားဥ ကတော့ စျေးသိပ်မကြီးတာမို့
စားရအရမ်းတန်ပါတယ်
ပျားရည်နဲ့စိမ်စားလဲရသလို
လက်ဖက်သုပ် လို အသုပ်တွေနဲ့လဲ တို့စားလို့ရပါတယ်

ဟင်းထဲ ထည့်ချက်ရင်လဲ ဖင်ဖြတ် ထိပ်ဖြတ်ပီး
ဓားပြားနဲ့သာရိုက်ချလိုက် အသားထုတ်ရလွယ်ကူပါတယ်
အရမ်းလဲ မွှေးသလို အနီစတွေမို့ ဆေးဖက်ဝင်ပါတယ်

ဆိုဒ်ကတော့ အကြီးအသေးရောပါတတ်ပေမဲ့
အရမ်းမသေးပါဘူးး
ဒေါင်းပျားဥက အမြဲ မရတာမို့
ရတုံး ဝယ်ထားကြနော်

တပိသာ ၁၃၀၀၀
၅၀ သား - ၇၀၀၀

ဒီတပတ်သာ ဒီစျေးရပါမယ် ရှင် ..

ကဲ ချစ်မိတ်ဆွေတို့ကိုအောက်ပြည်တွေက မျှစ်စတုံးချိန်ရောက်ပီမို့ ကျမ မဗေဒါက တောင်ပေါ် ရှမ်းကယားမျှစ်လုံးနုနု အသစ် ဆေးမပါ ဆာ...
26/08/2026

ကဲ ချစ်မိတ်ဆွေတို့ကို
အောက်ပြည်တွေက မျှစ်စတုံးချိန်ရောက်ပီမို့

ကျမ မဗေဒါက
တောင်ပေါ် ရှမ်းကယားမျှစ်လုံးနုနု အသစ်
ဆေးမပါ ဆားမပါတွေကို
စားစေချင်တဲ့စိတ် နဲ့
တန်တန်လေး ချပေးမယ်နော်

🍀တပိသာ ၆၀၀၀
🍀၁၀ ပိသာ - ၅၃၀၀၀ ကျပ် (တန်မှတန်)

(၂၅ သား / ၅၀ သား တွေ မလုပ်ကြပါနဲ့ )
ဝါတွင်းအလှူ ဆွမ်းလောင်းချင်သူတွေ
လက်ဆောင်ပို့ချင်သူတွေ တမုန်းစားကြတော့နော်

၃၀၀၀/၃၅၀၀ တန်
ဆေးဆိုးထားပီး
အရင့်တွေပါ မျှစ်တွေ မဟုတ်ဘူးနော်
တောင်ပေါ်မျှစ်က စျေးမြင့်ပီး
နုချိုတဲ့ မျှင်မျှစ်ဖြစ်ပါတယ် ရှင်

တန်းချိုး တန်းပြုတ် မျှစ်အသစ် ဖြစ်ပါတယ်

ကယားစပ်သီး feedback လေးး စပ်သီးတကာစပ်သီးမှာ ငရုတ်အရသာ ထိထိမိမိ ဝမ်းမပူ ရင်မပူ တဲ့ တကယ်ကောင်းတဲ့ အသီးပါတဆယ်သား - ၈၀၀၀ ကျပ...
26/08/2026

ကယားစပ်သီး feedback လေးး

စပ်သီးတကာစပ်သီးမှာ
ငရုတ်အရသာ ထိထိမိမိ ဝမ်းမပူ ရင်မပူ တဲ့
တကယ်ကောင်းတဲ့ အသီးပါ

တဆယ်သား - ၈၀၀၀ ကျပ်

ဆီတို့ဟူး ဆီမပါ အနှစ်လေး မွှေးစိမ့်နေရော မငန်ဘူး အဲ့ပုံးကို ဖွင့်တာနဲ့ ထမင်းပူပူလေးနဲ့ နယ်စား မိတယ် .. တဗူး - ၇၀၀၀ ကျပ် ...
26/08/2026

ဆီတို့ဟူး ဆီမပါ အနှစ်လေး
မွှေးစိမ့်နေရော မငန်ဘူး
အဲ့ပုံးကို ဖွင့်တာနဲ့ ထမင်းပူပူလေးနဲ့ နယ်စား မိတယ် ..
တဗူး - ၇၀၀၀ ကျပ် (ဆီမပါပါ)

အရမ်းကောင်းတဲ့ တည်သီးခြောက် လာပါပီနော် အဖြူမှုန်လေးတွေက သကြားမှုန် ဖြစ်ပါတယ်၄ခုပါတထုပ် ၁၃၀၀၀၈ ခုပါတထုပ် - ၂၅၀၀၀
26/08/2026

အရမ်းကောင်းတဲ့ တည်သီးခြောက် လာပါပီနော်
အဖြူမှုန်လေးတွေက သကြားမှုန် ဖြစ်ပါတယ်

၄ခုပါတထုပ် ၁၃၀၀၀
၈ ခုပါတထုပ် - ၂၅၀၀၀

Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when Ms.Bay Dar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category